OKDF

OKDF

Share

No

20/04/2022

မျှော်လင့်ထားသည့်အတိုင်း...




မအလ အာဏာသိမ်းလိုက်တဲ့အခါ သူတို့ဘက်ကလူတွေက စကစ နိုင်မယ်လို့ ယုံကြည်ခဲ့တဲ့သူများတယ်။

ဘာကြောင့်လဲ ဆိုရင် "De Facto" မြေပြင်အုပ်ချုပ်မှု အာဏာ ရှိတဲ့သူနိုင်မှာပဲ လို့ တွေးခဲ့ကြလို့။ သူတို့လိုပဲ အာဆီယံနိုင်ငံ အချို့လည်း တွေးခဲ့ကြမှာပါပဲ။ De Facto မရှိလို့ ပြည်သူတွေရဲ့တော်လှန်ရေးနဲ့ NUG ဟာ လေလှိုင်းထဲက ပျောက်သွားမယ်လို့လည်း ထင်ခဲ့ကြမှာပဲ။

အခုအချိန်ကာလမှာတော့ စကစ ရဲ့ အဓိက နိုင်ချေ လို့ သတ်မှတ်ခဲ့တဲ့ De Facto ပါဝါဟာ တော်တော်ကြီးကို ဆုံးရှုံးသွားခဲ့ပြီ ဖြစ်ပါတယ်။

ဒီနေရာမှာ အပြည့်အဝ သိမ်းပိုက်အုပ်ချုပ်တာနဲ့ စိုးမိုး ထိန်းချုပ် တာဟာ တူသလိုနဲ့ တော်တော်ကြီး ကွဲပြားပါတယ်။

ဥပမာ စစ်ကိုင်း ကိုကြည့်မယ်ဆိုရင် မြေပြင် စစ်ရေးအခြေအနေ အများစုနဲ့ နယ်မြေ စိုးမိုးထိန်းချုပ်မှု အနေအထား အားလုံးဟာ Facebook ပေါ်တက်မလာတော့ပါဘူး။

ဒါပေမယ့် စစ်ကိုင်းတိုင်း မြေပြင် မြို့နယ် အများစု (အခုဆိုရင် မုံရွာ ပါ ပါနေပြီ ပြောလို့ရနိုင်ပါတယ်) မှာ PDF/LDF တွေဟာ စိုးမိုး ထိန်းချုပ် ထားနိုင်တယ်လို့ ယေဘုယျ ပြောနိုင်ပါပြီ။

ဆိုလိုတာက PDF/LDF တွေဟာ မြို့ကိုသိမ်းပြီး ရုံးထိုင်နေတာမျိုး မဟုတ်ဘဲ၊ မြို့တွေကို ပတ်ပြီးဝိုင်းထားတဲ့သဘောပါ။ တည့်တည့်ပြောရရင် မြို့ကြီး တွေကနေ စကစဟာ အုပ်ချုပ်နေတာမျိုး မဟုတ်တော့ဘဲ အလယ်မှာ အဝိုင်းခံထားရတဲ့ အနေအထားပါ။

De Facto ကျလာရင် ဘာဖြစ်မလဲ?

သေချာတာကတော့ အုပ်ချုပ်ရေး ယန္တရား ပြိုဆင်းသွားပါလိမ့်မယ်။ စကစ ဟာ

၁။ စစ်တပ်/ရဲ

၂။ Non-CDM

၃။ လက်ဝေခံ(ပျူစောထီး၊ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်၊ ဒလန်၊ အုပ်ချုပ်ရေးမှူး)

အစရှိတဲ့ ဖိုခနောက်ပေါ် သူ့ ယန္တရား ကို တည်ထားတာပါ။

နယ်မြေတွေကို ပြည်သူဘက်က "စိုးမိုးထိန်းချုပ်" လာတာနဲ့ အမျှ စကစ ဘက်သားတွေဟာ သွားလာရေး လမ်းကြောင်း အင်မတန်ကျပ်လာပါတယ်။ အထူးသဖြင့် ရိက္ခာလမ်းကြောင်း၊ စစ်ကူလမ်းကြောင်း မထောက်နိုင်တော့ပါဘူး။

စစ်တပ်/ရဲ အကာအကွယ် မပေးနိုင်တဲ့အတွက် စကစ အုပ်ချုပ်ရေး ဟာ လုံးဝ ပြိုသွားပါမယ်။

အုပ်ချုပ်ရေး ပြိုရင် စကစရဲ့ စီးပွားရေး ပြိုပါမယ်။

မြို့တွေက အလယ်မှာ အဝိုင်းခံထားရပြီး၊ လမ်းကြောင်း တွေ မှန်သမျှ ဖြတ်တောက်ခံထားရလို့ အုပ်ချုပ်ရေး ပြိုပြီဆို De Facto ရဲ့ အားသာချက်ဖြစ်တဲ့ အခွန်အကောက်တွေ၊ စီမံကိန်း ရငွေ တွေ ... စတဲ့ အစိုးရတစ်ရပ်ရဲ့ ဝင်ငွေတွေ ဆုံးရှုံးပါမယ်။

စကစ ဟာ မကြာခင် ရခိုင်၊ ချင်း၊ စစ်ကိုင်း၊ ကချင်၊ ရှမ်း(မြောက်)၊ ကရင်နီ၊ ကရင်၊ မကွေးမြို့နယ်များ က PDF "လွှမ်းမိုးထိန်းချုပ်" နယ်မြေအားလုံးက ဝင်ငွေ ကို ဆုံးရှုံးရပါလိမ့်မယ်။

သူ့ ဝင်ငွေ ဆုံးရှုံး၊ ကိုယ့် ဝင်ငွေ တိုးမလား?

NUG အတွက် အဓိက အသက်ဟာ စကစ De Facto ဆုံးရှုံးသွားတဲ့ နေရာတိုင်းမှာ "အုပ်ချုပ်ရေးလေဟာနယ်" မဖြစ်အောင် ပြည်သူ့ အုပ်ချုပ်ရေး ထူထောင်ဖို့ပါ။

ဒီအချိန်မှာ ကြားကာလ အုပ်ချုပ်ရေး၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး အကုန် အရေးပါလာပါမယ်။

အထူးသဖြင့် NUG ရဲ့ ငွေကြေးစီးဆင်းမှုနဲ့ ဘဏ်စနစ် တစ်ခုသာ တည်ဆောက်နိုင်ခဲ့ရင် တော်တော်ကို အသာစီး ရပြီ ပြောနိုင်ပါလိမ့်မယ်။

စကစ ဟာ အဲဒါကြောင့် နယ်စပ် ကုန်သွယ်ရေး အသက်ဖြစ်တဲ့ မြဝတီ လို မြို့မျိုးကျသွားမှာ အင်မတန် စိုးရိမ်နေတာပါ။

များမကြာမီတော့ စစ်ရေး ယှဉ်ပြိုင်မှု အပြင် ...

