Learn English With ALO

Learn English With ALO

Share

Let's learn English Grammer with ALO!!!

13/01/2022

သင်က English စာကို Subject တစ်ခုအနေနဲ့ရော Languageတစ်ခုအဖြစ်ပါလေ့လာနေတယ်ဆိုရင် ဒီPostကသင့်အတွက်ပါပဲနော်။💯💯

English စာရဲ့ အရေးအကြီးဆုံးသော မသိမဖြစ် Grammerတွေထဲကတစ်ခုဖြစ်တဲ့ Tensesတွေအကြောင်းလေး လေ့လာကြည့်လိုက်ရအောင်။

Tenseတွေကိုလေ့လာတယ်ဆိုတာ အရှင်းဆုံးပြောရရင် Verbတွေကိုလေ့လာတာပါပဲ။Verbတစ်ခုဟာ ဘယ်အချိန်မှာဘာဖြစ်ခဲ့တဲ့ ဘယ်အချိန်မှာဘာဖြစ်မယ် စသဖြင့် ပေါ်လွင်အောင်ဖော်ပြပေးတာ Tenseတွေပါပဲ။

💥 Englishစာလေ့လာသူတိုင်းTenseတွေကို သိထားဖို့ လိုသလို Tenseတွေကို သေချာသုံးတတ်တဲ့သူတိုင်းဟာလည်း..English စာ4 skillsအချိန်တိုအတွင်း ပြည့်စုံကောင်းမွန်လာနိုင်ပါတယ်။

``လေ့လာနေတာတော့ကြာပြီ ခုထိငါမပြောတတ်ဘူး။😕
Sentence တွေလည်း ခုထိ မှန်အောင် မရေးနိုင်သေးဘူး။😩Readingလုပ်ရင်လည်း ဘာကိုပြောချင်မှန်းငါ သေချာနားမလည်ဘူး။..ငါဘာလေ့လာရမှာလဲ။...တော်ပြီမလုပ်တော့ဘူး..😫😫

အဲ့ဒီလိုနဲ့လက်လျှော့လိုက်တော့မှာလား။
ဒါတွေက Englishစာကိုစလေ့လာသူတိုင်းဖြစ်တတ်တဲ့ ပြသနာတွေပါ။

ဒီအတွက် အများစုသတိမထားမိတဲ့အ​​ဖြေကတော့ Tenseတွေကိုသေချာ လေ့
လာဖို့လိုတယ်ဆိုတာပါပဲ။ကျောင်းသားအများစုဟာ.အခြားသောGrammar တွေကိုသာ လေ့လာကြပြီးTenseတွေကို သေချာအသေးစိတ်လေ့လာဖို့လိုတယ်ဆိုတာကိုမသိကြပါဘူး။ဒါကြောင့်ပဲ...လေ့လာတဲ့အချိန်သာကြာလာပြီး English စာရဲ့ မှန်ကန်တဲ့ Senseကိုမရလွယ်ကြတာဖြစ်ပါတယ်။

Englishစာမှာ Tense(12)မျိုးရှိပြီးEnglishတွေဟာ အရမ်းဂရုတစိုက်နဲ့ ဒါတွေကိုထည့်ပြောလေ့ရှိပါတယ်။ဒါကြောင့် ကိုယ်က မလေ့လာထားရင် Englishစာရဲ့ Conceptအမှန်ကိုရဖို့မလွယ်သလို..ကိုယ့်ရဲ့ levelကလည်း တစ်ဆင့်နိမ့်နေဦးမှာပါပဲ။

