9/4 Remember
"For those who fell. For those who fight on.” REMEMBER.
9/4ဆိုတာ
9ရက်4လ2021 ကိုပြောတာပါ ဘာနေ့များဖြစ်မလဲ?
01/02/2026
၅ နှစ် အတွင်း ပြည်သူ့တော်လှန်ရေးတွင် အမျိုးမျိုးဖိနှိပ်ခံ၊မလျှောသောဇွဲ၊လုံ့လ ကြံ့ကြံ့ခိုင်ခိုင် ပါဝင်သော တော်လှန်မိဘပြည်သူအပေါင်းကိုဦးညွတ်ဂုဏ်ပြုလျှက်။
"Don't Forget"
ဖြစ်ပြီးသမျှကျူးလွန်ခံခဲ့ရသောမတရားမှုထောင်သောင်းကိုလည်းကောင်းတော်လှန်ရေးတွင်ရဲရင့်စွန့်စွာတိုက်ပွဲဝင်ရင်းကျဆုံးခဲ့ကြသောပြည်သူနှင့်ရဲဘော်အပေါင်းကိုလည်းကောင်းမမေ့လျော့၊မပျောက်ပျက်ကြပါစေနှင့်။
"Don't Forgive“
အာဏာရှင်တပ်ဖွဲ့ဝင်များနှင့်အပေါင်းအပါများမှ မြန်မာပြည်သူလူထု အပေါ်ကျူးလွန် မှောက်မှားခဲ့သောမတရားမှု၊ ပြစ်မှုအပေါင်းကိုတရားမျှတမှုမရမချင်း ခွင့်လွှတ်ကျေအေးခြင်း မပြုကြပါရန်အသိပေးတိုက်တွန်းခြင်း။
#ကိုးမျဉ်းစောင်းလေး
#ဓဝယ်တပ်တော်
#ထားဝယ်
#မှတ်တမ်း
#တော်လှန်ထုတ်ကုန်
#တနင်္သာရီတိုင်း
28/01/2026
မြန်မာ့စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲတွင်
ကဏ္ဍပေါင်းစုံ၊ ပြည်တွင်းပြည်ပနေရာ
ဒေသပေါင်းစုံမှ ပူးပေါင်းပါဝင်တိုက်ပွဲဆင်နွှဲလျှက်ရှိသောမိဘပြည်သူတော်လှန်ရေးသူရဲကောင်းတို့ခင်ဗျား။
ကျွန်တော်တို့"ကိုးမျဉ်းစောင်းလေး(9/4)"မှတာဝန်ယူထုတ်လုပ်ပေးသောဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် ၏
ဓဝယ်တပ်တော်အာဇာနည်နေ့အထိမ်းအမှတ်
တော်လှန်ထုတ်ကုန်ဖြစ်သော "မှတ်တမ်း" အင်္ကျီလေးကိုဝယ်ယူဝတ်ဆင်လိုဖြစ်စေ၊ အမှတ်တရာသိမ်းဆည်းစုဆောင်းလို၍ဖြစ်စေ၊
မိမိမှာယူလိုသောအထည်အရေအတွက်နှင့်ဆိုဒ်များကို အောက်ဖော်ပြပါနိုင်ငံများမှသက်ဆိုင်လူပုဂ္ဂိုလ်နှင့် ဆက်စပ်online channels များမှတစ်ဆင့်ဆက်သွယ်မှာယူအားပေးနိုင်ပါပြီခင်ဗျ။
ဆက်သွယ်ဝယ်ယူနိုင်သောchannelများကို
Comment တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်ခင်ဗျ။
#ကိုးမျဉ်းစောင်းလေး
#
#ဓဝယ်တပ်တော်
#ထားဝယ်
#မှတ်တမ်း
#တော်လှန်ထုတ်ကုန်
#တနင်္သာရီတိုင်း
16/01/2026
တော်လှန်ရေးအနုပညာရှင်တစ်ဦးဖြစ်သူ
ကို Phone Sett Thwin - ဘုန်းဆက်သွင် ၏
*မှတ်တမ်း" အင်္ကျီလေးအားဝတ်ဆင်ထားသည့် ဖက်ရှင်ပုံရိပ်များ။
#ကိုးမျဉ်းစောင်းလေး
#တော်လှန်ထုတ်ကုန်
မြန်မာ့စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲတွင်
ကဏ္ဍပေါင်းစုံ၊ ပြည်တွင်းပြည်ပနေရာဒေ
သပေါင်းစုံမှ ပူးပေါင်းပါဝင်တိုက်ပွဲဆင်နွှဲလျှက်ရှိသောမိဘပြည်သူတော်လှန်ရေးသူရဲကောင်းတို့ခင်ဗျာ။
