ASEAN HOUSE ဂျပန်အလုပ်အကိုင်/တိုခုတေးဂိနိုး
コメント
မှာ မိန်းခလေးလေးယောက်နေချင်လို့ပါ
အခန်းဌားရန်ရှိပါက အမြန်ဆက်သွရ်ပေးပါဦးနော်...
တိုကျိုနဲ့အနီးတဝိုက်အခြားနေရာ မှာရှိပါကလည်း အကြောင်းကြားပေးပါဦးနော်
အလျင်လိုနေလို့ပါ…
အကူအညီတောင်းတာပါ
🙏🙏🙏
ဂျပန်နိုင်ငံမှာ မြန်မာလူမျိုးများ အတွက် အလုပ်အကိုင် ရှာဖွေရေး Page ဖြစ်ပါတယ် 🇲🇲

ASEAN HOUSE တွင် အတူလက်တွဲ လုပ်ကိုင်ရန် ဝန်ထမ်းခေါ်ယူခြင်း 🇲🇲🇯🇵
■ အလုပ်အကြောင်းအရာ
မြန်မာလူမျိုးများအတွက် အလုပ်အကိုင်အကြံပေးတစ်ဦးအနေဖြင့် သာမက သင့်ဇာတိနိုင်ငံရှိ ငယ်ရွယ်သူများအတွက် အလုပ်အကိုင်များ မိတ်ဆက်ပေးပြီး နေထိုင်မှုဘဝအား ပံ့ပိုးပေးရမည်ဖြစ်ပါသည်။
[အလုပ်အကြောင်းအရာ]
· တိုခုတေးဂိနိုးဗီဇာဖြင့် အလုပ်လုပ်လိုသူများအတွက်အလုပ်အကိုင်မိတ်ဆက်ခြင်း
・ အလုပ်လုပ်ကိုင်လိုသူများကို SNS တွင်စုဆောင်းခြင်း (SNS စျေးကွက်ချဲ့ထွင်ခြင်း၊ Facebook၊ TikTok စသည်ဖြင့်)
・Content ဖန်တီးခြင်း
・မြန်မာလူများအတွက် မီဒီယာတွင် ဂျပန်ဘာသာစကားပို့ချခြင်းနှင့် လမ်းညွှန်ခြင်း
・မြန်မာလူများနှင့်ပုံမှန်အင်တာဗျူးများ၊ နေထိုင်ရေးထောက်ပံ့မှုများလုပ်ဆောင်ခြင်း
・တိုခုတေးဂိနိုးဗီဇာလျှောက်ရာတွင်ကူညီခြင်း
・ဘာသာပြန်/စကားပြန်ခြင်း
[အနာဂတ်တွင် တာဝန်ပေးလိုသောလုပ်ငန်းတာဝန်များ]
ကျွန်ုပ်တို့သည် လျင်မြန်စွာကြီးထွားနေသော ကုမ္ပဏီတစ်ခုဖြစ်ပြီး နိုင်ငံခြားသားများ အလုပ်အကိုင်မိတ်ဆက်ခြင်းသာမက နိုင်ငံခြားသားများအတွက် အိမ်ယာရှာဖွေခြင်းနှင့် နိုင်ငံခြားသားများကို ဦးတည်သော မီဒီယာလုပ်ငန်းစသည်ဖြင့် ဂျပန်နိုင်ငံတွင်နေထိုင်သော နိုင်ငံခြားသားများ မွေးဖွားသည်မှစပြီး သေဆုံးသည့်အချိန်တိုင်အောင် အားလုံးသော ဝန်ဆောင်မှုများကို ပေးဆောင်သော 『外国人版リクルート』ဖြစ်လာဖို့ မျှော်မှန်းပြီး ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်နေပါသည်။ အဖွဲ့ဝင်တစ်ဦးတည်းထက် ကျော်လွန်ပြီး ခေါင်းဆောင်တစ်ဦးအနေနဲ့ ကုမ္ပဏီကို ဦးဆောင်ပြီး နိုင်ငံခြားသားဈေးကွက်ကို အတူတကွ ဖန်တီးနိုင်မယ်လို့ မျှော်လင့်ပါတယ်။
・ မီဒီယာဗျူဟာရေးဆွဲခြင်း (KPI သတ်မှတ်ခြင်း၊ target ထားခြင်းစသည်ဖြင့်)
・နိုင်ငံခြားသားများအတွက် အိမ်ခြံမြေလုပ်ငန်းတိုးချဲ့ခြင်း
・နိုင်ငံရပ်ခြားဒေသတွင်း အဖွဲ့အစည်းများနှင့် ဂျပန်နိုင်ငံရှိ ပညာရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း (ပြည်ပလုပ်ငန်းခရီးစဉ်များ)
・ဂျပန်နိုင်ငံ၌ အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားဦးရေ တိုးမြင့်လာစေရန်အတွက် ဂျပန်ဘာသာစကား ပညာပေးလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ခြင်း
・ နိုင်ငံခြားတွင် လုပ်ငန်းချဲ့ထွင်တည်ထောင်ခြင်း
■ လုပ်ငန်းခံစားခွင့်များ
အလုပ်ပုံစံ- အချိန်ပြည့်ဝန်ထမ်း
လစာ- ယန်း 250,000 - 380,000 ယန်း (သတ်မှတ်အချိန်ပို နာရီ 30 အပါအဝင်)
ဘောနပ်စ် - အလုပ်မိတ်ဆက်ပေးနိုင်သောနိုင်ငံခြားသားဦးရေပေါ်မူတည်ပြီး ဘောနပ်စ်ပေးသောစနစ် (တစ်ဦးလျှင် ယန်း ၄၀၀၀~၉၀၀၀/တစ်နှစ်လျှင် သောင်း၂၀မှ ၇၀ခန့်)
