LANGS Myanmar

LANGS Myanmar

Share

Study in Korea consulting service

16/06/2026

🪪F-2-R ဗီဇာလည်း အဆင်ပြေတယ်၊ အန္တရာယ်များတဲ့ အလုပ်မျိုးတွေ မလုပ်ချင်တဲ့ သူတွေအတွက် 🙋‍♀️

💫အသားနှင့် 돈까스 (Tonkatsu) ထုပ်ပိုးခြင်းလုပ်ငန်း

🖇️လုပ်ရမည့် အလုပ်များ
အဓိကလုပ်ငန်း: အသားများနှင့် 돈까스 (Tonkatsu) များ လေစုပ်ထုတ်ပိုးခြင်း၊ စက်မောင်းနှင်ခြင်း (အန္တရာယ်မရှိပါ)၊ အစားအစာပြုပြင်ထုတ်လုပ်ခြင်း။

🖇️ခေါ်ယူမည့်ဦးရေ
အမျိုးသား (၁) ဦး (ကုန်ပစ္စည်းများ တစ်ခါတစ်ရံ ချရတတ်သဖြင့် လေးလံသောပစ္စည်း မ တာ အဆင်ပြေပါက အမျိုးသမီးလည်း လျှောက်ထားနိုင်ပါသည်)။

🖇️ပညာအရည်အချင်း-မလိုပါ။

🖇️အလုပ်နေရာ- Busan, Sasang-gu (부산광역시 사상구)

🖇️လျှောက်ထားနိုင်သည့် ဗီဇာနှင့် အရည်အချင်း

ဗီဇာအမျိုးအစား- F-2-R ဗီဇာ (ဗီယက်နမ်နိုင်ငံသား ခေါ်ယူမှု ပြီးဆုံးသွားပါပြီ)

နေထိုင်ရမည့် ဒေသသတ်မှတ်ချက်- F-2-R ဗီဇာ၏ နေထိုင်ခွင့်ဒေသဖြစ်သော Busan (Yeongdo-gu, Dong-gu, Seo-gu) တွင် နေထိုင်သူဖြစ်ရမည်။

ကိုရီးယားစာအရည်အချင်း- TOPIK အဆင့် ၄ နှင့်အထက် သို့မဟုတ် KIIP အဆင့် ၄ နှင့်အထက် ရှိရမည်။

⏳အလုပ်ချိန်
💫ရုံးပိတ်ရက်နှင့် အနီရက်များ အားလုံးပိတ်သည်။
တနင်္လာ ~ သောကြာ: ၀၇:၃၀ ~ ၁၈:၀၀ (နားချိန်: မနက် ၁၀ မိနစ်၊ မွန်းလွဲ ၂၀ မိနစ် / နေ့လယ်စာအချိန်: ၁ နာရီ)
စနေနေ့: ၀၇:၀၀ ~ ၁၂:၀၀ (မနက်ပိုင်းသာ)

💫အစမ်းခန့်ကာလ (၂ လ) အတွင်း အလုပ်ချိန်-
စနေနေ့ အလုပ်ဆင်းရန်မလိုပါ။
တနင်္လာ ~ သောကြာ: ၀၇:၃၀ ~ ၁၇:၀၀ (နားနေချိန်နှင့် နေ့လယ်စာအချိန် တူညီပါသည်)

💫လစာနှင့် အကျိုးခံစားခွင့်
လစာ- တစ်လ ၂၇ သိန်းဝမ်
(အစမ်းခန့်ကာလ ၂ လအတွင်းတွင်မူ အနည်းဆုံးအခကြေးငွေ (최저시급) စနစ်ဖြင့် တွက်ချက်ပေးပါမည်)
* နေ့လယ်စာ အခမဲ့ကျွေးပါသည်။

📞 ဆက်သွယ်ရန်
ကိုရီးယား တာဝန်ခံ: 박준범 010-4202-1910
မြန်မာ တာဝန်ခံ: 010-6452-6730/ 010-2750-2979