၁။ အုပ်ချုပ်ရေး၊

၂။ စီးပွားရေး၊

၃။ Legitimacy တရားဝင် အသိအမှတ်ပြုမှု တို့ပါ ထင်ထင်ရှားရှား ယှဉ်ပြိုင်လာရတော့မယ်လို့ မြင်ပါတယ်။

နေပြည်တော် ဟာ နိုင်ငံရဲ့ဗဟိုချက်ကနေ အုပ်ချုပ်တဲ့ နေရာ အဖြစ်ကနေ၊ အလယ်တည့်တည့် မှာ အားလုံးက ဝိုင်းတာ ခံထားရတဲ့ အနေအထားမျိုး ဖြစ်လာနိုင်ပါတယ်။ အခု နမခ မုံရွာ မှာ ခံနေရသလိုမျိုးပေါ့ ... ။

တော်လှန်ရေး ရပ်သွားမှာ၊ သွေးအေးသွားမှာ မပူပါနဲ့တော့၊ နွေဦးတော်လှန်ရေး ဟာ လုံးဝ မရပ်နိုင်တော့ပါဘူး။

အုပ်ချုပ်ရေးနဲ့ ဘဏ္ဍာရေး ချင်းပါ စီးချင်းထိုးလာရတော့မှာပါ ...

#လွတ်လပ်စွာကူးတင်နိုင်ပါသည်

ေးရန်မလိုပါ

14/03/2022

US အစိုးရ ဒေါ်လာ ၁၃၆ သန်း ထောက်ပံ့မှာနဲ့ပတ်သက်ပြီး အသေးစိတ်သိလိုတဲ့သူတွေအတွက် copy ယူလာပေးတယ် သိထားသင့် ဖတ်သင့်တဲ့ ပို့စ်ကောင်းတခုပါ

အမေရိကန်အစိုးရဘက်ဂျက် ၂၀၂၂ နဲ့ နွေဦးတော်လှန်ရေးအပေါ် သက်ရောက်မှု

အောင်ဒင်

(၁)
အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်က အမေရိကန်အစိုးရရဲ့ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက် ဘက်ဂျက်ကို မတ်လ ၁၁ ရက်နေ့၊ သောကြာနေ့မှာ အတည်ပြုလိုက်ပါတယ်။ လွှတ်တော် နှစ်ရပ်စလုံးက တခဲနက်ထောက်ခံအတည်ပြုလိုက်တာမို့ သမ္မတ ဂျိုးဘိုင်ဒင်က ရက်ပိုင်းအတွင်းမှာ လက်မှတ်ရေးထိုးပြီး ဥပဒေဖြစ်လာပါလိမ့်မယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ဘဏ္ဍာရေးနှစ်က အောက်တိုဘာလမှာ စပြီး စက်တင်ဘာလမှာ အဆုံးသတ်တာမို့ ဒီ ဘတ်ဂျက်ဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ အစိုးရရဲ့ ကုန်ကျစားရိတ်များအတွက် ဖြစ်ပါတယ်။ တကယ်တော့ အခု ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက် ၆ လလောက်တောင် နောက်ကျနေပါပြီ။ ဒီဘက်ဂျက်ကို အတည်မပြုနိုင်သေးခင်မှာ အစိုးရလုပ်ငန်းတွေ ရပ်တန့်မသွားစေဖို့ ကွန်ဂရက်လွှတ်တော်က အစိုးရကို အရင်နှစ်က ဘတ်ဂျက်ပမာဏအတိုင်း ဆက်လက်သုံးစွဲခွင့်ပြုတဲ့ ကာလတိုဘတ်ဂျက်ဥပဒေ (Short-term Continued Resolution) ၄ ကြိမ် ပြဋ္ဌာန်းပေးခဲ့ရပါတယ်။ နောက်ဆုံးအတည်ပြုပေးခဲ့တဲ့ ကာလတိုအသုံးစားရိတ်ဘတ်ဂျက်က မတ်လ ၁၁ ရက်နေ့အထိပဲ သက်တမ်းရှိတာမို့ ဒီတစ်ကြိမ်လည်း ပါတီကြီး ၂ ခုက လွှတ်တော်ကိုယ်စားလှယ်များ သဘောတူညီမှုမရခဲ့ရင် အစိုးရလုပ်ငန်းတွေ ရပ်တန့်ရမယ့် အခြေအနေမျိုး ရောက်ရှိနိုင်ပါတယ်။ ဒါကြောင့် အမေရိကန်ပြည်သူများက ကွန်ဂရက်လွှတ်တော်ရဲ့ ဆွေးနွေးမှုတွေကို စိုးရိမ်တကြီး စောင့်ကြည့်နေကြတာပါ။

အဲဒီအထဲ ကျနော်တို့ အမေရိကန်ရောက် မြန်မာတွေလည်း ပါကြပါတယ်။ ကျနော်တို့ စိုးရိမ်တကြီး စောင့်ကြည့်ကြတာက ကျနော့်တို့ မျှော်လင့်ထား၊ တောင်းဆိုထားတဲ့ နွေဦးတော်လှန်ရေးကြီးအတွက် ထောက်ပံ့ကူညီမှုတွေကို လွှတ်တော်ကိုယ်စားလှယ်များက အတည်မပြုမှာ၊ ချန်ထားရစ်ခဲ့မှာ၊ တစိတ်တပိုင်းပဲ ခွင့်ပြုမှာတွေကို စိုးရိမ်ပြီး စောင့်ကြည့်ကြပါ။ အခုတော့ အမေရိကန်အစိုးရအတွက် ၂၀၂၁-၂၀၂၂ ဘတ်ဂျက်ကို ကွန်ဂရက်လွှတ်တော်က အတည်ပြုလိုက်ပါပြီ။ မြန်မာနိုင်ငံနဲ့ နွေဦးတော်လှန်ရေးကြီးအတွက် ထောက်ပံ့ကူညီမှုများလည်း ကျနော်တို့ မျှော်လင့်သလို ပါဝင်ပါတယ်။ နိုင်ငံတကာ သတင်းတွေမှာတော့ ဒီ ဘတ်ဂျက်မှာပါဝင်တဲ့ ယူကရိန်းနိုင်ငံအတွက် အထောက်အပံ့ အကူအညီတွေကိုသာ ဦးစားပေးဖော်ပြနေတာမို့ ကျနော်က အမေရိကန်အစိုးရရဲ့ ဘတ်ဂျက်မှာ ပါဝင်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထောက်အပံ့များနဲ့ မူဝါဒများအကြောင်း ရှင်းပြချင်ပါတယ်။