အခြား
・လမ်းစရိတ်အတွက် ယန်း 15,000 အထိ
・ ဝန်ထမ်းအိပ်ဆောင် (အဆောင်/ရုံးခန်း 3F/ တစ်လ ယန်း 32,000၊ ပုံမှန်စျေးနှုန်းထက်ဝက်)
・Macbook/monitor/iPad ငှားပေးခြင်း
・ ဆုပေးစနစ် (MVP အတွက် ယန်း 30,000 ဆုကြေးငွေ)
・လုပ်ငန်းစတင်သည့်ကာလအလိုက် SO (Stock Option) ရှိ/ အမှုဆောင်ခန့်အပ်မှုရနိုင်သည် ( 5 နှစ်အကြာတွင် လုပ်ငန်းကြီးတစ်ခုဖြစ်လာ၇န်မျှော်မှန်းပါသည်)
・တစ်နှစ်လျှင် နှစ်ကြိမ် ဝန်ထမ်းလေ့ကျင့်ရေးခရီး
■ လုပ်ငန်းခွင်အခြေအနေ
အ၇မ်းကို မိသားစုဆန်တဲ့ Start-Upကုမ္ပဏီဖြစ်ပါတယ်။ ပထမဦးစွာ ရုံးခန်းက နိုင်ငံတကာနှီးနောဖလှယ်နိုင်တဲ့ Share House မှာ၇ှိပြီး လုံးချင်းအိမ်၇ဲ့ တစ်လွှာမှာ၇ှိပါတယ်။ ကိုယ့်၇ဲ့ Customer ဖြစ်လာမယ့် နိုင်ငံခြားသားတွေလည်း အတူတူနေထိုင်တာမျိုး၇ှိပြီး အတူနေ၊ အတူစားပြီး လုပ်ကိုင်နေတဲ့ မန်ဘာတွေလည်း၇ှိပါတယ်။
အလုပ်နေ၇ာ - Tokyo Shinjuku Ku Nishi Shinjuku 5-10-4 YS ビル
အလုပ်အချိန် - 9:00~18:00 (စနေ၊ တနင်္ဂနွေ၊ တ၇ားဝင်၇ုံးပိတ်၇က်)
■ လိုအပ်သောအ၇ည်အချင်း
(သေချာပေါက် လိုအပ်)
・ASEAN HOUSE နှင့် တူညီသော ခံယူချက်
・မြန်မာဘာသာစကား မိခင်ဘာသာအဆင့်ထိ ပြောနိုင်တဲ့ အရည်အချင်း
・JLPT N1 Level ခန့် စကားပြောနိုင်သော အရည်အချင်း
■ အခြားအ၇ည်အချင်းများ
(၇ှိလျှင်ကောင်းပါသည်)
・ကားမောင်းလိုင်စင်
・Start-up လုပ်ငန်းတစ်ခုမှာ လုပ်ကိုင်လိုတဲ့ ပြင်းပြတဲ့စိတ်
・SNS Marketing အတွေ့အကြုံ
■ ဒီလိုအဖွဲ့ဝင်တွေ၇ှိပါတယ်
ASEAN HOUSEတွင် စုစုပေါင်း လူ ၁၄ဦး၊ ပျမ်းမျှ အသက် ၂၈ နှစ်ရှိပြီး နိုင်ငံပေါင်း ၆ နိုင်ငံ (ဂျပန်၊ အင်ဒိုနီးရှား၊ ဂျပန်၊ ဗီယက်နမ်၊ ကနေဒါနှင့် ဂျပန်) တို့မှ အဖွဲ့ဝင်များ ပါဝင်သည်။ ဝန်ထမ်းအားလုံး၇ဲ့ ၄၀ ၇ာခိုင်နှုန်းက နိုင်ငံခြားသားများဖြစ်ပြီး၊ အမျိုးသား၊ အမျိုးသမီးအချိုးမှာ 5:5 ဖြစ်ပါတယ်။
(ဝန်ထမ်းများအသံ https://www.wantedly.com/companies/aseanhouse/stories )
■ ဒီလိုလူနဲ့ အလုပ်တွဲလုပ်ချင်ပါတယ်
· လူမှုရေးကိစ္စများကို စိတ်ပါဝင်စားသူများ၊
· လုပ်ဖော်ကိုင်ဖက်များကို ဦးစားပေးပြီးအဖွဲ့လိုက်လုပ်ဆောင်ခြင်းကို တန်ဖိုးထားသူများ
・မိမိတို့ရှေ့မှောက်တွင် ၇ှိသောဖောက်သည်များနေ၇ာမှ ခံစားပြီးစိတ်အားထက်သန်စွာ ဆောင်၇ွက်နိုင်သူများ
· တစ်ခုခုကို စိတ်အားထက်သန်စွာ ဆောင်၇ွက်ခဲ့ဖူးသော အတွေ့အကြုံရှိသူများ
・ အကျိုးတူကုမ္ပဏီတစ်ခုအနေနဲ့ အစကနေ တစ်ခုခုဖန်တီးရခြင်းကို နှစ်သက်သူများ
■ အားသာချက်များ
★တိုကျိုနှင့် အင်ဒိုနီးရှားနိုင်ငံ၊ Bandung အခြေစိုက် Global ကုမ္ပဏီဖြစ်သည်။ ကျွန်ုပ်တို့၏ဝန်ထမ်းများသည် နိုင်ငံနယ်နိမိတ်များကို ကျော်ကာ ကျွန်ုပ်တို့၏လုပ်ငန်းကို ဂျပန်နိုင်ငံတွင်သာမက ကမ္ဘာ့ဇာတ်ခုံတွင်ပါ ကျယ်ပြန့်သောရှုထောင့်ဖြင့် မြှင့်တင်သွားမည်ဖြစ်ပါသည်။
★အမျိုးတူလုပ်ငန်းများတွင် တည်ထောင်စကုမ္ပဏီ၇ဲ့ ၇သကို သေချာပေါက်ခံစားနိုင်မည်ဖြစ်သည်။
・စျေးကွက်ရှာဖွေရေးနှင့် စုဆောင်းရေး၏ အခြေခံဝင်ရိုးမှာ SNS ဖြစ်ပါတယ်
