Home Delivery Library Service - Bagan
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Home Delivery Library Service - Bagan, Library, Ywarthit/Nayatheinkha-quarters, Bagan.
28/04/2020
"The story of Yehudith Kleinman"
ယူဒိတာ ဆိုတဲ့ကောင်မလေးတစ်ယောက်ရဲ့
True story လေးပါ
သူမကို 1938 ခုနှစ်
အီတလီနိုင်ငံရဲ့ လှပတဲ့ ဗင်းနစ်မြို့မှာမွေးဖွားခဲ့တယ် ..........
ယူဒိတာ မီလန်မြို့ကိုရောက်တော့
၃ နှစ်သမီးလေးဖြစ်နေပြီ ......
သူမရဲ့ မေမေ အန်နာ နဲ့အဖွားရယ်အတူတူပေါ့
သူမရဲ့ အဖေ မီရှာ ကတော့ ပျောက်ဆုံးနေတုန်း
ယူဒိတာဟာ အမေချစ်သမီးလေး
အမေနားတကပ်ကပ်နဲ့ပေါ့ ....
အဖေမရှိတာ့ မေမေ အန်နာက အလုပ်လုပ်ရတယ်
အိမ်ကို ခဏတဖြုတ်လေးပြန်လာရင်
ယုဒိ လေးနဲ့ ကစားရင်း
စာဖတ်ရင်း ... ပုံပြင်တွေပြောပြရင်း ....
အမေကောင်းတစ်ယောက်ပေါ့
ယုဒိလေးဟာ အမေရဲ့မေတ္တာတွေကို
အပြည့်အဝရခဲ့တယ်လေ .....
ဒုတိယကမ္ဘာစစ်အတွင်းတုန်းက
အီတလီနိုင်ငံမှာ ပြောင်းရွေ့ဂျူးတွေနဲ့
ရယ်ဖျူဂျီဂျူး တွေဟာ ၄၀၀၀၀ ကျော်လောက်
ရှိမယ် ....
1938-1945 ကာလမှာတော့
ဂျူးတွေဟာ အီတလီတွေရဲ့ ခွဲခြားဆက်ဆံမှုတွေကို နေ့စဥ်နဲ့အမျှ ပိုမိုဆိုးရွားစွာ ခံလာကြရတယ် ...
1943 နွေရာသီတစ်ရက်မှာတော့
ဂျာမန်ရဲ့ နာဇီတွေက ကျူးကျော်လာခဲ့ပြီ
အီတလီခေါင်းဆောင် မူဆိုလီနီဟာ အာဏာဖယ်ရှားခြင်းခံခဲ့ရတယ် ...
ဂျာမန်တွေရဲ့ နာဇီတပ်တွေဟာ အီတလီကို
အလုံးအရင်းနဲ့ကို ဝင်ရောက်လာတာ ....
နိုင်ငံတွင်းမှာရှိတဲ့ ဂျူးတွေဟာ
ဖမ်းဆီးခြင်းခံခဲ့ရတယ် ....
နာဇီတွေရဲ့ ကြောက်ခမန်းလိလိ
ငရဲအကျဥ်းစခန်းတွေမှာ ...
ကံဆိုးစွာ ... ကျခံခဲ့ရတယ် ...
အဲဒီလို ငရဲအကျဥ်းစခန်းတွေထဲမှာ...
အလွန်နာမည်ကြီးတဲ့ ... အကြီးဆုံး...
နောင်တချိန်သမိုင်းမှာ ... ကြက်သီးထဖွယ်
အံ့သြစွံ့အခဲ့ရတဲ့ .... အရက်စက်ဆုံး
ထောင်ကြီးကတော့ အော့ဇ်ဝပ်စ် (Auschwitz)
အကျဥ်းထောင်ပါပဲ .....
ဂျူးအများစုဟာ အဲဒီ ငရဲအကျဥ်းမှာကျခံခဲ့ပြီး
အရှင်လတ်လတ် .... အစုလိုက်အပြုံလိုက်
မီးလောင်တိုက်သွင်းခံခဲ့ရတယ်
1944 ဇန်နဝါရီ လရဲ့ တစ်ခုသောနေ့မှာတော့
ယူဒိလေးရဲ့ ကလေးဘဝက
ပျော်ရွှင်ရတဲ့အခိုက်အတန့်တွေ ကုန်ဆုံးဖို့
ဖြစ်လာတယ် ...
သူမရဲ့ မေမေ အန်နာဆီကိုလာတဲ့
ဖုန်း Call တစ်ခုက သူမတို့မိသားစု
ကံဆိုးမိုးမှောင်ကျဖို့ ... မေမေ အန်နာ ကို
တစ်သက်လုံးမတွေ့ရတော့ဖို့ ဆိုတာ
ယုဒိလေးမသိခဲ့ ရှာဘူးလေ ....
ခါတိုင်းလိုပဲ ... မေမေ အန်နာ နောက်ကို
တကောက်ကောက်လိုက်နေခဲ့တာပါပဲ
ဖုန်းပြောပြီးနောက်မှာတော့ ...
ဖြူဖျော့သွားတဲ့ မေမေအန်နာကိုကြည့်ရင်း
ဘာဖြစ်နေမှန်းနားမလည်ခဲ့ပါဘူး...
ခဏအကြာမှာတော့ ...
မေမေအန်နာရယ် အဖွားရယ် ယုဒိလေးရယ်ဟာ
လမ်းမပေါ်မှာ အထုတ်အပိုးအချို့နဲ့
လမ်းလျှောက်နေပါပြီ ... ယုဒိလေးကတော့
သူမရဲ့ အရုပ်လေးကို .. ထွေးပိုက်ရင်း.... အားလုံး
တိတ်ဆိတ်စွာနဲ့ပေါ့ ....
အဆောက်အဦးကြီးတစ်ခုရောက်တဲ့အခါ
သူမတို့ခြေလှမ်းတွေ ရပ်တန့်ခဲ့ပြီ
ဟောခန်းမကြီးတစ်ခုထဲ ဝင်လာတော့
မေမေအန်နာနဲ့ အဖွားက ခုံရှည်တစ်ခုပေါ်
ထိုင်နေခဲ့ပြီ ...
သူမနဲ့ အိမ်နီးချင်းမိသားစုတွေလည်း
ဘေးနားမှာထိုင်နေကြတာ တွေ့ရတယ်
သူမ ... မေမေအန်နာ အနားကိုထိုင်ဖို့လုပ်နေတုန်း
'မင်းနာမည် ဘယ်လိုခေါ်လဲ' ဆိုပြီး မေးလိုက်တာ
အခန်းရဲ့ ခုံရှေ့ရပ်နေတဲ့ လူကြီးတစ်ယောက်
(နာဇီ) စစ်သားဝတ်စုံကို ဝတ်ထားတယ်
ယုဒိတာ လို့ပြန်ဖြေတော့
မင်းအမေဘယ်မှာလဲတဲ့ ......
အဲဒီခဏ ..... အဲဒီခဏ..... လေးမှာပဲ
မေမေအန်နာဆီကို ကြည့်မိလိုက်တယ်
မေမေအန်နာဟာ မျက်နှာကို အဝတ်နဲ့အုပ်ထားလို့
မျက်လုံးကိုပဲ မြင်ရတယ် ...
မေမေအန်နာရဲ့ မျက်လုံးတွေကပြောလိုက်တယ်
"အန္တရာယ်ရှိတယ် .... အမေ့ကိုမရွေးပါနဲ့" တဲ့
၇ နှစ်အရွယ်ရှိတယ် ယုဒိတာက ...
အဲလိုသဘောကို ဘယ်နားလည်မလဲ ...
ဒါပေမယ့် မေမေအန်နာဟာ ....
သူစိမ်းတစ်ယောက်လို ဖြစ်နေတာကိုတော့
ပါးနပ်တဲ့ ယုဒိတာလေးသိနေခဲ့တယ်လေ...
သူမက ဘေးအိမ်နီးချင်း အမျိုးသမီးတစ်ယောက်ဆီကို လက်ညှိုးထိုးလိုက်ပြလိုက်တယ်....
စစ်သားနှစ်ယောက် အခန်းထဲကို ဝင်လာခဲ့တယ်အမေအန်နာနဲ့ အဖွားကို ခပ်ကြမ်းကြမ်းဆွဲခေါ်
သွားခဲ့တယ် ...