ဟုပ်ပြီ ဒါဆို Tenseတွေကို လေ့လာရင်ရော ဘယ်လိုအကျိုးထူးလာမှာလဲ။?🤷‍♂️🤷‍♂️
-Writingမှာ...Verbတွေနဲ့ အချိတ်အဆက်မှန်မှန် ရေးနိုင်လာမယ်။အရင်ကလို မှားမှာကိုကြောက်စရာမလိုတော့ဘူး။✅✅
-Readingမှာ...ကိုယ်ဖက်နေတဲ့အကြောင်းအရာတစ်ခုလုံးကို ကောင်းကောင်းကြီးနားလည်လာနိုင်တဲ့ Senseတွေရလာမယ်။✅✅
-Listening မှာရော..တစ်ဖက်လူပြောချင်တဲ့/ပြောလိုက်တဲ့..စကားကို ထိထိမိမိ နားလည်သဘောပေါက်လွယ်လာမယ်။✅✅

-Speakingမှာလည်း.. သိထားတာတွေကိုအသုံးချပြ်ိီး. ယုံကြည်မှုရှိရှိ ပြောလာနိုင်ဖို့ အထောက်အပံ့ကောင်းတေ ကိုရလာစေနိုင်ပါတယ်။✅✅

ဒီအတွက် ကျွန်တော်တို့ဆီမှာ Tense (12)ခုလုံးကိုသီးသန့် သင်ကြားပေးနေတဲ့ Tenses Made Easy ဆိုတဲ့Online Classလေးရှိပါတယ်ခင်ဗျာ။ဒီOnline Classမှာ Tense(12)ခုလုံးရဲ့Formတွေ ဘယ်နေရာမှာ သုံးရမလဲဆိုတဲ့ ရှင်းလင်းချက်တွေကို E.g Sentenceပေါင်းများစွာဖြင့် အသေးစိတ်
သေချာပြင်ဆင်ပေးထားပါတယ်။ ဒါ့အပြင်
Tenseတွေလေ့လာရင်းEnglish စာ speakingအတွက်ပါ ..practiceလုပ်သွားလို့လည်းရ Sentence Constructionတွေ..Usageတွေကိုပါ တစ်ပါတည်း လေ့လာလို့ရပါဦးမယ်။

🔴သင်ကြားမှုပုံစံအနေဖြင့်
Facebook Private Groupထဲမှာ..မြန်မာလို...ရှင်းလင်းထားတဲ့ E.g Noteတွေကိုတင်ပေးထားမှာဖြစ်ပြီး..စာသင်ချိန်မှာ Zoomကနေ ဆရာက ရှင်းပြပေးသွားမှာဖြစ်ပါတယ်။

🔴အချိန်မရလို့ နောက်မှပြန်ကြည့်မယ် ဆိုတဲ့သူတွေအတွက်လည်း ကြည်လင်တဲ့အရည်အသွေးမြင့်Record Videoတွေကို Groupထဲမှာ တင်ပေးထားတယ်ဆိုတော့..ဘယ်အချိန်ပဲလေ့လာလေ့လာ အဆင်ပြေပါတယ်။

🔴စာနားမလည်လို့မေးချင်တာရှိရင်လည်း 24နာရီအချိန်မရွေး ဆရာ့ကိုတိုက်ရိုက်မေးနိုင်တဲ့အပြင်...စာလေ့လာရတာအဆင်ပြေမပြေ ပွင့်ပွင့်လင်းလင်း ပြောပြ အကူညိီတောင်းနိုင်ပါတယ်။

🔴Tense တစ်ခုပြီးတိုင်းမှာHomeworkတွေလုပ်ရမှာဖြစ်ပြီး.Extra Exercisesတွေကိုပါ ဖြေလို့ရအောင်လည်းစီစဥ်ပေးထားပါတယ်။

🔴ဒီOnline Classဟာ အထူးသဖြင့်Englishစာကို ဇွဲရှိရှိနဲ့ လေ့လာနိုင်သူတွေ၊ Subjectတစ်ခုအပြင်Languageအနေနဲ့ပါလေ့လာလိုသူတွေ၊IELTS,OET စာမေးပွဲတွေ​ဖြေဖို့ ပြင်ဆင်နေတဲ့သူတွေအတွက်တတ်ရောက်ဖို့အထူးသင့်တော်ပါတယ်။