・ ဝန်ထမ်းများပျမ်းမျှအသက် 25 နှစ်ဖြစ်ပြီး အလုပ်သင်များကိုလည်း တက်ကြွစွာ ခန့်အပ်နေပါတယ်
・ ဝန်ထမ်းတိုင်းအတွက် Macbook Pro ငှားယမ်းပေးပါတယ်
・ကုမ္ပဏီတွင်းဆက်သွယ်၇ေးမှာ Slack ဖြစ်ပြီး Office ကိုမသုံးဘဲ Google ၇ဲ့ services ကိုသာသုံးပါတယ်
・လုပ်ငန်းညှိနှိုင်းမှု၏ 90% သည် Zoom
・ကုမ္ပဏီတွင်း MTG အနည်းဆုံး
မသမာသော ပွဲစားများနှင့် ဓလေ့ဟောင်းများ ပေါများနေသည့် နိုင်ငံခြားအလုပ်အကိုင်၇ှာဖွေ၇ေးလုပ်ငန်းတွင်၊ ကျွန်ုပ်တို့သည် Efficient အဖြစ်ဆုံး ကုမ္ပဏီတစ်ခုဖြစ်စေ၇န် လုပ်ဆောင်ပြီး နိုင်ငံခြားသားများနေထိုင်၇န် အဆင်ပြေသည့် လူမှုအသိုက်အဝန်းဖြစ်စေ၇န် ကြိုးစားသွားပါမည်။
★ ကုမ္ပဏီ၇ဲ့ ဆောင်ပုဒ်က {ကိုယ့်၇ဲ့အခွင့်အ၇ေးကို ကိုယ်တိုင်ဖန်တီးခြင်း}
နိုင်ငံခြားသားများအတွက် အမျိုးမျိုးသော လုပ်ငန်းများကို ကျဆင်းစေသော ပြဿနာများ
・တစ်နှစ်အတွင်း အယောက် ၁သောင်းနဲ့အထက်သော နိုင်ငံခြားသားများက လုပ်ငန်းခွင်မှ ထွက်ပြေးခြင်း
・ကို၇ိုနာကြောင့် နိုင်ငံခြားသားဝင်၇ောက်မှု ကန့်သတ်ခြင်းကြောင့် လုပ်ငန်းကျဆင်းခြင်း
・ကျွန်းနိုင်ငံဖြစ်သော ဂျပန်နိုင်ငံတွင် နိုင်ငံခြားသားများကို ခွဲခြားဆက်ဆံခြင်း
・ဘာသာစကားနှင့် ယဥ်ကျေးမှုကွဲပြားသော ဂျပန်လူမျိုးနှင့် နိုင်ငံခြားသားများကြားတွင် နားလည်မှုလွဲမှားခြင်း
★"ကျွမ်းကျင်မှု" ထက် "ရပ်တည်ချက်" ကို ပိုအလေးထားပါတယ်။ CEO က ဆင်းရဲသော မိသားစုမှ ဆင်းသက်လာပြီး “အိပ်မက်ရှိလျှင် မဖြစ်နိုင်တာမရှိ” ဆိုတဲ့ ခံယူချက်ကို အခြေတည်ပါတယ်။ အခုလက်၇ှိ အတူကြိုးစားနေကြသော မန်ဘာများလည်း လုံးဝကို အတွေ့အကြုံမ၇ှိတဲ့ လူသစ်များဖြစ်ပါတယ်။
★CEO ဖြစ်သော Sasa က မြန်မာနိုင်ငံတွင် ကျောင်းသားဘဝမှစတင်ပြီး လုပ်ငန်းတည်ထောင်ခဲ့တဲ့ အတွေ့အကြုံရှိပြီး ထို့နောက်တွင် Recruit ကုမ္ပဏီတွင် လုပ်ကိုင်ခဲ့ပြီး လုပ်ငန်းသစ်ကို တည်ထောင်ခဲ့တဲ့ အမျိုးမျိုးသော အတွေ့အကြုံကို ပိုင်ဆိုင်ထားပါသည်။ ကျနော်တို့ ကုမ္ပဏီသည် လုပ်ငန်းအနေဖြင့်ကျွမ်းကျင်မှုကို ပိုင်ဆိုင်ပြီး ကောင်းမွန်သောလူမှုအသိုက်အဝန်းဖြစ်လာစေ၇န် ပြောင်းလဲလိုသူများအတွက် နေ၇ာကောင်းတစ်ခုဖြစ်ပါတယ်။
★ကျွန်ုပ်တို့သည် လျင်မြန်စွာ ချဲ့ထွင်နေသော startup အဖွဲ့အစည်းတစ်ခုဖြစ်နေဆဲဖြစ်တဲ့အတွက်ကြောင့်၊ စနစ်၏ရှုထောင့်များစွာနှင့် အခန်းကဏ္ဍခွဲဝေမှုတို့ မရင့်ကျက်သေးသည်မှာ မှန်ပါသည်။ ဒီလို ဖရိုဖရဲဖြစ်နေတဲ့ အခြေအနေကို အတူတကွ ပြောင်းလဲပြီး ဖန်တီးနိုင်ဖို့ စိတ်ဝင်စားစရာကောင်းတဲ့ သူတွေကို ကျွန်တော်တို့ စောင့်မျှော်နေပါတယ်။
■ အလုပ်လျှောက်ပုံလျှောက်နည်း
[email protected]
ကို CV ပို့ပေးပါ။
■ ကုမ္ပဏီအကြောင်း(HP:https://aseanhouse.co.jp/ )
ကျွန်ုပ်တို့သည် နိုင်ငံခြားသားများအတွက် အလုပ်အကိုင်ရှာဖွေရေး လုပ်ငန်း/နိုင်ငံခြားသားများအတွက် အိမ်ယာလုပ်ငန်း/နိုင်ငံခြားသားများအတွက် မီဒီယာလုပ်ငန်း/အင်ဒိုနီးရှားရှိ ဂျပန်ဘာသာစကားသင်တန်းကျောင်းစီးပွားရေးကို ဖွံ့ဖြိုးတိုးတက်စေသည့် နိုင်ငံခြားသားများအတွက် အထူးပြုဖြေရှင်းပေးသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။ ယခုအချိန်အထိ နိုင်ငံခြားသား ၂၀၀၀ ကျော်ကို ပံ့ပိုးပေးခဲ့ပါတယ်။