(၂)
အတည်ပြုလိုက်တဲ့ အမေရိကန်အစိုးရ ဘတ်ဂျက်ဥပဒေကို The Consolidated Appropriations Act 2022လို့ ခေါ် ပြီး စာမျက်နှာပေါင်း ၂,၇၄၁ မျက်နှာ ရှိပါတယ်။ ဒီ့အပြင် အဲဒီ ဥပဒေနဲ့ တွဲဖက်အာဏာသက်ရောက်တဲ့ အသေးစိတ်ရှင်းပြချက်တွေ (The Explanatory Statements) ကလည်း အပိုင်းပေါင်း ၂၀ ကျော်၊ စာမျက်နှာပေါင်း ၂,၀၀၀ ကျော်ရှိပါတယ်။ ဒီလောက်များပြားတဲ့ စာမျက်နှာတွေထဲမှာ မြန်မာနိုင်ငံနဲ့ ပါတ်သက်သမျှက စာမျက်နှာ အနည်းငယ်ပဲရှိပါတယ်။ ဒါပေမယ့် အဲဒီ စာမျက်နှာအနည်းငယ်မှာ ကျနော့တို့ရဲ့ နွေဦးတော်လှန်ရေးကြီးအတွက် အားတက်စရာ အချက်အလက်တွေ ပါရှိပါတယ်။ အောက်ပါအတိုင်း အကျဉ်းချုပ်ပြီး ရှင်းပြပါရစေ။
ကွန်ဂရက်လွှတ်တော်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှာ မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ၁၃၆ သန်း ၁သိန်း ၂သောင်း ၇ထောငျ ($ ၁၃၆,၁၂၇,၀၀၀) ထောက်ပံ့ဖို့ သတ်မှတ်ပါတယ်။ အဲဒီ ထောက်ပံ့မှုတွေဟာ အောက်ပါအကြောင်းအရာများအတွက် ဖြစ်ပါတယ်။

# ကချင်၊ ချင်း၊ မွန်၊ ကရင်၊ ကရင်နီ၊ ရခိုင်နဲ့ ရှမ်းပြည်နယ်များအတွင်း တိုင်းရင်းသားလူမျိုးစုများ၊ မတူကွဲပြားသော ကိုးကွယ်ယုံကြည်မှုများအကြား အပြန်အလှန် နားလည်မှု၊ ညီညွတ်မှုများကို တည်ဆောက်ရန်၊ လိင်ပိုင်းဆိုင်ရာနှင့် Gender-based အကြမ်းဖက်မှုများကို တားဆီး တိုက်ဖျက်ရန် ဆောင်ရွက်မှုများ၊
# မြန်မာနိုင်ငံအရှေ့ပိုင်း၊ ထိုင်းနယ်စပ်ဒေသရောက် ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များ (IDPs) ကို အကူအညီပေးနေကြတဲ့ ဒေသအခြေပြုအဖွဲ့အစည်းများ (Community-Based Organizations)၊ (မြန်မာဒုက္ခသည်များကို ကူညီထောက်ပံ့ရန် သီးခြား သတ်မှတ်ထားသည့် Migration and Refugees Assistance Fund ရန်ပုံငွေများအပြင်)
# မြန်မာဖက်ဆစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးခြင်း၊ အထောက်အထားရှာဖွေစုဆောင်းခြင်းဆိုင်ရာလုပ်ငန်းများ။

# အရေးအကြီးဆုံးအချက်ကတော့ ""အသေးစိတ် ရှင်းလင်းချက် အပိုင်း ၄" (Section 4: The Explanatory Statement Division K) မှာ ဖော်ပြထားတဲ့ အဖွဲ့အစည်းများ၊ အားလုံးပါဝင်သော၊ အားလုံးကို ကိုယ်စားပြုသော ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသားလူမျိုးစုများအကြား တန်းတူညီမျှရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများ"" ရဲ့ စီမံခန့်ခွဲရေးနှင့် ရုံးလုပ်ငန်းဆိုင်ရာ အစီအစဉ်များ၊ ငြိမ်းချမ်းရေးအတွက် အားထုတ်ကြိုးပမ်းမှုများကို ကွန်ဂရက်လွှတ်တော်ရဲ့ ဘဏ္ဍာငွေခွဲဝေသတ်မှတ်ရေးကော်မတီများ (Appropriations Committees) နဲ့ ကြိုတင်ညှိနှိုင်းတိုင်ပင်ပြီး ထောက်ပံ့ကူညီရန် ဖြစ်ပါတယ်။ အဲဒီအပိုင်းမှာ "ဘယ်အဖွဲ့အစည်းများ" ဆိုတာကို အသေးစိတ် ဖော်ပြမထားလို့ အဲဒီ စာပိုဒ်ရဲ့ ညွှန်ကြားချက်အတိုင်း "အသေးစိတ် ရှင်းလင်းချက် အပိုင်း ၄" ကို ရှာကြည့်ပါတယ်။ အဲဒီမှာ ဖော်ပြထားတဲ့ အဖွဲ့အစည်းများက အောက်ပါအတိုင်းဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)
စီဒီအမ် (CDM)
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) ရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများ

ဒါဟာဖြင့် ကျနော်တို့ မျှော်လင့်တောင်းဆိုတာကို အမေရိကန်ကွန်ဂရက်လွှတ်တော်က ဖြည့်ဆည်းပေးလိုက်တာပါ။

ကွန်ဂရက်လွှတ်တော်က အမေရိကန်အစိုးရကို မြန်မာနိုင်ငံအတွက် ၂၀၂၁-၂၀၂၂ တစ်နှစ်စာ အမေရိကန်ဒေါ်လာ ၁၃၆ သန်း ၁သိန်း ၂သောင်း ၇ထောငျ ထောက်ပံ့ကူညီခွင့်ပြုပြီး အဲဒီ ဘတ်ဂျက်ထဲကမှ NUG၊ NUCC၊ CRPH၊ CDM နဲ့ EAOs စတဲ့ နွေဦးတော်လှန်ရေးဦးဆောင်အဖွဲ့အစည်းများကို အကြမ်းမဖက်လှုပ်ရှားမှုများ (ရုံးလုပ်ငန်း၊ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ ၊ ဒီမိုကရေစီအရေး၊ ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး၊ စသည်များ) အတွက် တရားဝင် ထောက်ပံ့ကူညီခွင့်ပြုလိုက်တာပါ။ ကျနော်တို့အတွက် အင်မတန်ကြီးမားတဲ့ အောင်မြင်မှုပါ။