ဒီ Tense Online Classလေးကို တတ်ရောက်လိုတယ်ဆိုရင်တော့..Page messengerမှာအသေးစိတ်လာရောက်မေးမြန်းနိုင်သလို..09 788 120 496ကိုလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

21/12/2021

X-mas ကာလ အထူးစျေးနှုန်းဖြင့် Tense များကို ကျေလည်အောင် လေ့လာလိုက်ပါ။🍎🍎🍎🍎🍎

ယခင် 35000Ks☺
ယခု 29000Ks😊

English စာလေ့လာရာမှာ Tenseတွေကတော့မသိမဖြစ်ပါပဲ။Writing.ReadingမှာTenseတွေရဲ့ အသုံးပြုပုံကို သေချာသိထားမှသာ စာကြောင်းတိုင်း ပြောချင်တဲ့ အချိန်အခါနဲ့ Verbကို အချိတ်အဆက်မိမိ မှန်ကန်စွာ ရေးနိုင်မှာဖြစ် တယ်။
ဒါ့အပြင်speaking တိုးတတ်ချင်တဲ့သူတိုင်းဟာlistening များများလုပ်ပေးကြရပါတယ်။ ကိုက နားသာထောင်နေတယ် တကယ့်ဆိုလိုရင်းအမှန်နဲ့ Verbတွေရဲ့အလုပ်လုပ်ပုံ အချိန်အခါကို ဖော်ပြတဲ့ ဒီTenseတွေကိုမသိရင် သိပ်တော့ အကျိုးမရှိလှပါဘူး။

Tenseတွေဟာ တကယ်တော့ Verb တစ်ခု ဟာဘယ်အချိန်မှာ ဖြစ်တယ် ဘယ်တုန်းကဖြစ်ခဲ့တယ် ဘယ်တော့ဖြစ်လိမ့်မယ်။ စသဖြင့် ကူညီဖော်ပြပေးတာ ဖြစ်လို့ ဒါကို ကိုယ်ကမသိထားရင် တော့ Speakingအပိုင်းမှာရော Grammer အပိုင်းမှာပါ သူများထက် အားနည်းနေရမှာ အမှန်ပါပဲ။

ဒီအတွက် ဆရာ Dr.Aung Lin Ooကိုယ်တိုင် စနစ်တကျ Zoomဖြင့် သင်ကြားပေးနေပြီဖြစ်တဲ့ Tenses Made Easy ဆိုတဲ့ Face to Face zoom classလေးရှိပါတယ်။
ဒီ အတန်းမှာ Tense ၁၂ ခု လုံးကို E.gများစွာဖြင့် အစအဆုံး သင်ကြားပေးသွားမှာပါ။
ဒီအတန်းမှာ levelပေါင်းစုံက ကလေးတွေအတွက် နားလည်နိုင်အောင် သေချာပြင်ထားတာဖြစ်ပြီးအနိမ့်ဆုံး အလယ်တန်းအဆင့်ကနေ စတင်တတ်ရောက်နိင်ပါတယ်။
နေ့စဥ်စာသင်ပြီးတိုင်းကလေးတွေက အိမ်စာတွေကိုလည်း လုပ်ရမယ်။မသိတာတွေကိုလည်း အချိန်မရွေးမေးနိုင်မှာဖြစ်ပြီး ကိုယ့်ရဲ့ Englishစာ Next levelတစ်ခု ရောက်သွားစေဖို့ အာမခံပါတယ်။ဒီတော့ နားမလည်မှာ မရမှာကိိုစိတ်ပူစရာမလိုဘူးနော်။ဒါ့အပြင် သင်ထားပြီးတဲ့ Lessonတွေကိုလည်း Groupထဲမှာပြန်တင်ပေးထားမှာဖြစ်လို့ အားတဲ့အချိန်မှဝင် ကြည့်မယ်ဆိုလည်း ရတယ်နော်။

