Diet In Myanmar

Diet In Myanmar

Share

Good service for customers

29/08/2025

#စားသောက်ဆိုင်တွေထိခြေဆန့်လာတဲ့ကျားဖျန့်များ
Hot pot ဆိုင်နဲ့ ကျားဖြန် ဆက်စပ်နေသလားးးးး

Hot Pot သွားစားကြတာ
ဆိုင်ဝန်ထမ်းအမျိုးသမီးလေးက

အမ မှတ်ပုံတင်ပြနိုင်ရင် 5%လျော့ပေးတယ်တဲ့

မပြရင်ရော လျော့မပေးဘူးလားညီမ ဆိုတော့
ဟုတ်ကဲ့ မပေးဘူးတဲ့

မလျော့လည်းနေတော့နော်
မှတ်ပုံတင်တော့မပေးတော့ဘူးညီမရေ

Hotel တည်းလို့ မှတ်ပုံတင်ပေးရတာကတော့
ချွင်းချက်ပေါ့နော်

ကိုယ့်ရဲ့မှတ်ပုံတင်ကိုအလွယ်တကူတွေ
မပေးမိကြပါစေနဲ့

ကိုယ့်ရဲမှတ်ပုံတင်ကို အလွယ်ပေးလိုက်မိတဲ့နောက်ဆက်တွဲက ဘာတွေ ဖြစ်လာနိုင်လည်းး

အခု ခေတ် Online ငွေကြေးလိမ်လည်တဲ့သူတွေက
တစ်ပါးသူရဲ့ မှတ်ပုံတင်တွေ ကို အသုံးချပြီး
KPay /Wave Pay များကို ဖွင့်ပြီး လိမ်နေကြတာပါ

ကိုယ့်ရဲ့မှတ်ပုံတင်တွေကိုအလွယ်ပေးလိုက်မိလို့
ဒီလိုကိစ္စရပ်တွေ ဖြစ်မလာဘူးလို့
ဒီလို ကိစ္စတွေကို မပြုလုပ်ဘူးလို့
ဘယ်သူပြောနိုင်လည်းးးး
ဘယ်သူ အာမခံ မလည်းးးးးး

စားသောက်ဆိုင်တွေကလည်းအစားအသောက်ပဲ
အဓိကရောင်းတာဖြစ်တဲ့အတွက်မလို့တစ်ပါးသူရဲ့မှတ်ပုံတင်တွေတောင်းဖို့အတွက်မလိုအပ်ဘူးထင်ပါတယ်

ကိုယ့်ရဲ့ဆိုင်မှာငွေပေးပြီးစားတာဖြစ်တဲ့အတွက်
စားသုံးသူရဲ့ငွေကမိမိရဲ့ဆိုင် ဝင်ငွေထဲမှာတိတိကျကျရောက်ရှိပြီးဖြစ်နေတာမလို့ စားသုံးသူကို မှတ်ပုံတင်
ပြစရာမလိုပဲ % လျော့ ပေးလို့ရပါတယ်

ဒါကို ဘာကြောင့် မှတ်ပုံတင် ကို မှတ်တမ်းယူပါ
သလည်းးဆိုတာ တွေးရင်းးးး🤔

မအေသင်✍️

#နည်းလမ်းပေါင်းစုံလိမ်လည်နေကြတဲ့_ကျားဖျန့်တွေကိုသတိထားကြဖို့_မျှဝေပေးကြပါအုံးနော်🙏

Want your public figure to be the top-listed Public Figure in Aungban?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Aungban