သူမ မေမေ အန်နာဆီကို အပြေးအလွှား
လိုက်ခဲ့တာပေါ့ ....
မေမေအန်နာရဲ့အနား ရောက်လုရောက်ခင်မှာပဲ
နာဇီ လူကြီးက သူမကို ဆွဲဖမ်းထားလိုက်တယ်
မေမေအန်နာက လက်ကိုဆန့်တန်းထားတုန်း
ယုဒိလေးက တွေတွေကြီးငေးကြည့်နေတုန်း
မေမေအန်နာရဲ့ မျက်လုံးထဲမှာ
ဖျတ်ခနဲ တစ်စုံတစ်ခုကိုတွေ့လိုက်ရတယ်
နှုတ်ခမ်းဖျားကတော့ ဘာသံမှထွက်မလာခဲ့ပါဘူး
တိတ်ဆိတ်စွာနဲ့ .... ဖမ်းဆီးခေါ်ဆောင်ရာ
ပါသွားခဲ့တယ် ....
အိမ်နီးအမျိုးသမီးကြီးက ယုဒိလေးရဲ့ခေါင်းကို
အသာအယာ ပွတ်လိုက်ပြီး ....
အဲဒီ အခန်းထဲ က ထွက်လာခဲ့ကြတယ်...
အိမ်နီးချင်းအမျိုးသမီးကြီးက
ယုဒိလေးဆီကို ငုံ့ကိုင်းကာပြောခဲ့တယ်
"အဒေါ်က ဆင်းရဲတယ် ....
ပြီးတော့ ... ကလေး ၅ ယောက်လည်းရှိတယ်
မင်းကို ခေါ်ကျွေးမထားနိုင်လို့ ...
စိတ်မကောင်းပါဘူး" တဲ့
ယုဒိတာ သဘောပေါက်နားလည်လိုက်တယ်
အခုဆို သူမ တစ်ယောက်တည်းပဲ .... လေ
သူမဟာ သီလရှင်ကျောင်း(convent) ကိုရောက်ခဲ့တယ် ... မာသာ Superior ရဲ့ခွင့်ပြုချက်နဲ့
အဲမှာပဲ ယုဒိတာ နေထိုင်ခွင့်ရခဲ့တယ် ....
အချိန်အတော်ကြာအထိ
သူမဟာ ဂျူးဖြစ်တယ်ဆိုတာကို
လျို့ဝှက်ထားခဲ့တယ် ....
တနေ့လည် ကစားကွင်းထဲမှာ ကစားနေရင်း
သူမရဲ့ သူငယ်ချင်းမလေး ၃ ယောက်ကို
ဒီလိုပြောခဲ့တယ် ....
"ငါက .... ဂျူးတစ်ယောက်ပဲ" လို့
ယူဒိ လေးပြောနေတုန်း
နောက်မှာရောက်နေတဲ့ မစ်ချယ်လာက
ဒီ ကျောင်းမှာ အကြီးဆုံးကလေးမလေးပေါ့... မစ်ချယ်လာ က ယူဒိ အနားကိုရောက်လာပြီး
ပြောပြန်တယ် ....
"မင်းဟာ ဂျူးမဟုတ်ဘူး" တဲ့လေ ...
"မင်းက ဂျူးမဟုတ်တာကိုလည်း ....
သက်သေပြမယ်" ဆိုပဲ .....
ယုဒိလေး က ဘယ်လိုသက်သေပြမှာလဲမေးလိုက်တာပေါ့ ....
မစ်ချယ်လာက ဆက်ပြောတယ်
"မင်းရဲ့ ချက်ကိုပြစမ်းပါ" ....
"မင်းချက်က တကယ်လို့ ... အထဲကိုခွက်ဝင်နေရင် ... ဂျူး မဟုတ်ဘူး" တဲ့
ယုဒိလေး စိတ်ညစ်သွားခဲ့တယ်လေ ...
သူမရဲ့ချက်(Belly button or navel)ဟာ
အတွင်းထဲကို ခွက်ဝင်နေတာကြောင့်ပါပဲ ...
မစ်ချယ်လာရဲ့ အသံက ထပ်ထွက်လာတယ်
"ငါတို့ကလေးတွေအားလုံးဟာ ...
ယုဒိ ကို ဂျူးလို့ သံသယ ဝင်နေကြတယ်မလား"
အခု ယုဒိက ဂျူးမဟုတ်ကြောင်းသက်သေပြလိုက်ပီနော် ... တဲ့
ယုဒိတာ လေးငိုင်ကျန်နေခဲ့ရတာပေါ့
သူမဟာ ဂျူးတစ်ယောက် မဟုတ်ဘူးဆိုတာ
လက်မခံနိုင်လို့လေ .....
တစ်လလောက်ကြာတော့ ...
ယုဒိတာ တို့ စာသင်နေကြတုန်း ...
ကွန်းဗင့်ရဲ့ ခြံဝန်းထဲကို ... စစ်တပ်ဝတ်စုံ
ယူနီဖောင်းဝတ်ထားတဲ့ ...
လူနှစ်ယောက်ရောက်လာခဲ့တယ်....
ဆူဆူညံညံအသံကြောင့်...
သူမတို့ တဖွဲ့လုံး ပြတင်းပေါက်ဆီ ....
သွားကြည့်ကြတာပေါ့ ......
စစ်သားနှစ်ယောက်ထဲကတစ်ယောက်က
အော်မေးလိုက်တယ် ....
"ဒီကျောင်းထဲမှာ ဂျူးမိန်းကလေးတွေရှိလား"တဲ့
ယုဒိတာ နောက်ဆုတ်မိလိုက်တယ် ...
သူမက ဂျူးလေ ... သူမကိုလာဖမ်းကြပြီပေါ့
Sister တစ်ယောက်က ယုဒိကို ရှေ့ပြန်တွန်းပို့ပြီး
ဖြေလိုက်တယ် ....
"ဒီကျောင်းက ... ဂျူးလက်မခံပါဘူးတဲ့"
ဒီလိုလိမ်ပြောတာဟာ ဘုရားမကြိုက်ဘူးလေ..
ဒါပေမယ့် ... သူမကို ကာကွယ်ဖို့လို့ ...ဆိုတာ
ယုဒိတာ သိတာပေါ့....
"ကျေးဇူးပါ" Sister ...
"ဘုရားကိုပဲကျေးဇူးတင်ပါ ယုဒိရေ" တဲ့
အဲနောက်ပိုင်းမှာပဲ ....
သူမနာမည်ကို ယုဒိတာ လို့မခေါ်ရတော့ဘူးတဲ့
ဒိတာ လို့ မာသာ Superior က ပေးလိုက်တယ်
သူမကိုယ် သူမတော့
"ငါဟာ ဂျူးတစ်ယောက် ....
ငါ့နာမည်က ယုဒိတာ ဖြစ်တယ်" လို့
အချိန်တိုင်းပြောနေမိခဲ့တာလေ ....
အီတလီမှာရှိတဲ့
ဂျူး ၃၀၀၀၀ ကျော်ဟာ အဖမ်းခံရတယ်
၈၀၀၀ ကျော်လောက်က ငရဲအကျဥ်းခန်းတွေမှာ
ပြန်လမ်းမဲ့ခဲ့ကြတယ် ...
၉၀၀ ကျော်သာ အိမ်ပြန်လာနိုင်ခဲ့သည့်တိုင်
အကောင်းပကတိမဟုတ်တော့ ....
အသက်ရှင်ရုံသာသာ အခြေအနေမျိုးတွေ နဲ့ပေါ့
စစ်အပြီး 1945 မေ လမှာတော့
ဂျူးတပ်မဟာတွေက အီတလီကို
ရောက်လာခဲ့ကြပြီ ....
မသေပဲကျန်ခဲ့ကြတဲ့ ... ဂျူးကလေးတွေကို
အစ္စရေးနိုင်ငံဆီ ပို့ပေးကြဖို့အတွက်လေ ....
အမေအန်နာဟာလည်း ယုဒိတာဆီ
ပြန်မလာနိုင်ခဲ့တာသေချာခဲ့ပြီ....
တစ်နေ့တော့ ....
ယုဒိတာဆီကို ကောင်မလေးတစ်ယောက်
ပြေးလာပြောခဲ့တယ်...