[နိုင်ငံခြားသား အလုပ်အကိုင်ရှာဖွေရေး လုပ်ငန်း]
စားသောက်ဆိုင်များ၊ စိုက်ပျိုးရေးနှင့် သူနာပြုစောင့်ရှောက်ရေးလုပ်ငန်းများကဲ့သို့သော အလုပ်သမားရှားပါးသည့်ကုမ္ပဏီများအတွက်အရှေ့တောင်အာရှလူ့စွမ်းအားအရင်းအမြစ်များကို တိုခုတေးဂိနိုးဗီဇာဖြင့် အလုပ်မိတ်ဆက်ခြင်း၊ အိမ်၇ှာဖွေပေးခြင်း၊ ဘဏ်အကောင့်ဖွင့်၇ာတွင်ကူညီခြင်း၊ ပုံမှန်တွေ့ဆုံဆွေးနွေးခြင်းများ၊ ကုမ္ပဏီဝင်၇ာတွင်လိုအပ်သောအ၇ာများကို ကူညီခြင်းများလုပ်ဆောင်ပါသည်။
[နိုင်ငံခြားသား အိမ်ရှာဖွေရေး လုပ်ငန်း]
အရှေ့တောင်အာရှနှင့် ဂျပန်မှလူများ အတူတကွနေထိုင်သည့် “ASEAN HOUSE” နိုင်ငံတကာ ဖလှယ်ရေး Share House 3 ခုရှိပြီး နိုင်ငံခြားသားများအတွက် အိမ်ခန်းများကိုလည်း မိတ်ဆက်ပေးပါသည်။
[နိုင်ငံခြားသားများအတွက် မီဒီယာ လုပ်ငန်း]
Facebook နှင့် TikTok ကဲ့သို့သော SNS တွင် အလုပ်အကိုင်ရှာဖွေရေးမီဒီယာ 18 ခုနှင့် (ဗီယက်နမ်/အင်ဒိုနီးရှား/မြန်မာ/ကမ္ဘောဒီးယား/နီပေါ) သာစကားများတို့ကို အသုံးပြုပြီး အလုပ်အချက်အလက်၊ ဂျပန်ဘာသာစကားပညာရေးအကြောင်းအရာနှင့် ဂျပန်နိုင်ငံရှိ ဘဝအချက်အလက်တို့ကို ဖြန့်ဝေပေးနေပါသည်။ အထူးသဖြင့် မြန်မာမီဒီယာမှာ(https://web.facebook.com/aseancareerformyanmar) နိုင်ငံတွင်း၇ှိ အကြီးဆုံးမီဒီယာတစ်ခုဖြစ်ပါသည်။
[အင်ဒိုနီးရှားရှိ ဂျပန်ဘာသာကျောင်း]
အင်ဒိုနီးရှားအစိုးရ၏ အလုပ်သမားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဧရိယာစတုရန်းမီတာ ၄၆၀၀၀ ခန့်ရှိသော အစိုးရစိုက်ပျိုးရေး/အစားအစာ/စားသောက်ဆိုင် အသက်မွေးဝမ်းကျောင်းကျောင်းတွင် ဂျပန်ဘာသာစကားသင်တန်းကို ဖွင့်လှစ်ခဲ့ပါသည်။ ဂျပန်နိုင်ငံသို့ မလာရောက်မီ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားခွင့်ရရှိခြင်းစသည့် ထူးခြားသော အစပျိုးမှုများကို ကျွန်ုပ်တို့ မြှင့်တင်နေပါတယ်။
မျှော်မှန်းချက် - နိုင်ငံခြားသားများ သက်တောင့်သက်သာ နေထိုင်နိုင်သော လူ့အဖွဲ့အစည်းကို ဖန်တီးခြင်း -
ဂျပန်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ နိုင်ငံခြားအလုပ်သမားတွေရဲ့ လက်ရှိအခြေအနေကို သိပါသလား။
လုပ်ခမရသေးခြင်း၊ ခွဲခြားဆက်ဆံခြင်းနှင့် လုပ်ငန်းခွင်အကြမ်းဖက်မှုစသည့် ပြဿနာများကြောင့် နှစ်စဉ် အလုပ်သမား ၁၀,၀၀၀ ခန့် ခြေ၇ာဖျောက်သွားကြပါသည်။
ခြေ၇ာဖျောက်သွားကြသော နိုင်ငံခြားသားအလုပ်သမားများကို ပွဲစားများက ပိုဆိုးသော လုပ်ငန်းခွင်သို့ ပို့ဆောင်ခြင်း သို့မဟုတ် တ၇ားဥပဒေနှင့်မညီသောလုပ်ငန်းများသို့ ပို့တောင်ကြပါတယ်) အဲ့လိုနဲ့ ဂျပန်နိုင်ငံမှ ဝမ်းနည်းစွာ ပြန်လာကြသူများ ရှိပြီး၊ "ကျွန်တော် ဂျပန်ကို ဘယ်တော့မှ ပြန်မလာတော့ဘူး" လို့ ပြောတဲ့သူတွေ အများကြီးရှိပါတယ်။
