Youth Computer Training - Pyay Branch

Youth Computer Training - Pyay Branch

Share

YOUR Door Way to Carreer advancement YOUTH Computer Training Center (Pyay Branch)

13/01/2026

🎓ခုမစပြီးComputerကိုလေ့လာမဲ့သူတွေအတွက်ရည်ရွယ်တဲ့စနစ်တကျ စက်ပိတ်နည်း💻

📍စက်ကို မှန်ကန်စွာ ပိတ်တတ်ခြင်းကလဲ Computerအတွက် ကောင်းမွန်တဲ့ထိန်းသိမ်းခြင်း
တစ်ခုပါပဲနော်📍
Youth Computer Training - Pyay Branch
#ပြည်မြို့computerသင်တန်း

Photos from Youth Computer Training - Pyay Branch's post 07/01/2026

🏆 ဂုဏ်ယူဝမ်းမြောက်စရာသတင်းကောင်း 🏆
Youth Computer Training - Pyay Branch မှ သင်တန်းသား မောင်ဘုန်းမော်ခန့် နှင့်
သင်တန်းသူ မသုန္နရီဘုန်းမြတ်တို့သည်
National ICT Awards 2025
(Educational Project & Skills Competition) တွင်
🏅အထူးဆုရရှိခဲ့ပါသည် 🎉
ကြိုးစားအားထုတ်မှု၊ စည်းကမ်းရှိမှုနှင့်
အရည်အချင်းပြည့်ဝသော သင်ယူမှုများ၏
အောင်မြင်မှုအဖြစ်YOUTHမှ ဂုဏ်ယူစွာ မျှဝေပေးလိုက်ပါတယ်ရှင်👏
ဒီထက်မက အောင်မြင်တဲ့ ကြယ်ပွင့်လေးများဖြစ်ကြပါစေ🥳
🥳

06/01/2026

📕သင်တန်းသားများ၏ လက်တွေ့သင်ကြားနေသော အခိုက်အတန့်များ 💻
Theory မကဘဲ အလုပ်လုပ်တတ်အောင် လက်တွေ့အခြေပြု သင်ကြားပေးပြီး
အခြေခံမှစ နားလည်အောင်၊ ကိုယ်တိုင်လုပ်နိုင်အောင် လေ့ကျင့်ပေးပါတယ်✨
🎯 Skill တိုးတက်ချင်သူများအတွက်
🎯 အလုပ်အကိုင်အတွက် အဆင်သင့်ဖြစ်ချင်သူများအတွက်
ဒီသင်တန်းက သင့်အတွက်ပါ💫
📍 အသေးစိတ်သိရှိလိုပါက
📞 ဖုန်း — 09790394180
📩 Page — Youth Computer Training - Pyay Branch

01/01/2026

Happy New Year🥳

နှစ်သစ်မှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး
ပျော်ရွှင်ချမ်းမြေ့ပါစေလို့YOUTH မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်

Computer Training - Pyay Branch
#ပြည်မြို့computerသင်တန်း

25/12/2025

Merry Christmas to you all.....
ပျော်ရွှင်စရာ ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလ ဖြစ်ပါစေလို့ YOUTH မိသားစုမှ ဆုမွန်ကောင်း တောင်းပေးပါတယ်ရှင့်🥳

17/12/2025

👉လူသိ နဲတဲ့ Keyboard Function Keysများရဲ့အသုံးဝင်ပုံများကို ရှင်းပြပေးလိုက်ပါတယ်ရှင့်👇

Keyboard ပေါ်က Function Keys (F1-F12) တွေအကြောင်းကို ဝေမျှပေးသွားပါမယ်။ ဒီ Keys တွေကို ကျွမ်းကျင်စွာအသုံးပြုတတ်သွားရင် အလုပ်လုပ်တဲ့အခါ အချိန်အများကြီး သက်သာစေပြီး ပိုမိုမြန်ဆန်လာမှာဖြစ်ပါတယ်။

F1 ( Help )
1. မည်သည့် Program ကိုဖွင့်ထားသည်ဖြစ်စေ F1 ကိုနှိပ်လိုက်ရင် Help Section ကို ရောက်သွားပြီး အဲဒီ Program နဲ့ပတ်သက်တဲ့ သိလိုရာတွေကို ရှာဖွေနိုင်ပါတယ်။

F2 ( Rename )
2. Folder သို့မဟုတ် File တစ်ခုရဲ့နာမည်ကို အမြန်ပြောင်းချင်ရင် အဲ့ဒီ File ကို Select ပေးပြီး F2 ကိုနှိပ်လိုက်ရုံပါပဲ။ Right Click နှိပ်ပြီး Rename ရွေးနေတာထက် အများကြီး ပိုမြန်ပါတယ်။