"မင်းနဲ့တွေ့ဖို့ ဧည့်သည်တွေရောက်နေတယ်"
သူမ မစောင့်နိုင်ပဲ ဧည့်ခန်းဆီ ပြေးခဲ့တယ်
အမေအန်နာတော့ ဟုတ်မနေခဲ့ပါဘူး ...
တစ်ခါမှ မမမြင်ဖူးတဲ့ သူစိမ်း ၂ ယောက်ပါ
သူမ စိတ်ဓါတ်ကျသွားပြီလေ ...
ဇီဗီကာ လို့ခေါ်တဲ့ လူကြီးတစ်ယောက်အနား
ရောက်လာတယ် "ကလေးရေ ဦးက ဂျူးစစ်တပ်ကပါ" မိတ်ဆက်ချင်ပုံပါပဲ ...
နောက်တစ်ယောက်က မစ္စလစ်ယာ ပေါ့
နွေးထွေးစွာပြုံးပြရင်း ..
"သမီးက ဂျူးနော် တဲ့ အခြားကလေးတွေနဲ့ အတူ
အစ္စရေးနိုင်ငံသစ်ကို ခေါ်ဖို့လာတာပါ"
ဒူးထောက်ထိုင်ချရင်း မျက်နှာသေချာကြည့်ပြီး
ပြောလိုက်တယ် ....
သမီးကိုစဥ်းစားဖို့ နာရီဝက်အချိန်ပေးမယ်
အခန်းထဲသွားစဥ်းစားပါတဲ့
မာသာ superior က .....
သူမ ... မလိုက်ချင်ဘူး
ဒါပေမယ့် ... အစ္စရေးမှာ သူမအမေအန်နာလည်း
ရှိနေနိုင်တာပေါ့လို့ စဥ်းစားမိလိုက်တယ်
တစ်ခါတည်း ...
ဧည့်ခန်းထဲဝင်သွားလိုက်တယ် ....
မာသာ " သမီး သူတို့နဲ့လိုက်သွားမယ်လို့ "
ပြောလိုက်တော့ ...
မာသာမျက်နှာမကောင်းဘူး သို့သော်
ခွင့်ပြုခဲ့ပါတယ် ..... လက်ဝါးကပ်တိုင်ဆွဲကြိုး
ဆွဲပေးရင်း ဆုတောင်းပေးလိုက်တယ်
"ဘုရားသခင်စောင့်ရှောက်ပါစေ" ...
မစ္စလစ်ယာတို့က သူမကို
အီတလီနိုင်ငံ ဆိုဗီနိုမြို့ကို ပို့ဆောင်ပေးခဲ့တယ်
သူမ နဲ့အခြားဂျူးကလေးတွေ အတွက်တော့ ဒုက္ခသည်စခန်းပေါ့ ... အဲဒီမှာ ...
သူမတို့ ဘဝသစ်စဖို့ ...ပြင်ဆင်ရင်း
ကြိုးစားရုန်းကန်းရင်းနဲ့ပေါ့ ....
1945 နိုဝင်ဘာမှာတော့
ယုဒိတာ အပါအဝင် ဂျူးကလေး ၆၈ ဦးဟာ
အစ္စရေးဆီ ရောက်ရှိခဲ့ကြပြီ ...
ပီတာကပ်ပါ မြို့မှာရှိတဲ့ Camp တစ်ခုမှာ
သူမတို့ နေခဲ့ကြရပြန်တာပေါ့ ....
တစ်ညမှာ ... ကလေးအားလုံး...
ဝိုင်းဖွဲ့ထိုင်ကြရင်း ....
ကိုယ်တွေ့အဖြစ်တွေပြန်ပြောခဲ့ကြတယ်...
သူမအလှည့်မှာတော့ ...
ချက် ရာဇဝင်အကြောင်းပြောဖြစ်ခဲ့တယ်
အားလုံးရယ်ကြရင်းပေါ့ ...
သူမ က သိသွားပြီလေ ...
ဂျူးတွေရဲ့ ချက်ဟာလည်း သူမနဲ့အတူတူပဲဆိုတာကိုပေါ့ ... မစ်ချယ်လာဟာ
သူမကို ကာကွယ်ဖို့အတွက် သက်သက်ဥာဏ်ဆင်ခဲ့တာကိုရောပေါ့ .....
သူမ ၁၀ နှစ်ပြည့်တော့ အင်္ဂလန်မှာရှိတဲ့
သူမအဒေါ်ဆီက စာတစ်စောင်လက်ခံ ရှိခဲ့တယ်
သူမသိပ်သိချင်တဲ့ အမေအန်နာ အကြောင်းတော့
မပါခဲ့ပါဘူး ...
၁၂ ပြည့်တဲ့နေ့မှာ သူမအဒေါ်ဆီက အမှန်တရား
တစ်ခုကို သိခဲ့ရတယ် ...
သူမအမေအန်နာရယ် အဖွားရယ်ဟာ
သေဆုံးသွားခဲ့ပြီဆိုတဲ့အကြောင်းပါ ...
အမှန်မဟုတ်ပါစေနဲ့ ဆုတောင်းခဲ့ပေမယ့်
"အမေအန်နာနဲ့ အဖွားဟာ အော့ဇ်ဝပ်စ် အကျဥ်းထောင်ကို ရောက်ပြီး တစ်ပတ်အကြာမှာပဲ ...
မီးလောင်တိုက်သွင်းပြီး အသတ်ခံခဲ့ကြရတယ်"
ဆိုတာ နောက်ပိုင်းမှာ သိခဲ့ရတာ....
1944 ဇန်နဝါရီ 30 ရက်မှာပေါ့ .....
ယုဒိဟာ သူမအဒေါ်နဲ့အတူနေထိုင်ခဲ့တယ်
စာသင်ကြားခွင့်ရခဲ့တယ် ...
ဆရာမ တစ်ယောက်ဖြစ်လာခဲ့တယ်...
အိမ်ထောင်ကျတယ် ...
ကလေးတွေလည်း ရခဲ့တယ် ...
ဒီကြားထဲမှာတော့ သူမဟာ
အတိတ်အကြောင်းတွေကို ပြည်ဖုံးကား
ချထားခဲ့တယ် ....
ပြန်မတွေးချင်တော့ဘူးလေ...
အမေအန်နာကိုတော့ မကြာခဏဆိုသလို ...သတိရမိပါရဲ့ ...
တစ်မနက် သူမ မိသားစုနဲ့ မနက်စာ
စားဖို့ပြင်ဆင်နေခဲ့တယ် ....
မိသားစု အားလုံးက စုံနေပြီ...
သူမရဲ့ ၇ နှစ်သမီးလေးတစ်ယောက်က
လွဲရင်ပေါ့ ...
ယုဒိ ဟာ သမီးလေး အခန်းထဲမှာ ...ဘာများဖြစ်နေပါလိမ့် ဆိုပြီး ....
သမီးလေးအခန်းကို ဆွဲဖွင့်လိုက်တယ် ...
သူမရဲ့ သမီးလေးဟာ ဂါဝန် ၂ စုံကိုချိတ်ထားပြီး
သူမရဲ့ သွားမယ့် ပွဲအတွက် ...
ဘယ်ဟာကိုဝတ် ရမယ်ဆိုတာ ...
ချီတုံချတုံဖြစ်နေတာလေ ...
စဥ်းစားနေလိုက်တာ မျက်ရည်ကိုဝဲလို့ပါပဲ ...
သူမ သမီးလေးဆီကို အံ့သြမှင်သက်စွာငေးမောမိခဲ့တယ်လေ ....
အကြောင်းက သူမဟာ သူမသမီးလို အသက် ၇ နှစ် အရွယ်မှာပဲ ရွေးချယ်မှုတစ်ခုလုပ်ခဲ့ဖူးတယ်
ပွဲတက်ဖို့အတွက် ဝတ်စုံ ၂ စုံတော့မဟုတ်ခဲ့ဘူး
သူမရဲ့ မေမေအန်နာနဲ့ အိမ်နီးချင်းအမျိုးသမီးကြီး
ထဲ က တစ်ယောက်ပေါ့ .....
