Food In Daik-U

Food In Daik-U

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Food In Daik-U, Restaurant, Daik-U, Bago.

15/02/2022

ဒီနေ့တော့ deli တွေ လိုက်ပို့ပြီး
နားဦးမယ် ကာကာတို့ရေ …..

မနက်ဖြန်အတွက်ကို ဒီည ၁၀ နာရီမတိုင်ခင်ထိ
ကတောင်ကလင်လို့ ရတယ်နော်။
အားပေးကြတဲ့ ကာကာတို့အားလုံးကို
ကျေးဇူးအထူးတင်ပါတယ်။

ချစ်တဲ့
မင်မင်

15/02/2022

Food In Daik-U မှာ အားပေးတဲ့ ကာကာလေးတို့ကို ဂရုစိုက်တဲ့အနေနဲ့ ကာကာလေးတို့ရဲ့
ကျန်းမာရေးကို မင်မင်က အထူးအလေးထားချက်ပြုတ်ထားပါတယ်။

ပါဝင်ပစ္စည်း အသီးအရွက်တွေကို တစ်ရွက်ချင်း၊ တစ်ခုချင်း ရေနဲ့သေချာပြောင်စင်အောင် ဆေးကြောတဲ့အပြင် အသီးအရွက်ကြိုက်သူတွေ ကြောက်ရတဲ့ ပိုးသတ်ဆေး အန္တရာယ်ကနေ ကင်းဝေးစေလိုတာကြောင့် ဆားရည်စိမ်ပြီးမှသာ ချက်ပြုတ်ပါတယ်။

ချက်ပြုတ်တဲ့အခါမှာလည်း အချို့မှုန့်လုံးဝ မသုံးဘဲ ငါးအသားမှုန့်ကိုပဲ အသုံးပြုထားပေးပါတယ်။ ငရုတ်သီးခြောက်တွေလည်း မှိုသေချာစစ်ပြီး မှိုပါရင် မသုံးပါဘူး။ ဆီကိုလည်း ကျန်းမာရေးနဲ့ သင့်တော်တဲ့ဆီကိုသာ သင့်တင့်ရုံအသုံးပြုပေးပါတယ်။

အချဉ်ရည်စပ်တဲ့အခါလည်း ငရုတ်သီး၊ ကြက်သွန်ဖြူကို လှော်ပြီးမှ ဖျော်တော့ ကာကာတို့ ဗိုက်နာမှာ စိတ်ပူစရာမလိုတော့ဘူးနော်။

ချက်ပြုတ်ပြီးမင်မင်တို့ ကိုယ်တိုင် သေချာကိုင်တွယ်ပြီး ကာကာတို့ဆီရောက်မယ့် ဘူးလေးတွေနဲ့ သေချာထုပ်ပိုးပြီး ပို့ပေးပါတယ်။

ပွဲအရေအတွက်ကိုလည်း မင်မင်တို့
သန့်ရှင်းသပ်ရပ်စွာ ချက်ပြုတ်နိုင်မယ့်
အရေအတွက်ပေါ် မူတည်ပြီးမှသာ ကန့်သတ်ပြီး လက်ခံတာကြောင့် အော်ဒါတင်လိုက်ပြီဆိုတာနဲ့ မင်မင့်ရဲ့ VIP လေးတွေ အလိုလို ဖြစ်သွားမှာပါနော်။

ကိုယ့်အိမ်မှာချက်စားသလို ကျန်းမာရေးနဲ့အညီ
ပြင်ဆင်ပြီးမှ ကာကာတို့ဆီ ပို့ပေးတာမို့
Food In Daik-U ရဲ့ cb ကို ကတောင်လိုက်လို့
ဘယ်တော့မှ နောင်တရမှ မဟုတ်ဘူးနော်။

ချစ်တဲ့
မင်မင်

Photos from Food In Daik-U's post 14/02/2022

ကာကာတို့ရေ

ဒီလိုနေ့လေးမှာ
စပရိုက်ဂေ့ ပေးမယ့်သူမရှိလည်း
မာလာရှမ်းကောနဲ့ ခေါက်ဆင့်ပါတူးရှိရင်
ပြည့်စုံပြီနော်….