(၃)
ဆက်လက် ပြဋ္ဌာန်းထားတာတွေကတော့ ကန့်သတ်ချက်တွေပါ။ ဒီဥပဒေမှာ လျာထားသတ်မှတ်တဲ့ ထောက်ပံ့ငွေများကို မြန်မာဖက်ဆစ်တပ်အတွက် အကျိုးရှိစေမယ့် လုပ်ငန်းတွေမှာ လုံးဝအသုံးပြုခွင့် မရှိပါ။ နိုင်ငံတော် စီမံခန့်ခွဲရေးကောင်စီ" အပါအဝင် မြန်မာဖက်ဆစ်တပ်က ထိန်းချုပ်ထားတဲ့၊ ဖွဲ့စည်းထားတဲ့၊ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပါတ်သက်တဲ့၊ ဘယ်လိုအဖွဲ့အစည်းမျိုးအတွက်မှ သုံးခွင့်မရှိပါ။ တိုင်းရင်းသားလူမျိုးစုတွေ၊ ဘာသာရေးအမြင်ကွဲပြားသူတွေ၊ သာမာန်ပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အဓမ္မအနိုင်ကျင့်မှုတွေ ကျူးလွန်တဲ့၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအားလုံးအတွက် သုံးခွင့်မရှိပါ။

အဲဒါအပြင် ကွန်ဂရက်က အတည်ပြုတဲ့ ဘတ်ဂျက်ထဲမှာ ဘင်ျဂလားဒေ့ရျှနိုငျငံကို ကူညီထောက်ပံ့ဖို့ သတ်မှတ်ထားတဲ့ ဘတ်ဂျက်ထဲက အမေရိကန်ဒေါ်လာ ၂၃သန်း ၅သိန်းကို ဘင်ျဂလားဒေ့ရျှနိုငျငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်များအတွက် အသုံးပြုရမယ်လို့ သတ်မှတ်ထားပါတယ်။ ပြီးတော့ နောက်ထပ် အမေရိကန်ဒေါ်လာ ၂သန်းကို ရိုဟင်ဂျာဒုက္ခသည်များရဲ့ ဒီမိုကရေစီဆိုင်ရာ လှုပ်ရှားမှုများမှာ အသုံးပြုခွင့်ပေးထားပါတယ်။

ဒီ ဘတ်ဂျက်ဥပဒေ အတည်ပြုပြီး ရက်ပေါင်း ၉၀ အတွင်းမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနနဲ့ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုအေဂျင်စီ (USAID) တို့က တာဝန်ခံအရာရှိတွေဟာ လွှတ်တော် ၂ ရပ်က ဘဏ္ဍာငွေခွဲဝေသတ်မှတ်ရေးကော်မတီများနဲ့ တွေ့ဆုံပြီး အကောင်အထည်ဖော်မယ့် ထောက်ပံ့ကူညီရေးအစီအစဉ်များကို ညှိနှိုင်းရမယ်လို့လည်း ပြဋ္ဌာန်းထားပါတယ်။

(၄)
အခုအတည်ပြုလိုက်တဲ့ ၂၀၂၁-၂၀၂၂ ဘတ်ဂျက်ဥပဒေပါ မြန်မာနိုင်ငံအတွက် ထောက်ပံ့ကူညီရေး ပြဋ္ဌာန်းချက်တွေဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့မှာ အတည်ပြုခဲ့တဲ့ အမျိုးသားကာကွယ်ရေး အာဏာအပ်နှင်းမှုဥပဒေ ၂၀၂၂ (National Defense Authorization Act 2022/ NDAA) ပါ မြန်မာနိုင်ငံဆိုင်ရာ ပြဋ္ဌာန်းချက်များကို ထပ်မံ အားဖြည့်ထားခြင်း ဖြစ်ပါတယ်။ NDAA က ပြဋ္ဌာန်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ပြဋ္ဌာန်းချက်များက အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ် စတဲ့ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများက မြန်မာဖက်ဆစ်တပ်အား ငွေကြေးနှင့် နည်းပညာ ထောက်ပံ့ခြင်း၊ ချေးငှါးခြင်း၊ လွှဲပြောင်းပေးခြင်း၊ အာမခံခြင်းများ လုံးဝမပြုလုပ်ရန်။
၂။ ဥပဒေအတည်ပြုပြီးသည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း အမေရိကန်အစိုးရ ထိပ်တန်းအရာရှိများက ကွန်ဂရက်လွှတ်တော်အား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အစိုးရ၏ ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြရန်။ အဲဒီလို ရှင်းလင်းတင်ပြရာမှာ
(က) အမေရိကန်အစိုးရက NUG၊ CDM နဲ့ အခြားသော တော်လှန်ရေးအဖွဲ့အစည်းများ နိုင်ငံတကာမှ တရားဝင်အသိအမှတ်ပြုခံရရေးအတွက် မည်သို့မည်ပုံ ကူညီနေသည်များ ပါဝင်ရန်၊
(ခ) အမေရိကန်အစိုးရမှ မဟာမိတ်နိုင်ငံများနှင့် တွဲဖက်၍ မြန်မာဖက်ဆစ်တပ်အပေါ် ချမှတ်ထားသော အရေးယူမှုများအားနှင့် မြန်မာစစ်အုပ်စု၏ တရားဝင်အစိုးရအဖြစ်မှ ငြင်းပယ်မှုများအား ရှင်းပြရန်။
(ဂ) အမေရိကန်အစိုးရမှ မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုများ၊ ကျန်းမာရေးနှင့် ဒုက္ခသည်များအရေးဆိုင်ရာ ကူညီမှုများ၊ NUG နဲ့ အရပ်ဖက်အဖွဲ့အစည်းများ၏ ဒီမိုကရေစီရေး ဆောင်ရွက်မှုများအပေါ် ကူညီမှုများကို ရှင်းလင်းတင်ပြရန်၊

NDAA က ပြဋ္ဌာန်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေကို ဘတ်ဂျက်ဥပဒေပါ မြန်မာနိုင်ငံဆိုင်ရာ ထောက်ပံ့ငွေ ခွဲဝေသတ်မှတ်မှု၊ NUG၊ NUCC၊ CRPH၊ CDM၊ EAOs များအား တရားဝင်ထောက်ပံ့ခွင့်ပြုမှုနဲ့ အသေးစိတ်လမ်းညွှန်ချက်တွေက ထပ်မံအားဖြည့်လိုက်တာပါပဲ။

ဒီဥပဒေများကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့၊ ဒီ ဘတ်ဂျက်ဥပဒေပါ အထောက်အပံ့များကို လက်တွေ့ရနိုင်ဖို့အတွက် NUG၊ NUCC၊ CRPH၊ EAOs စတဲ့ အဖွဲ့အစည်းများက စတင်လှုပ်ရှားဖို့ လိုပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းအလိုက် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေး၊ ၊ ဒီမိုကရေစီရေး၊ စစ်ပြေးဒုက္ခသည်များကို ကူညီထောက်ပံ့ရေး၊ စီဒီအမ်ဝန်ထမ်းများကို ထောက်ပံ့ရေး၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ရေး၊ အမျိုးသမီးနဲ့ ကလေးသူငယ်များအရေး စတဲ့ လက်နက်ကိုင်လှုပ်ရှားမှုနဲ့ မပါတ်သက်သော လုပ်ငန်းများအတွက် အစီအစဉ်များ၊ ခန့်မှန်းကုန်ကျစားရိတ်များ၊ တာဝန်ယူမှု၊ တာဝန်ခံမှုစနစ်များကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ အဲဒီ ကြိုတင်ပြင်ဆင်ထားတဲ့ အစီအစဉ်များနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၊ USAID နဲ့ ကွန်ဂရက်လွှတ်တော်၊ ဘဏ္ဍာငွေခွဲဝေသတ်မှတ်ရေးကော်မတီများ ကို ဆက်သွယ်ဆွေးနွေးသင့်ပါတယ်။

(မတ်လ ၁၂၊ ၂၀၂၂)

Credit - Aung Din

@@

12/03/2022

https://www.facebook.com/101428515332511/posts/341346574674036/

မီးတွေ ၂၄ နာရီ ပျက်မယ် ဆိုပြီး အသံလွှင့် လိုက်တော့ လူတွေ ပူညံ ပူညံ ဖြစ်ကုန်တယ်။ ပြီးတော့မှ တကယ် မပျက်ပါဘူး၊ အချိန်ပိုင်း လောက်ပဲ ဖြတ်မှာပါ ဆိုတော့ တော်ပါသေးရဲ့ ဆိုပြီး စိတ်သက်သာ သွားကြတယ်။ အဲဒီမှာ အရင်ကလို ၂၄ နာရီ မီးလင်းခဲ့တဲ့ အခြေအနေ ပြန်မရောက်တာကို လက်ခံနိုင် သွားကြတယ်။

ညဘက်တွေ ၈ နာရီကနေ မနက် ၆ နာရီ အထိ အပြင်ထွက်ခွင့် ပိတ်ထားတုန်းက လူတွေ အဆင်မပြေ ဖြစ်ကြတယ်။ နောက်ပိုင်းမှာ ၁၀ နာရီ ကနေ ၄ နာရီ ဆိုပြီး ပြန်လျှော့ ပေးလိုက်တဲ့ နည်းနည်း လှုပ်သာ လှည့်သာ ရှိသွားတယ်။ အဲဒီမှာ အရင်ကလို စိတ်ကြိုက် သွားလာလို့ ရတဲ့ အခြေအနေ ပြန်မရောက် တာကို လက်ခံ သွားကြတယ်။

ဆီစျေးတွေ ၂ ထောင်ကျော် အထိ တက်သွားတော့ သွားရေး လာရေး တော်တော် ခက်ခဲ ကြတယ်။ တကယ်လို့များ ၁၀၀-၂၀၀ လောက် ပြန်ကျပြီး ၁၈၀၀-၁၉၀၀ ဝန်းကျင်လောက် ပြန်ဖြစ်ရင် တော်သေးတယ်လို့ တွေးကြမှာပဲ။ အရင်လို တစ်ထောင်ဝန်းကျင်နဲ့ ရတဲ့ အခြေအနေ ပြန်မရောက်တာကို လက်ခံသွားကြ လိမ့်မယ်။

အဲဒါ အာဏာရှင်တွေ လုပ်နေကြ အကွက်တွေကို ဥပမာ ပြောပြတာ။ နိုင်ငံသား တစ်ယောက်ရဲ့ အခွင့်အရေးနဲ့ သက်သာ ချောင်ချိမှု တွေကို အတင်း အဓမ္မ သိမ်းယူပြီးမှ သူတို့ မထိခိုက်ရုံ မစို့မပို့လေး ပြန်ပေးတာ။
အဲဒီ မစို့မပို့နဲ့ အသားကျ သွားရင် တစ်သက်လုံး မစို့မပို့ပဲ နေရတော့မှာ။
အခွင့်သာခိုက်မှာ ရုန်းမထွက်ကြရင် တစ်သက်လုံး မစင်တွင်း ထဲမှာပဲ ပျော်ပိုက်နေ ရလိမ့်မယ်။

Zin Thaw Naing ရေးသားသည်။

Photo: Crd

06/03/2022
23/02/2022

.
♦ ဗိုလ်မှူးဟိန်းသော်ဦးသတိပေးထားတာပါ♦
👇👇👇👇👇

ရန်သူကိုပျော်အောင်ထားပီး
ပင်းပန်းအားနည်းချိန်ရောက်မှ အလစ်ငိုက်
တိုက်တတ်တာ ... သူတို့ဗျူဟာပါ
အရမ်းလည်မပျော်ပါနဲ့အရမ်းလည်း ဝမ်းမနည်းပါနဲ့
လုပ်စရာစရှိတာ သတိထားပြီး
ဆက်လုပ်ရမှာပါ .....

မအလဟာ လိုင်းပေါ်မှာနာမည်ကြီးနေတဲ့
မြို့တွေ ၊ နာမည်ကြီးနေတဲ့ခေါင်းဆောင်တွေ
သူ့လူတွေအထိနာနေတဲ့တိုက်ပွဲတွေ
ဖြစ်ပွားတဲ့မြို့တွေကို လုပ်နေတဲ့ပုံစံကိုကြည့်ပါ ။

အစောပိုင်းမှာ PDFတွေကိုစစ်မြူထား
တတ်ပါတယ် ။

သူ့လူတွေကိုအဲ့ဒီမြို့ကိုသွားရင်သေမယ်သိသိနဲ့
အစောပိုင်းမှာလွှတ်ပြီးထိုးကျွေးပါတယ် ။
သူဟာ သူ့အကျိုးစီးပွားလောက်
ဘာမှအရေးမကြီးပါ
အောက်ခြေစစ်သည် thay လဲ ဂရုမစိုက်ပါ ။

