DigitalOffice360

DigitalOffice360

Share

Digital Learning Hub! Multimedia Online Class

ဒီဂျစ်တယ်နယ်ပယ်ထဲမှာ အလုပ်လုပ်ကိုင်နေကြသူများ၊ ဖျော်ဖြေရေးနဲ့ အွန်လိုင်းစီးပွားရေးကို စတင်အခြေချလိုသူများရဲ့ အခက်အခဲများနဲ့ လိုအပ်တဲ့ ကွန်ပြူတာဆိုင်ရာ Software နည်းပညာများကို အကူညီပေးရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ထားခြင်းဖြစ်ပါတယ်။

11/05/2026

🖼 ဓါတ်ပုံတစ်ပုံ White Balance မှားနေတယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ?

တစ်ခါတလေ ပုံက Exposure လဲကောင်းတယ်၊ Composition လဲကောင်းတယ်..
ဒါပေမယ့် “ကြည့်ရတာ တစ်ခုခုမမှန်ဘူး” လို့ခံစားရတတ်ပါတယ်။

လူတွေရဲ့ စိတ်မှာက အချို့အရောင်တွေကို တကူးတက မှတ်ထားစရာမလိုပဲနဲ့ သဘာဝအရ အလိုလို မှတ်မိနေပါတယ်။
ဥပမာပြောရရင် ကျနော်တို့ နေ့တိုင်းမြင်နေကျဖြစ်တဲ့ ကောင်းကင်ရဲ့ အပြာရောင်၊ မြက်ခင်းတခုရဲ့ အစိမ်းရောင်၊ စာရွက်တရွက်ရဲ့ အဖြူရောင်နဲ့ လူတွေရဲ့ အသားအရောင် စတာတွေကို သိနေတာမျိုးပါ။

အဲ့လိုမျိုးသိနေတဲ့အတွက် ပုံထဲက အရောင်တွေနဲ့ တကယ့်အပြင်က အရောင်တွေနဲ့ ကွာနေတယ်၊ သဘာဝမကျသလို မြင်နေတယ်ဆိုရင်တော့ ဒါဟာ White Balance မှားနေတာ ဖြစ်နိုင်ပါတယ်။

💡 White Balance မှားနေတဲ့ ဓါတ်ပုံတွေမှာ အများဆုံးတွေ့ရလေ့ရှိတဲ့ လက္ခဏာတွေကတော့..

🔹 အဖြူရောင်က အဖြူ မစစ်တော့ခြင်း

* အင်္ကျီအဖြူက အပြာရောင်သန်းနေခြင်း
* အဖြူရောင် နံရံက အဝါ / လိမ္မော်ရောင်ဘက် များနေတာမျိုးပါ

🔹 အသားအရောင် Skin Tone သဘာဝမကျတော့ခြင်း

* အနွေးရောင် (warm) ဖြစ်လွန်းရင် အသားရောင်က လိမ္မော်ရောင်ဖြစ်နေပြီး
* အအေးရောင် (cool) ဖြစ်လွန်းရင်လဲ အပြာ / ဖြူဖတ်ဖြူရော် ဖြစ်တတ်တယ်
* အစိမ်းရောင် စွက်နေတဲ့အခါ လူမမာအသားရေလိုဖြစ်နေတတ်တယ်

တပုံလုံးကို ခြုံပြီးကြည့်လိုက်လို့ “အေးလွန်း” ဒါမှမဟုတ် “ပူလွန်း” နေတယ်လို့ ခံစားရရင်တော့ White Balance ကို ပြန်စစ်သင့်ပါတယ်။

တခါတလေကျရင် ပုံထဲမှာ Skin tone က White Balance မှန်နေပြီး၊ နောက်ခံ Background ကျမှ လွဲနေတာမျိုးလဲ ဖြစ်တတ်ပါတယ်။ Background မှာ အလင်း(Ligh source)တွေ ရောသွားတဲ့အခါ White Balance လွဲသွားတတ်ပါတယ်။

ဒါကြောင့် ဓါတ်ပုံရိုက်တော့မယ်ဆိုရင် ရိုက်ကွင်းထဲမှာ သက်ရောက်နေတဲ့ Lighting က ဘယ်လောက်ထိ ယုံကြည်ရလဲဆိုတာကို အရင်စစ်သင့်ပါတယ်။

ဒါပေမယ့် White Balance ဆိုတာ အမြဲတမ်းကြီး “Perfect Neutral” ဖြစ်ရမယ်လို့ ပုံသေသတ်မှတ်ထားလို့လဲ မရပါဘူး။