F3 ( Search Bar )
3. Desktop ဒါမှမဟုတ် Browser တစ်ခုခုမှာ F3 ကိုနှိပ်လိုက်ရင် Search Bar ကို ချက်ချင်းရောက်သွားပြီး သင်ရှာလိုတဲ့အရာတွေကို အလွယ်တကူ ရိုက်ထည့်ရှာဖွေနိုင်ပါတယ်။

F4 ( Address Bar )
4. My Computer သို့မဟုတ် Internet Browser မှာ F4 ကိုနှိပ်လိုက်တာနဲ့ Address Bar ကို ချက်ချင်းရောက်သွားပါလိမ့်မယ်။

F5 ( Refresh )
5. အများစုသိပြီးသား Key တစ်ခုဖြစ်ပါတယ်။ ကွန်ပျူတာ လေးလာရင် ဒါမှမဟုတ် Browser တစ်ခုကို Refresh လုပ်ချင်ရင် F5 ကို နှိပ်ပြီး အလုပ်လုပ်တာ မြန်အောင် ပြန်လုပ်နိုင်ပါတယ်။

F6 ( Address Bar )
6. Browser တစ်ခုခုကိုဖွင့်ပြီး F6 ကိုနှိပ်လိုက်ရင် Address Bar ကို ချက်ချင်း ရွေးချယ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

F7 ( Spelling Check)
7. Microsoft Word မှာ စာရိုက်တဲ့အခါ စာလုံးပေါင်းမှားတာ ရှိမရှိကို စစ်ချင်ရင် F7 ကို နှိပ်ပြီး စစ်ဆေးနိုင်ပါတယ်။

F8 ( Select )
8. Word မှာ စာပိုဒ်တစ်ခုလုံး ဒါမှမဟုတ် စာကြောင်းတစ်ကြောင်းကို အမြန် Select ပေးချင်ရင် F8 ကို ၂ ချက် သို့မဟုတ် ၃ ချက် ဆက်တိုက်နှိပ်ပြီး အသုံးပြုနိုင်ပါတယ်။

F9 ( Refresh )
9. F9 ဟာလည်း Refresh Function တစ်ခုဖြစ်ပြီး Microsoft Word မှာပဲ အလုပ်လုပ်ပါတယ်။

F10 ( Menu Bar )
10. လက်ရှိဖွင့်ထားတဲ့ Program တစ်ခုခုရဲ့ Menu Bar ကို နှိပ်စရာမလိုဘဲ ခေါ်ချင်ရင် F10 ကို နှိပ်ပြီး သုံးနိုင်ပါတယ်။

F11 ( Full Screen )
11. Browser ဖြစ်စေ၊ My Computer ဖြစ်စေ F11 ကို နှိပ်လိုက်တာနဲ့ Full Screen အပြည့်ဖြစ်သွားပါလိမ့်မယ်။ Full Screen ကနေ ပြန်ထွက်ဖို့ F11 ကို ထပ်နှိပ်ပေးပါ။

F12 ( Save )
12. Word, Excel, PowerPoint တို့မှာ ကိုယ်လုပ်ထားတဲ့အရာတွေကို Save လုပ်ချင်ရင် F12 ကို နှိပ်လိုက်ရုံနဲ့ Save သွားမှာဖြစ်ပါတယ်။

ဒီလိုမျိုး Keyboard Shortcuts တွေကို ကျွမ်းကျင်သွားတာဟာ လုပ်ငန်းခွင်အတွေ့အကြုံကို သိသိသာသာ မြှင့်တင်ပေးနိုင်ပါတယ်။ ဒါဟာ ကွန်ပျူတာကို စနစ်တကျလေ့လာခြင်းရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ

(အဓိက သိထားသင့်တာလေးကတော့ Laptop အချို့မှာတော့ Function Keys ကို Fn နှင့် F1/2 Key များကို တွဲနှိပ်မှ အလုပ်လုပ်မှာဖြစ်ပါတယ်)

Computerနဲ့ပတ်သတ်တဲ့ အသိပညာများ မျှဝေပေးသွားမှာမို့ Pageလေးကို Like လေး လုပ်ခဲ့ပေးဖို့မမေ့နဲ့နော်🥰

Credit..
#ပြည်မြို့Computerသင်တန်း

06/12/2025

Yangon YIC - YOUTH International College
မှ Youth Computer Training - Pyay Branch ရှိ
Octoberလတွင်တတ်ရောက်ခဲ့သည့်သင်တန်းသူ/သား များအား ဂုဏ်ယူစွာဖြင့်ပေးအပ်သည့် Certificate