အစပိုင်းမှာ မြေပြင်အနေအထား
နယ်မြေကျွမ်းကျင်မှုမှာ PDF က
အသာစီးရနေတတ်ပါသည် ။

ကျန်ခဲ့တဲ့ စစ်သားတွေဟာ
တပ်မတော်ပျောက်ရင်တောင် မီးခွက်ထွန်းရှာ
မယ့်သူတွေ ကျန်ခဲ့တာများပါတယ် ။

သူတို့စိတ်ထဲမှာ ပြည်သူတွေကအကြမ်းဖက်နေတာ
ဒီပြည်သူတွေမရှိမှ သူတို့နားရမှာ ။

တပ်မတော်ကိုဆန့်ကျင်သူ
သူတို့ရန်သူဆိုတဲ့စိတ်မျိုး အပြည့်အ၀ရှိပါတယ် ။

သူတို့တွေကိုလဲ နေအိမ်တွေမီးရှို့
တန်ဖိုးရှိတာတွေ လွယ်လွယ်ယူခွင့်ပေးထားတော့
thay မယ်မှန်းသိပေမယ့်
ပျော်ပျော်ကြီးသွားပါသည် ။

အစောပိုင်းမှာ ဒီဘက်က မုန့်ဟင်းခါး
ဘယ်နှစ်ပွဲကျွေးနိုင်ပြီ
လက်နက်ဘယ်နှစ်ခုရလိုက်ပြီ ဘာလက်နက်တွေ
ထုတ်နိုင်ပြီနဲ့ ၊ ပုံတွေရိုက်ပြ
ဆိုရှယ်မီဒီယာပေါ်မှာဝေဝေဆာဆာပေါ့ဗျာ
ဝိုင်းလှော်လိုက်ကြတာ ။

အဲ့ဒီအချိန်မှာစကစက ချက်ချင်းမတိုက်သေးဘဲ
အချိန်ယူပြီး
သတင်းယူ ဒလန်ထည့် အလှူရှင်ယောင်ဆောင်
နည်းမျိုးစုံထောက်လှမ်းပြီး
ဒီဘက်က လက်ပန်းကျချိန်စောင့်ပြီး
သူ့လူတွေကို အသေ ခံထိုးကျွေးထားပါသည် ။

ဒီဘက်ကလူတွေ PDFတွေ
စစ်ပန်းချိန် လက်နက်တွေ ကုန်သလောက်
နီးပါးဖြစ်လာမှ ဖြတ်၄ဖြတ်ကိုစတင်တယ် ။

သူတို့မှာလက်နက်က လိုသလောက်ရနေချိန်
ဒီဘက်မှာကျည်ဖိုးအသည်းအသန်ရှာရတယ် ။

မြေပြင်မှာလက်နက်ကြီး အင်အားသုံးပြီး
ရွာသားတွေဆီပါကျဲချ ။
နယ်မြေစိုးမိုးမှုရဖို့အရပ်သားတွေကိုပါ
အကြမ်းဖက် လူသားဒိုင်းတွေလုပ်လာတယ် ။

အားလုံး ဖရိုဖရဲဖြစ်ကုန်ချိန်မှ

လေယာဉ်ဖြင့် နေရာ ပစ်မှတ်အတိအကျကို
လာကြဲချသွားသည်မှာ
မိနစ်ပိုင်းသာကြာလိုက်သည် ။

ရှေ့မှာ ထန်တလန် ၊ လေးကေ့ကော်ဖြစ်ရပ်တွေ
သာဓကရှိပါသည် ။
သူတို့နယ်မြေစိုးမိုးမှု မရရင်ရွာတွေကို
ပြာချပစ်တာ ။

ဒါ့ကြောင့်သင်ခန်းစာယူပါ ။
တဖက်ရန်သူကို အထင်မကြီးလို့ရသည် ။
ကြိုက်သလောက်လှောင်လို့ရသည် ။
အထင်တော့မသေးနှင့်
ယုတ်မာမှုမှာ သူတို့ဉာဏ်နဲ့ဗျူဟာက
တဖတ်ကမ်းခတ်ပါတယ် ။

တဖက်ရန်သူကို အနိုင်ရချင်ရင်
ကိုယ့်မှာ ဘာလက်နက်ထုတ်နိုင်တာ
ရှိတာတွေကို မလိုအပ်ဘဲ မတင်ပါနှင့် ။

တဖက်ရန်သူရဲ့ အင်အား
လုပ်ကွက် အားသာချက် အားနည်းချက်ကို
လေ့လာပါ ။

အင်တာဗျူးကို ဖြေရင်
လိုအပ်သလောက်သာပြောပါ ။

လေယာဉ်ဆီလမ်းကြောင်းတွေကိုထောက်လှမ်းပါ

ဒါတွေတင်သင့်တယ် ဒါမှ တဖက်ရန်သူ
သွေးပျက်မယ် ပြည်သူတွေမိုတီရမယ်လို့
ရန်တွေ့တာမျိုးတွေလဲ ကြုံရပါသည် ။

မိုတီရတာမှန်ပါတယ် ။
တဖက်က သွေးပျက်တာလဲမှန်ပါတယ် ။

ဒါပေမယ့်တစ်ခါတလေ
မြေပြင်အကြောင်းမသိဘဲ
လိုင်းပေါ်ကဝိုင်းလှော်သူတွေကြားမှာ
ရွာသားတွေ PDFတွေပိုအထိနာတတ်တာ
ခံစားနေရသူတွေအသိဆုံးပါ ။

တဖက်ရန်သူက ဘယ်လောက်ယုတ်မာလဲ
လက်နက် လူသူ လုပ်ပိုင်ခွင့်အာဏာ
ဘယ်လောက်ရှိနေလဲပြန်တွေးကြည့်ပါ ။

အင်တာနက်တွေဖြတ်ချရင်တောင်
ကျနော်တို့ဘာမှမတတ်နိုင်တဲ့အခြေအနေပါ ။

ဘယ်လေယာဉ်ကို ဘာနဲ့ပစ်ချလိုက်ပြီဆိုတဲ့
Fake hopeတွေမှာ မြောမနေကြပါနှင့်

တခါတရံ အဲ့ဒီသတင်းက
စကစ ဘက်က ပျော်ပျော်ကြီး
ထုတ်နေတဲ့ ဆိုက်ဝါးတွေပါ ၊
ရန်သူကိုပျော်အောင်ထားပြီး
ပင်ပန်း အားနည်ချိန် မှာမှ အလစ်ငိုက်
တိုက်ခိုက်တာ .. သူတို့ဗျူဟာပါ