12/06/2026

🚨KYUNGSUNG JUNE 6 INTAKE🚨

ပြည်ဝင်ခွင့် စောင့်ပေးကြောင်း ကြေညာခြင်း

🙋‍♀️D-4 ဗီဇာရလဒ်တွေ အရင်ထပ် ပိုပြီး နောက်ကျနေကြောင်း ၊ စာရွက်စာတမ်း စစ်ဆေးမှုတွေ ပိုပြီး တင်းကျပ်နေလို့ ၆လပိုင်းဝင်မယ့် ကျောင်းသားတွေကို ရက်အနည်းငယ်ထပ်ပြီး နောက်ကျမှ ဝင်ခွင့်ပေးဖို့ LANGS CORPORATION မှ ကျောင်းမှ တာဝန်ရှိ ဆရာ၊ ဆရာမများထံ တောင်းဆိုခဲ့ပြီး…

🙋‍♀️ဒီနေ့ပဲ KSU ကျောင်းမှ ပြည်ဝင်ခွင့်ရက်ကို စောင့်ပေးမှာဖြစ်ကြောင်း အတိအကျ သိရပါတယ်ရှင်။

ဗီဇာရတာနဲ့ အမြန်ဆုံး လက်မှတ်ဝယ်ပီး ပြည်ဝင်ရမယ်လို့ ကျောင်းက ပြောပါတယ်။

💁‍♀️စိတ်ပူပြီး လာမေးနေကြလို့ ကျောင်းသားတွေ စိတ်အေးရအောင် Page မှာ တင်ပေးလိုက်ပါတယ်ရှင်။

ဗီဇာလေးတွေ အမြန်ရပြီး ကိုရီးယားကို အမြန်ဆုံး လာနိုင်ကြပါစေ။🙏

12/06/2026

🎉🎉LANGS MYANMAR မှ KYUNGSUNG UNIVERSITY မှာ 2026 September Intake 2nd Round အတွက် မြန်မာကျောင်းသား (74) ယောက် ၀င်ခွင့် ရခဲ့ပါတယ်ရှင်။👏👏

၀င်ခွင့်ရ ကျောင်းသားလေးတွေ Congratulation ပါရှင်။👏👏

💫စာရွက်စာတမ်းတွေပြင်၊ အွန်လိုင်းဖောင်တင်တာကစလို့ အင်တာဗျူးတွေ လေ့ကျင်သည်အထိ ပင်ပန်းရကျိုးနပ်ပါတယ်ရှင့်။ အတူတူ ကြိုးစားပေးခဲ့ကြတဲ့ ပါတနာ အေဂျင်စီများကိုလည်း အထူး ကျေးဇူးတင်ရပါတယ်ရှင်။🫶🫶🫶

💫စာရွက်တွေ သေချာစိစစ်ပြီးတော့ မကြာမီ VCL လျှောက်ပေးတော့မှာပါရှင်။💫

💫LANGS MYANMAR မှ ၀င်ခွင့်ရ ကျောင်းသားများ အားလုံး VISA ကို အဆင်ပြေပြေနဲ့ အမြန်ဆုံး ရရှိကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နော်။🥰

💫2nd Round လေးအတွက်လည်း လျှောက်လွှာတွေ စလက်ခံနေပြီရှင်။
Application Period - 2026 May 30 ~ 2026 Jun 23

💫အသေးစိတ် သိချင်တာများရှိရင် pageကနေ စာပို့ပြီးပဲဖြစ်ဖြစ် ဖုန်းဆက်ပြီးတော့ပဲဖြစ်ဖြစ်မေးမြန်းနိုင်ပါတယ်ရှင်
မြန်မာတာ၀န်ခံ_010-6452-6730 / 010-2750-2979

10/06/2026

안녕하세요~~여러분🙋‍♀️
🚀E-7-M ဗီဇာ အကြောင်းကတော့ အများကြီး မိတ်ဆက်ပေးစရာ မလိုလောက်ဘူးထင်ပါတယ်ရှင်