အဲဒီနောက် မေမေအန်နာရဲ့ မျက်လုံးတွေ
"အန္တရာယ်ရှိတယ်သမီး အမေ့ကိုမရွေးမိစေနဲ့"
ဆိုလိုတဲ့ အဓိပ္ပါယ် မျက်ဝန်းတွေနောက်မှာတော့
ဘာကိုဆိုလိုမှန်း သူမ အခုသဘောပေါက်ခဲ့ရချေပြီ .....
အဲနေ့ မနက်ခင်းမှာပဲ သူမ စာအုပ်ကိုဖွင့်လို့ ...
စာစရေးခဲ့တယ် ... သူမရဲ့ အတိတ်အကြောင်းတွေကိုပေါ့ ... အခုတော့ အားလုံးကို
ပြောပြချင်တယ်လေ ....
ကမ္ဘာပေါ်က ကလေးတိုင်းဟာ ...
သူမ လောက် ခက်ခဲလှတဲ့ဆုံးဖြတ်ချက်ကို ...
ချခဲ့ဖူးရဲ့လား .... အမေမဟုတ်တဲ့သူတစ်ယောက်ဆိုရင်ရော ရွေးချယ်မိမှာပဲလား....
သူမ အားလုံးကိုသိစေချင်တယ်လေ
"The girl behind the eye" ဆိုတဲ့စာအုပ်ကနေ
တစ်ကမ္ဘာလုံးဆီကိုပေါ့ .....
10/12/2019
ကြယ်ကိုးပွင့်ကကြိုး
စာရေးဆရာ ၉ ဦးပါဝင်ထားတဲ့
ဒီစာအုပ်လေးဟာပေါ့ပေါ့ပါးပါးရှိပြီး
တော်တော်လေးကောင်းတယ်
တကယ့်လူနေမှုမှာ မရှိမဖြစ်လိုအပ်တဲ့
စိတ်ဓါတ်ခွန်အားတွေအများကြီးပါတယ်
နေ့စဉ် ကိုယ်တွေးမိတဲ့ အရာတိုင်းမှာ
အမှားတွေပါမယ်
အမှန်တွေပါမယ်
အဲဒါတွေကို ဘယ်လိုသိနိုင်မလဲ
သိနိုင်ဖို့ ဘာတွေလိုအပ်လဲ
ဘာတွေကို စံထားသင့်လဲ
အဲလိုမျိုးတွေ ...ပါ
ဖတ်နေရင်း ... ဖတ်နေရင်းနဲ့
ဖျတ်ခနဲဆိုသလို .. ရလိုက်မယ့်
အသိတွေ ...
တချို့လမ်းပျောက်နေတဲ့ အတွေးတွေကို
လက်ခနဲ ... ပွင့်သွားမယ့်
လမ်းစတွေ ....
အချုပ်ပြောရရင် ...
သူတို့ ၉ ဦးရဲ့ အတွေ့အကြုံ
အတွေးအမြင်တွေကို
Sharing လုပ်ထားတာ ...
ကိုယ်ပိုင်အတွေးလည်းပေါ်လာနိုင်သလို
သူတို့ဆီက အတွေးလည်း
ငှားရမ်းသုံးဖို့ ... ဆိုရင်တော့
တော်တော်လေးဖတ်သင့်တဲ့ ...
စာအုပ် တစ်အုပ်ဖြစ်တယ်ဆိုတာသေချာပြီ
Eikyaw
27/11/2019
Paula Hawkins ၏ "The Girl on the Train"
ကို ဆရာချမ်းမြေ့ဝင်းမှ ဘာသာပြန်ဆိုသည်
ရေချယ် ဆိုသည့် အမျိုးသမီးတစ်ယောက်
မနက်တိုင်း ၈:၀၅ မိနစ်ဆိုလျှင်
လန်ဒန်ရထားပေါ်သို့ ရောက်နေတတ်၏
အမြဲလိုလို မြင်နေကျဖြစ်သည့်မြင်ကွင်းတွေမှာ
ရထားလမ်းဘေးက လမ်းသွယ်ထဲ
အိမ်အမှတ် ၁၅ မှာ ရထားမီးနီလို့ရပ်သည့်အခါ
လှမ်းမြင်နိုင်သည်က
ဤဇာတ်လမ်း၏ အစဖြစ်လာသည်
မြင်နေကျမြင်ကွင်းတွေမှာ
ပုံရိပ်တစ်ခုထက်ပိုသည့်
စိတ်အာရုံတစ်ခုဝင်ရောက်လာသည့်အခါ....
အန်နာဆိုသည့်အမျိုသမီးတစ်ယောက်
သူမ အမြဲလို မနှစ်သက်သည့် နေရာ
ရထားလမ်းဘေး လမ်းသွယ်ထဲက
အိမ်အမှတ် ၂၃
ဤနေရာကနေ အမြန်ဆုံးရုန်းထွက်ချင်သည်
နေ့တိုင်းကြားနေရသည့်ရထားသံကို မုန်းသည်
သို့သော် အရာတစ်ခုကို
ရှာဖွေတွေ့ရှိသွားသည့်အခါ
မီဂန်ဆိုသည့် အမျိုးသမီးတစ်ယောက်
ရထားလမ်းဘေး လမ်းသွယ်က
အိမ်အမှတ် ၁၅ မှာ သူမပိုင်သည့်အိမ်
သူမကိုအရမ်းချစ်သည့်ယောကျ်ားတစ်ယောက်
ရှိပေမယ့်....
သူမလိုချင်သည့်ဘဝမျိုးမဟုတ် ...
သူမတပ်မက်သည်က ... စိတ်အလိုရမက်
တနေ့ .... သူမ ပျောက်ဆုံးသွားတဲ့အခါ
ဒီစာအုပ်ဟာ ....
အမှန်အကန်စိတ်လှုပ်ရှားရပါ၏
လျို့ဝှက်ချက်ခေါ်ဆောင်ရာဆီသို့လိုက်ပါရင်း...
တမေ့တမောဖတ်ရမည့် စာအုပ်ဖြစ်သည်
24/11/2019
ရတနာသိုက်
- ရွှေဥဒေါင်း....
Alexandre Dumas ၏
The Count Monte Cristo
ကို ဆရာကြီးရွှေဥဒေါင်း က
ရတနာသိုက် ဟု ဘာသာပြန်ထား၏...
ဆရာကြီးဟာ စာအရေးအသားပိုင်းမှာ
အတော်လေးကောင်းမွန်ပြီး
လိုရင်းထိအောင် အချက်ကျကျ ရေးနိုင်သူ
လည်းဖြစ်သည်
ဆရာကြီး၏ စာအုပ်တိုင်းဟာ
လက်ကမချချင်အောင်ကို ဆွဲဆောင်မှုရှိပါ၏
သို့ဖြစ်၍ မျှော်တလင့်လင့်၀ထ္ထုဟာ
စာပေဆုရဖြစ်သလို
ဘ၀တစ်သက်တာမှတ်တမ်းဟာ
အတော်လေး နာမည်ကြီးခဲ့ရပါတယ်
သွေးစုပ်မြေ လိုမျိုး၀ထ္ထုဟာ တန်း၀င်ခဲ့ရပြီး
သူရဲကောင်းသုံးယောက်ဟာ
စံချိန်သစ်တင်ခဲ့ရပါ၏..............
ရတနာသိုက်၀ထ္ထုဟာ
ဘာသာပြန်ကြိုက်သူတွေအတွက်
လက်မလွှတ်သင့်တဲ့ တစ်အုပ်ပါပဲ
မွန်တီခရစ္စတိုမြို့စားကြီးအကြောင်း
ငယ်ငယ်ကတည်းကကြားဖူးခဲ့ပါ၏..
မူရင်းဟာ ကမ္ဘာ ကျော်ပြင်သစ်၀ထ္ထု
သက္ကရာဇ်အားဖြင့် ၁၈ ရာစုနဲ့ ၁၉ရာစုကြား
ဂန္ထ၀င် မြောက်စာပေ တစ်ခု....
အရေးအသား...ပိုင်းရော
ဇာတ်လမ်း ... ပိုင်းပါ အနှစ်သာရတို့နှင့်
ပြည့်ဝလေ၏....
ဂျိမ်းစ်လှကျော်၏ မောင်ရင်မောင်မမယ်မ
မှာ ဤ ၀ထ္ထု၌ ကိုးကားသည်ဆို၏...
မြန်မာမှု ပြုထားသော
၎င်း၀ထ္ထုမှာလည်း မြန်မာ့စာပေခန်း၌
တဆန်းသစ်ခဲ့လေသည်...
