Legal Professional Group

Legal Professional Group

Share

engaged in a specified activity as one's main paid occupation rather than as an amateur. ဥပဒေလေ့လာသောညီအစ်ကိုမောင်နှမများအတွက်သာရည်ရွယ်ပါသည်။

04/06/2026

“အမွေမှုတွင် အပြီးသတ်ဒီကရီချမှတ်ရာ၌ အမွေဆိုင်တို့၏ ရပိုင်ခွင့်တို့ကို သတ်သတ်မှတ်မှတ် ဖော်ပြရန် လိုပေသည်။ မူလရုံးအမှုတွင် အချင်းဖြစ်မြေ၏ မည်သည့်အတိုင်းအတာ၊ မည်သည့်အစိတ် အပိုင်းကို တရားလိုအား ခွဲဝေပေးကြောင်း အပြီးသတ်ဒီကရီ၌ သတ်မှတ်ဖော်ပြရန် လိုပေသည်။ သို့မှသာ ထိုဒီကရီကို အတည်ပြုသည့်အခါ တရားလိုအနေဖြင့် မိမိအတွက် သတ်မှတ်ပေးသည့်အခွင့်အရေးကို ရရှိရန်အလို့ငှာ တရားရုံးက တရားမကျင့်ထုံးဥပဒေပုဒ်မ ၅၁ တွင် ဖော်ပြထားသည့်နည်းလမ်းများ အနက် မည်သည့်နည်းဖြင့် ဒီကရီကို အတည်ပြုပေးရန်ဖြစ်ကြောင်း အတိအလင်းဖော်ပြ လျှောက်ထား နိုင်မည်ဖြစ်သည်။ အချုပ်ဆိုရသော် အပြီးသတ်ဒီကရီတွင် တရားလို၏ရပိုင်ခွင့်သည် ရုပ်လုံးပေါ်ပြီး ဖြစ်စေရမည်။ ပဏာမဒီကရီနှင့် မခြားနားသော ဒီကရီသည် အပြီးသတ်ဒီကရီ မမည်ပေ”ဟု

ဦးမြတ်ကျော် နှင့် ဦးသိန်းမောင် ပါ -၅

(၁၉၈၄ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ-၃၀၂။)

တွင်စီရင်ထုံးပြုထားပါသည်။

22/05/2026

“ပဋိညာဉ်ပြုသူတစ်ယောက် သည် ပဋိညာဉ်အတိုင်း ၎င်းကမဆောင်ရွက်နိုင်ကြောင်း သို့မဟုတ် မဆောင်ရွက်လို ကြောင်းကို ၎င်း၏ ပြုမူချက် (conduct) ဖြင့် သိစေနိုင်သည်။ ပဋိညာဉ်အရ ၎င်းပေါ် ကျရောက်သောတာဝန်ကို ငြင်းပယ်ရာရောက်သဖြင့် အခြားတစ်ဖက်တွင် ပဋိညာဉ်ပြုသူသည် ထိုငြင်းပယ်ချက်ကြောင့် ၎င်းနောက် လျော်ကြေးငွေရခွင့်ရှိကြောင်း “

ဦးနေဝင်းပါ ၂ နှင့် ဒေါ်ခင်အေး

{၁၉၇၂ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ ၄၃(၄၄) }တွင်

လမ်းညွှန်ထုံးဖွဲ့ ထားပါသည်။ “ပဋိညာဉ်ပြုသူတစ်ယောက် သည် ပဋိညာဉ်အတိုင်း ၎င်းကမဆောင်ရွက်နိုင်ကြောင်း သို့မဟုတ် မဆောင်ရွက်လို ကြောင်းကို ၎င်း၏ ပြုမူချက် (conduct) ဖြင့် သိစေနိုင်သည်။ ပဋိညာဉ်အရ ၎င်းပေါ် ကျရောက်သောတာဝန်ကို ငြင်းပယ်ရာရောက်သဖြင့် အခြားတစ်ဖက်တွင် ပဋိညာဉ်ပြုသူသည် ထိုငြင်းပယ်ချက်ကြောင့် ၎င်းနောက် လျော်ကြေးငွေရခွင့်ရှိကြောင်း “