Photos from Youth Computer Training - Pyay Branch's post 01/10/2025

Yangon YIC - YOUTH International College
မှ Youth Computer Training - Pyay Branch ရှိ
August- September လတွင်တတ်ရောက်ခဲ့သည့်သင်တန်းသူ/သား များအား ဂုဏ်ယူစွာဖြင့်ပေးအပ်သည့် Certificate 🥇🏆

03/09/2025

🏆အလုပ်ရှာဖွေဖို့အတွက်လိုအပ်တဲ့ Computer Skill မရှိတာကြောင့် အခွင့်အလမ်းတွေ လက်မလွှတ်ချင်ဘူးဆိုရင် ဒီသင်တန်းက သင့်အတွက် ဖြစ်ပါလိမ့်မယ်နော်။

🏆အချိန်ကန့်သတ်ထားခြင်းမရှိသော အတတ်သင် Computer သင်တန်းတွင် တတ်ရောက်နိုင်မည့်သင်တန်းများ

Basic+ I Office 130000
Advanced Excel 140000
Photoshop 160000
D.T.P. 160000
Auto CAD(2D) 180000
Auto CAD(3D) 200000
A+ 300000

🏆သင်တန်းပြီးဆုံးသော ကျောင်းသား ကျောင်းသူ များကို ရန်ကုန် YIC - YOUTH International College မှ သင်တန်းဆင်းလက်မှတ်(Certificate) ပေးအပ် ချီးမြင့် ပေးမှာ ဖြစ်ပါတယ်ရှင့်

ဆိုင်လိပ်စာ
ပြည်တက္ကသိုလ် သိပ္ပံပေါက်ရှေ့ ရွှေတစ်ချောင်းလမ်း ပြည်မြို့ Youth computer သင်တန်း

သင်တန်းစုံစမ်းရန် 09790394180, 09886279772
Chat boxတွင်လည် အသေးစိတ် လာရောက်စုံစမ်းနိုင်ပါတယ်ရှင့်

🏆Computer Skill ရှိရုံနဲ့ အလုပ်အခွင့်အလမ်းအသစ်တွေ ပိုမိုမြန်ဆန်စွာရရှိလာမှာ အမှန်ပဲမို့
မလွဲမသွေ သင်ယူပြီး သင့်အနာဂတ်အတွက် အဆင့်တက်လိုက်ပါ။

09/07/2025

ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့

ယနေ့ မှာကျရောက်တဲ့ ဝါဆိုလပြည့် အခါသမယလေးမှာ (၇)ရက်သားသမီးမိတ်ဆွေများ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး ဘေးအန္တရာယ်ကင်းဝေး လိုအင်ဆန္ဒများပြည့်ဝပါစေကြောင်း YOUTH မိသားစုမှ ဆုမွန်ကောင်းတောင်း မေတ္တာပို့သအပ်ပါတယ်ရှင့်။



#ဝါဆိုလပြည့်နေ့
#ဓမ္မစကြာအခါတော်နေ့

Photos from Youth Computer Training - Pyay Branch's post 05/07/2025

အချိန်ကန့်သတ်ထားခြင်းမရှိသော အတတ်သင် Computer သင်တန်းကိုမြန်မာငွေ ၉၀၀၀၀ကျပ်ဖြင့် တတ်ရောက်သင်ယူနိုင်ရန် Youth မှ တာဝန်ယူ သင်ကြားပေးနေသောကြောင့် ပညာရပ်တစ်ခုပိုင်ဆိုင်လိုသူတိုင်း လာရောက်သင်ယူနိုင်ပါတယ်ရှင့်

Photos from Youth Computer Training - Pyay Branch's post 30/03/2025

ပြည်မြို့ရှိ Youth Computer Training - Pyay Branch မှာ

Phone ,Power bank, Laptop ,အားသွင်းမီးလုံးများအား

ဆိုင်ဖွင့်ချိန် မနက် ၉ နာရီ မှ ညနေ ၆နာရီ အထိ

တစ်နေကုန် မီးစက်နိုးပေးထားမှာမို့
မည်သူမဆို အခမဲ့ အကန့်အသတ်မရှိ လာရောက်အားသွင်းနိုင်ပါတယ် ရှင့်

Wifi Free ပါလွှင့်ပေးထားပါတယ်

ရွှေတစ်ချောင်းလမ်း
ပြည်တက္ကသိုလ် သိပ္ပံပေါက်ရှေ့
ပြည်မြို့
09790394180
09250556466

Want your school to be the top-listed School/college in Bago?
Click here to claim your Sponsored Listing.

Category

Telephone

Address

Bago, Pyay
Bago
08151