"မကောင်းသူ ပယ်
ကောင်းသူကယ်" ဆိုသည့်အတိုင်း
ဤ၀ထ္ထု၏ ရသမှာ ပညာပါလေ၏...
ဘယ်အချိန်ပင်ဖတ်ဖတ်...
ရိုးမသွား...စိတ်လှုပ်ရှား ဆဲ...
နှစ်သက်ဆဲ ပေ....
........
20/11/2019
ကျွန်တော်စာအုပ်တစ်အုပ်ကိုမိတ်ဆက်ပေးပါရစေ
HDLS မှာ စာအုပ်တွေမတင်ဖြစ်တာ နည်းနည်းကြာသွားပါပြီ
ကျွန်တော်ကိုယ်တိုင်ကပေါ့နေတာလဲပါတာပေါ့ 😊
ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ ( ဆရာအောင်သင်း )ဆိုတဲ့စာအုပ်ကို လူငယ်တွေကိုဖတ်ကြည့်စေချင်တယ် ၊ လူငယ်တွေအတွက် ရည်မှန်းချက်အကြောင်းတွေကို သေချာရှင်းပြပေးထားကို တွေ့ရပါမယ် ။
ရည်မှန်းချက်ဆိုတာ ဘာလဲဆိုတာသိလာမယ်
ရည်မှန်းချက်အမျိုးအစားတွေသိလာမယ်
အသက်အရွယ်အလိုက်ပြောင်းသွားတတ်တဲ့ရည်မှန်းချက်တွေလဲ သိလာရမယ်
အချစ် (အိမ်ထောင်ရေး )ကြောင့်ပြောင်းသွားတတ်တဲ့ ရည်မှန်းချက်တွေလဲ သိလာမယ် ....... ။
ဘယ်လိုပဲဖြစ်ဖြစ် ရည်မှန်းချက်ရှိတဲ့ လူငယ်တွေအတွက် အကျိုးမရှိစေဦး အကျိုးမယုတ်ဖူးဆိုတာ သေချာပါတယ် ။
ရည်မှန်းချက်နဲ့ပတ်သက်တဲ့ စာအုပ်ဆိုပေမဲ့ ဆရာအောင်သင်းဆိုတော့ သိကြတဲ့အတိုင်း ဆရာ့ရဲ့အတွေအကြုံတွေလဲ လေ့လာမှတ်သားရမှာပါ ။
စာဖတ်စေရန် ညွှန်းဆိုတယ်ဆိုပေမဲ့ ကျွန်တော်လဲနှစ်သက်တဲ့စာအုပ်လေးပါ ၊ ဖတ်ကြည့်စေချင်ပါတယ် 😊
ယခုစာအုပ်လေးကို ဇွန်ပွင့်စာအုပ်တိုက်ကထုတ်ဝေထားတာဖြစ်ပါတယ် ၊ တန်ဖိုးကတော့ ၂၀၀၀ ကျပ်ဖြစ်ပါတယ် ။
ဒီစာအုပ်ကိုဖတ်ရှုလိုသော ပုဂံ ညောင်ဦးအတွင်းမှစာဖတ်သူများအတွက် အိမ်တိုင်ရာရောက်ပို့ဆောင်ပေးပါတယ်ဗျ ၊ ငွေကြေးမလိုပါ အခမဲ့ပါခင်ဗျ 😊
ယခု စာအုပ်အညွှန်းလေးကို သဘောကျလို့ပဲဖြစ်ဖြစ် ၊ စာဖတ်ရှုသူတိုးပွားစေဖို့ပဲဖြစ်ဖြစ် Page ကို Boost မလုပ်နိုင်တဲ့ ကျွန်တော်တို့အဖွဲ့လေးအတွက် like & share လေးနဲ့ ကူညီစေချင်ပါတယ် 😁
စာလုံးပေါင်းသတ်ပုံနှင့်အရေးအသားညံရင် ခွင့်လွှတ်ပေးစေချင်ပါတယ်
bagan
24/10/2019
Review မတင်တာကြာပြီ
ကျွန်တော်တို့အဖွဲ့အခက်အခဲနည်းနည်းရှိနေလို့ပါ ။
အခု review အသစ်တွေနဲ့ပြန်လာခဲ့ပါ့မယ် 😍
Photo credit 😊
07/06/2019
တောမင်းသမီး👰👰👰
ဆရာမခင်ခင်ထူးရဲ့  နာမည်ကြီးဝထ္ထု
ဆရာမရဲ့ ၀ထ္ထုဟာ လူကြီးဖတ် လူငယ်ဖတ်
ရှေ့ရောနောက်ရော မှီ ပါ၏🙌
ဒီဝထ္ထုကိုရေးဖို့ ဘယ်လောက်အားစိုက်
ထားရမလဲဆိုတာစာဖတ်ရင်းသဘောပေါက်ရ၏
စာရေးသူ၏ဂုဏ်အင်္ဂါပြည့်ဝပါပေ၏👏👏
အရီးဗိုင်းတောင့်ရဲ့ အကြော်တဲလေးကစလို့
ဇာတ်သဘင်စင်တော်တက် သည်အထိ
ဟီးဟီးထ အောင် ရေးလည်းရေးနိုင်ပါပေ၏
တောမင်းသမီး ၏ အသက်မှာ👇👇
ဘယ်တုန်းကမှမတွေးဖူးသည့်ရသမျိုးဖြစ်၏
စိတ်လှုပ်ရှားရ၏ မျက်ရည်လည်ရ၏
ပညာဗဟုသုတစုံ၏ မေတ္တာလည်းပါ၏
သဲထိတ်ရင်ဖိုဖြစ်ရ၏ အချိုးအကွေ့လည်းများ၏
ဇာတ်ကောင်စရိုက်လည်းစုံ၏
ဇာတ်အိမ်လည်းကြီး၏👈
အနုအလှ အဖွဲ့အနွဲ့လည်း ပါ၏
အကြမ်းအတမ်း လွမ်းခန်းလည်းပါ၏
ဝထ္ထုသည် ၀ထ္ထုမဆန်👐
သဘာဝနှင့် နီးစပ်၏
ဘ၀ထဲက ဘ၀တွေနဲ့ ဖွဲ့စည်းထား၏
အဓိက main role သည်ပင်လျှင်
ပေါ်ပင်မဆန်ပေ🙅
အစစ်အမှန်ခံစားရပေ၏
လက်တွေ့မှာပင်အမှန်ရှိသည့်အလား
ဇာတ်အိမ်ကိုဖန်တီးဖွဲ့စည်းနိုင်၏
ဇာတ်တစ်ခုလုံးကို ဟာကွက်မရှိပုံဖော်နိုင်၏
ရိုးလည်းရိုး ဆန်းလည်းဆန်း၏
အပိုအလိုမရှိထောင့်စေ့လှ၏
အလုံးစုံကောင်းသော ဖတ်သင့်ဖတ်ထိုက်သော
ဝထ္ထုကောင်းတစ်ပုဒ်ပါပေ 💛💙💜
Admin
Kyaw
25/05/2019
- ၂၀၀၁ ခုနှစ် ၊ အာဖဂန်အစိုးရကို ပုန်ကန်သော အစ္စလာမ်အစွန်းရောက်တာလီဘန်တို့ လှုပ်ရှားမှုသည် ပါကစ္စတန်သို့ ကူးစက်လာသည်။သူတို့သည် အနောက်ယဉ်ကျေးမှုနှင့် လောကဓာတ်ကျောင်းများကို အစ္စလာမ်ဘာသာ၏ ဓမ္မအန္တရာယ်များဟု သတ်မှတ်၍ အပြတ်နှိပ်ကွက်သည်။ ကြိမ်ဒဏ်ပေးသည်။ သေဒဏ်ပေးသည်။
- မိန်းကလေးများ ပညာသင်ကြားခွင့် မရှိ ၊ အမျိုးသမီးများ ခေါင်းမြီးခြုံရမည် ၊ ယောက်ျား သို့မဟုတ် ညီအစ်ကိုမောင်ဖွားမပါဘဲ အိမ်ပြင်မထွက်ရ။စာသင်ကျောင်းများကို ဗုံးခွဲဖျက်စီးသည်။ ကလေးသူငယ်တွေ အတုံးအရုံးသေကျေ ပျက်စီးကြသည်။
- ဒီမိုကရေစီအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းသည်။ ဝန်ကြီးချုပ် အလီဘူတိုကို ကြိုးပေးသတ်သည်။ သမီး ဘနာဇီယာဘူတိုကို လုပ်ကြံသတ်ဖြတ်သည်။ ဗိုလ်ချုပ်ကြီးတွေ အာဏာလုကြသည်။ သူတို့တစ်တွေက ကျိကျိတက်ချမ်းသာပြီး တိုင်းပြည်က မွဲပြာကျလာသည် ။
#တင်မောင်မြင့်
#ကျွန်မနာမည်မာလာလာ
23/05/2019
Review ရေးသားသူကို ကျေးဇူးတင်လျှက်
ဆရာလင်္ကာရည်ကျော်ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ တိမ်ပန်းတိုင် စာအုပ်လေးကို ဖတ်မယ်ဆိုရင် မှာချင်တာလေးတွေ ရှိပါတယ်။
တိမ်ပန်းတိုင် ကို ဖတ်မယ် ဆိုရင် တစ်အုပ်တည်း ဖတ်တာထက် ကျန်တဲ့ သူနဲ့ ဆက်စပ် တဲ့ လေးအုပ်ကိုပါ ဖတ်ရင် ပို ပိုပြီး အရသာ ရှိပါတယ်။ ဆရာက တိမ်ပန်းတိုင် ထဲမှာ ဘယ်သူက ဘာလုပ်တာ ဘယ်သူက ဘယ်လိုစရိုက် ဆိုတာကို တစ်ယောက်ချင်းစီ ရှင်းပြပေးထားပါတယ်။ တိမ်ပန်းတိုင် တစ်အုပ်တည်း ဖတ်ဖြစ်တဲ့လူတွေလည်း အဆင်ပြေအောင် ဇာတ်ကောင်တွေကို ဘယ်သူကတော့ ဘယ်သူ့အမေလေ ဆိုပြီး ရေးပြထားပါတယ်။
ဒါပေမယ့်. . .