ကာကာတို့အားလုံး ပျော်ပါစေ

ချစ်တဲ့
မင်မင်

12/02/2022

မင်ဂါနေ့လယ်ခင်းပါ ကာကာတို့ရေ….
အော်ဒါတွေ လိုက်ပို့ရင်း တွေ့ကြမယ်နော်

ချစ်တဲ့
မင်မင်

Photos from Food In Daik-U's post 10/02/2022

ကာကာတို့ရဲ့ review လေးတွေနဲ့အတူ
အကောင်းဆုံး ပြင်ဆင် ချက်ပြုတ်ပေးနေပါတယ်…

ကိုယ် စားချင်စလိုလေး မှာယူစားသုံးနိုင်လို့
Cb ကို အရောက်လှမ်းခဲ့တော့နော် 😍

မာလာရှမ်းကော (ကြက်/ဝက်) ၃၅၀၀ ကျပ်

ချစ်တဲ့
မင်မင်

10/02/2022

မင်မင်က single ဆိုဘေမက်
Surprise ပေးချင်တဲ့ကာကာတွေအတွက်တော့
ရှယ် Ro ပေးမှာဘာနော် 🥲

ချစ်တဲ့
မင်မင်

Photos from Food In Daik-U's post 10/02/2022

ကာကာလေးတို့ရေ

မင်မင်တို့ page ကနေ ခုရရှိနိုင်တဲ့
အစားအစာတွေကတော့
မာလာရှမ်းကောနဲ့ ခေါက်ဆင့်ပါတူးပါ

ပုံမှာပြတဲ့ မာလာရှမ်းကော ကြက်နဲ့တစ်ပွဲကိုမှ
၃၅၀၀ ကျပ်တဲ့ဆိုတော့ wow စားချင်သွားကြပြီ မလား။ ရှယ်အရသာနဲ့ ကာကာတွေဆီ အရောက်လာမှာနော်။

ခေါက်ဆင့်ပါတူးလေးကလည်း အင်မတန်ကောင်း
ဆလပ်ရွက်ထဲကို မုန့်ဖတ်လေးနည်းနည်းရယ်၊ ပါတူးငါး​လေးရယ်၊ သခွါးသီးနဲ့မုန်လာဥလေးထည့်ပြီး ထူးရှယ်အချဉ်ရည်လေးစမ်းစားလိုက်လို့ကတော့ ထိမိဂွိပဲနော်။
ဆလပ်ရွက်ကို ဖောက်ဝါးပြီး မုန့်ဖတ်ထွေးထွေးလေးကို စားရတဲ့ခံစားချက်လေးက မတွေ့ရတာကြာတဲ့ ချစ်သူ့ပါးလေး နမ်းလိုက်ရသလိုပဲ။
မယုံရင် စားကြည့်။ 😍
အဲ့လိုအရသာထူးတဲ့ ခေါက်ဆင့်ပါတူး တစ်ပွဲကိုမှ
မင်မင်က Feb တစ်လလုံး ၁၅၀၀ ကျပ်တည်းနဲ့ ရောင်းပေးမှာနော်။

ကာကာတွေကို စေတနာ ဗရပွနဲ့မို့ ဒိုက်ဦးမြို့တွင်းဆို deli ကလည်း အက်ဖ်အာအီးအီး ဖရီးနော်။
ကဲ ဘာလိုသေးလဲ။

ဝယ်စားဖို့ပဲ လိုတော့တယ်လို့ တွေးနေပြီမှတ်လား။
ခုပဲ cb or ph ကနေ ကတောင်ကလင်လိုက်တော့နော်။
ည ၁၀ နာရီ နောက်ဆုံးထားပြီး ကတောင်ကလင်ဖို့လည်း မမေ့ပါနဲ့နော် ကာကာတို့ရေ။

ချစ်တဲ့
မင်မင်

Category

Telephone

Website

Address

Daik-U
Bago

Alerts

Be the first to know and let us send you an email when Food In Daik-U posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Bago.