သင်တန်းကစနေပြီဖြစ်လို့
သင်ယူဖို့စိတ်ဝင်စားရင်
09 788 120496ကိုဆက်သွယ် ပြီးတတ်ရောက်နိုင်သလို messengerကနေလည်း လာရောက်မေးမြန်းနိင်ပါပြီခင်ဗျာ။

30/11/2021

ဒီနေ့တော့ အများနဲ့စိမ်းတဲ့ sentence patternလေးတစ်ခုအကြောင်းပြောပြပါမယ်...
Tensesတွေလေ့လာကြရင်းUnreal pastအကြောင်းကြားဖူးကြရဲ့လားခင်ဗျာ..😊😊

Unreal use of past tense
လို့လဲပြောကြတယ်။ .သုံးထားတာ Past Tenseဖြစ်ပေမဲ့အတိတ်ကာလကိုဖော်ပြနေတာမဟုတ်ပါဘူး...
သေချာနားလည်သွားအောင်
Examplesလေးကိုလေ့လာကြည့်ရအောင်ဗျာ.......

🍎My brother sometimes behaves as if he was my father.
ငါ့အကိုကတခါတရံကျရင်ငါ့အပေါ်ဆက်ဆံတာအဖေကျနေတာပဲ။(အဖေကဲ့သို့/ငါ့အဖေအလား)(တကယ်မ​ဟုပ်တဲ့အခြေအနေ)

'as if ' ကို သည့်အလား လို့ဘာသာပြန်သင့်ပါတယ်...
as if နောက်မှာ သုံးထားတာPast Tenseဖြစ်ပေမဲ့အတိတ်ကိုညွန်းနေတာမဟုတ်ပါဘူး အဖေမဟုပ်ပဲ အဖေတစ်ယောက်လိုဆက်ဆံနေတယ်ဆိုတဲ့ လက်ရှိအခြေအနေကို ပြောချင်တာဖြစ်ပါတယ်။

တကယ်မှန်ကန်နေတာကိုပြောချင်ရင်တော့..as if နောက်မှာ present simple ရေးပြီးပြောနိုင်ပါတယ်။

26/11/2021

ဒီနေ့တော့မြန်မာလိုအရိပ်လို့အလွယ်ခေါ်ပေမဲ့Englishလိုကျအသုံးကွဲတဲ့shade နဲ့ shadowလေးအကြောင်းပြောပြပါမယ်...

Shade ဆိုတာမြန်မာလိုသေချာပြန်ရင်အရိပ်ခိုခြင်းလို့ပြန်သင့်ပါတယ်
(Shade is protection from the sun.)

နမူနာဝါကျလေးလေ့လာရအောင်ဗျာ....
-I'm hot. Let's sit in the shade of that tree.
ငါပူနေပြီ...အဲ့ဒီသစ်ပင်အရိပ်သွားခိုရအောင်....

Shadowကိုတော့အရိပ်ပုံသဏ္ဌာန်တခုခုကိုဆိုလိုတာပါ...
-In the evening, your shadow is longer than you are.
ညနေစောင်းရင်...မင်းအရိပ်ကနဂိုရှိတာထက်ပိုရှည်လာတယ်။

shade နဲ့ shadowရဲ့နောက်ထပ်နမူနာsentencesလေးတွေရေးကြည့်ကြပါခင်ဗျ..

24/11/2021

ဒီနေ့တော့Besideနဲ့ Besidesရဲ့ကွာခြားပုံလေးကိုပြောပြပေးပါမယ်ခင်ဗျာ.....
Besideဆိုတာ at the side of (or) by နဲ့အဓိပ္ပါယ်တူပါတယ်
ဘေးမှာလို့အဓိပ္ပါယ်ရပါတယ်။..

Come and sit beside me.
လာ..ငါ့ဘေးနားလာထိုင်။

Besides ကတော့ preposition အနေနဲ့သော်လည်ကောင်း adverbအနေနဲ့သော်လည်ကောင်းသုံးနိုင်ပါတယ်....