ဦးနေဝင်းပါ ၂ နှင့် ဒေါ်ခင်အေး

{၁၉၇၂ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ ၄၃(၄၄) }တွင်

လမ်းညွှန်ထုံးဖွဲ့ ထားပါသည်။

16/05/2026

လူစီတန်း ပြသခြင်း

စွပ်စွဲခံရသူတရားခံအား အခြားသူမည်မျှနှင့်
ရောနှော၍ စီတန်းပြသရမည်ဟု သတ်မှတ်ထား
ခြင်း မရှိပါ။ သို့ရာတွင် စွပ်စွဲပြသသူသက်သေ
သည် စွပ်စွဲခံရသူ တရားခံကို အမှန်တကယ် မှတ်မိခြင်းမရှိဘဲ ကံအားလျော်စွာ စွပ်စွဲပြသခြင်းမပြု
နိုင်စေရန် စွပ်စွဲခံရသူတရားခံကို အရေအတွက်အားဖြင့် မများလွန်း၊ မနည်းလွန်းသော အခြားသူတို့နှင့် ရောနှောပြသရန်လိုသည်။ ထို့ကြောင့် အခြားသူ (၉) ဦး သို့မဟုတ် (၁၀) ဦးနှင့် ရောနှောပြသ သင့်သည်။ အကယ်၍ စွပ်စွဲခံရသူတရားခံ (၂) ဦး သို့မဟုတ် ( ၂ ) ဦးထက်ပိုမို၍ လူစီတန်းပြသရန်ရှိနေပါက တစ်ကြိမ်လျှင် စွပ်စွဲခံရသူ တရားခံတစ်ဦးကိုသာ အခြား သူများနှင့် ရောနှောပြသရပါသည်။ ထိုသူကို လူစီတန်း ပြသပြီးမှ နောက်ထပ်စွပ်စွဲခံရသူ တရားခံကို ဆက်လက် ပြသရန် ဖြစ်ပါသည်။

သတိပြုရမည့်အချက်

စွပ်စွဲခံရသူတရားခံအား ဖမ်းဆီးသည့်အချိန်မှစ၍ လူစီတန်းပြသသည့်အချိန်အထိ စွပ်စွဲပြသသူ သက်သေက ကြိုတင်မြင်တွေ့ထားခြင်းမရှိစေရန် လိုပါသည်။ သို့ဖြစ်၍ စွပ်စွဲပြသသူသက်သေသည် ထိုသို့ ကြိုတင် တွေ့မြင်ထားခြင်း ရှိမရှိ သိရှိနိုင်စေရန် ကြီးကြပ်သူများက ပြည့်ပြည့်စုံစုံ မေးမြန်း
ရန်လိုအပ်ပါသည်။ သက်သေကမှန်းဆ၍ စွပ်စွဲပြသခြင်းကို တားဆီးစေရန်အလို့ငှာ စွပ်စွဲခံရသူ တရားခံသည် ရောနှောပြသသူများနှင့် အရပ်အမောင်း၊ ကိုယ်ခန္ဓာထွားကျိုင်းမှုအစရှိသော သိသိသာသာ ကွဲပြား ခြားနားခြင်း မရှိစေရပါ။ စွပ်စွဲခံရသူတရားခံနှင့် ထူးထူး ခြားခြား ကွဲပြားခြားနားမှုမရှိသောသူတို့နှင့် ရောနှော ပြသရပါမည်။ စွပ်စွဲပြသနိုင်လျှင် စွပ်စွဲခံရသူတရားခံအား သုံးကြိမ်တိုင်တိုင် စီတန်းပြသရပါမည်။ အသစ်
စီတန်း ပြသသည့်အခါတိုင်း စွပ်စွဲခံရသူတရားခံအား အဝတ်အစားလဲလှယ်ရန်လည်းကောင်း၊ နေရာပြောင်းရန်လည်း ကောင်း အခွင့်အရေးပေရပါမည်။

