PES Knowledge Sharing
PES knowledge sharing knowledge sharing
22/11/2021
ဒီအပတ် တော့ Xavi ရလိူက်တယ်။
Bro တို့ရော ဘာတွေ ပေါက်ကြလဲ။
လောင်ရင် ဘာတွေလုပ်တတ်လဲ
=======================
Matchday ကန်တယ် အဓိက ရည်ရွယ်ချက် က ဘာလဲ သိလား coin 100 လိုချင်လို့ နိုင်ဖို့မဟုတ်ဘူး coin ရအောင် ကန်နေတာကို တစ်ခါတွေ့လည်း ကန်တင်ပြေး အစကတော့ ဒီဘဲကို သေချာရအောင်ထိန်းမယ်ပေါ့ ထိန်းမရလို့ ဟိုဘက်က ဂိုးသွင်းပြီး အောင်ပွဲပါ ခံပြသွားပြီ ကိုယ်တွေက လောင်သွားပြီလေ ထိန်းလို့ကို မရတော့ဘူး ကစားကွက် ကို သေချာဖော်ပြီး တိုက်စစ် ကို ရှယ်တိုက်ပြီ ဟိုက ထပ်ပြီးကန်တင်ပြေးတယ် ထပ်ဂိုးရတယ်။ စိတ်ပါညစ်သွားပြီဆိုလို့ကတော့ ဘေးစည်းအပြင်ကို ဆွဲသွားတယ် လက်ပစ်ဘော ပေးရတယ် Pause နဲ့ ခနရပ်ထားလိုက်တယ်။ ပြီးရင် ပြန်စတယ် လက်ပစ်ဘောပေး ရအောင် ထပ်လုပ်တယ် Pause နဲ့ ထပ်ရပ်တယ်။ ပွဲအပြီးထိကို ယုတ်မာတာ။ အရမ်းလောင်သွားရင် အဲ့အကွက်နဲ့ လူယုတ်မာ လုပ်ပစ်လိုက်တယ် အေးရော။
လူမိုက်နဲ့ coin အတူမနေ
==================
တစ်ပတ် တစ်ပတ် Icon တွေ အမျိုးမျိုး ပြောင်းလဲလာလည်း မပြောင်းလဲတာက စိတ်ပဲ။ coin 100 လောက် လက်ထဲရှိနေရင်ကို လက်ကယားနေတာ မသိရင် ငွေဝင်မှာပေါ့ မဟုတ်ဘူးဗျ အမှန်က icon box က Silver နဲ့ ညားချင်နေတာ။ တစ်ပတ်လာတယ် icon နှိုက်တယ် မရဘူး နောက်အပတ်လာလည်း နှိုက်တာပဲ။ စုဖို့ဆို ရေလာဝေး coin 20 လောက်လိုရင်တောင် မရရအောင် ပတ်ရှာနေတာ။
ယောက်ျားလေး ပေမယ့် အနုအရွက ကြိုက်သေး icon box သွားရင် ပန်းရောင်လေး သန်းလိုက်ရမှ coin 100 နဲ့ စမ်းမယ်ဆိုပြီးသွား မပေါက်လို့ နောက် 100 ဆို ပေးမလား ပေးမလားနဲ့ နောက်ဆုံး Silver ball က ရီပြသွားတာပဲ အဖတ်တင်တယ်။ဒီအပတ်တော့ ဘာ icon မှ မရလိုက်ဖူး 😔 coin စုချင်နေတဲ့ ရည်မှန်းချက် က တစ်ခါမှ မအောင်မြင်ဖူး။
Coin 100 လေး အသည်းအသန် စုပြီး icon box သွား နှိုက်လိုက်တာ
လိုင်းလေးက ထစ်နေလို့ icon ပေါက်ပြီ မှတ်နေတာ
အယ်မလေး အဖြူကြီး ပေါ်လာတော့
ရင်ဝကို ဆောင့်ကန်လိုက် သလိုပဲ။ 😞
10/11/2021
အဲ့ဒီ နည်းပြ သုံးလို့ ကောင်းရဲ့လား