မွေးရပ်မြေက မိသားစုတွေရဲ့ မျှော်လင့်ချက်တွေ အများကြီးပြည့်ဝဖို့ စိတ်ပိုင်းဖြတ်ပြီး ဂျပန်ကို လာခဲ့တယ်၊ ကြမ်းကြမ်းတမ်းတမ်းလုပ်ငန်းခွင်မှာ ကြိုးစားပြီး ၇တဲ့လစာ၇ဲ့တစ်ဝက်ကို မိသားစုတွေကို ပြန်ပို့ပြီး တစ်ချိန်မှာ ဂျပန်မှာသင်ယူလေ့လာခဲ့တဲ့ အတွေ့အကြုံကို အသုံးချပြီး ကိုယ့်နိုင်ငံကိုယ် ပြန်ထည်ထူထောင်တည်ဆောင်ချင်တယ်လို့ ဆိုတဲ့သူတွေ အများကြီးပါ အဲ့လိုလူတွေကို တန်ဖိုးထားပြီး အလုပ်လုပ်ကို၇လွယ်ကူတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးကြ၇အောင်။
အဲ့လို ကြိုးစားနေတဲ့သူတွေအတွက် နိုင်ငံခြားသားတွေကို၇ော လုပ်ငန်း၇ှင်တွေကို၇ော နားလည်နေတဲ့ ကျနော်တို့က ပေါင်းကူးတံတားအဖြစ်နဲ့ ကိုက်ညီတဲ့သူတွေကို ချိတ်ဆက်ပေးနေပါတယ်။ ဒုက္ခ၇ောက်နေတဲ့သူတွေ မိသားစုကို ကူညီနေတဲ့သူတွေ Japanese Dream ကို မြင်မက်ပြီး ဂျပန်ကိုလာခဲ့ကြတဲ့သူတွေ၇ှိပါတယ်။ သူတို့နဲ့အတူ ငိုကြွေး၇င်းရယ်မောရင်း သူတို့ကို ကူညီပေးတဲ့အလုပ်က အစားထိုးလို့မရပါဘူး။ အဲ့ဒါကြောင့်ကျွန်ုပ်တို့သည် နိုင်ငံခြားသားများ အတူတကွ နေထိုင်နိုင်သည့် ကမ္ဘာကို ဖန်တီးပေးနိုင်သော စိတ်အားထက်သန်သူများ ရှာဖွေနေပါသည်။
■ကိုးကား
ကုမ္ပဏီတွင်းအခြေအနေ:https://youtu.be/MJeTPEUaAmA
website:https://aseanhouse.co.jp/
CEOမှ အလုပ်အကြောင်းမိတ်ဆက်:https://youtu.be/U3r_JbkXiVE
BS12တွင်ပါဝင်ခဲ့သော ဗီဒီယို(ကန့်သတ်ထုတ်လွှင်ခြင်း):https://youtu.be/9Hr4bKRFtzI
ဝန်ထမ်းများ၏အသံ:https://www.wantedly.com/companies/aseanhouse/stories

အင်တာဗျူးအောင်တာ ဂုဏ်ယူပါတယ်
ဒီတစ်ကြိမ်မှာ တိုကျိုအလုပ်ခေါ်စာ အင်တာဗျူးကို အောင်မြင်ခဲ့တဲ့သူကတော့ မြန်မာလူမျိုး A စံ ဖြစ်ပါတယ်။
ဂျပန်စကားပြောတာလည်း တော်ပြီးတော့ အလုပ်လည်း ကြိုးစားတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ A စံ နောက်လည်း ဆက်ပြီး ကြိုးစားသွားပါနော်။ ASEAN HOUSE အနေနဲ့ အကောင်းဆုံး Support လုပ်ပေးသွားပါမယ်။
インドネシアとミャンマーをくらべます🇲🇲🇮🇩

【တိုကျိုမှာရှိတဲ့ ချင်းလူမျိုးတွေရဲ့ ဘုရားကျောင်းသို့ သွားရောက်ခြင်း ⛪️】
ကျောင်းသားဘဝတုန်းက CEO Sasa သည် ပညာရေးမှာ မပြည့်စုံတဲ့ ချင်းပြည်နယ်မှာရှိတဲ့ ကျောင်းသားတွေအတွက် ပညာဒါနလုပ်ငန်းတွေမှာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ကံစပ်စွာနဲ့ပဲ ဂျပန်မှာရှိတဲ့ တစ်ခုတည်းသော ချင်းဘုရားကျောင်းက ASEAN HOUSE ရုံးနားလေးမှာပဲ ရှိနေခဲ့ပါတယ်။ အဲ့ဒါနဲ့ပဲ ချင်းဘုရားကျောင်းကို ASEAN HOUSE မန်ဘာတွေနဲ့အတူ သွားခဲ့ပါတယ်။ ထပ်ပြီးတော့ တိုက်ဆိုင်တာက Dr.Sa Sa ကလည်း ချင်းလူမျိုးဖြစ်ပြီး CEO ဆာဆာနဲ့ နာမည်တူနေခဲ့ပါတယ်။ ချင်းပြည်နယ်က အခုဖြစ်နေတဲ့ အခြေအနေတွေကြားမှာ တော်တော်လေးကို အထိနာခဲ့ရတဲ့ ဒေသဖြစ်ပါတယ်။ Sasa နဲ့ ရေစက်ပါတဲ့ ချင်းလူမျိုးတွေ အမြန်ဆုံး ငြိမ်းချမ်းမှုရစေဖို့ ASEAN HOUSE အနေနဲ့ ဆုတောင်းပါတယ် 🙏

အင်တာဗျူး အောင်တာ ဝမ်းသာပါတယ် ညီမလေးရေ
おめでとうございます!🎉
ဒီတစ်ကြိမ် စားသောက်ဆိုင်အလုပ်နဲ့ အင်တာဗျူးအောင်သွားသူလေးဖြစ်ပါတယ်။
