The Museum
မြန်မာ့လက်ရက်ကန်း သဘာဝဆိုးဆေးဇင်းမယ်များနှင့် ချည်/ပိုးဇင်းမယ်မျိုးစုံ၊ ကြာထည်၊ ပိုးထည်၊ ချည်ထည်များ
16/06/2026
လှရက်လေသော….✨💕
စင်က အသစ်ကျတဲ့ ၂/၆၄ ချည်ဇင်းမယ်ဝမ်းဆက်လေးတွေ အရောင်လေးတွေစိုအိပြီး တစ်ကယ်လှ 🫶
အင်းလေးချည်ဇင်းမယ်ရဲ့ အေးမြပေါ့ပါးမှုနဲ့ ဝတ်ရတာသက်တောင့်သက်သာ ဖြစ်စေတာလေးကတော့ အထူးတလည်ထပ်ပြောပြစရာမလိုအောင် မမတို့သိပြီး ကြိုက်နှစ်သက်ပြီးသားလေးတွေ ဖြစ်မှာပါနော် 🥰
🌿 ရေလျှော်မီးပူတိုက်ရ
🌿 အသားထူအိအိ
🌿 အရောင်စိုပြောင်ပြောင်
🌿 ၂/၆၄ လက်ရက်ကန်းချည်ဇင်းမယ်စစ်စစ်
Price - 115000 Ks
* အပေါ်စ ၁ ကိုက်ခွဲ၊လုံချည် ၂ ကိုက် ၂ လက်မ*
The Museum -Your Favorite Boutique 🏛️
15/06/2026
လက်ဆောင် ပေးဖို့ဆိုပြီး ၂/၈၀ အသားဖောက်ချည်ဇင်းမယ် (၁၂)ကွင်း ဝယ်ယူအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့် ❤️
လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ် ကိုယ်တိုင်ဝတ်ဖို့ပဲဖြစ်ဖြစ် အင်းလေးလက်ရက်ကန်း ချည်ဇင်းမယ် ၊ပိုးဇင်းမယ် ၊ ပုဝါ မျိုးစုံကို The Museum မှာဝယ်ယူရရှိနိုင်ပါတယ်ရှင့် 💕
The Museum - Your Favorite Boutique 🏛️❤️
#ဒေစီဒေးအထည်ဆိုင် #အောင်ပန်းမြို့
ကြာရောင်တိုင်ဖောက်ပုဝါ လက်ငင်ချည်လေးတွေ အများကြီးထပ်ရောက်ထားပါတယ်နော် ❤️
#ဒေစီဒေးအထည်ဆိုင် #အောင်ပန်းမြို့
13/06/2026
✨ The Museum’s Limited Collection ✨
အော်ဒါမှာယူထားတဲ့ မမအတွက် နောက်ဆုံးကျန်ရှိတဲ့ ပိုးကြားဝမ်းဆက် (၃) စုံလေး ထွက်လာပါပြီ🪷🪷
ကြာဈေးနှုန်း အတက်အကျနဲ့ ကြာမဝယ်ရတဲ့ကြားကနေဖြစ်မြောက်အောင် ခတ်ပေးခဲ့ရပြီး…စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းပေးခဲ့လို့အများကြီး ကျေးဇူးတင်ပါတယ်ရှင့် 😽
ခုအော်ဒါအဆင်လေး နှစ်သက်ရင် ပိုးစစ်ကွင်းလေးတွေ ရပါဦးမယ်နော် ✨
ရေလျှော်ခံ ပိုးစစ်စစ်ကိုမှ Unique ဖြစ်တဲ့ အရောင်ခံ ဒီဇိုင်းဆန်းလေးတွေမို့ ဝတ်လိုက်ရင် တကယ့်ကို ထူးခြားဆန်းသစ်နေမှာမမတို့ရှင့်…
🚨 လောလောဆယ်မှာ ပိုးကြာဇင်းမယ်လေးတွေကို ရက်ကန်းစင်ကကျတာနဲ့ instocks သီးသန့် .. ဝယ်ယူနိုင်မှာဖြစ်ပြီး အော်ဒါခတ်လေးတွေခေတ္တရပ်နားထားပါဦးမယ်ရှင့်…‼️ နောက်ပိုင်း ပိုးကြာဇင်းမယ်အော်ဒါခတ်ပြန်လက်ခံနိုင်တဲ့အချိန် Page လေးမှာပြန်ကြေငြာပေးပါမယ်ရှင်..