Besides German, she speaks French and Italian.
သူမကဂျာမန်ဖြစ်ဘာသာစကားအ​ပြင်၊ ပြင်သစ်လိုရော အီတလီလိုပါပြောတတ်ပါတယ်။..
(Nounတစ်ခုခုနဲ့ကပ်ပြီးသုံးပါတယ်၊prepositionအနေနဲ့သုံးထားတာပါ)

I don't like those shoes. Besides, they are too expensive.
ငါအဲ့ဖိနပ်တွေမကြိုက်ဘူး၊ပီးတော့စျေးလဲကြီးသေးတယ်
(sentenceရဲ့ရှေ့ဆုံး or နောက်ဆုံးမှာထားသုံးပါတယ် ၊ adverbအနေနဲ့သုံးထားတာပါ)

22/11/2021

ဒီနေ့မှာတော့ Few နဲ့ A few, Little နဲ့ a littleကွာခြားပုံလေး သေချာ လေ့လာကြည့်ရအောင်။

♥Fewနဲ့ Littleဆိုတာမရှိတော့လောက်အောင်နည်းတယ်လို့ဆိုလိုချင်ရင်သုံးကြပါတယ်။..Negative senseပါပြီးတော့ တချို့နေရာတွေမှာ 'no'နဲ့အတူတူပဲလို့တောင် ပြောကြပါတယ်။

♥A Few နဲ့ a littleကျတော့ someနဲ့အဓိပ္ပါယ် တူပြီး...တချို့တလေ ဆိုတဲ့အဓိပ္ပါယ်ပေါက်ပါတယ်...
နမူနာဝါကျလေးတွေလေ့လာရင်ရှင်းသွားမှာပါ။

-His ideas are very difficult and few people understand them.
သူ့အကြံဉာဏ်က တအားခက်တာပဲ...နားလည်တဲ့သူမရှိသလောက်ပဲ...
-His ideas are very difficult but a few people understand them.
သူ့အကြံဉာဏ် အရမ်းခက်တာပဲ တချို့တလေပဲနားလည်ကြတယ်...

📌📌
fewနဲ့ a fewကိုတော့plural countable nounတွေမှာသုံးတယ်..

littleနဲ့ a littleကိုတော့ uncountable nounတွေနဲ့သုံးပေးရပါတယ်။....

21/11/2021

ဒီတခါ ဝေမျှပေးချင်တာကတော့ .......
Travel, Journey and Tripဘာကွာကြသလဲ🤔

မြန်မာလိုတော့ခရီးသွားသည်ပဲပေါ့...
Englishတွေကတော့ခွဲသုံးကြပါတယ်။....
>Travelဆိုတာယေဘုယျအသုံးတစ်ခုပါ။ဘာကြောင့်သွားသွားဘယ်ကိုသွားသွားဘယ်လိုသွားသွားသုံးနိုင်ပါတယ်။....

> Journeyဆိုတာကတော့ခရီးဝေး ကြာရှည်စွာသွားရတဲ့ခရီးမျိုးကိုသုံးကြလေ့ရှိတယ်...
Journey to the west, An unexpected journeyစသဖြင့်သုံးကြပါတယ်...

>Tripဆိုတာကတော့သိပ်မကြာတဲ့ခရီးတိုကိုခေါ်တာပါ...
Business trip, family trip, road tripစသဖြင့်သုံးကြပါတယ်။

21/11/2021

📝📝📝
Hello everyone...😊
ကျနော်က👨‍💻 Dr.ALOပါ။Englishလေ့လာနေတဲ့ညီငယ် ညီမငယ်တွေအတွက်Articlesတွေနဲ့ပတ်သက်ပြီးbasic ကနေ advancedထိသင်ပေးမယ့် ပညာဒါန Special Classလေးကို joinဖို့ ဖိတ်ခေါ်ချင်ပါတယ်။