မြန်မာ့နွေဦးတော်လှန်ရေးတွင်အစဦးမှ
စ၍ယနေ့ထိတိုင်ပြည်သူများနှင့်တစ်သားထဲရပ်တည်ရင်းလှုပ်ရှားတိုက်ပွဲဝင်လျှက်ရှိသောအနုပညာရှင်၊လူရွှင်တော်များဖြစ်သည့်နွေဦးကာရံ ဒေါင်းတို့အားမာန် အငြိမ့် အဖွဲ့ဝင်ကိုလူ မဲ (အုပ်ကြီး)နှင့် ကိုဖိုးချစ်တို့မှကျနော်တို့ "နိုင်းမျဉ်းစောင်းဖိုး"မှတာဝန်ယူထုတ်လုပ်လုပ်ထားသောဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် ၏ဓဝယ်တပ်တော်အာဇာနည်နေ့ အထိမ်းအမှတ်
တော်လှန်ထုတ်ကုန်"မှတ်တမ်း"
https://www.facebook.com/share/p/1F7rj71Ber/
အားတင်ပြမိတ်ဆက်ခြင်း။
#ကိုးမျဉ်းစောင်းလေး
#နိုင်းမျဉ်းစောင်းဖိုး
#နွေဦးကာရံဒေါင်းတို့အားမာန် အငြိမ့်အဖွဲ့
#မှတ်တမ်း
#ဓဝယ်တပ်တော်
#ထားဝယ်
#တနင်္သာရီတိုင်း
#တော်လှန်ထုတ်ကုန်
12/01/2026
မြန်မာ့စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲတွင်
ကဏ္ဍပေါင်းစုံ၊ ပြည်တွင်းပြည်ပနေရာ
ဒေသပေါင်းစုံမှ ပူးပေါင်းပါဝင်တိုက်ပွဲဆင်နွှဲလျှက်ရှိသောမိဘပြည်သူတော်လှန်ရေးသူရဲကောင်းတို့ခင်ဗျား။
ကျွန်တော်တို့
"ကိုးမျဉ်းစောင်းလေး(9/4)"မှတာဝန်ယူထုတ်လုပ်ပေးသော
ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် ၏
ဓဝယ်တပ်တော်အာဇာနည်နေ့အထိမ်းအမှတ် ထုတ်ကုန် ""မှတ်တမ်း"
https://www.facebook.com/share/p/1BxqtErEw3/
နှင့်ပက်သက်ပြီး
ထုတ်ပိုးမှုပုံစံနှင့်ရည်ညွှန်းမှုအကြောင်းရှင်းပြလိုပါတယ်။
“ရဲဘော်ရဲ့ထုတ်ပိုးမှု"
ရှေ့တန်းသွားသည့်အခါတွင်တော်လှန်ရေးရဲဘော်များသည်မိမိကျောပိုးအိတ်အတွင်းပစ္စည်းဆန့်ဝင်စေရန်Ranger roll ဟုခေါ်သောအင်္ကျီ ထုတ်သိမ်းမှုပုံစံဖြင့်သိမ်းဆည်းသယ်ယူလေ့ရှိသည်။ ထို့အပြင်သမာရိုးကျအင်္ကျီများကဲ့သိုပလတ်စတစ်အိတ်ဖြင့်မထုတ်ပိုးဘဲဆန်းသစ်သောအင်္ကျီထုတ်သိမ်းမှုပုံစံကို လိုက်၍ချည်သားအိတ်ဖြင့်ထုတ်ပိုးထားခြင်းဖြစ်သည်။
မှတ်တမ်းတစ်ခုကို ဘတ်ဖြင့် 800 THB
မြန်မာကျပ်ငွေတန်ဖိုး (100,000) တစ်သိန်းသတ်မှတ်ထားပါတယ်။
ဤထုတ်ကုန်ရောင်းချမှုမှ
ရရှိအမြတ်ငွေအားအသုံးပြုမည့်ရည်ရွယ်ချက်:
ရောင်းချ၍ရရှိသည့်အမြတ်ငွေအားလုံး၏
75% ကို ဓဝယ်တပ်တော်၏ကျဆုံးရဲဘော်မိသားစုများကိုထောက်ပံ့ရန်နှင့် ထိခိုက်ဒဏ်ရာရဲဘော်များကိုပြုစုစောင့်ရှောက်ရေးနှင့်ပြန်လည်ထူထောင်ရေးကဏ္ဍများတွင်အသုံးပြုသွားမည်ဖြစ်ပြီး
ကျန် 25%ကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်၏တပ်ဖွဲ့လိုအပ်ချက်များတွင်ဖြည့်တင်းအသုံးပြုသွားမည်ဖြစ်သည်။