LMF RMF AMF နှစ်ကောင် နဲ့
4-1-4-1 ကစားကွက် ကြီး စမ်းသုံးကြည့်မလို့
ဘယ်လိုနေလဲ သုံးဖူးတဲ့ သူ ရှိရင် ပြောကြပါအုံး
ဒီအပတ် icon ဘယ်သူတွေ ပေါက်ကြလဲ။
Bann Mee တော့ ဒီအပတ် black ball လေးပဲ ရလိူက်တယ်။
08/11/2021
ရိုးရှင်းသော PESရဲ့ ပူးပေါင်းတိုက်စစ်ဆင်နည်းများ အပိုင်း(၁)
=====================================
အခုက 4-2-1-3(or) 4-3-3 ကစားကွက်ရဲ့ ရိုးရိုးရှင်းရှင်း တိုက်စစ်ဆင်နည်း တစ်ခု အကြောင်းပြောပြသွားမှာ ဖြစ်ပါတယ်။
တောင်ပံတိုက်စစ်ကစားသမားတွေက အတွင်းထဲကို ဆွဲဝင်ပြီး အဆုံးသတ်ရမယ့် တိုက်စစ်ဆင်နည်းတစ်ခုပါ။
ပုံ(၁) နောက်တန်း ကစားသမား(CB) ဆီကနေ ဘောလုံးကို ကွင်းလယ်ကစားသမား(CMF)ဆီသို့ ဘောလုံးပေးပြီး တိုက်စစ်ကို စတင်လာပါမယ်။ ကွင်းလယ် ကစားသမား(CMF) က မိမိရဲ့ ဘက်ခြမ်းမှာ ရှိတဲ့ တောင်ပံတိုက်စစ်ကစားသမား(RWF) ဆီသို့ ဘောလုံးကို ဖြန့်ပေးရမှာ ဖြစ်ပါတယ်။
ပုံ(၂) တောင်ပံတိုက်စစ်ကစားသမား(RWF) က ဘောလုံး ကို တိုက်စစ်ကစားသမား(CF) ဆီသို့ ပေးပို့ပေးရမှာ ဖြစ်ပါတယ်။
ပုံ(၃) တိုက်စစ်မှူး(CF) က ဘောလုံးကို ဘေးကနေ အထဲကို ဝင်လာတဲ့ တောင်ပံ တိုက်စစ်ကစားသမား(LWF)ရဲ့ပြေးလမ်းထဲကို မျှောထိုးပေးရပါမယ်။ တောင်ပံတိုက်စစ်ကစားသမား(LWF) က ဘောလုံးကို ဂိုးဧရိယာထဲ ဆွဲဝင်ပြီးအဆုံးသတ်ရပါမှာ ဖြစ်ပါတယ်။
ဒီ ရိုးရှင်းတဲ့ တိုက်စစ်ဆင် ကစားနည်းကို Present Team တွေထဲက လီဗာပူး၊PSG အသင်းတွေ ကိုင်ရင် အသုံးများ ကြပါတယ်။
ဝေဖန်ပေးကြပါအုံးဗျာ။
အပိုင်း(၂) မကြာမီ လာမည်မျှော်
#ပုံCrd
08/11/2021
PESကစားရင် ဘယ်လိုပြိုင်ဘက်မျိုးကို အမုန်းဆုံးလဲ
=====================================
1. တစ်ပွဲလုံး ကန်တင်ပြေးပြီး ကစားတဲ့ သူမျိုးလား
2. တစ်ပွဲလုံး လိုင်းထစ်အောင် လုပ်ပြီး ကစားတဲ့
သူမျိုးလား
3. ရှုံးရင် Null ပြီး ထွက်ပြေးတတ်တဲ့ သူမျိုးလား
4. ဂိုးသွင်းပြီးရင် Goal celebration လုပ်တတ်တဲ့
သူမျိုးလားး
5. ဂိုးတွေ အရမ်းသွင်း တတ်တဲ့ သူမျိုးလား
6. နောက်တန်းမှာပဲ လူပေးပြီး ကစားတဲ့ သူမျိုးလား
7. Tiki-Taka/pass and move အရမ်းကောင်းတဲ့
သူမျိုးလား