ကိုယ့်အမြင်ကတော့ တိမ်ပန်းတိုင် ကို ဖတ်မယ်ဆိုရင် ရှေ့စာအုပ်တွေကိုပါ ဖတ်လိုက်ရင် ပို ပိုပြီး အရသာတွေ့သွားမယ် ထင်ပါတယ်။ သူနဲ့ ဆက်စပ်တဲ့စာအုပ်တွေကို အစဉ်လိုက် ဖတ်ကြည့်ရင် ပိုပြီး ကျေနပ်နှစ်သိမ့်တဲ့ ခံစားချက်ကို ရပါလိမ့်မယ်။ ကြည်နူးမှုကို ပို ခံစားရပါလိမ့်မယ်။
၁။ တိမ်ညိုမှာ ငွေဇာကွပ်ကယ်နှင့် ကို ဖတ်ပါ။
၂။ပန်းဒေါင်း ကို ဖတ်ပါ။
၃။ ပန်းမာန် ကို ဖတ်ပါ။
၎။ တိမ်ပန်းတိုင် ကို ဖတ်ပါ။
နံပါတ် ၅ ဖြစ်တဲ့ တိမ်တွေတောင်တွေနှင့် ခရီးသည် က ဒီ ဇာတ်လမ်းရှည်ကြီးတစ်ခုမှာ မဖတ်ချင်လည်း ကျော်သွားလို့ရပါတယ်။ တိမ်တွေတောင်တွေ ထဲက ဇာတ်ကောင် လေးယောက်ဟာ တိမ်ပန်းတိုင်ထဲမှာ စကားပြောခန်း တစ်ခန်းနှစ်ခန်းစာလောက်ပဲ ပါ ပါတယ်။ ဒါပေမယ့် သူတို့ အကြောင်း ကို နည်းနည်းသိချင် တီးခေါက်ကြည့်ချင်တယ်ဆိုရင်တော့ တိမ်တွေတောင်တွေနှင့် ခရီးသည် ကို အရင်ဆုံး ဖတ်ထားလိုက်ပါ။
အဲ့ဒါအရင်ဆုံးဖတ်လိုက်မှ ကျန်တဲ့စာအုပ်တွေက အချိတ်အဆက် ပို မိသွားမှာဖြစ်ပါတယ်။
တစ်ခုရှိတာက ပန်းဒေါင်း၊ ပန်းမာန် နဲ့ တိမ်ပန်းတိုင်ကို ဆက်တိုက်ဖတ်ရင် ပိုကောင်းပြီး အဲ့ဒါတွေ မဖတ်ခင် တိမ်ညိုမှာ ငွေဇာကွပ်ကယ်နှင့်ကို အရင်ဆုံးဖတ်ထားလိုက်ရင် အစစအရာရာ ပို အဆင်ပြေသွားပါလိမ့်မယ်။
ဘယ်စာအုပ်ကို ဖတ်ဖတ် တစ်အုပ်ချင်းစီ ဖတ်လည်းရပါတယ်။ တွဲဖတ်တာက တကယ့်ကို ပိုကောင်းလို့ပြောတာပါ။ ဘာဖြစ်လို့ တိမ်ညိုမှာ ငွေဇာကွပ်ကယ်နှင့်ကို ဘာမဆိုင် ညာမဆိုင် ထည့်ဖတ်ခိုင်းတာလဲ ဆိုရင် တိမ်ပန်းတိုင်ထဲမှာ ခင်နွယ်စိုးနဲ့ တွေ့ရမယ့် အဓိက ဇာတ်ကောင်က တိမ်ညိုငွေဇာကွပ်ထဲမှာ စတင် မွေးဖွားခဲ့တာမို့ပါပဲ။
ဒေါက်တာဦးမြတ်ထွန်း နဲ့ ဇနီးဒေါ်သစ္စာ ဆိုတာလည်း တစ်ခန်းပါပါတယ်။ အဲ့ဒါ နေင်အိပ်တန်းတက် ထဲက ဇာတ်ကောင်တွေလို့ ထင်ပါတယ်။ ဒါက နာမည်လေးပါပဲ။ နေဝင်အိပ်တန်းတက်ကိုတော့ သိပြီးသားဖြစ်ကြမှာမို့ ထူးပြီးထပ်မပြောတော့ပါဘူး။
တိမ်ပန်းတိုင် ဇာတ်လမ်းကတော့ ပရဟိတတွေ လုပ်နေတဲ့ ခင်နွယ်စိုးရဲ့အကြောင်းပါပဲ။ ဒါပေမယ့် တစ်အုပ်စီမှာ ဇာတ်အိမ်တစ်မျိုးစီ ဆိုတော့ ခင်နွယ်စိုး ကျင်လည်နေရတဲ့ ဘဝ ကို တစ်ဖြတ်စီ အကန့်လေးတွေ ပိုင်းပြ ထားသလိုပါပဲ။ သူကြုံနေရတဲ့ကိစ္စလေးတွေကို မတူတဲ့ ဇာတ်အိမ်တွေဖွဲ့ပြီးရေးထားပါတယ်။
ဆရာကတော့ ထုံးစံအတိုင်း နိုင်ငံတွင်းမှာ တွေ့ကြုံနေရတာလေးတွေကို အထေ့ လေးတွေနဲ့ ပါးပါးလေးပုတ်တဲ့ စကားတွေ ညှပ် ညှပ် သုံးထားပါတယ်။
တိမ်ပန်းတိုင်စာအုပ်ကို ဖတ်ပြီးချိန်မှာတော့ ရှေ့မှာပါတဲ့ ဇာတ်ကောင်တော်တော်များများ နဲ့ ရှေ့မှာ ရေးပြီးတဲ့ ဇာတ်ကောင်ပုံစံတွေ ကို ဒီထဲမှာ စုစည်းရေးထားတယ်ဆိုတာလေး သတိထားမိလိုက်ပါတယ်။ တိမ်ပန်းတိုင်ထဲမှာ ဆရာဝန်ရော၊ စစ်သားအကြောင်းရော၊ ခင်နွယ်စိုးရော အကုန် စုထားသလိုလေး ထူးခြားနေတာတွေ့ရပါတယ်။ အဲ့ဒါကြောင့်ဆရာဟာ နောက်ထွက်မယ့် တစ်အုပ်မှာ ဆရာဝန် မဟုတ်တဲ့၊ စစ်သားမဟုတ်တဲ့၊ ခင်နွယ်စိုး မဟုတ်တဲ့ ချစ်စရာအိမ်ကလေးတို့၊ တိမ်တွေတောင်တွေနှင်ခရီးသည် တို့လို စာအုပ်တစ်ခုခု ကိုများ အဆန်းတကျယ် ထပ်ပြီး ထုတ်ဦးမှာလားလို့ တွေးလိုက်မိပါတယ်။
တိမ်ညိုမှာ ငွေဇာကွပ်ကယ်နှင့် -၃၀၀၀
ပန်းဒေါင်း - ၂၀၀၀
ပန်းမာန် - ၃၀၀၀
တိမ်ပန်းတိုင် - ၃၀၀၀
တိမ်တွေတောင်တွေနှင့်ခရီးသည် - ၂၀၀၀
******
#စာဖတ်လမ်းညွှန်_သုတေးစစ်
credit မပေးပဲ ကူးယူခြင်းအား လုံးဝ (လုံးဝ) ခွင့်မပြုပါ။
မည်သည့်စာအုပ်တိုက် ၊ မည်သည့်စာရေးဆရာ က မှ ညွှန်းခိုင်းခြင်းမဟုတ်ပါ။ ကိုယ်တိုင်ဝယ်ဖတ်၍ ကိုယ်တိုင် သဘောကျသည်များကို ညွှန်းပါသည်။
23/05/2019
နှစ်အုပ်လုံးရှိပါတယ်ဗျ 😁
ဆေးလိပ်သမား ဆေးသမားတစ်ယောက်ကို ငါ့ကိုချစ်ရင် ဆေးလိပ်ဖြတ်ပါလားလို့ သွားမပြောပါနဲ့။ သင်သာ ဘိုင်းကနဲ လဲကျသေသွားမယ် သူ ဆေးလိပ်ဖြတ်မှာမဟုတ်ပါဘူး။