ရခိုင်တပ်တော် AA ကိုနမူနာယူပါ ။
သိုသိပ်စွာနဲ့ လက်နက် ၊ လူသူအင်အားကို
အင်အားကြီးဖို့
နှစ်နှစ်အချိန်ယူစုဆောင်းခဲ့တာ
ဘာအသံကြားခဲ့ရလဲ
ဘာလက်နက်တွေရှိလဲ ထုတ်ကြွားခဲ့လား ။

လက်ရှိမြေပြင်မှာ ဘာသတင်းမှမတင်ဘဲ
တပ်ဖျောက်ပြီး အသံတိတ်မုန့်ဟင်းခါးကျွေး
ပစ္စည်းထုတ်နေတဲ့အဖွဲ့တွေ
အများကြီးရှိနေတာ သိထားပေးပါ ။

မိဘပြည်သူများကလဲနယ်မြေခံPDFတွေကို
သိုသိတ်စွာလှူပေးပါ ။
Click နိုင်သူ Clickပါ ။

အချို့အဖွဲ့တွေကတင်မှ အလှူငွေရမှာမို့
အခြေအနေအရ တင်ရသည်ကိုနားလည်ပါသည်
မိဘပြည်သူ များက သိုသိပ်စွာပူးပေါင်းပေး
ကြပါဗျာ ။

တချို့နေရာတွေမှာ
စကစတော်လို့မဟုတ်ဘဲကိုယ့်လုပ်ရပ်က
ရန်သူ့သတင်းပေးဖြစ်သွားပြီး
အဖွဲ့လိုက် အဆွဲခံရတာ ဆင်ခြင်သုံးသပ်ပေးပါ ။

လက်ရှိ လက်နက်မစုံလင်ချိန်မှာ
ပြောက်ကျားစစ်က တစ်ပန်းသာနေပါသည် ။
ရန်သူကိုများစွာ အထိနာစေပါသည် ။

ပြောက်ကျားစစ်က အဖွဲ့ရှိမှန်း မသိလေ
လှုပ်ရှားရလွယ်လေ ။
နည်းမျိုးစုံ ပြောက်ကျားစစ်ဖြင့်
အရူးလုပ်လို့ရနေပါသည် ။

ဒါ့ကြောင့် သတင်းတွေကိုတတ်နိုင်သမျှ
သိုသိပ်ပြီး အမှားထဲကသင်ခန်းစာယူပါ ။

ဒီကာလတောင်ရောက်နေပြီ
ဘယ်အဖွဲ့က ဘယ်လောက်လုပ်နိုင်လဲ
မိဘပြည်သူတွေလဲနားလည်လောက်ပြီ
ထင်ပါသည် ။

သူတို့ဘက်မှာလဲ အထိနာဆုံးရှုံးမှုများစွာရှိပါသည် ၊
လက်ရှိ ယူနီဖောင်းဖြင့်ပင် အပြင်မထွက်ရဲ
သည်ကိုကြည့်ပါ ။
ဘယ်သွားသွား ပြောက်ကျား PDF တွေကို
လန့်နေတဲ့အနေအထားပါ ။

အပြုံးမပျက်ရုံးတက်သူများလဲ
ယူနီဖောင်း၀တ်ဖြင့်ပင်
ရုံး ၊ ကျောင်း မသွားရဲပါ ။

ကျနော်တို့ဘက်မှာလဲ ပညာတတ်တွေရော
အဖိုးတန်တွေရော ဆုံးရှုံးရသည်မှာမနည်းတော့ပါ
စခ အသက်ထက် ကျွန်တော်တို့
လူငယ်တွေအသက်နှင့်မလဲနိုင်ပါ
တန်ဖိုးခြင်းမတူပါ ။
ပြည်သူတွေကို တစ်ယောက်မှ
အဆုံးရှုံးမခံချင်ပါဘူး ။

လက်ရှ်ိဒီဘက်မှာ
PDF တွေက စိတ်ဓါတ် ဉာဏ်ပညာ
ဇွဲလုံ့လနဲ့ ပြည်သူအများစုရဲ့ ပူးပေါင်းမှုတွေက
အလေးသာပါတယ် ။

ဒါ့ကြောင့်ရန်သူဘယ်လောက်အင်အားကြီးပါစေ
ရန်သူ့အားနည်းချက်ကိုရှာပြီး တန်ပြန်ဗျူဟာတွေ
ချမှတ်ပြီး ရန်သူကိုအနိုင်ယူနိုင်ကြပါစေ ။

အမုန်းခံပြီး ချစ်လွန်းလို့ရေးသားပါသည် ။

♦အရေးတော်ပုံအောင်ရမည်♦

🌿 ဗမ - ဟိန်းသော်ဦး🌿

21/01/2022

Thank

02/01/2022

ဇန်နဝါရီလ (၁)ရက် (စနေနေ့)

"ပဲခူးဒေသ_ နေ့စဉ်သတင်းများစုစည်းမှု"

> ပဲခူးဒေသအရှေ့ခြမ်း <

📌 တောင်ငူခရိုင်

* တောင်ငူမြို့နယ်

၁) တောင်ငူမြို့၊ ဟင်းငုတ်ပင်အကျော်မှာ ယနေ့ ၁၀:၄၀တွင် စစ်ကောင်စီတပ်သားများ၁၀ယောက်ခန့်၊ ကားနှစ်စီးနဲ့လမ်းတဖက်တချက်စီမှာလက်နက်အပြည့်နဲ့နေရာယူထားကြောင်း ဒေသခံများကဆိုသည်။

၂) တောင်ငူမြို့ 18 ရပ်ကွက် ငွေတောင်ဦးရပ် ၁၁း၃၀ အချိန် လောက်က စစ်ကောင်စီ သတင်းပေးဟု ယူဆရသူ တစ်ဦး အသတ်ခံထားရကြောင်းသတင်းရရှိထားသည်။ ထိုသူ၏အမည်မှာ ဦးလှမြင့် ဖြစ်‌ကြောင်းသိရပြီး ဦးလှမြင့်၏ ပုဂ္ဂိုလ်ရေးအငြိးဖြင့် တိုင်ကြားချက်အရအဖမ်းခံရတဲ့ အပြစ်မဲ့ပြည်သူတွေများနေတာကြောင့် ဒလန်ဟု သတ်မှတ်ထားခြင်းခံရကြောင်း၊ ပတ်ဝန်းကျင်တွင်လည်း ဘာအကျိုးမှမပြုသူ ဖြစ်ကြောင်း အဆိုပါပတ်ဝန်းကျင်နေ ပြည်သူများဖြေကြားချက်အရ သိရသည်။