🏫Gumi University မှာ Smart Construction Machinery Engineering မေဂျာကို တက်ရမှာပါ။

🚀Bank Balance Certificate လည်း ပြစရာမလို
🚀Scholarshipကလည်း ကျောင်း၀င်ခွင့် ရတာနဲ့ ၀မ် ၁၅ သိန်း ရမှာပါ။

📌TOPIK Level 3 ရှိထားတဲ့ ယောက်ျား‌လေးဖြစ်ဖို့တော့ လိုပါမယ်ရှင့်။ ၁၀တန်းအောင်ထားဖို့တော့လိုပါမယ်နော်။

📌 မြန်မာနိုင်ငံက ကျောင်းသားတွေသာမက D-4 ကနေ D-2ပြောင်းချင်သူတွေ E-9 ကနေ D-2ပြောင်းချင်သူတွေအတွက်လည်း ခေါ်ယူပေးပါတယ်ရှင်။

📌အဓိက သင်ကြားရမည့်အရာတွေကတော့

*ဆောက်လုပ်ရေးစက်ယန္တရားများ မောင်းနှင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ဒီဇိုင်းဆွဲခြင်း လက်တွေ့ပညာ။
*Smart ဆောက်လုပ်ရေးစက်ယန္တရားများနှင့် Automation နည်းပညာ။
*လုပ်ငန်းခွင်လက်တွေ့ဆင်းခြင်းနှင့် အလုပ်သင် (Internship) အစီအစဉ်များ။
*လုပ်ငန်းခွင်သုံး ကျွမ်းကျင်မှုလက်မှတ် (License) များ ရရှိရေးနှင့် အလုပ်အကိုင်ရရှိရေး သီးသန့်သင်တန်းများ။
*သင်ကြားရမည့် စက်ပစ္စည်းများ: မြေတူးစက် (Excavator), ခက်ရင်းမြှောက်စက် (Forklift), မြေကျုံးစက် (Loader), ကရိန်းကုတ်စက် (Crane) စတာနဲ့ပတ်သတ်တာလေးတွေ သင်ရမှာပါ။

📌ဘွဲ့ရပြီးရင်လည်း Hyundai / Hanul IH&P / AJ Solution Tech/ YK Construction Equipment/ Daedong / Soosan Cebotics တို့လို ကုမ္ပဏီကြီးတွေနဲ့ ချိတ်ထားတဲ့ ကျောင်းလည်းဖြစ်တာမို့ အခွင့်အရေးတွေအများကြီးရှိပါတယ်ရှင့်

🚀ကျောင်းပြီးတာနဲ့ E-7-M (K-CORE) အလုပ်ဗီဇာ ပြောင်းလဲနိုင်မှာဖြစ်ပြီး၊ E-7-M ဗီဇာ ၅နှစ် နေပြီးတာနဲ့ F-2 ဗီဇာ လျှောက်နိုင်မှာပဲ ဖြစ်ပါတယ်။
🚀ကျောင်းတက်နေစဉ်အတွင်းမှာလည်း အချိန်ပိုင်းအလုပ်ကို ၃၅နာရီ တရား၀င်လုပ်ခွင့် ရမှာနော်

📌Application Period
1st round - 2026 May 25 ~ 2026 July 10

2nd round - 2026 July 13 ~ 2026 July 30

☎️အသေးစိတ်သိချင်တာများရှိရင် Page Messenger or Ph or Viber ဖြင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။

05/06/2026

💫Sep Intake D-2 Undergraduate ကျောင်းသားလေးတွေရဲ့ မူရင်းဖိုင်လေးတွေပါ…💫

🚀ကလေးတွေရဲ့ မူရင်းစာရွက်တွေ ပေးပို့တဲ့အခါမှာလည်း ကျောင်းက သတ်မှတ်ထားတဲ့အတိုင်း သေချာလေး စိစစ်ပြီး လိုအပ်တာမရှိရအောင် ပို့ပေးပါတယ်ရှင်…

🚀စာရွက်စာတမ်းတွေရောက်တာနဲ့ ကလေးတွေ ဗီဇာတန်းဝင်ပေးမှာမို့ ဗီဇာတွေလည်း မြန်မြန် ရကြပါစေနော်…

🙂‍↕️ဒီရက်ပိုင်း Langs Myanmar pageလေးကနေ စာပြန်တာ နောက်ကျရင်လည်း မင်မင်တို့ကို နားလည်ပေးကြပါဦနော်
감사합니다~~ 여러분🫶🫶

20/05/2026

🚀KyungSung တက္ကသိုလ်ရဲ့ 2026 Fall Semester Language Program စခေါ်နေပါပြီနော်။

✨VCLလည်းရ သံရုံးစည်းစောင့်ပေးတဲ့ အပြင် K-Seal ဆိုလည်း လက်ခံပေးပါတယ်ရှင့်။👍

✨Last Intake မှာ Visa Result လည်း အရမ်းကောင်းခဲ့တဲ့ ကျောင်းဖြစ်လို့ ဒီ Intake အတွက်လည်း လျှောက်ကြဖို့ Highly Recommend ပါနော်။💯💯💯

🗺️🌊ဘူဆန်ရဲ့ လူစည်ကားတဲ့ နေရာမှာရှိတဲ့ ကျောင်းဖြစ်လို့ အခြားကောင်းတဲ့ အချက်တွေကို ထူးပြီးပြောစရာ မလိုလောက်တော့ပါဘူးနော်။

✨သတ်မှတ်ချက်တွေကတော့
၁၀တန်းအမှတ် - 300 ၀န်းကျင်
အသက် - 27နှင့်အောက်
Education Gap - 3 years
Education Gap ၃နှစ်ကျော်သော်လည်း အလုပ်ထောက်ခံစာ သင်တန်းလက်မှတ်နဲ့ topik certificateများ တင်နိုင်ပါက ကျောင်းလျှောက်လက်ခံပါသည်။

✨လျှောက်ထားနိုင်သည့် အချိန်
1st Round (ပထမအကြိမ်)
လျှောက်လွှာလက်ခံမည့်ကာလ: May 25 ~ May 29
(Interview): June 2
2nd Round (ဒုတိယအကြိမ်)
လျှောက်လွှာလက်ခံမည့်ကာလ: May 30 ~ June 26
(Interview): June 30
ပထမအကြိမ်မှာ လျှောက်ရင် ကျောင်း၀င်ခွင့်လည်း ပိုလွယ်နိုင်ပြီး VCL လည်း မြန်မြန် ရနိုင်တာဖြစ်လို့ မြန်မြန် လျှောက်ကြဖို့ တိုက်တွန်းပါတယ်ရှင်။

💁‍♀️အသေးစိတ် သိချင်တာများရှိရင် pageကနေ စာပို့ပြီးပဲဖြစ်ဖြစ် ဖုန်းဆက်ပြီးတော့ပဲဖြစ်ဖြစ်မေးမြန်းနိုင်ပါတယ်ရှင်။
📞မြန်မာတာ၀န်ခံ_010-6452-6730 / 010-2750-2979
#경성대학교

18/05/2026

🖇️Busan University of Foreign Studies (BUFS) မှ9th Intake 2026 Master (E-Visa) ခေါ်ယူခြင်း

⭐️တက္ကသိုလ်တစ်ခုခုတွင် ဘွဲ့ ရရှိထားသူ သို့မဟုတ် ၂၀၂၆.၀၈.၃၁ နောက်ဆုံးထား၍ ဘွဲ့ ရရှိရန် မျှော်မှန်းထားသူတွေ ကျော်မသွားနဲ့နော်

💁‍♀️Qualification Requirements
⚡️အသက် ၃၀ အောက်
⚡️တက်ရောက်ခဲ့သည့် တက္ကသိုလ်တွင် ပျမ်းမျှအမှတ် GPA 70% နှင့် အထက်ရှိသူ (Average GPA ⅗)
⚡️TOPIK LEVEL 2, IELTS 5.5 , TOEFL 550 နှင့် အထက်ရရှိထားသူ
🚨TOPIK LEVEL 3 မရှိသောကျောင်းသားများ နာရီ ၃၀၀ ကိုရီးယားဘာသာစကားအတန်းကို မဖြစ်မနေ တက်ရောက်ရမည်။

⚡️(TOPIK LEVEL မရှိသော်လည်း ကျောင်းအင်တာဗျူးတွင် ကိုရီးယားဘာသာစကား အရည်အချင်းစစ်ဆေးမှု အောင်မြင်ပါက ၀င်ခွင့်ရနိုင်ပါတယ်ရှင်)

💁‍♀️လျှောက်ထားရမည့် အချိန်
15.06.2026 ~ 22.06.2026

💁‍♀️SCHOLARSHIP
စုစုပေါင်း 5 Semesters တက်ရောက်ရမှာ ဖြစ်ပြီး၊ ‌ကျောင်းလခရဲ့ 50% Scholarship ရရှိနိုင်

💁‍♀️ဘူဆန်မှာရှိ‌တဲ့ ကျောင်းကောင်းတွေထဲက တစ်ကျောင်းဖြစ် ECUလည်းဖြစ်တာမို့ လျှောက်ဖို့ Highly Recommend ပါရှင့်

💁‍♀️အသေးစိတ် သိချင်တာများရှိရင် pageကနေ စာပို့ပြီးပဲဖြစ်ဖြစ် ဖုန်းဆက်ပြီးတော့ပဲဖြစ်ဖြစ်မေးမြန်းနိုင်ပါတယ်ရှင်

🫶မြန်မာတာ၀န်ခံ_010-6452-6730 / 010-2750-2979


#부산외국어대학교 #대학원

Photos from LANGS Myanmar's post 15/05/2026

🚀KYUNGSUNG UNI မှာလျှောက်ထားတဲ့ ကျောင်းသား ၄၈ ယောက် အားလုံး VCL ရရှိပါပြီရှင်။👏👏👏

🚀SUMMER Intake (Language Program) လျှောက်တဲ့ထဲ မှာ Visa Denied ထိဖူးတဲ့ ကလေးတွေ၊ ၁၀တန်းအမှတ် နည်းတဲ့ ကလေးတွေ ပါလို့ စိတ်ပူခဲ့ ပေမယ့် ကံကောင်းစွာနဲ့ အားလုံး ၀င်ခွင့် ရခဲ့ပြီး VCL ပါရကြလို့ ပိုပြီး ၀မ်းသာရပါတယ်။

🚀နောက်ဆုံးအသုတ် လျှောက်တဲ့ကလေးတွေကိုလည်း VCL ချက်ချင်းရအောင် ကြိုးစားအားထုတ်ပေးကြတဲ့ KYUNGSUNG UNIကိုလည်း ကျေးဇူးတင်ပါရှင်။

🤝စာရွက်စာတမ်း လိုအပ်တာတွေ အဆင်ပြေအောင် အချိန်မှီ ပို့ပေးတာ၊ ကျောင်း Interview တွေမှာလည်း ကျောင်းသားတွေအတွက် အတူတူ ကြိုးစားပေးကြတဲ့ လက်တွဲဖော် အေဂျင်စီများ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ရှင်။🥰🥰

🫡နောက် Intake တွေမှာလည်း ကျောင်းသားတွေအများကြီးပို့နိုင်အောင် အတူတူ အများကြီး ကြိုးစားသွားကြပါမယ်ရှင့်။

🚀ကျောင်းသားလေးတွေ မြန်မာဘက် Visa ပြန်၀င်တဲ့ အခါမှာလည်း အားလုံးအဆင်ပြေပြီး ကိုရီးယားနိုင်ငံကိုအမြန်ဆုံး လာနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်း‌ပေးလိုက်ပါတယ်နော်။
ကိုရီးယားကိုရောက်လာရင်လည်း အတန်းချိန်တွေ မပျက်ကြဘဲ ကြိုးစားသင်ယူကြပြီး အဆင်ပြေပြေနဲ့ ရည်မှန်းချက်တွေ ပြည့်၀ကြပါစေရှင့်။

🚀ကျောင်းနဲ့ပတ်သတ်တာတွေကို အသေးစိတ် ဆွေနွေးပေးနေတာဖြစ်လို့ သိချင်တာများ ရှိရင်လည်း လာရောက် မေးမြန်းနိုင်ပါတယ်ရှင်။
LANGS MYANMARနဲ့ လက်တွဲထားတဲ့ ပါတနာ အေဂျင်စီတွေနဲ့ပါ သေချာလေး ချိတ်ဆက်ပေးနေပါတယ်နော်။

🚀အသေးစိတ် သိချင်တာများရှိရင် pageကနေ စာပို့ပြီးပဲဖြစ်ဖြစ် ဖုန်းဆက်ပြီးတော့ပဲဖြစ်ဖြစ်မေးမြန်းနိုင်ပါတယ်ရှင်
📞မြန်မာတာ၀န်ခံ_010-6452-6730 / 010-2750-2979



#경성대

Photos from LANGS Myanmar's post 14/05/2026

🏷️ဒီတစ်ခေါက်ကတော့ ကိုးရီးယားမှာရှိတဲ့ ကျောင်းသားလေးတွေ အတွက်ပါနော်

🏷️September Intakeမှာ D-4ကနေ D-2 ပြောင်းချင်တဲ့ ကျောင်းသားတွေ အတွက် ကျောင်းလျှောက်ခ တစ်ပြားတစ်ချပ်မှ မယူဘဲ Service ကြေး freeနဲ့ လျှောက်ထားပေးနေပါပြီနော်

💁‍♀️ကျောင်းရွေးရခက်နေတာပဲဖြစ်ဖြစ်
ဘာမေဂျာရွေးရမလဲ မသိတာဖြစ်ဖြစ် သေချာလေးဆွေးနွေးပေးပါတယ်။
🏷️စာရွက်စာတန်း ပြင်ဆင်ဖို့ လိုအပ်တာကအစ ဗီဇာထွက်လာသည်အထိ အစအဆုံး အကုန်တာ၀န်ယူပေးမှာ ဖြစ်လို့ စိတ်မပူပါနဲ့နော်

🖇️LANGS နဲ့ MOU ထိုးထားတဲ့ ကျောင်း ၁၄ ကျောင်းထဲကနေ ၉လပိုင်း Intake အတွက်လက်ခံနေသေးတဲ့ ကျောင်းအချို့ကို တင်ပေးလိုက်ပါတယ်။

🤷‍♀️Seoul ဘက်ရွေးချင်လား Busan ရွေးချင်လား
🤷‍♀️၂နှစ်ပဲတက်ရတဲ့ ကျောင်းကို တက်ချင်တာလား ၄နှစ်လား
🤷‍♀️ကျောင်းပြီးတာနဲ့ အလုပ်တန်းရနိုင်မယ့်ကျောင်းကိုပဲ တက်ချင်တာလား
💁‍♀️ကျောင်းသားရဲ့ အခြေအနေနဲ့ လိုက်ပြီး သင့်တော်တဲ့ကျောင်းကို ကူညီရွေးချယ်ပေးပါတယ်နော်

🏷️ကျောင်းတစ်ကျောင်းစီရဲ့ သတ်မှတ်ချက်တွေက မတူညီတာမလို့ တစ်ပုံချင်စီမှာ သေချာလေးရေးပေးထားပါတယ်ရှင်

🏷️အသေးစိတ် သိချင်တာများရှိရင် ကနေ စာပို့ပြီးပဲဖြစ်ဖြစ် ဖုန်းဆက်ပြီးတော့ပဲဖြစ်ဖြစ်မေးမြန်းနိုင်ပါတယ်ရှင်

📞မြန်မာတာ၀န်ခံ_010-6452-6730 / 010-2750-2979

📍လူကိုယ်တိုင်လာရောက် ဆွေးနွေးချင်သူများအတွက်
부산광역시 해운대구 좌동로 67, 2층

LANGS Myanmar 12/05/2026

🚀 တောင်ကိုရီးယား ကုမ္ပဏီကြီးတွင် ( 대기업 ) အလုပ်လုပ်ကိုင်ရန် အခွင့်အရေးကောင်း!

ဆိုးလ်နှင့် ဂယောင်ဂီဒိုရှိ ဆောက်လုပ်ရေးစီမံကိန်းများအတွက် Construction PM (건설 프로젝트 관리) ရာထူးဖြင့် ဝန်ထမ်းများ ခေါ်ယူနေပါသည်။

🔹 ဗီဇာ: E-7, F-2-7 လျှောက်ထားပေးနိုင်ပါသည်။
🔹 နယ်ပယ်: ဗိသုကာ၊ မြို့ပြ၊ စက်မှု၊ လျှပ်စစ် (관련 전공자)
🔹 ဦးစားပေး: TOPIK Level 5 အထက်၊ အတွေ့အကြုံရှိသူနှင့် သက်ဆိုင်ရာ နယ်ပါယ် အောင်လက်မှတ်ရှိသူ။

အလုပ်လျှောက်တာနဲ့ ဗီဇာ ပြောင်းတာတွေအထိ တာ၀န်ယူ ဆောင်ရွက်ပေးမှာမို့
စိတ်ပါဝင်စားသူများ ကိုရီးယား တာ၀န်ခံ ဖုန်း: 010-4202-1910 သို့ အမြန်ဆုံး ဆက်သွယ်မေးမြန်းနိုင်ပါသည်။

✅ အလုပ်အကိုင်အသေးစိတ်

လုပ်ငန်းခွင်တည်နေရာ: ဆိုးလ် (Seoul) နှင့် ဂယောင်ဂီဒို (Gyeonggi-do) ဧရိယာ

ရာထူး : Construction Project Management (PM)

ပြောင်းလဲ လျှောက်ထားနိုင်သည့် ဗီဇာအမျိုးအစား : E-7, F-2-7

✅ လျှောက်ထားနိုင်သည့် နယ်ပယ်များ

ဗိသုကာ (Architectural)

မြို့ပြအင်ဂျင်နီယာ (Civil)

စက်မှုအင်ဂျင်နီယာ (Mechanical)

လျှပ်စစ်အင်ဂျင်နီယာ (Electrical)

✅ ဦးစားပေးမည့်အချက်များ

သက်ဆိုင်ရာ ဘာသာရပ်ဖြင့် ဘွဲ့ရရှိထားသူ (ဦးစားပေးမည်)

ကိုရီးယားဘာသာစကား ကျွမ်းကျင်သူ (TOPIK Level 5 နှင့်အထက် ဦးစားပေးမည်)

သက်ဆိုင်ရာ အင်ဂျင်နီယာလိုင်စင်/လက်မှတ် ရှိသူ

ဆောက်လုပ်ရေး PM နယ်ပယ်တွင် လုပ်ငန်းအတွေ့အကြုံရှိသူ

📞 ဆက်သွယ်ရန်

စိတ်ပါ ၀င်စား၍ အသေးစိတ် စုံစမ်းလိုပါက အောက်ပါဖုန်းနံပါတ်သို့ ဆက်သွယ် နိုင်ပါသည်။

ကိုရီးယား တာ၀န်ခံ ဖုန်း: 010-4202-1910

LANGS Myanmar

Want your school to be the top-listed School/college in Busan?
Click here to claim your Sponsored Listing.

Telephone

Address

2F, 67 Jwadong-ro, Haeundae-gu
Busan
48082