ဆေးသမား၊ လူရှုပ်၊ လူမိုက်၊ အဖြစ်မရှိတဲ့ လူတစ်ယောက် မဆိုထားနဲ့ ဆေးလိပ်ကို သေတဲ့ထိ မဖြတ်နိုင်တဲ့ လူတစ်ယောက်ဆိုပါစို့။ ဒါဟာ ပတ်ဝန်းကျင်နဲ့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးနေတဲ့အရာတစ်ခုအဖြစ်သိသိကြီးနဲ့ ဖြတ်မရဘူးဆိုပါစို့။ ဖြတ်မရတာဟာ ကိုယ်တိုင်က ပျော့ညံ့ပြီး မဖြတ်လို့ပဲဖြစ်ပါတယ်။ တခြား အကြောင်းပြချက် မလိုပါဘူး။ ကိုယ့်ကို ချစ်လို့ ဆေးဖြတ်တယ်ဆိုတာ မှားနေပါတယ်။ ဖြတ်လည်းဖြတ်မှာမဟုတိဘူး။ ဒါ တကယ်သေချာပါတယ်။
ဒါပေမယ့် ကြောင်တစ်ကောင်ကို အကြောင်းပြု ပြီး တစ်သက်လုံးဆေးစွဲလာတဲ့ လမ်းဘေးက ကလေကချေ တစ်ယောက်ကတော့ တကယ်ပဲ ဆေး ပြတ်သွားဖူးပါတယ်။ ကြောင်တစ်ကောင်ကို ချစ်တဲ့စိတ်မှာ သူ့ရဲ့ နဂိုအခံစိတ်ကိုက မာကျောပြီး ပြတ်သားတဲ့ ယောက်ျားတစ်ယောက် ဖြစ်တာကြောင့် ဆေးပြတ်ခဲ့ပါတယ်။ ကြောင်ကို ချစ်တာကြောင့်ချည်းပဲ မဟုတ်ဘူးဆိုတာတော့ သေချာပါတယ်။
ဆရာသင့်လူ ဘာသာပြန် ရေးသားတဲ့ ဂျိမ်းစ် ဘိုဝင် ရဲ့ လေလွင့်ကြောင် နဲ့ ဘော့ပ်ချစ်တဲ့ကမ္ဘာ စာအုပ်ဟာ ကမ္ဘာပေါ်မှာ လူ့စိတ်ကို လွှမ်းမိုးချုပ်ကိုင်နိုင်မှုအင်အားအကြီးဆုံးစာအုပ်တွေထဲမှာ ပါပါတယ်။ လူတော်တော်များများဟာ ဒီစာအုပ်ကို ဖတ်ပြီးတဲ့နောက် သူတို့ဘဝကို သာယာအေးချမ်းစွာနဲ့ ဖြတ်သန်းသွားဖို့ ရွေးချယ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဆေးသမားဖြစ်ဖြစ် လမ်းဘေးက လူဖြစ်ဖြစ် ဒီလိုစာအုပ်ကို ဖတ်ပြီးတဲ့အခါ ရှေ့လျှောက် ကောင်းကောင်းနေသွားဖို့ တွေးမိခဲ့ ပြင်ဆင်ခဲ့ကြသလို ရောဂါ ကြောင့် စိတ်ညစ်နေသူ ဘဝကို အရှုံးပေးနေချင်သူတွေဟာလည်း ဒီစာအုပ်ကြောင့် အင်အားတွေ အများကြီး ရခဲ့ကြတယ်လို့ဆိုရင် မမှားပါဘူး။
လူ နဲ့ လူချင်း ကြားမှာတောင် ဘယ်လောက်ပဲ ကျွေးမွေးထားသည်ဖြစ်စေ သစ္စာဖောက်ပြီး မိုက်ကန်းကုန်တဲ့ကြားမှာ
ဒီလို ကြောင်တစ်ကောင်. .
ဒီပုံစံနဲ့ ကြောင်တစ်ကောင်ဟာ နင်တို့လူတွေ ကောက်ကျစ်တဲ့အချိန်မှာ ငါကတော့ သစ္စာရှိဖို့ကြိုးစားနေတာ လို့ လှောင်ပြောင် ပြနေသလိုပါပဲ။ တချို့လူတွေထက် ကမ္ဘာမြေပေါ်မှာ ပိုပြီးရပ်တည်နေသင့်တဲ့ ကြောင်မျိုးပါ။
ဆေးဖြတ်ချင်လို့ ဘိန်းအစား တခြားအစားထိုးဆေး ကို ဆရာဝန်နဲ့ ပြပြီး သောက်နေရဆဲ လမ်းဘေးမှာလေလွင့်နေတဲ့ အိမ်ခြေရာမဲ့ လူတစ်ယောက်ဟာ ကြောင်တစ်ကောင်နဲ့ စ တင် ဆုံစည်းရာကနေ ဇာတ်လမ်းစတင်ပါတယ်။ အပြင်မှာ ဂစ်တာတီးရင်း တောင်းစားနေရတဲ့အဲ့ဒီအိမ်ခြေရာမဲ့ တစ်ယောက်ဟာ စာအုပ်သန်းချီရောင်းရတဲ့လူတစ်ယောက်အထိ ဖြစ်လာအောင် ကြောင်တစ်ကောင်ဆီက ဘယ်လို စိတ်စွမ်းအင်တွေ ရခဲ့သလဲဆိုတာကို မျက်ရည် တဝဲဝဲ. .ရင်တလှိုက်လှိုက် . . ကြည်နူး ချမ်းမြေ့စွာ . . ကြက်သီးတမြမြနဲ့ ဖတ်ရမှာဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာဆိုရင် ဂျိမ်းစ် ဘိုဝင် ဟာ ကြောင်တစ်ကောင်ကို ချစ်တဲ့စိတ်နဲ့ သူကိုယ်တိုင်ကလည်း စိတ်ဓါတ်ခိုင်မာ ပြတ်သားတဲ့စိတ်ကြောင့် အဆိုးထဲက ရုန်းထွက်နိုင်ခဲ့တဲ့အခြေအနေတွေအများကြီးပါပဲ။ ကြောင် ကလေး ဘော့ပ် ဟာ ဂျိမ်းစ် အတွက် ဘုရားက ပေးတဲ့ ဆု ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ မိဘနဲ့ မတည့်တာကို အကြောင်းပြလိုက်၊ အလုပ်အဆင်မပြေတာကို အကြောင်းပြလိုက် ၊ ကိုယ့်ဘာကိုယ် အဖြစ်မရှိတာကို သူများဆီလွှဲချ အကြောင်းပြလိုက်နဲ့ ဘဝကို ပေါ့ပေါ့ ဖြတ်သန်းနေတဲ့ လူတွေ အများကြီးရှိပါတယ်။ စိတ်သိပ်ညစ်လာတဲ့အခါ ဒီကြောင်တစ်ကောင်က အဲ့လိုလူတွေအတွက် လက်ကိုင်တုတ် တစ်ခု ဖြစ်လာမယ်ဆိုတာ အသေအချာပြောရဲပါတယ်။
ကံ့ကော်ဝတ်ရည် စာပေ က ထုတ်ထားပါတယ်။
လေလွင့်ကြောင် ဆိုတဲ့ စာအုပ်က အတွဲ (၁) ဖြစ်ပြီး
ဘော့ပ်ချစ်တဲ့ကမ္ဘာ ဆိုတဲ့ စာအုပ်က အတွဲ (၂) ဖြစ်ပါတယ်။ နှစ်အုပ်လုံး မထူပါဘူး။ ပြီးတော့ စ ဖတ်တာနဲ့ ဆုံးအောင်ဖတ်ချင်မှာသေချာတဲ့စာအုပ်တွေပါ။ ဆရာသင့်လူ ကလည်း ဘာသာပြန်တာ ရှယ် ညက်တော့ ကိုယ့်ရှေ့မှာတင် ဘိန်းသမားတစ်ယောက်နဲ့ ကြောင်တစ်ကောင်ကို မြင်ယောင်လာသလိုလို၊ ဘဝမှာ ရှိသမျှ စိတ်ညစ်စရာတွေကို ရင်ဆိုင်ချင်လာသလိုလို၊ မေတ္တာတရားတွေကို အပြည့်အဝ ရ ရှိလိုက်သလိုလို၊ ငါ ဆေးလိပ်မဖြတ်နိုင်ဘူး လို့ပြောနေတဲ့ လူတွေကိုပဲ ချက်ချင်း ဆေးလိပ်မီးနဲ့ ပြေးထိုးပြီး ဒီစာအုပ်ကိုဖတ်ရင်းနဲ့ ဆင်ခြင်ဟဲ့ လို့ ပြေးပြောလိုက်ချင်သလိုလို .. .