စကားပြောလည်းတော်ပြီး အလုပ်လည်း ကြိုးကြိုးစားစားလုပ်နိုင်တဲ့သူ တစ်ယောက်ပါ။
ကြိုးစားနော်…
ASEAN HOUSE အနေနဲ့လည်း အကောင်းဆုံး Support လုပ်ပေးသွားပါမယ်။

【CEO Sasa အား ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့် နည်းပညာ Tobitate Study Abroad Japan ဝန်ကြီးဌာန၏ ကိုယ်စားလှယ်အဖြစ် တွေ့ဆုံမေးမြန်းထားပါသည်】
CEO ဖြစ်သူ Sasa သည် အစိုးရ (ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန) မှ စီစဥ်သော Tobitate Study Abroad Japan အစီအစဉ်၏ ကိုယ်စားလှယ်အဖြစ် တွေ့ဆုံမေးမြန်းခြင်းခံခဲ့ရပါတယ်။
https://tobitate-net.com/interview/9327/
https://tobitate.mext.go.jp/zukan/detail-1771
မြန်မာလိုဘာသာပြန် ဖော်ပြလိုက်ပါတယ်။
■ပညာတော်သင်ဆိုပေမယ့်လည်း ကျောင်းမှထိုင်ပြီး စာသင်ယူရတာမဟုတ်ဘဲနဲ့၊ မြန်မာနိုင်ငံမှာ Internship သို့ လုပ်ငန်းသစ်တည်ထောင်ခြင်းဆိုတဲ့ ပုံစံအသစ်နဲ့ သွားခဲ့ခြင်းဖြစ်ပါတယ်။
■အစပိုင်းနှစ်ဝက်မှာ ဦးနေဦး စတဲ့ ရန်ကုန်ကနာမည်ကြီးဆရာကြီးများရဲ့သင်ခန်းစာတွေကို ဗီဒီယိုရိုက်ကူးပြီး ၂၅ နာရီကြာ အချိန်ယူပြီး ချင်းပြည်နယ် ဟားခါးမြို့သို့ ပို့ဆောင်ကာ ဆရာအလုံအလောက်မရှိသော မြို့ပြနှင့် ကျေးလက်ဒေသများကြား ပညာရေးကွာဟမှုကို ပေါင်းကူးပေးရန်အတွက် နိုင်ငံတကာ NPO မှ လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။
■အဲဒီနောက် ကျောင်းသားတွေအတွက် ပညာရေးဆိုင်ရာ အချက်အလက် ကန့်သတ်မှုတွေရှိတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် မြန်မာလူမျိုး ဦးအောင်ဆန်းဝင်းနှင့် အခြားသော စံပြပုဂ္ဂိုလ်များရဲ့ဘဝဇာတ်ကြောင်း ဗီဒီယိုများကို page (Live the Dream) တွင် တင်ဆက်တဲ့ လုပ်ငန်းကို တည်ထောင်ပြီး Follower ၁သန်းကျော်ရှိတဲ့ မြန်မာနိုင်ငံတွင် နံပါတ်၁ မီဒီယာဖြစ်လာခဲ့ပါတယ်။
■【အနာဂါတ်မှကျောင်းသားများသို့】ကမ္ဘာပေါ်မှာ ဂျပန်နိုင်ငံနဲ့မတူညီတဲ့ စံနှုန်း၊ တန်ဖိုးများစွာ ရှိပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် စိတ်ကျေနပ်တဲ့အထိ ထမင်းစားနိုင်တာမျိုး လျှပ်စစ်မီးမရှိပေမယ့် ချစ်ခြင်းမေတ္တာတရားဆိုတာ ရှိပြီး ဂျပန်လူမျိုးတွေ မေ့လျော့နေတဲ့ တန်ဖိုးရှိတဲ့ အရာတွေရှိပါတယ်။ အဲ့လို မတူညီကွဲပြားမှုတွေကို နားလည်မယ်ဆိုရင်၊ နောက်ပိုင်း လူ့ဘဝမှာ အလင်းရောင်တစ်ခုကို မြင်လာပါလိမ့်မယ်။ သေချာပေါက် ကမ္ဘာကြီးဆီသို့ …. မြန်မာသို့…..

【တိုကျိုမှာ မြန်မာရပ်ကွက်လို့ခေါ်တဲ့ တကဒနော့ဘဘ🇲🇲】
တိုကျို တကဒနော့ဘဘမှာ၇ှိတဲ့ Myanmar Tea House ကို ASEAN HOUSE ကို သွားခဲ့ပါတယ်။
တကယ့်ကို ခေတ်ဆန်ပြီး Decoration ကောင်းကောင်းလုပ်ထားတဲ့ ဆိုင်ဖြစ်တော့ မြန်မာလူငယ်တွေများများလာတဲ့ ဆိုင်မျိုးဖြစ်ပါတယ်။
တကဒနော့ဘဘမှာ မြန်မာလူမျိုးများမှများနော် ...
ဂျပန်မှာ မြန်မာလူမျိုးတွေများလာပြီးတော့ တကဒနောဘဘက မြန်မာရပ်ကွက်ဆိုပြီး ပိုပြီးစည်ကားလာတယ်ဆိုတာကတော့ ငြင်းလို့ကို မရတာပါ...
မရောက်ဖူးသေးတဲ့သူတွေက သွားကြည့်ကြပါနော် ...