A ,an ,the သုံးလုံးကနေရာတကာတွေ့နေရပေမဲ့ကိုယ်တိုင်သုံးရတဲ့အခါအတော်တိုင်ပတ်ကြပါတယ်။အများစုက ဖတ်ဖူးမြင်ဖူးတဲ့ဟာလေးတွေကိုသာမှန်အောင်ရေးနိုင်ကြတာပါ
သေချာassessmentအနေနဲ့မေးလိုက်ရင်မှားကုန်ကြပါတယ်။အဓိကကသူ့theoryတွေusageတွေသေချာနားမလည်ခဲ့လို့ပါ။ကိုယ်က သေချာကွဲကွဲပြားပြား ရသွားချင်တယ် မှန်မှန်ကန်ကန်သုံးတတ်ချင်တယ်ဆိုရင် သေချာလေ့လာထားဖို့ လိုပါမယ်ခင်ဗျာ။
🔔🔔🔔🔔🔔🔔🔔🔔🔔
ဒီအတွက် ပညာဒါနအနေနဲ့
-Cambridge Grammar for IELTS
-Grammar in Use Intermediate advanced
-နည်းသစ်Grammarစာအုပ်

တွေကနေစုပြီးကိုယ်တိုင်ရေးထားတဲ့noteတွေနဲ့
သေချာနားလည်အောင်သင်​ပေးသွားဖို့ ရှိပါတယ်။
ဒါတင်မကပါဘူး....Articleတွေကိုလေ့လာရင်း အခြားUsageတွေအများကြီး သိရမယ့်အပြင် Nounတွေအကြောင်းကိုပါ သင်ပေးသွားဦးမှာပါ။😱

ကြာမြင့်ချိန်-23.11.2021 to 29.11.2021
သင်ကြားမယ့်ပုံစံကတော့
>GroupထဲမှာNoteတွေပေးထားပါမယ်။
>zoom နဲ့ live သင်ပေးပါမယ်။
>အကုန်ပြီးရင်assessmentဖြေရပါမယ်။အမှတ်အများဆုံးသုံးယောက်ဟာ.နောက်ဖွင့်မဲ့ Tenses 12မျိုး ကို အသေးစိတ် ခရေစေ့တွင်းကျ Advanced lvlအထိ သင်ကြားပေးမယ့် Tenses Made Easy ဆိုတဲ့ classမှာ Free တတ်ခွင့်ရပါဦးမယ်ခင်ဗျာ။🏆🏆🏆😱
📌📌📌
23.11.2021မှာ စမှာဖြစ်လို့ အချိန်မှီအမြန် joinထားကြဖို့တော့လိုပါမယ်ခင်ဗျာ။

Group linkကို နှိပ်ပီးjoinနိုင်ပါတယ်ခင်ဗျာ။
https://www.facebook.com/groups/4577801515668771/?ref=share

20/11/2021

ဒီတခါတော့`hope'နဲ့ `expect '
ရဲ့အသုံးပြုပုံ ကိုလေ့လာကြရအောင်ခင်ဗျာ....😊
💁‍♂️
Expect ဆိုတာအကျိုးရှိလို့မျှော်လင့်နေတာမျိုးမှာသုံးကြပါတယ်။
-I am expecting a phone call from John today.

Johnဖုန်းခေါ်လာမှာကိုစောင့်နေတာ။(သူနဲ့တနေရာသွားဖို့သော်လည်ကောင်း၊တခုခုလုပ်ကြဖို့သော်လည်းကောင်းရည်ရွယ်ချက်ရှိပုံရတယ်)

💁‍♂️
Hopeကိုတော့မျှော်လင့်မိတာပေါ့ဆိုတဲ့အဓိပ္ပါယ်နဲ့သုံးကြပါတယ်။စိတ်ခံစားမှုကိုဖော်ပြချင်ရင်သုံးကြပါတယ်။
-I hope she writes to me soon.
သူမငါ့ဆီစာရေးလာမယ်လို့မျှော်လင့်နေဆဲပါ။

Want your school to be the top-listed School/college in Banmaw?
Click here to claim your Sponsored Listing.

Category

Website

Address

Banmaw