ကိုယ်ရိုက်မယ့် ပုံတွေရဲ့ mood အပေါ် မူတည်ပြီး၊ Sunset ပုံဆိုရင် warm tone ၊ မိုးရာသီတို့ ဆောင်းရာသီတို့လို mood မျိုးတွေဆို cool tone ရှိသင့်ပါတယ်။

အရေးကြီးတာကတော့
✅ Natural ဖြစ်ရမယ်
✅ ရည်ရွယ်ချက် ရှိရမယ်
✅ Mood နဲ့ ကိုက်ညီရပါမယ်

Editing လုပ်တဲ့အခါ White Balance ကို အရင်စစ်တဲ့ အလေ့အကျင့်က နောက်ဆုံးရလာဒ် ကို အကြီးအကျယ် ပြောင်းလဲသွားစေနိုင်ပါတယ်။

(ပုံမပြင်ခင် White Balance ချိန်ထားတဲ့ အခြေနေ)

Photos from DigitalOffice360's post 10/05/2026

Nothing Special..

28/04/2026

ဘာတွေပိုကောင်းလာလဲ..❓‎

version 2.0 မှာတော့ Background တွေ ဖြတ်ထုတ်တဲ့အချိန်မှာ (halos) ပတ်ချာလည်က အနားစွန်းလေးတွေ မသပ်မရပ်ကျန်ခဲ့တာမျိုး လုံးဝ မရှိအောင် update လုပ်ပေးထားပါတယ်။

ဝယ်ယူထားတဲ့ တယောက်ခြင်းစီကိုလဲ Email ကနေ File ပို့ပေးထားပါတယ်။
ဒီ Actions လေးက နိုင်ငံခြားသားတွေကိုပါ ရောင်းပေးခဲ့ရတာမို့ ကျနော့်အတွက်တော့ အမှတ်တရပါ..

ကဲ... နောက်ထပ်ရော ဘယ်လိုမျိုး Actions တွေ လိုအပ်နေပါသေးလဲခင်ဗျာ..?

Photos from DigitalOffice360's post 25/04/2026

💍 Pre-wedding / Wedding photo တွေအတွက် အဝတ်အစားပြောင်းတဲ့ Action လိုချင်လို့ မရှိဘူးလားတဲ့..❗

ဟာ.. 😧
ကျနော်မသိလို့ ဓါတ်ဆရာတွေကို မေးပါရစေဗျာ..
အခုခေတ် Pre wedding လာရိုက်တဲ့ စုံတွဲတွေက ထမီရင်လျား၊ ပုဆိုးကွင်းသိုင်းနဲ့ပဲ ဓါတ်ပုံလာရိုက်နေကြလို့လားဗျာ..?

Wedding ဝတ်စုံဆိုတာ တကူးတက ကြိုတင်စီစဉ်ပြီးမှ အကုန်ကျခံ ချုပ်လုပ်၊ အမှတ်တရ တန်ဘိုးထား ဝတ်ဆင်ကြတာ မဟုတ်လား..?
ဘာအတွက် အဝတ်အစားက ပြောင်းပေးဖို့ လိုဦးမှာလဲဆိုတာ.. ကျနော်တော့ လိုက်မမီတော့ဘူး။
‎‎
နည်းပညာ ဆိုပေမယ့်လဲ အဲ့လောက်ကြီးတော့ over consuming မလုပ်ကြပါနဲ့ဗျာ ✌️

ကျနော်ကတော့ လူအစစ်တွေရဲ့ ဖန်တီးမှု Arts တွေကို ပိုပြီးတန်ဘိုးထားပါတယ်။ နောက်ကျ မကျန်ခဲ့ရအောင်သာ နည်းပညာကို အမီလိုက်နေရတာ၊ စာရေးတတ်ရင် လုပ်ချင်ရာ လုပ်လို့ရနေတာကြီးကို သိပ်တော့ ခံတွင်း မတွေ့လှဘူး။😏

ပုံက စာနဲ့လိုက်အောင် ကလိထားတာပါ။ 😁

Photo Credit : Aye Myat Thu

24/04/2026

Photo Studio တွေနဲ့ Online Photo Service လုပ်ငန်းတွေအတွက် အဓိက ရည်ရွယ်ထားတဲ့ Photoshop Actions လေး ထွက်ပါပြီ..!

Actions တခုခြင်းစီကို သီးခြားစီ အလုပ်လုပ်နိုင်အောင် ဖန်တီးထားတဲ့အတွက် အလှဓါတ်ပုံတွေအတွက်လည်း အတိုင်းတာတခုထိ အသုံးပြုနိုင်ပါတယ်။

$9 တန်တဲ့ Ai PlugIn နဲ့အတူ Actions အသုံးပြုနည်းအပြင် Ai နဲ့ ပက်သက်တဲ့ နည်းလမ်းတွေကိုလည်း Video Guide တွေနဲ့ အသေးစိတ်ရှင်းပြထားလို့ Photoshop အခြေခံရှိထားပြီးသား မည်သူမဆို အခက်အခဲမရှိ အသုံးပြုနိုင်ပါတယ်။

Photos from DigitalOffice360's post 12/04/2026

📣 ဓါတ်ပုံလုပ်ငန်းသုံး "ID Photo All In ONE" Photoshop Actions မကြာမီလာမည်..
Stay Tuned..! 😊

05/04/2026

မဖြစ်နိုင်တာကို အတင်းလုပ်ယူရင် တချိန်မှာ ပျက်စီးရတတ်တယ်..❗

ကြိုးစားတယ်ဆိုတာ ကောင်းပါတယ် ဒါပေမယ့် မဖြစ်နိုင်တာကိုတော့ ဇွတ် အတင်းလုပ်မယူပါနဲ့၊ ရခဲ့ရင်လဲ ရေရှည်မခံဘူးဆိုတာ သင်ခန်းစာပါ။
အရာအားလုံးမှာ Limit ရှိပါတယ်။

Hardware က Support မလုပ်နိုင်တဲ့ OS ကို patcher နဲ့ ကျော်ခွတင်သုံးရင်း ၃ လလောက်အကြာမှာ SSD ပျက်စီးသွားပါတယ်။ ကံကောင်းလို့သာ CPU ကို မထိခဲ့တာပါ။

အကျိုးအမြတ်က ၃ လအတွင်းထဲမှာ နောက်ဆုံးပေါ် နည်းပညာအသစ်တွေကို သင်တန်းသားတွေနဲ့ public ကို ဝေမျှနိုင်ခဲ့ပါတယ်။

ဆုံးရှုံးမှုကတော့ SSD ထက် ပိုတန်ဖိုးရှိတဲ့ Data တွေပါ။ တပတ်လောက် logic မျိုးစုံနဲ့ စဉ်းစားပြီး develop လုပ်နေဆဲဖြစ်တဲ့ Actions package တခုလုံး ပြန်မရတော့တာပါ။

အခုတော့ Mac လေး နေပြန်ကောင်းသွားလို့ အလုပ်တွေ ပြန်လုပ်နေပါပြီ၊ လုပ်လက်စ package ကိုလဲ memory recall ခေါ်ပြီး အစကနေ ပြန်ဆောက်နေပါတယ်။
မကြာခင် Actions Package အသစ်နဲ့အတူ ပြန်လာခဲ့ပါမယ်။

Mac user တွေကို တခုပဲ သတိပေးချင်ပါတယ်။
Apple ကို သွားမရှုပ်ပါနဲ့လို့..

02/04/2026

April Fool က လူကိုတကယ် ရူးစေတယ် 😥
ပို့စ်တွေ အသစ်မတင်နိုင်သေးတာ နားလည်ပေးကြပါ..
Still Fixing!!

17/03/2026

နောက်ခံ Background ပြောင်းဖို့ Photoshop မှာ အချိန်တွေအများကြီး ပေးနေရတုန်းပဲလား..?
သင့်ရဲ့ Workflow ကို အမြန်နှုန်း (၁၀)ဆ မြှင့်လိုက်ပါ..🏎️💨

Photos from DigitalOffice360's post 12/03/2026

Retouch လုပ်ပြီးရင် လိုက်ဖက်တဲ့ Skin tone ရအောင် ချိန်ပေးရတာကလဲ စိန်ခေါ်မှုတခုပါပဲ 🎯
အဲဒီအတွက် လွယ်လွယ်ကူကူနဲ့ သဘာဝအကျကျ Skin tone ချိန်နည်းလေးကို High-end Photo Retouch အတန်းမှာ လေ့လာနိုင်ပါပြီ။

Teaser လေးတော့ တင်မပေးတော့ဘူးနော်..
အဆူခံရမှာစိုးလို့ 😁

11/03/2026

ဒီလိုသာဆိုရင် Against Light လဲ ရိုက်ရဲပြီလေ.. 😁

Telephone