တိုကျိုမှာရှိတဲ့ ခေါက်ဆွဲဆိုင်က ခေါက်ဆွဲလုပ်တဲ့နေရာမှာ အလုပ်လုပ်နေတဲ့ Kさんပါ။ ASEAN HOUSE က တိုးရော့ခုရှိအန်းခိကန် အနေနဲ့ ၃လတစ်ကြိမ်ပုံမှန် တွေ့ပြီး အလုပ်၊ နေထိုင်စားသောက်မှု စသည်ဖြင့် အဆင်ပြေမပြေ ဆွေးနွေးခဲ့ပါတယ်။
တကယ်ကို တက်တက်ကြွကြွနဲ့ အဆင်ပြေပြေအလုပ်လုပ်နေတာကို မြင်ရတာ ဝမ်းသာပါတယ်မောင်လေးရေ။ ရှေ့လျှောက်လည်း ကြိးစားပါနော် .... အားပေးနေမယ် .... 💪
【ဂျပန်နိုင်ငံနှင့် ပတ်သက်ဆက်နွယ်သော မြန်မာလူမျိုးများသို့】
ကျနော်တို့ ASEAN HOUSE Page ရဲ့Follower များခင်ဗျာ…
ASEAN HOUSE နဲ့ပတ်သက်ပြီး Facebook ပေါ်မှာ ပျံ့နှံ့နေတဲ့ ပို့စ်များနဲ့ ပတ်သက်ပြီး စိတ်ပူစေမိခဲ့ပါတယ်ခင်ဗျာ..
ဒီ ပို့စ်ကတော့ ASEAN HOUSE မှာ တစ်လသာအလုပ်လုပ်ပြီး ထွက်သွားခဲ့တဲ့ ဝန်ထမ်းဟောင်း မြန်မာအမျိုးသမီး တင်နေတဲ့ ပို့စ်တွေနဲ့ပတ်သက်လို့ ကျနော်တို့ ကုမ္ပဏီရဲ့ဖြေရှင်းချက်ဖြစ်ပါတယ်။
ထိုအမျိုးသမီး ပြောဆိုနေသော 「ကျနော်တို့ ကုမ္ပဏီသည် မြန်မာလူမျိုးများကို လိမ်လည်နေသည်」စသည်ဖြင့် ရေးသားထားသည်များမှာ အခြေအမြစ်မရှိသော ပြောဆိုချက်များသာဖြစ်ပါတယ်။ ထို့အပြင် အခြားသော အချက်အလက်များမှာ တဖက်သတ် မှားယွင်းစွပ်စွဲခြင်းသာဖြစ်ပါတယ်။ (အသေးစိတ်ကို အောက်တွင် ရှင်းလင်းဖော်ပြပါမည်)
အမှန်တကယ်ကို ကျနော်တို့ကုမ္ပဏီသည် Start Up ကုမ္ပဏီတစ်ခုဖြစ်ပြီး ကုမ္ပဏီကြီးများကဲ့သို့ ဝန်ထမ်းများအားလုံး သေချာပေါက် ၁၀၀ ရာခိုင်နှုန်း စိတ်ကျေနပ်မှုရနိုင်တဲ့ လုပ်ငန်းခွင်မျိုးမဟုတ်ပါ။ သို့သော်လည်း ကျနော်တို့တွင်ရှိသော အင်အားဖြင့် အတတ်နိုင်ဆုံး ဝန်ထမ်းများအတွက် အလုပ်လုပ်ကိုင်ရ လွယ်ကူစေသော လုပ်ငန်းခွင်ဖြစ်အောင် တည်ဆောက်နိုင်ရန် အားသွန်ခွန်စိုက်ကြိုးစားသွားမှာ ဖြစ်ပါတယ်။
ကျနော်တို့ကုမ္ပဏီ၏ CEO Sasa သည် မြန်မာနိုင်ငံငြိမ်းချမ်းရေးကို လိုလားလျှက် မြန်မာနိုင်ငံတွင် ၂နှစ်ကျော် လူမှုအကျိုးပြုလုပ်ငန်းများနှင့် ဒီမိုကရေစီအရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ပါသည်(Career Education Media Live the Dream Co.,Ltd ကိုတည်ထောင်ခဲ့သူလည်းဖြစ်ပါသည်)။ ထို့နောက် ကမ္ဘာ့နံပါတ် ၁ HR ကုမ္ပဏီဖြစ်တဲ့ Recruit.co.,Ltd တွင် Main Member အဖြစ်နဲ့ လုပ်ငန်းအတွေ့အကြုံကို ယူပြီးနောက်တွင် တည်ထောင်ထားသော ကုမ္ပဏီဖြစ်ပါသည်။ ထို့အပြင် အစိုးရအဖွဲ့အစည်းများနှင့် မီဒီယာများတွင်လည်း ဖော်ပြခြင်းခံခဲ့ရပါသည်။ မြန်မာလူမျိုး အယောက် ၁၀၀ကျော်ကို ကောင်းမွန်သန့်ရှင်းသော အလုပ်အကိုင် အခွင့်အရေးများကို ဖန်တီးခဲ့သော ကုမ္ပဏီဖြစ်ပြီး၊ ဂျပန်နိုင်ငံတွင်လည်း မြန်မာလူမျိုးများကို အဓိကထားသော အကြီးဆုံး တိုးရောခုရှိအန်းခိကန် ဖြစ်ပါတယ်။
ASEAN HOUSE အနေနဲ့ ကတော့ ရှေ့လျှောက်လည်း များစွာသောမြန်မာလူမျိုးများ ကောင်းမွန်သန့်ရှင်းသော လုပ်ငန်းခွင်များတွင် အလုပ်အကိုင်ရရှိရေးအတွက် အားသွန်ခွန်စိုက် ကြိုးစားသွားမှာ ဖြစ်ပါတယ်။