ိုလိုလို လိုလို နဲ့ ကောင်းမွန်တဲ့ ခံစားချက်တွေကို ရ ရှိလာစေပါတယ်။
ဖတ်ကြည့်ပါ။ အိမ်မှာ ဆိုးသွမ်းနေတဲ့သားသမီးတွေရှိရင်လည်း ဒီစာအုပ်ကို ပေးဖတ်ဖို့ တိုက်တွန်းချင်ပါတယ်။ ပြီးတဲ့အထိ ဖတ်ခိုင်းပြီး မိသားစုတွေ သူ့အကြောင်းကိုယ်အြကြောင်း အေးအေးဆေးဆေးထိုင်ဆွေးနွေးပြီး နွေးထွေးစွာ စကားစမြည် ပြောသင့်တဲ့စာအုပ်မျိုးပါပဲ။
ဒါဟာ . . အိမ်ခြေရာမဲ့ လူတစ်ယောက်ရေးတဲ့ စာအုပ်တစ်အုပ်ဆိုတာထက် ကို ပိုပါတယ်။
ဒါဟာ . . စာအုပ်တစ်အုပ်ဆိုတာထက် ပိုပါတယ်။
ပြီးတော့. . ဒါဟာ မြင်တွေ့ဖူးနေကျ
ကြောင်တစ်ကောင် ဆိုတာထက်ကို အများကြီး အများကြီး ပိုပါသေးတယ်။
လေလွင့်ကြောင် - လောလောဆယ်ဈေး ၂၈၀၀ ကျပ်
ဘော့ပ်ချစ်တဲ့ကမ္ဘာ - လောလောဆယ်ဈေး ၂၈၀၀ ကျပ်
ကံ့ကော်ဝတ်ရည် စာပေ။
ဘာသာပြန်သူ - သင့်လူ ။
#စာဖတ်လမ်းညွှန်_သုတေးစစ်
credit မပေးပဲ ကူးယူခြင်းအား လုံးဝ (လုံးဝ) ခွင့်မပြုပါ။
မည်သည့်စာအုပ်တိုက် ၊ မည်သည့်စာရေးဆရာ က မှ ညွှန်းခိုင်းခြင်းမဟုတ်ပါ။ ကိုယ်တိုင်ဝယ်ဖတ်၍ ကိုယ်တိုင် သဘောကျသည်များကို ညွှန်းပါသည်။
16/05/2019
.......အစ်ကိုသို့.....
သိပ်သွေးအေးတဲ့ အစ်ကို..
ပြတ်သားလွန်းတဲ့ အစ်ကို..
သတ္တိကြောင်တဲ့ အစ်ကို..
..အစ်ကိုဟာလေ သူများအပေါ်မှာ နွေးထွေးသလောက်
ကျနော့် အပေါ်မှာ ရက်စက်ရလေသလား အစ်ကိုရယ်😌..လူတိုင်းကို မယုံနဲ့ ခလေးလေးလို့ အစ်ကိုပြောခဲ့ပြီး
အခုတော့ အစ်ကိုကိုယ်တိုယ်ပဲ လှည့်စားခဲ့တယ်နော်😞...ကျနော်ကို ပျော်ရွှင်စေတဲ့သူဆို အစ်ကိုချစ်တယ်တဲ့
ကျနော့်ကို မပျော်ရွှင်ဖြစ်စေတဲ့ အစ်ကို့ ကိုယ်တိုင်တော့ ချစ်တာပဲ
မဟုတ်လားးး
ကျနော် သတိရမိတိုင်း ရင်ထဲမှာ တဆစ်ဆစ်နဲ့နာနာကျင်ကျင်...
ကျနော့် ကဗျာတွေဆို မဖတ်ပဲ ကျော်သွားတတ်တဲ့ အစ်ကိုက
အဲ့ဒီအမျိုးသမီးလေးရဲ့wall မှာတော့
ဓာတ်ပုံတွေတင်တိုင်း love react ပေးတတ်သူ
အဲ့ဒီအမျိုးသမီးလေးတစ်ခုခုဖြစ်နေတယ်လို့ရေးတင်ရင်
sad react ပေးတတ်သူ
အဲ့ဒါကြောင့်ပြောတာပေါ့
တစ်ချို့ အလင်းရောင်တွေဟာ ကျနော်ကမ္ဘာကို ကွက်ပြီး
မှောင်နေတာပါလို့.......💧💧💧
အစ်ကိုပျော်ပါစေ..
အစ်ကို့ဘဝထဲကိုလည်း အစ်ကိုခေါ်ချင်တဲ့သူကို ခေါ်နိုင်ပါစေ..
အစ်ကိုလျောက်တဲ့လမ်း သာပါစေ..
အစ်ကိုနမ်းတဲ့ပန်း ပိုမွှေးပါစေ..
အစ်ကို ပြောသလို Good Bye ပေါ့အစ်ကိုရေ..😔😌
"နောက်ရည်းစားအသစ်ရတဲ့အခါ..
ကိုယ့်ကိုတကယ်ချစ်ခဲ့တာမဟုတ်ဘူးလို့ ညာလိုက်စမ်းပါ.."
ကျနော် မမုန်းပါဘူး....တဲ့
အရမ်း ခံစားတတ်သူတွေ အရမ်းfeel လို့်ကောင်းမယ်
စာအုပ်လေးတစ်အုပ်ပါ ခံစားချက်တူရင် နည်းနည်း ပျင်းရှရှနဲ့😁
ဖတ်ကြည့်ကြပါလို့ အကြံပေးပါတယ်...
HDLS
💌Ei Ngel
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Bagan
Opening Hours
| Monday | 06:00 - 20:00 |
| Tuesday | 06:00 - 20:00 |
| Wednesday | 06:00 - 20:00 |
| Thursday | 06:00 - 20:00 |
| Friday | 06:00 - 20:00 |
| Saturday | 06:00 - 20:00 |
| Sunday | 06:00 - 20:00 |