ဝယ်ယူအားပေးလိုသူများအနေဖြင့် ယခုလက်ရှိတွင်
မိမိတို့ "ကိုးမျဉ်းစောင်းလေး (9/4)"Facebook စာမျက်နှာ၏ messenger မှ ဆက်သွယ်ဝယ်ယူအားပေးနိုင်ပါသည်။
တထည် 800 ဘတ်
မြန်မာငွေ (100,000)တစ်သိန်းကျပ်
#ကိုးမျဉ်းစောင်းလေး
#ဓဝယ်တပ်တော်
#ထားဝယ်
#မှတ်တမ်း
#တော်လှန်ထုတ်ကုန်
04/01/2026
မလွတ်လပ်သေးတဲ့နိုင်ငံက လွတ်လပ်ရေးနေ့။
မြန်မာ့စစ်အာဏာရှင်စနစ်ကိုကျရာနေရာ၊ ရှိရာအရပ်၊ကဏ္ဍပေါင်းစုံမှ
ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှတော်လှန်တိုက်ခိုက်နေက့သော မိဘပြည်သူတော်လှန်သူရဲကောင်းအပေါင်း
တို့ခင်ဗျား။
ကျွန်တော်တို့ရဲ့ နိုင်ငံကြီးသည်လည်းကောင်း၊ နိုင်ငံသားများသည်လည်းကောင်း
စစ်မှန်ပြည့်ဝပြီး လူအခွင့်အရေးအပြည့်အဝရှိတဲ့စည်းနဲ့ဘောင်နဲ့ဖြစ်သောလွတ်လပ်ရေးကို
မရကြသေးဘူးဆိုတာသတိပြုမိကြပါစေ။
လက်ရှိတဒင်္ဂရရှိနေတဲ့တည်ငြိမ်အေးချမ်းမှုဆိုတာဟာကြက်ခြံ၊ဘဲခြံအတွင်းက ကြက်တွေဘဲတွေလိုသတ်စားမခံရခင်အတိုင်းအတာတစ်ခုအထိသာနေထိုင်ရခြင်းဖြစ်ပါတယ်။
ရှေ့မှာ မတရားအနိုင်ကျင့်ဗိုလ်ကျခံရတဲ့အမှုတွေ
အဘယ်မျှရှိလည်းပြန်တွေးကြည့်နိုင်ပါတယ်ခင်ဗျာ။
မြန်မာနိုင်ငံတွင်းလွတ်မြောက်နယ်မြေတစ်နေရာရာမှာပဲနေနေ၊ ပြည်ပနိုင်ငံရပ်ခြားမှာပဲနေနေ၊သင်ဟာ
စစ်အာဏာရှင်စနစ်ကိုပါဝင်အားပေးလုပ်ကိုင်သူတွေအား အမြစ်ပြတ်မချေမှုန်းနိုင်သေးသရွေ့သင်ဟာအဖိနှပ်ခံသပ်သပ်အဖြစ်သာဆက်လက်အသက်ရှင်နေနေရမှာဖြစ်ပါတယ်။ ပြည်တွင်းရှိစကစအုပ်ချုပ်မှုနယ်မြေအတွင်းနေထိုင်နေကြတဲ့ပြည်သူတွေဟာဆိုရင်ဘယ်လောက်တောင်လွတ်လပ်မှုဆုံးရှုံးနေလည်းဆိုတာအထွေအထူးပြောစရာလိုမည်မထင်ပါ။
စာဖတ်သူပြည်သူအနေနှင့်ကောမိမိသည်လွတ်လပ်သော အရည်အသွေးရှိသည့်လူသားတစ်ဦးဟုမိမိကိုယ်ကိုထင်မြင်မိပါသလား။စစ်မှန်သောလွတ်လပ်က်ုမည်သို့အဓိပ္ပာယ်ဖွင့်ဆိုလိုပါသလည်း။
တော်လှန်ပြည်သူတို့၏တစ်ဦးချင်းအတွေးအမြင်များကို commentတွင်ရေးသားဖလှယ်ရန်ဖိတ်ခေါ်အပ်ပါသည်ခင်ဗျား။
အရေးတော်ပုံအောင်ကိုအောင်ရမည်။
မိမိလွတ်လပ်ရေးအတွက်မိမိတွင်သာတာဝန်ရှိသည်!
လွတ်လပ်၍ငြိမ်းချမ်းသောနေ့ရက်များဆီသို့...
လွတ်လပ်ရေးအတွက်အသက်ပေးတိုက်ပွဲဝင်ခဲ့သောအာဇာနည်သူရဲကောင်းအပေါင်းအားဦးညွှတ်အလေးပြုလျှက်...
"မှတ်တမ်း" T-shirt ကတော့
ကျဆုံးသွားသောရဲဘော်တွေအတွက်
အမှတ်တရရှိနေမှာပါ။
#ကိုးမျဉ်းစောင်းလေး
#တော်လှန်ထုတ်ကုန်
#လွတ်လပ်ရေး
#ဓဝယ်တပ်တော်။
Click here to claim your Sponsored Listing.
Category
Website
Address
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |