Spring Festival
Spring Festival, イベントプランナー, Tokyoの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。
13/05/2026
မှာယူလို့ ရပါပြီ
စာအုပ်တစ်အုပ် = မျှော်လင့်ခြင်းများစွာ
RCS လုပ်ကူပေးကြပါ။
မျှော်လင့်ခြင်းဆိုတာ ရှင်သန်ခြင်းရဲ့ အင်အားတစ်ရပ်ပါပဲ... ဒီနေ့စွဲတွေထဲမှာ သင်ရှာဖွေနေတဲ့ ခွန်အားတွေ ရှိနေနိုင်ပါတယ်။
ဒီစာအုပ်ကို လက်ဝယ်ပိုင်ဆိုင်ခြင်းဟာ ကျွန်တော်တို့ရဲ့ (၉) နှစ်တာ ခရီးစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုကို အမှတ်တရအဖြစ် သိမ်းဆည်းလိုက်တာပါ။
ထိုင်း၊ စင်္ကာပူ၊ ဂျပန်၊ ကိုရီးယား၊ ဩစီ၊ အမေရိကန်နိုင်ငံတို့မှ လတ်တလော မှာယူနိုင်ပါပြီ။
အခုပဲ Clean Yangon စာမျက်နှာရဲ့ မက်ဆေ့ကနေ Hi လို့ရိုက်ပေးပါ။
#မျှော်လင့်ခြင်းများစွာ
#မျှဝေဖေးကူဒို့အတူ
12/05/2026
အထူးတိုင်း ဗျုဟာ(၃၂) ကျားသစ်နက်စစ်ကြောင်း ရဲ့
တော်လှန်ရေး ထုတ်ကုန် Defenders ခါးပတ်
မှာယူလိုရပါပြီ။
တန်ဖိုး ယန်း ၈၅၀၀ + ပို့ခ ယန်း ၅၀၀
စုစုပေါင်း ယန်း ၉၀၀၀ ကျသင့်ပါမယ်။
မေလကုန်လောက် ဂျပန်ကို ရောက်ပါမယ်ရှင့်
---
ဒီDEFEDERS ခါးပတ်လေးဟာ
ရိုးရိုး Fashion Item တစ်ခုမဟုတ်ပါဘူး။
ဒါဟာ —
🔥 ဖိနှိပ်မှုကို လက်မလျှော့တဲ့ စိတ်ဓာတ်
🔥 လွတ်မြောက်ရေးအတွက် ရပ်တည်မှု
🔥 ကျဆုံးရဲဘော်တွေကို မမေ့တဲ့ သစ္စာ
🔥 ရှေ့တန်းမှာ အသက်နဲ့ရင်းတိုက်ပွဲဝင်နေသူတွေကို ထောက်ပံ့တဲ့ နှလုံးသားဖြစ်ပါတယ်။
အဲ့ဒီအဓိပ္ပာယ်တွေအားလုံးကို သယ်ဆောင်ထားတဲ့
“တော်လှန်ရေးရဲ့ သင်္ကေတ” တစ်ခုပါ။
ဒီ DEFEDERS ခါးပတ်လေးကို ဝတ်ဆင်ထားတဲ့အချိန်မှာ
စမတ်ကျမှုတစ်ခုထက်ပိုပြီး
“ကျွန်တော်/ကျွန်မဟာ တော်လှန်ရေးနဲ့အတူ ရပ်တည်နေသူ” ဆိုတဲ့
ဂုဏ်ယူမှုကိုပါ ဝတ်ဆင်ထားရတာဖြစ်ပါတယ်။
အရေအတွက် (1000) သာ Limited ထုတ်လုပ်ထားတာဖြစ်လို့ မကုန်ခင်လေး အမြန်ဆုံး အော်ဒါတင်ထားကြပါနော် ✨
ဒီDEFEDERS ခါးပတ် ထုတ်ကုန်က ရရှိလာတဲ့ ငွေကြေးအားလုံးကို
100% စစ်ကြောင်းရဲဘော်တွေရဲ့ လိုအပ်ချက်များ၊
စစ်ဆင်ရေး နည်းပညာတိုးမြှင့်ရေးနှင့် ကျည်ကာပြားတွေ တပ်ဆင်ဖို့ရယ် ကျည်ကာဦးထုပ် တပ်ဆင် ပေးဖို့အတွက် အသုံးစရိတ်များကို
ပြန်လည်အသုံးပြုသွားမှာဖြစ်ပါတယ်။
#မျှော်လင့်ခြင်းနေ့စွဲများ မှာယူလို့ရပါပြီ။
11/05/2026
Clean Yangon (၉) နှစ်ပြည့်အမှတ်တရ ထွက်ရှိလာမယ့် "မျှော်လင့်ခြင်းနေ့စွဲများ" စာအုပ်ကို ကြိုတင် မှာယူလို့ရပါပြီ။
ဂျပန်ယန်း ၅၀၀၀ + ပို့ခ ယန်း ၂၀၀
စုစုပေါင်း ယန်း ၅၂၀၀ ကျသင့်ပါမယ်။
Pre-Order ဖြစ်ပြီး ကြာမြင့်ချိန် (၁) လခန့် ရှိနိုင်ပါတယ်။
--
ဒီစာအုပ်ထဲမှာ ခေတ်ကာလတစ်ခုရဲ့ ဖြစ်ရပ်တွေ၊ စစ်ဘေးရှောင်ပြည်သူတွေရဲ့ဘဝတွေကို ရိုက်ကူးခဲ့တဲ့ သမိုင်းမှတ်တမ်းဓာတ်ပုံများစွာကို ဝေဝေဆာဆာ ထည့်သွင်းထားပါတယ်။
အင်္ဂလိပ်-မြန်မာ (၂) ဘာသာနဲ့ ရေးသားထားလို့ နိုင်ငံတကာကပါ ဖတ်ရှုနိုင်ပါတယ်။
စာအုပ်ကရရှိတဲ့ အကျိုးအမြတ်အားလုံးကို စစ်ဘေးရှောင်ကူညီရေးလုပ်ငန်းတွေမှာ အပြည့်အဝ
အသုံးပြုသွားမှာ ဖြစ်ပါတယ်။
ငါတို့ရန်ကုန် လက်ဖက် နှင့်အကြော်စုံမှာယူထားသော
ကာစတန်မာများရှင့် ...
သယ်ယူပို့ဆောင်ရေး လမ်းကြောင်းနဲ့ ပိတ်ရက်တွေ ခံတာမို့
ပစ္စည်းတွေက ကြာမြင့်ချိန်ရှိနေပါတယ်။
လက်ဖက်တွေက မေ ၂၂ ဝန်းကျင်မှ ရောက်မှာမို့
ခေတ္တစောင့်ဆိုင်းပေးကြပါနော် ...
01/05/2026
🚨 မဝယ်မဖြစ် Deal လာပြီ! 🚨
🔥 ၃ ထုတ်ဝယ် - ၁ ထုတ် လက်ဆောင် အထူးပရိုမိုးရှင်း 🔥
ငါတို့ရန်ကုန်ရဲ့ အရသာပြည့်ဝတဲ့ လက်ဖက်ညွန့်ချဉ်စပ်
👉 လက်ဖက်ညွန့်နှပ် / လက်ဖက်ညွန့်ချဥ်စပ် / ၇ထွေကြော် ဒီ၃မျိုးထဲက ဘာအမျိုးအစားမဆို ၃ ထုတ် ဝယ်ယူသူတိုင်းအတွက် "လက်ဖက်ညွန့်ချဥ်စပ် ၁ ထုတ်" အခမဲ့လက်ဆောင်ပေးနေပါပြီ 👈
📅 ပရိုမိုးရှင်းကာလ
မေလ ၁ ရက် နေ့မှ ၇ ရက်နေ့အထိသာ
🍃 အရည်အသွေး အရသာ နှင့် ရနံ့တွေဟာ
အားပေးဖူးကြသူတိုင်း စိတ်တိုင်းကျ သဘောတွေ့လို့
စံချိန်စံညွှန်းများမပျက် ဆက်လက်ထိန်းသိမ်းပြီး
သန့်ရှင်းလတ်ဆတ်စွာ ထုတ်လုပ်ထားပါတယ်။
🎁 လက်ဆောင်ပေးဖို့လည်းကောင်း
🎉 အလှူမင်္ဂလာ၊ ပွဲလမ်းသဘင်များအတွက်လည်း သင့်တော်
🧳 ခရီးဆောင်သယ်ယူရာမှာလည်း အဆင်ပြေ
🥰 ရဲဘော်တွေကို လက်ဖက်ကျွေးကြမယ်ကမ်ပိန်းကနေလည်း လက်ဆောင်ပေးလို့ကောင်းတာမလို့
❗ ဒီအခွင့်အရေး မလွတ်ပါနဲ့ ❗
သေသပ်လှပပြီး ယုံကြည်မှုရှိစေတဲ့ packaging ကြောင့်လည်း ဝယ်ယူသူများကြားမှာ လူကြိုက်များနေတဲ့ "ငါတို့ရန်ကုန်" ပါခဗျာ။
😱 အော်ဒါလက်ခံပါပြီ၊ ယခုပဲ လှမ်းအော်လိုက်တော့🤩
နိုင်ငံတကာမှ မှာယူအားပေးချင်တဲ့သူတို့အနေနဲ့ နိုင်ငံတကာကိုယ်စားလှယ်တွေဆီမှာ 1st - 7th Mayအတွင်းမှာ Pre-order စာရင်းပေးပြီး မှာယူနိုင်ပါတယ်၊ Promotionကာလပြီးရင် နိုင်ငံအလိုက် အော်ဒါများ ပို့ဆောင်ပေးပါမယ် ခဗျာ။
✉️ Message ပို့ပြီး ချက်ချင်းယူလိုက်ကြနော် 😁
ခြေလှမ်းတိုင်းမှာငါတို့အတူရှိမယ်၊
အိမ်အရောက်ပြန်ကြမယ်။
Let's do it... .lll. "
#ငါတို့ရန်ကုန်
#အိမ်အရောက်ပြန်မယ့်ခြေလှမ်းများ
30/04/2026
ကျွန်ုပ်တို့အားလုံးတောင်းဆိုနေသည်မှာ
သက်ရှိထင်ရှား ရှိနေသေးကြောင်း "သက်သေပြရန်" တောင်းဆိုနေတာဖြစ်ပါတယ်
❌ "ဓါတ်ပုံပြရန်" မဟုတ်ပါ
Proof of life - Right now ‼️
29/04/2026
ချဉ်စပ်လည်း ရပါပြီ
ငါတို့ချဉ်စပ်
လက်ဖက်ရန်ကုန်
ငါတို့ရန်ကုန်
လက်ဖက်ချဉ်စပ်
ပရိတ်သတ်များတောင်းဆိုမှုအရ
ချဉ်စပ်လက်ဖက် အသစ် ထုတ်ပေးလိုက်ပြီနော် 🤩
အရသာ - ပိုပြင်း
ခံစားချက် - ပိုတက်
နိုင်ငံအနှံ့ delivery 🚚
Ready ဖြစ်နေပြီ။
ဝယ်ပြီးသွားရင်
Photo 📸 ရိုက် +
#ချဉ်စပ်ငါတို့ရန်ကုန် Caption ✍️ နဲ့
တင်ပေးကြပါ။
ဒီနေ့အကြောင်းပြန်ပါဦး ...
ဒီနေ့ mood ဘယ်လိုလဲ?
Comment မှာ drop လိုက် 👇
Step by step
ငါတို့ အိမ်ပြန်လမ်းကို ပြန်လျှောက်နေတယ် …
"ခြေလှမ်းတိုင်းမှာငါတို့အတူရှိမယ်၊
အိမ်အရောက်ပြန်ကြမယ်။
Let's do it... .lll. "
#ငါတို့ရန်ကုန်
#အိမ်အရောက်ပြန်မယ့်ခြေလှမ်းများ
24/04/2026
၄ လပိုင်း ၂၆ ရက်နေ့ ပွဲအတွက် အထူးအစီအစဉ်လေးပါ Sakura လေးတွေရေ 😍
🌸ငါတို့နိုင်တဲ့နေ့တွေ ပြန်တိုက်မှရမှာပါ T-shirt
🌺ကံ့ကော်ပန်းတွေခေါင်းမှာ ပန်ပေးမတဲ့ Crop-top
🌷Phyu Phyu in Japan Cap
📣ဒီ၃မျိုးကို ၂၆ရက်နေ့ပွဲမှာ 50% Off ( ¥2,000 ) ဖြင့် ရောင်းချပေးသွားပါမယ်
Phyu Phyu Figure နဲ့ Light Stick ကိုလဲ ¥500 နဲ့ Special Sale နဲ့ ရောင်းချပေးမှာနော် .... 😍
( Projector မှာ ဖြူဖြူဆိုတာ နားထောင်ရင်း အောက်ကနေ Light Stick လေးတွေနဲ့ အားပေးကြရအောင် 🎸 )
🗓️ Date: 2026 April 26 (Sunday)
🏛️ Venue: Nerima Culture Center (Nerima Station - 1 min walk)
⏰ Gate Open: 11:00 AM
🎬 Show Time: 11:45AM ~ 4:30 PM (Zoom with Phyu Phyu included)
#26426
လာမယ့် ၂၆ ရက်နေ့အတွက် လက်မှတ်တွေရနိုင်ပါသေးတယ်နော်
21/04/2026
ပြည်သူကိုချစ်သော
ပြည်သူကချစ်သော
ကျွန်တော်တို့အားလုံးချစ်ရတဲ့
ခေါင်းဆောင်စစ်စစ်
ဒေါ်အောင်ဆန်းစုကြည်ကို
သက်ရှိထင်ရှား
ကျန်းမာစွာရှိနေကြောင်း
သက်သေပြဖို့
တောင်းဆိုပါတယ်
ここをクリックしてあなたのスポンサー付きリスティングを獲得。