စွပ်စွဲခံရသူတရားခံကို ဟုတ်မှန်ကြောင်းစွပ်စွဲပြသရန် လူစီတန်းပြသရာတွင် မှုခင်းပုံစံ (၉၈)ကို အသုံးပြုရပါ မည်။ စွပ်စွဲခံရသူ တရားခံတစ်ဦးထက်ပိုလျှင် တစ်ဦးစီ အတွက် ပုံစံတစ်ရွက်စီ အသုံးပြု ရပါမည်။ ပုံစံ၏အထက် ပိုင်းတွင် စီတန်းပြသသည့် နေ့စွဲ၊ နေရာ၊ စီတန်းပြသခြင်း ခံရမည့် တရားခံအမည်နှင့် တရားခံအား စွပ်စွဲပြသသူ သက်သေ၏အမည်တို့ကို အသီးသီးရေးသွင်းရန်ဖြစ် သည်။ သက်သေအမည်ဆိုသောနေရာတွင် လူစီတန်း ပြသခြင်းကို ကြည့်ရှုရန်ခေါ်ထားသည့် သက်သေ လူကြီးများ၏အမည်စာရင်းကို ရေးသွင်းရန်မဟုတ်ပါ။

ပုံစံ၏ ပထမစာပိုဒ်ဘေးရှိ ကွက်လပ်တွင်
အမှုဖြစ်ပွား ပြီးနောက် စွပ်စွဲခံရသူတရားခံကို မြင်တွေ့ခြင်းရှိ၊ မရှိ မေးမြန်းပြီး သက်သေ၏ ဖြေကြားချက်ကို ရေးသွင်းရန် ဖြစ်သည်။

ဒုတိယစာပိုဒ်ဘေးရှိ ကွက်လပ်တွင် စွပ်စွဲခံရသူ
တရားခံကို အခြားသူများနှင့် စီတန်းပြသကြောင်း၊ ထိုသူများနှင့် စွပ်စွဲခံရသူတရားခံသည် မည်သို့မည်ပုံ ထူးခြားစွာ ကွဲပြားခြားနားကြောင်း (ရှိလျှင်) ဖော်ပြရ မည်။ တတိယစာပိုဒ်ဘေးရှိ ကွက်လပ်တွင် လူစီတန်း ပြသရာ၌ အဝတ်အစားလဲလှယ်ရန် လည်းကောင်း၊ နေရာပြောင်းရွှေ့ရန်လည်းကောင်း စွပ်စွဲခံရသူတရားခံ အား အခွင့်အရေး ပေး၊ မပေး ရေးသွင်းရန် ဖြစ်ပါသည်။

ပုံစံ၏ စတုတ္ထစာပိုဒ်ဘေးရှိ ကွက်လပ်တွင် စီတန်းပြသ ပြီးနောက် မိမိကိုစွပ်စွဲပြသသူ သက်သေက မတရားစွပ်စွဲ နိုင်ဖို့ရာ အကြောင်းတစ်စုံတစ်ရာ ရှိမရှိ တရားခံကို မေးမြန်းပြီး သူ၏ဖြေကြားချက်များကို ရေးမှတ်ထားရန် ဖြစ်သည်။ စွပ်စွဲခံရသူတရားခံ၏ ယိုးစွပ်ချက်များနှင့် ပတ်သက်၍ စွပ်စွဲပြသသူသက်သေက မည်သို့ဖြေရှင်း ကြောင်းကိုလည်း ရေးသားရန်ဖြစ်သည်။ မတရား စွပ်စွဲနိုင်ဖို့ရာ အကြောင်းတစ်စုံတစ်ရာ ရှိမရှိဆိုသည်မှာ စီတန်းမပြမီ စွပ်စွဲခံရသူတရားခံကို စွပ်စွဲပြသသူသက်သေ က တွေ့မြင်ခဲ့ပြီးခြင်း၊ ရဲကထိုသူ၏ဓာတ်ပုံကို သက်သေ အား ကြိုတင်ပြသ၍ စွပ်စွဲစေခြင်း စသည်တို့ဖြစ်ပါသည်။

ပုံစံ၏ ပဉ္စမစာပိုဒ်ဘေးရှိ ကွက်လပ်တွင် စွပ်စွဲပြသ သည့်သက်သေက စွပ်စွဲခံရသူတရားခံကို မှန်ကန်စွာစွပ်စွဲ နိုင်ခြင်း ရှိမရှိ (၃)ကြိမ် စီတန်းပြသသည့်အနက် အကြိမ် မည်ရွေ့မည်မျှ စွပ်စွဲပြသနိုင်ကြောင်းကို ရေးသွင်းရန်ဖြစ် သည်။

ဆဋ္ဌမစာပိုဒ်ဘေးရှိ ကွက်လပ်တွင် စွပ်စွဲခံရသူ၏ အမည်ကိုရေးရန် ဖြစ်သည်။ အကယ်၍ စွပ်စွဲပြသသူ သက်သေသည် စွပ်စွဲခံရသူတရားခံ
မဟုတ်သော အခြား သူကို စွပ်စွဲပြသလျှင် ထိုစွပ်စွဲခံရသူ၏အမည်ကို ရေးရ မည်။

အထက်ပါအတိုင်း ပုံစံတွင်ဖြည့်သွင်းပြီးနောက် ကြီးကြပ်သူ (သို့မဟုတ်) ကြီးကြပ်သူများက လက်မှတ် ရေးထိုးရမည်။ ထို့နောက် လူစီတန်းပြသခြင်းကို ကြည့်ရှု ရန် ခေါ်ထားသည့် သက်သေလူကြီးများက လက်မှတ် ရေးထိုးပြီး ၎င်းတို့၏ ရာထူး (သို့မဟုတ်) အလုပ်အကိုင်ကို ရေးသွင်းရမည်။

စွပ်စွဲခံရသူတရားခံကို ဟုတ်မှန်ကြောင်း စွပ်စွဲပြသရန် လူစီတန်းပြသခြင်းကို မည်သူမဆို ကြီးကြပ်ဆောင်ရွက် နိုင်သည်။ ဤကိစ္စအတွက် တရားသူကြီးအဖွဲ့အား အကူအညီတောင်းခံလာပါက တရားသူကြီးအဖွဲ့ဝင် တစ်ဦးဦးကဖြစ်စေ၊ တရားသူကြီးအဖွဲ့ဝင် မပါဝင်နိုင်သည့် ကိစ္စရပ်များတွင် တရားရေးဝန်ထမ်းတစ်ဦးဦးအားဖြစ်စေ ကြီးကြပ်ဆောင်ရွက်နိုင်ကြောင်း ပြည်သူတရားသူကြီး အဖွဲ့က ၁၃ - ၁၀ - ၁၉၈၀ ပြည့်နှစ် ရက်စွဲဖြင့် ညွှန်ကြားချက်အမှတ် -၂၀ ကိုထုတ်ပြန်ထားပါည်။

လေးစားစွာဖြင့်လူစီတန်း ပြသခြင်း

လေးစားစွာဖြင့်

02/05/2026

မိဘဘိုးဘွားများအား စရိတ်ထောက်ပံ့ရန်လုံလောက်သောငွေကြေးနှင့် ပစ္စည်းများ ထောက်ပံ့နိုင်စွမ်းရှိပါလျက်နှင့် ထောက်ပံ့ခြင်းမပြုသဖြင့် မိမိတို့ကိုယ်တိုင်ရပ်တည်နိုင်စွမ်းမရှိသည့် မိဘဘိုးဘွားများ သည် အဆိုပါ သားသမီး၊ မြေးများအပေါ် စရိတ်ထောက်ပံ့စေလိုမှု တရားစွဲဆိုနိုင်သည်။ တရားရုံးက စစ်ဆေးပြီး သက်သေခံချက်ထင်ရှားလျှင် မိဘဘိုးဘွား တစ်ဦးအတွက် လစဉ် ကျပ်ငါးသောင်းထက်မပိုသော စရိတ် သို့မဟုတ် တစ်လုံးတည်းစရိတ်ကိုပေးစေရန်အမိန့်ချမှတ်နိုင်သည်။

09/03/2026

"ဇာရီပြုလုပ်ရာ၌ တရားနိုင်သည် ဒီကရီတွင် မပါသောမြေကို ယူခြင်း ဒီကရီတွင် ဖော်ပြထားသည်ထက်ပို၍ ယူခြင်းပြုလျှင် တရားရှုံးသည် မြေကို ပြန်ရရန် ယင်းဇာရီ၌ပင် တရားမကျင့်ထုံးဥပဒေပုဒ်မ-၄၇အရ လျှောက်ထားရမည်ဖြစ်ပြီး ထိုသို့မှားယွင်းပေးလိုက်မိသော မြေကို ပြန်ရရန် သီးခြားတရားတစ်ထုံး မစွဲနိုင်"ဟု

ဦးဇော်ဝင်း ပါ-၂ နှင့် ကိုနောင်ဝင်းနောင် ပါ-၃
(၂၀၁၀ပြည့်နှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံး၊စာ-၃၇)တွင်

စီရင်ထုံးပြုထားပါသည်။

21/02/2026

"အယူခံတရားလိုသည် မြေကို ယခင်နှစ်ပေါင်း(၃၀)ကျော် ဆန့်ကျင်ကျူးလွန်နေထိုင်သူထံမှ လက်ဆင့်ကမ်းယူနေထိုင်သူဖြစ်ပါသည်။ထိုအချက်နှင့်ပတ်သက်၍ ယခင်နေထိုင်သူ ကျုးကျော်နေထိုင်သောအချိန်ကာလကို လက်ရှိကျုးကျော်နေထိုင်သူ လက်ဝယ်ရရှိသောအချိန်ကာလနှင့် ပေါင်းစပ်၍ အမူမှာ ကာလစည်းကမ်းသတ်ကျော်လွန်ပြီးဖြစ်ကြောင်း
ထုချေခွင့်ရှိသည်" ဟု

မမီ နှင့် ဟာဂျီမိုဟာမင်ဘင်ဟာဂျီယူလေမိုဟာမက်

(ရန်ကုန်၊အတွဲ-၁၊စာ-၁၇၆ )တွင်စီရင်ထုံးပြုထားပါသည်။

07/02/2026

“လိမ်လည်မူကို အကြောင်းပြု၍ ဒီကရီတစ်ရပ်ကို ပယ်ဖျက်ပေးရန်အတွက် တရားစွဲဆိုနိုင်ရန် ထိုဒီကရီကို အခြေခံသည့် သက်သေခံချက်သည် မမှန်ကန်ကြောင်း တရားလိုက ပြဆိုရုံမျှဖြင့် မလုံလောက်ပေ။မိမိ၏ ပျက်ကွက်မူ (သို့မဟုတ်)လျစ်လျူရှုမူကြောင့် မဟုတ်ဘဲ တရားပြိုင်(ယခင်အမူတရားလို)၏ တမင်လိမ်လည်လှည့်ဖြားမူကြောင့် မိမိသည် ယင်းလိမ်လည်မူကို ယခင်အမူတွင် ဖော်ထုတ်ခွင့်မရခဲ့ကြောင်း သက်သေပြရမည်။ဆုံးဖြတ်ပြီးသော ပြသာနာများကို ထပ်မံအရေးဆိုခွင့်မရနိုင်ချေ “ဟု

ဒေါက်တာအဗ္ဗုဒူလ်ရင် ပါ-၂

နှင့်

ပန်ဒစ်တိုင်ရမ်နှင့်အခြားသူများ

အေအိုင်အာ၊၁၉၃၇၊ရန်ကုန် စာမျက်နှာ-၅၃၄

အမူတွင် ဆုံးဖြတ်ထားပါသည်။

စည်းကမ်းသတ်ကာလ
———————————

“လိမ်လည်လှည့်ဖြား၍ ရယူထားသော ဒီကရီကို ပယ်ဖျက်ပေးစေလိုကြောင်း စွဲဆိုသည့်အမူသည် ကာလစည်းကမ်းကတ်အက်ဥပဒေ ပထမဇယား အမှတ်စဉ်-၉၅နှင့် သက်ဆိုင်သည် “ဟု

ဆိုင်ရမ်လားလ်မန်ဒါးလ် နှင့် နီမိုနီဒက်(စ်)

(ကာလကတ္တားအတွဲ-၃၄၊စာ-၂၄၁)တွင်

ဆုံးဖြတ်ထားပါသည်။

ရုံးခွန်
——-

ရုံးခွန်အက်ဥပဒေပုဒ်မ -၇(၄)(ဂ)အရ တောင်းဆိုသောသက်သောခွင့်အပေါ် ဇယား(၁)အပိုဒ်(၁)ပါနူန်းထားအတိုင်း ထမ်းဆောင်ရပါသည်။

“လိမ်လည်ရယူသွားသည်ဆိုသော ဒီကရီတွင် အမူသည်အဖြစ် မပါသူက ထိုဒီကရီကို ပယ်ဖျက်ပေးရန် တရားစွဲဆိုခွင့် မရှိ”ဟု

အေအိုင်အာ ၁၉၄၃၊ဘုံဘေ ၂၈၃ တွင်

ဆုံးဖြတ်ထားပါသည်။

02/02/2026

"ငြင်ချက်များကို ပြင်ဆင်လျှင် ပြင်ဆင်သောငြင်းချက်များ
နှင့် စပ်လျဥ်း၍ အမူသည်များအား နောက်ထပ်သက်သေခံချက်များ တင်ပြခွင့်ပေးရမည်" ဟု

(အေ၊အိုင်၊အာ၊၁၉၅၂ခုနှစ်၊ဟင်ပရာ ၅၁)တွင်

စီရင်ထုံးပြုထားပါသည်။

02/02/2026

"တရားလို ပေးပို့သောနို့တစ်စာ တရားဝင် မဝင် အဆိုအ​ချေအရ အငြင်ပွားနေလျှင် အမူကိုဆုံးဖြတ်ရန် အရေးပါသော ဥပဒေပြသာနာဖြစ်ခြင်းကြောင့် တရားမကျင့်ထုံးဥပဒေအမိန့်-၁၄၊နည်း-၁ နှင့်၃ တို့အရ ငြင်းချက်ထုတ်ပေးရန် လိုအပ်သောအချက်ဖြစ်ကြောင်း ထင်ရှား၍"နို့တစ်စာ တရားဝင်ပါသလား"ဟူသော ငြင်းချက်ကို ထုတ်ပေးရခြင်း" ဖြစ်သည်ဟု

ဒေါ်ညွန့်ညွန့်ခင် နှင့် ဒေါ်အိမ်ကြည်

{၁၉၉၀ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံး၊စာ-၂၂(၂၄)}တွင်
စီရင်ထုံးပြုထားပါသည်။

14/01/2026

ဦးရှမ်းဘို (ခ)ဦးဉာဏ်လန်း နှင့် ပြည်ထောင်စု
(၁၉၆၁၊မတစ(လွှတ်တော်) စာ-၈၄)အမှုတွင်

"တရားသူကြီးသည် သက်သေများကို မိမိသဘောအလျောက် ပယ်နိုင်ခွင့်မရှိ။ တရားဥပဒေတွင် ဤကဲ့သို့သော သက်သေကိုပယ်နိုင်သော အာဏာပေးထားခြင်းမရှိ"ဟု ဆုံးဖြတ်ထားပါသည်။

Want your practice to be the top-listed Law Practice in Bago?
Click here to claim your Sponsored Listing.

Address

No. 9/18, Tapinshwetee Road, Oakethar Myothit, Bago City
Bago
08011