* အုတ်တွင်းမြို့နယ်

၁) အုတ်တွင်းမြို့တွင် လွတ်လပ်ရေးနေ့ကို အကြောင်းပြပီး အားကစားပွဲနှင့် အတူ လောင်းကစားဝိုင်းပါစည်ကားသိုက်မြိုက်စွာ ကျင်းပနေကြောင်းဒေသခံများကဆိုသည်။အုတ်တွင်းမြို့၊ ကြက်သွန်းခင်း ၁ရပ်ကွက် တွင်ဖြစ်ပြီးကြက်သွန်းခင်း ဥက္ကဋ္ဌ ဒလန် အာကြီးသည်စစ်ကောင်စီနှင့် ပေါင်းကာ ရပ်ကွက်ထဲမှာကေတီဗွီ၊ မာဆက် လဲ ဖွင့်ထားကြောင်း သိရသည်။အလားတူ ဖြူးမြို့နယ် အတွင်းရှိ ရွာများတွင်လည်းအုပ်ချုပ်ရေးမှူးများ က စစ်ကောင်စီနှင့် ပူးပေါင်းကာလောင်းကစားဝိုင်းများ အကြီးအကျယ်‌လုပ်နေကြသည်ဟု ဒေသခံများထံမှသိရသည်။

📌 ပဲခူးခရိုင်

*ပဲခူးမြို့နယ်

၁) ပဲခူးမြို့ မနေ့ညက မွန်စံပြ၉လမ်းတွင် ယွကျားလေး၄ယောက် အပြင်ထွက်လို့ဖမ်းခံထားရပါတယ်။တစ်ဦးကို လေးသိန်းခွဲနဲ့ ယနေ့ပြန်ရွေးခဲ့လို့ လွတ်လာတယ်လို့ ကြားသိရပါတယ်။

_____________

> ပဲခူးဒေသအနောက်ခြမ်း <

📌 ပြည်ခရိုင်

* ပြည်မြို့နယ်

၁) စစ်ကား ၆စီး၊စခ အပြည့်နဲ့ အောင်လံဘက်မှပြည်ဘက်သို့မောင်းလာပါတယ်၊နောက်နာရီ၀က်ဆိုပြည်ထဲကို၀င်လာပြီလို့သိရပါတယ်။
(4:08pm)

၂) ပြည်မြို့ ခေတ္တရာမြို့သစ်အဝင်လမ်းရှိ ပျူခေတ္တရာဆိုင်ရှေ့မှာရဲခတွေ နဲ့ စစ်ခတွေ ကားတစ်စီးဖြင့်ရောက်လာပြီး ပေါင်းတလည်မြို့ ရွှေဗျိုင်းဖြူဆီဆိုင်ရှေ့က အိမ်ကိုရဲခတွေဝတ်

14/12/2021

**အရေးကြီးလို့ပါ**
# # # # # # # # # # # # # #
ပြည်သူများခင်ဗျာ....

ဆိုင်ကယ်စစ်စစ် ကားစစ်စစ်ရပ်ပေးပါ
သောက်ခွက်တွေမကြည့်ချင်ချင်
သေလောက်အောင်ရွံမုန်းနေပါစေ
စိတ်လျော့ပီးရပ်ပေးလိုက်ပါ
အတတ်နိုင်ဆုံးမိမိဒေါသကိုလျော့ပါ
မကြောက်ပါနဲ့မပျာပါနဲ့မျက်နှာထားမတင်းပါနဲ့
ပြေပြေလည်လည်ပြောပါ
မေးသမျှဘုကလန့်မဖြေပါနဲ့
လုံးဝမပြေးပါနဲ့ခုရက်ကစပီး
အစစ်ဆေးကြမ်းမယ် ပစ်မိန့်ပေးထားပါတယ်

ပြည်သူကိုရန်သူလို သဘောထားနေပါပီ
သွေးဆာနေတဲ့ ခွေးရူးတွေလိုမဲမဲမြင်ရာ
အကုန်လိုက်ခဲချင်နေပါတယ်
တို့ပြည်သူတွေအရေးကြီးဆုံးကဒီချိန်မှာ
သတိကြီးကြီးထားရပါမယ်။

အချင်းချင်းသတိပေးပါ
ဖျက်သင့်တာဖျက်ပါ
ဖုန်းနဲ့အခြား သူတို့ရစ်နိင်မဲ့အရာတွေအကုန်
အစဖျောက်ထားပါ။

အနီအနက်ရှောင်ဝတ်ပါ
သူတို့ကိုကိုယ့်ရဲ့ဒုတိယမျက်နှာပြပါ
MRTVနဲ့MWDတွေဆန်ပါ
မဲလုံးမတို့မိအောင်လှိုင်တို့ကို နမူနာယူပါ
ပလီပလာပြောသင့်ပြောပါ ပြုံးယောင်ဆောင်ပါ
သိပ်သဘောထားပြည့်ဝတဲ့သူတော်ကောင်းလို
သူတို့ပြု့မူနေကြတယ်မို့လား
ကိုယ်လည်းအဲ့လိုသရုပ်ဆောင်ပါ
အဓိကကရှောင်တိမ်းပီးပညာသာပါပါ။

နေတတ်ထိုင်တတ်
ပြောတတ်ဆိုတတ်တာလည်း
တော်လှန်ရေးမှာအဓိကအရေးပါတဲ့ပညာရပ်ပါ။

ဒါကခွေးရူးတွေရှိတဲ့ စစ်မြေပြင်ပါ
တို့အစိုးရလက်ထက်မဟုတ်ပါဘူး
ဒါကြောင့်သည်းခံကြပါမပြေးပါနဲ့မပြာပါနဲ့
အေးအေးဆေးဆေးသွားကြပါ။

မလိုအပ်ပဲအပြင်မထွက်ပါနဲ့စောစောပြန်ပါ
အခြေနေကိုအကဲခတ်ပီး ၁ပြလောက်ကြိုကြည့်
မောင်းကြပါ အချင်းချင်းအချက်ပြပါ
သတိကြီးကြီးထားပါ အတတ်နိင်ဆုံးစိတ်လျော့ပါ
တို့ပြည်သူတွေဘေးကင်းလုံခြုံကြပါစေ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

#

11/12/2021

https://www.facebook.com/108428034722304/posts/251161710448935/

အထူးငွေတိုက်စာချုပ်များကို နိုင်ငံအသီးသီးရှိ ကိုယ်စားလှယ်များမှ တစ်ဆင့် မကြာမီ ရောင်းချပေးပါတော့မည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

Want your business to be the top-listed Photography Service in Bago?
Click here to claim your Sponsored Listing.

Category

Website

Address

Bago