📌ခုအော်ဒါလေးကလဲ မင်မင်တို့ 2025 ၈ လပိုင်းက လက်ခံပြီး ခတ်ပေးဖြစ်ထားတာလေးပါနော် 🥹
The Museum -Your Favorite Boutique 🏛️
11/06/2026
ပစ္စည်းသစ်ရောက်တာလေး တစ်ဖြတ် 📸
ပစ္စည်းသစ်လေးတွေက အမြဲလိုလို ဝင်နေသလို
အမြဲလိုလို အားပေးကြတဲ့ ကာစတာမာ တစ်ယောက်ချင်းစီတိုင်းကိုလဲ ကျေးဇူးတင်ပါတယ်ရှင့် 🥰
ပန်းထိုးပုဝါ ဒီဇိုင်းမျိုးစုံနဲ့ ဇင်းမယ်အဆင်လှလှလေးတွေလဲ အသစ်ထပ်ရောက်ထားတာမလို့ မြန်မြန်လေးလာဝယ်ထားလို့ရပါပြီနော် 💞
ဆိုင်မှာလာကြည့်ချင်တဲ့ မမများအတွက်လဲ ဆိုင်လိပ်စာလေး ရေးပေးထားပါတယ်ရှင့် 😍
56၊ ပြည်ထောင်စုမိန်းလမ်းမကြီး၊ မိုးကောင်းရပ်ကွက်၊ မြန်မာ့ရှေ့ဆောင်ဘဏ်ဘေး
ဆိုင်ဖွင့်ချိန်-မနက် 8 နာရီမှ ညနေ 6:30နာရီ
09-5280544
The Museum - Your Favorite Boutique 🏛️
#ဒေစီဒေးအထည်ဆိုင် #ပုဝါ
ပန်းထိုးပုဝါ ဒီဇိုင်းမျိုးစုံနဲ့ ဇင်းမယ်အဆင်လှလှလေးတွေ ထပ်ရောက် 🥰
#ဒေစီဒေးအထည်ဆိုင်
10/06/2026
Daisy Day ရဲ့ 7th Anniversary အနေနဲ့ Website မှာဝယ်ယူသူတိုင်း 5% Off ,Daisy Club Member များအနေနဲ့ 10% Off အပြင် အခြားသော Cash Back Gift လေးတွေလဲပါလို့ အခုပဲ www.daisyday.com.mm ကိုဝင်ရောက်ပြီး ဝယ်ယူလိုက်တော့နော် 🌍🛍️🛒
Promotion Period:2 Weeks Only
(June 10 to June 24)
7th Anniversary Daisy Day 🥳
Special News & Gifts Included ‼️
ချစ်ခင်လေးစားရပါသော Daisy Day ရဲ့ ဝယ်သူ ချည်ထည်ချစ်သူ ကာစတာမာများအားလုံးမင်္ဂလာပါရှင်…
Daisy Day ချည်ထည် Brand လေး တရွေ့ရွေ့ရှေ့ဆက်လာခဲ့တာ ဒီ ဇွန်လ (၁၇) ရက်နေ့ဆိုရင် (၇) နှစ်တိုင်ခဲ့ပါပြီရှင်..
(၇) နှစ်သမီးလေး မဒေစီ အဖြစ် ဇွဲနဘဲနဲ့ ရှေ့ဆက်နိုင်ခဲ့တာ ရပ်ဝေးရပ်နီးကာစတာမာများရဲ့ (၇) နှစ်တိုင်တိုင်အားပေးမှုကြောင့်ဖြစ်ပါတယ်ရှင်…
ဒီ (၇) နှစ်ပြည့်မှာ Daisy Day ရဲ့ နောက်ထပ် Milestone လေးတခုအနေနဲ့ ကိုယ်ပိုင် Website လေးဖြစ်တဲ့ “ www.daisyday.com.mm “ ဆိုတဲ့ website လေးကို စတင် Launch လုပ်သွားမှာဖြစ်ပါတယ်ရှင်..
မြန်မာ့ ချည်ထည်များကို နိုင်ငံတကာမှချည်ထည်ချစ်သူများလဲအလွယ်တကူဝင်ရောက်ကြည့်ရှုနိုင်ဖို့ Digital အရွေ့လေးတခုအနေနဲ့ ဒေစီတို့သေချာကြိုးစားထားပါတယ်ရှင့်…
(၇) နှစ်လုံး စဉ်ဆက်မပြတ်အားပေးခဲ့ကြတဲ့ Daisy တို့ရဲ့ ချစ်ခင်ရသော ကာစတာမာများအတွက် ကျေးဇူးတုံ့ပြန်သောအားဖြင့် ဒီ Website လေးကတဆင့်ဝယ်ယူမယ့်ကာစတာမာများအားလုံးကို 5 % Discount - ဇွန်လ (၁၀) ရက်မှ ဇွန်လ (၂၄) ရက်နေ့အထိ (၂) ပတ်တိုင်တိုင်ပေးသွားမှာဖြစ်ပါတယ်ရှင့်..
Daisy Club Member - မန်ဘာများအနေနဲ့ကတော့ Website မှတဆင့်မှာယူရင် ထပ်တိုး + 5% = Total 10 % ရရှိသွားမှာဖြစ်ပါတယ်
ရှင်..
Mini E Commerce/ Landing Website လေးပဲဖြစ်လို့ website မှတဆင့် ဖုန်းနံပါတ် (Viber No), email တို့ဖြင့် အော်ဒါတင်လိုက်တာနဲ့ Daisy Day Team ကနေ ဆက်သွယ်ပေးလာမှာဖြစ်ပြီး ပုံမှန်ပေးနေကျ Mobile Bankings များနဲ့ပေးဆောင်နိုင်မှာဖြစ်ပါတယ်ရှင်..
Trial Period လေးဖြစ်တာကြောင့် Website မှတဆင့်ဝယ်ယူအော်ဒါတင်ရာမှာအဆင်မပြေမှုများရှိရင် ဆိုင်ဖုန်းနံပါတ် 09-5280544 ကို နံနက် (၉) နာရီမှ ညနေ (၆) နာရီအတွင်းဆက်သွယ်နိုင်ပါတယ်ရှင့်..
🎁 ကာစတာမာများအတွက် နောက်ထပ်မေတ္တာလက်ဆောင်လေးအနေနဲ့
ဒီ Post လေးကို Public နဲ့ ရှဲပြီး Daisy Day မှ ဝယ်ယူထားတဲ့ အထည်လေးဝတ်ဆင်ပြီး ရိုက်ထားဖူးတဲ့ပုံလေးတပုံကို ဒီပို့စ်လေးအောက်မှာ ကော်မန့် လေးမန့်ပေးနိုင်ပါတယ်ရှင်..
ဓါတ်ပုံတပုံကော်မန့်မန့်ပေးသူများအားလုံးထဲက Like အများဆုံးရတဲ့ပုံပိုင်ရှင် (၁) ဦး၊ အခြား Random မဲစနစ်ဖြင့် ဒေစီဒေးမှရွေးချယ်ပေးမည့်သူ (၂) ဦး စုစုပေါင်း (၃) ဦးကို ဇွန်လ (၂၅) ရက်နေ့မှာရွေးချယ်ပြီး Cash Back/Kpay (၇၀၀၀၀) ကျပ်စီ မေတ္တာလက်ဆောင်ချီးမြှင့်သွားမှာဖြစ်ပါတယ်ရှင်..
ရိုက်ထားဖူးတဲ့ပုံလှလှလေးတွေပြန်ရှာလိုက်တော့နော်..😍
အမျိုးသမီးငယ်များအားနဲ့ကြိုးစားတည်ထောင်ထားတဲ့ Women-Led Clothing Business လေးဖြစ်တဲ့ Daisy Day, Slay Bae နဲ့ The Museum မိသားစုများမှ ကာစတာမာများအားလုံးကို အမြဲချစ်ခင်ကျေးဇူးတင်ပြီး ကျန်းမာချမ်းသာ ဘေးကင်းကြပါစေလို့ (၇) နှစ်ပြည့် ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်ရှင့်..
Daisy Day - From Inle Lake to the World!
🌏 www.daisyday.com.mm
📱09-5280544
🏠 56 ပြည်ထောင်စုမိန်းလမ်းမကြီး၊ မိုးကောင်းရပ်ကွက်၊ အောင်ပန်းမြို့။
09/06/2026
The Museum ရဲ့ သဘာဝဆိုးဝမ်းဆက်လေးတွေနဲ့ လှနေသော ချစ်ခင်ရတဲ့ အမတို့သားမိ 🌿🤍
မေမေကော သမီးလေးကော နုပျိုပြီး ကျက်သရေရှိနေသောရှင်…🤩
ပုံလှလှလေးတွေ တကူးတကပို့ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်နော်🥰
The Museum က သဘာဝဆိုးဆေးချည်ထည်လေးတွေဝတ်ဆင်ပြီး အေးမြလန်းဆန်းရှိကြပါစေရှင့် 🌿🌿
The Museum -Your Favorite Boutique 🏛️
06/06/2026
The Museum အောင်ပန်းဆိုင်လေးကို ဘယ်သူလေးလာသွားလဲရှင် ??🫣🤍
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Aungban