အဲ့ထဲက ဘယ်လို ပြိုင်ဘက်မျိုးနဲ့ တွေ့ရတာ အမုန်းဆုံးလဲ။
08/11/2021
ရိုးရှင်းသော PES ရဲ့ ပူးပေါင်း တိုက်စစ်ဆင်နည်းများ
မကြာမီ လာမည်မျှော်
တင်ရင် အားပေးကြပါအုံး။
05/11/2021
Manager👨🏫👨🏫👨🏫
==============
အသင်းတစ်သင်းမှာ ကစားသမား တွေက အရေးပါသလို မန်နေဂျာ ရဲ့ အရေးပါမှု ကလည်း မနည်းပါဘူး။
မန်နေဂျာ မကောင်းရင် ဘယ်လောက် ကောင်းတဲ့ ကစားသမားတွေ ရှိနေပါစေ အဲ့အသင်းကအောင်မြင်မှုမရရှိနိုင်ပါဘူး။ဉပမာပြရရင် မန်ယူ နဲ့ ချယ်စီးလ် ပေါ့။ ချယ်စီး ရဲ့ နည်းပြ အပြောင်းအလဲ လုပ်မှုကြောင့် ချန်ပီယံလိဂ် ရခဲ့တယ်ဆိုတာ ငြင်းလို့မရတဲ့ အမှန်တရားဖြစ်သလို ဆိုးရှား ရဲ့ နည်းစနစ်ပိုင်း ကြောင့် အလယ်အလတ် အသင်းတွေကိုတောင် အသင်းကြီး ပီပီ ခြေစွမ်းပြ မကစားနိုင်တာ ကိုလည်း တွေ့ရမှာပါ။
မန်နေဂျာက တစ်ယောက် နဲ့ တစ်ယောက် ကစားကွက်တွေ၊နည်းစနစ်ပိုင်းတွေမှာ မတူညီကြပါဘူး။ Possession Game ဘောလုံးပိုင်ဆိုင်မှု အသာစီး ရယူပြီးတော့ တိုက်စစ်ဆင်ကစားခြင်း၊ Counter Attack တန်ပြန်တိုက်စစ်ဆင် ကစားခြင်း၊
Short pass အနီးကပ်လူပေးကစားခြင်း (သို့) ဘောစိတ် ၊ Long pass ဘောကျဲ (သို့) အဝေးပေး ကစားခြင်း၊ ဘောစိတ် ကစားမယ်ဆိုရင် ကစားသမားတွေက တစ်ဉီး နဲ့ တစ်ဉီး အကွာအဝေး နီးနီးနဲ့ နေရာယူပြီး ကစားကြပါတယ်။ဘောကျဲ ကစားမယ်ဆိုရင် ကစားသမား တွေက တစ်ဉီးနဲ့တစ်ဉီး ခပ်ဝေးဝေး နေရာယူပြီး ကစားကြတယ်။ ဘောစိတ်ပဲ ကစားကစား၊ဘောကျဲပဲ ကစားကစား အသင်းတိုင်းလိုလိုကတော့ မြင့်ဘော တွေကို မသုံးတဲ့ အသင်းမရှိပါဘူး။မန်စီးတီးလို အသင်းတောင် မြင့်ဘော ကန်တင်ပြီး ကစားမှု ရှိပါတယ်။
မန်နေဂျာချင်း က ကစားကွက်တူရင်တောင် ကစားကွက် တည်ဆောက်ပုံချင်း ကွာကြတယ်။
PES ထဲမှာ မိတ်ဆွေ တို့ အကြိုက်ဆုံး နည်းပြ က ဘယ်သူလဲ ။
PES ထဲမှာ မိတ်ဆွေ တို့အကြိုက်ဆုံး ကစားကွက် ကိုရော ရှာဖွေလို့ တွေ့ကြပြီလား✌
04/11/2021
4-2-1-3 နည်းပြတွေ ထဲမှာ ဒီ နည်းပြ ကလည်း
မခေ ဘူး။ သုံးရတာ တိုက်စစ်ရော ခံစစ်ရော
နှစ်ခုလုံး ကောင်းတယ်။
ညီ/ကို တို့လည်း ဒီနည်းပြ လေး စမ်းသုံးကြည့်ပါအုံး။
Click here to claim your Sponsored Listing.