Colvin
...
ဖြစ်နိုင်ရင်လေ
ကျွန်တော့်ကိုပဲပြုံးပြစေချင်တယ်
ကျွန်တော့်ကိုပဲ ဂရုစိုက်ပေးပါ
ကျွန်တော့်ကိုပဲ ကြည့်ပါ
မမ
30/09/2023
“လက်မ" နဲ့ "အင်း"🚫 သတိထားပါ
ဆိုလိုချင်တာက တစ်ခါတစ်လေမှမဟုတ်ပဲ အမြဲအကျင့်ပါနေသူတွေအတွက်ပါ။
အတိုင်းထက်အလွန်ပေါ့ တစ်ပါးသူက အလေးထားစာအရှည်ကြီးပို့နေချိန်မှာ ဘာစာမှမပြန်ပဲ အမြဲ“လက်မ”👍🏻ထောင်ပြနေတဲ့သူနဲ့ တစ်ပါးသူက အလေးအနက်ပြောနေတာကို တခြားဘာမှပြန်မပြောပဲ အမြဲ “အင်း”တစ်လုံးထဲပြောတဲ့သူကိုပါ ။အကယ်၍ တစ်စုံတစ်ခုရှိနေသေးရင် ပွင့်လင်းစွာပြောပြပြီး စကားကိုဖြတ်လိုက်ပါ။(တစ်စုံတစ်ခုဆိုသည်မှာ အလုပ်မအားသေး၍သော်၎င်း၊ စိတ်မပါ၍သော်၎င်း အစရှိသဖြင့်ပေါ့)
👍🏻👍🏻
============
ဘာလို့ Facebookနဲ့ Messenger မှာ 👍🏻လက်မထောင်တဲ့ Like ပေးရင် မကြိုက်တာလည်း...
**အဖြေကတော့ တန်ဖိုးမထားဘူး ပေါ့ပျက်ပျက်လို အရေးမပါသလို ခံစားရစေလို့ပါပဲ...
**ကိုယ်ကတော့ မကြိုက်ပါဘူး ကိုယ့် psycho လို့ပြောပြော ကိုယ်နဲ့စကားပြောရင်း 👍🏻 လက်မ ပုံလာပို့ရင် ဆက်ပြောချင်စိတ်မရှိတော့ဘူး...
**ကိုယ်က အကြောင်းအရာတစ်ခုခုကို ရှင်းပြနေချိန် ကိုယ့်တစ်နေ့တာကို ပြောပြနေချိန် ကိုယ်က ခင်လို့မင်လို့ စကားပြောနေချိန် ဘာ reply မှ မလာပဲ 👍🏻လက်မပုံတစ်ခုတည်းပို့လိုက်တဲ့သဘောက အပြင်မှာကိုယ်က သူ့မျက်နှာကြည့်ပြီး စကားတွေထိုင်ပြောနေချိန် အင်းလို့ တစ်လုံးတည်းပြောပြီး ထထွက်သွားသလို ခံစားရလို့ပါ...
**Messenger ကနေ လူတော်တော်များများက
👍🏻လက်မအပို့ခံရတာကို သဘောမကျကြ ၊ မကြိုက်ကြပါဘူး။
(ကျွန်တော်အပါအဝင်ပေါ့)
**အဲဒါကြောင့် Messenger ၊ Viber ,etc....ကနေ
စကားပြောတဲ့အခါ 👍🏻လက်မပို့ခြင်းကို တတ်နိုင်သလောက်ရှောင်ကျဉ်သင့်ပါတယ်။ တချို့သော လူတွေကသဘောမကျပါဘူး။ အဲ့သည်လို 👍🏻လက်မပို့မိရင် တစ်ဖက်က စာပြန်မပို့တော့ပဲငြိမ်သက်သွားတာမျိုး၊စိတ်ကသိကအောက်ဖြစ်သွားတာမျိုး၊ စိတ်ပျက်သွားတာမျိုး၊စာထပ်မပို့ချင်တော့တာမျိုးတွေဖြစ်သွားတတ်ပါတယ်။ အဲ့လိုမျိုးတွေကြောင့် လက်မပို့ခြင်းကို တတ်နိုင်သမျှ ရှောင်ပေးကြပါ။
**ကိုယ်ကတော့ အသေးအမွားဖြစ်နေပါစေ အလေးထားခံရတာကိုကြိုက်တယ် ကိုယ်တောင် စာတွေအများကြီးရိုက် စကားတွေပြောနေသေးတာ။ ဟုတ်လား၊ ဟုတ်ကဲ့၊ ဟုတ် ဆိုတာလောက်တောင် ပြန်မပြောနိုင်ပဲ 👍🏻 လက်မပုံလောက်လေး လာပို့တာတော့ ကိုယ့်ကိုအလေးမထားဘူး သူ့အတွက် တန်ဖ်ိုးမရှိဘူးလို့ ခံစားရစေတယ်..
(လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်ခင်ဗျာ)
#အင်း
=====
ကျွန်တော်တို့နေ့စဥ် စကားပြောဆိုမှုတွေမှာ "အင်း" ဆိုတဲ့စကားကို
တွင်ကျယ်စွာသုံးစွဲတတ်ကြပါတယ်။
ပြောတဲ့လူကပြောနေချိန်မှာ ကျွန်တော်တို့က "အင်း"လို့တုန့်ပြန်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ဟာ သူပြောနေတဲ့အကြောင်းအရာကို စိတ်မဝင်စား ဂရုမစိုက်သလို ထင်မြင်သွားစေနိုင်ပါတယ်။
သူပြောနေတဲ့အကြောင်းအရာဟာ ဘယ်လောက်ပဲပျင်းရိဖို့ကောင်းနေပါစေ ကျွန်တော်တို့ဟာ တစ်ဖက်လူအပေါ် Respect ရှိဖို့လိုပါတယ်။
လူတစ်ယောက်က ကျွန်တော်တို့ကို သူ့ရည်မှန်းချက်တွေအကြောင်းလာပြောပြနေပြီဆိုပါစို့ ကျွန်တော်တို့ "အင်း"လို့တုန့်ပြန်လိုက်မယ်ဆိုရင် တစ်ဖက်လူကို အားနာစရာပါ။ သူပြောနေသမျှစကားလုံးတွေကို ကျနော်တို့ဂရုမစိုက် စိတ်မဝင်စားသလိုဖြစ်သွားပါလိမ့်မယ်။
"အင်း"တစ်လုံးတည်းတုန့်ပြန့်ခံရမှုနဲ့အတူ စကားဆက်ပြောနိုင်စွမ်းပါ ပျောက်ဆုံးသွားမှာပါ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ချစ်ခင်ရသူတွေရဲ့ ဥပေက္ခာပြုမှုတွေကို ခံနိုင်ရည်နည်းပါးကြပါတယ်။
ဒါကြောင့် ကျွန်တော်တို့ကို စကားတွေလာပြောနေတတ်တဲ့လူတွေကို Respect ရှိပေးကြပါ
စကားလာပြောနေပြီဆိုကတည်းက ကျွန်တော်တို့ဟာ သူအတွက်တစ်စိတ်တစ်ပိုင်းအရေးပါတဲ့လူဖြစ်နေလို့သာ အရေးတယူနဲ့လာပြောနေခြင်းပါပဲ။
အဲ့တွက် သူပြောနေတဲ့အကြောင်းအရာတွေ အပေါ်စိတ်ပါလက်ပါ တုန့်ပြန်မှုပေးကြပါ "အင်း" ဆိုပြီးစကားစဖြတ်ဖို့မကြိုးစားကြပါနဲ့။
"လုံးဝ" မသုံးကြဖို့ request လုပ်ပါတယ်ဗျာ
စကားဝိုင်းတစ်ခုမှာ ကျွန်တော်တို့ဟာ နားထောင်ကောင်းသူတွေ ဖြစ်နိုင်ကြပါစေ...။
ကမ္ဘာပေါ်မှာ အပျော်ဆုံးက ဘာလဲဆိုရင်
မင်း စောင့်နေတဲ့လူကလည်း
မင်းကိုစောင့်နေတာဖြစ်ပြီး...
မင်း သတိရနေတဲ့လူကလည်း
မင်းကိုသတိရနေမယ် ။
မင်း ချစ်နေတဲ့လူကလည်း
မင်းကိုအရမ်းချစ်နေတာပဲ ဖြစ်ပါလိမ့်မယ်...။
Rewrite the stars - Justin Bieber
ကိုယ်မပြောင်းလဲပါဘူး အမြဲတမ်း ပုံမှန်ပါပဲ ။
တစ်ဖက်လူက ကိုယ့်ကို ဆက်ဆံတဲ့ပုံစံအတိုင်း
အလိုက်သိ ပြန်ဆက်ဆံပြရုံပါပဲ ။
သူစိမ်းဆန်သွားတဲ့သူတွေကို
နွေးနွေးထွေးထွေး ဆက်ဆံပြလို့မဖြစ်ဘူးလေ ။
ဒါကြောင့် ကိုယ် အေးစက်ပြခဲ့တာ ။
မေတ္တာတွေ ၊ စေတနာတွေက မတန်တဲ့လူတွေကို
ပေးမိတဲ့အခါ အလကားဖြစ်ရုံမက
တန်ဖိုးပါ မဲ့သွားတတ်တယ် ။
တချို့လူတွေက ကိုယ့်ကို မလိုအပ်သလို
ကိုယ်ကတော့ သူတို့ရှိမှန်းတောင် စိတ်မဝင်စားဘူး ။
အရင်လူပါပဲ ။ အရင်စိတ်ပါပဲ ။
ဒါပေမယ့်
လူတွေရဲ့အကြောင်းထက်
စာအုပ် နဲ့ ပန်းအကြောင်းကိုပဲ
ပိုပြီးစိတ်ဝင်စားတော့တယ် ။
- ဖားစည်ရည်ကျော်
09/09/2023
Buddha
Dandelions
Crd vd
Lyrics- Are you with me
Lyrics - rewrite the stars
By Justin Bieber
Lyrics - Marry on a cross
Click here to claim your Sponsored Listing.
Category
Website
Address
Bago
905101