※「ခုထိမတောင်းပန်သေးဘူး၊ တောင်းပန်ပါ」ဆိုပြီး သူမဘက်ကနေ အဆက်မပြတ် တင်နေပေမယ့်၊ တေ့ဆိုင်စကားပြောရန်အတွက် ကျနော်တို့ဘက်မှ ကမ်းလှမ်းမှုကို ၂၀၂၃ ခုနှစ် ၇လပိုင်း ၂၂ရက်အထိ သူမဘက်မှ အကြောင်းပြန်လာခြင်းမရှိပါ။
※ကျတော်တို့ဘက်မှ ကမ်းလှမ်းမှုကို လစ်လျူရှုသည့်အပြင်၊ ယခုထက်ပို၍ SNS တွင်ပို့စ်များတင်ကာ ကျနော်တို့ရဲ့ဂုဏ်သိက္ခာကို ထိပါးလာမည်ဆိုပါက ပုဂ္ဂိလ်ရေးဆိုင်ရာ ကျူးလွန်နှောက်ယှက်မှု၊ ရာဇဝတ်မှုတို့ဖြင့် တရားဥပဒေနည်းလမ်းအရ တရားစွဲဆိုဖို့ကိုလည်း စဉ်းစားသင့်လျှင် စဥ်းစားသွားမှာဖြစ်ပါတယ်။
သူမဘက်မှ ASEAN HOUSE အပေါ် စွပ်စွဲပြစ်တင်ချက်များကို အောက်ပါအတိုင်း ဖြေရှင်းတင်ပြအပ်ပါတယ်။
■လစာငွေထဲမှ အလုပ်သမားအာမခံ အခွန်ငွေများကို မတန်မရာ ဖြတ်ယူထားခြင်း
→ ကျနော်တို့ ကုမ္ပဏီမှ ဝန်ထမ်းများအတွက် လစာတွက်ချက်ရန် စာချုပ်ဖြင့် ခန့်အပ်တာဝန်ပေးထားသော ကုမ္ပဏီ၏ မှားယွင်းသောတွက်ချက်မှုဖြစ်ပါတယ်။ ထိုကုမ္ပဏီ၏ တာဝန်ရှိသူမှလည်း ထိုအမှားကို သိရှိပြီးသည်နှင့် တပြိုင်နက် မှားယွင်းစွာဖြတ်ထားခဲ့သော အခွန်ငွေကို ပြန်လည်ပေးအပ်ပြီးဖြစ်ပါတယ်။ ယခုအမှားနှင့် ပတ်သက်၍ နောက်ထပ်တူညီသော အမှားမျိုးထပ်မံမဖြစ်ရအောင် ထိုကုမ္ပဏီမှလည်း ဆင်ခြင်သုံးသပ်နေပြီး ကျနော်တို့ ကုမ္ပဏီဘက်တွင်လည်း တာဝန်ရှိပါသည်။ သို့သော်လည်း 「မတန်မရာ ဖြတ်ယူထားသည်」ဆိုသော အသုံးအနှုန်းမှာ မမှန်ကန်ဟု ယူဆပါသည်။
■5လပိုင်းလစာ၏ အချိန်ပိုကြေးမပေးခြင်း
→ ဝန်ထမ်းများ၏ လစာကိုတွက်သော အခြားကုမ္ပဏီမှ တာဝန်ခံမှ နားလည်မှုလွဲကာ အချိန်ပိုကြေး ၃နာရီစာကို ထည့်မတွက်လိုက်ခြင်းဖြစ်ပါတယ်။ ထည့်မတွက်ထားကြောင်းသိရှိပြီးနောက်မှာတော့ ထိုဝန်ထမ်းမှ ချက်ချင်း ပေးချေပြီးဖြစ်ပါတယ်။ လစာတွက်ချက်ရန် စာချုပ်ဖြင့် ခန့်အပ်တာဝန်ပေးထားသော ကုမ္ပဏီ၏တာဝန်ခံ၏တွက်ချက်မှု ကျနော်တို့ကုမ္ပဏီမှ ဝန်ထမ်း၏ စစ်ဆေးခြင်းနှင့် Double Check လုပ်သည့်စနစ်စသည်တို့ကို သတ်မှတ်ပြီး အလားတူကိစ္စမျိုးထပ်မံမဖြစ်ပွားအောင် လုပ်ဆောင်နေပါသည်။
■အလုပ်ကမ်းလှမ်းသည့်အချိန်နှင့် အလုပ်ဝင်ပြီးချိန် ခံစားခွင့်များ ကွာခြားခြင်း
→ သူမအလုပ်ဝင်မည့်ဟု ဆုံးဖြတ်သည့်အချိန်မှ အမှန်တကယ်အလုပ်ဝင်သည့်အချိန်မှာ နှစ်ဝက်ခန့် ကြာမြင့်ပါတယ်။ ထိုအချိန်တွင် ကျနော်တို့ ကုမ္ပဏီတွင် みなし残業 သတ်မှတ်ပြီး အချိန်ပိုပါပြီးလစာစနစ်ကို စတင်ကျင့်သုံးခဲ့သောကြောင့် ခံစားခွင့်တွင် အနည်းငယ် အပြောင်းအလဲရှိခဲ့သည်ဆိုသည်မှာ မှန်ကန်ပါသည်။ သို့သော် အလုပ်မဝင်ခင်တွင် ခံစားခွင့်အပြောင်းအလဲနှင့် ပတ်သက်၍ သေချာပေါက် အပြန်အလှန်ဆွေးနွေး နားလည်မှုယူပြီး သဘောတူညီမှုရပြီးမှသာ အလုပ်စာချုပ်တွင် နှစ်ဦးသဘောတူ လက်မှတ်ထိုးခဲ့ခြင်းဖြစ်သည့်အတွက် အခုချိန်မှသာ အကျယ်ချဲ့ပြောဆိုခြင်းမှာ မျှတမှုမရှိဟု ထင်မြင်ပါသည်။
■ကုမ္ပဏီဥက္ကဌSasaက မြန်မာနိုင်ငံတွင် တည်ထောင်ခဲ့သောကုမ္ပဏီတွင် ဝန်ထမ်းကို လစာမပေးခဲ့ခြင်း
→ ကုမ္ပဏီဥက္ကဌSasa တည်ထောင်လုပ်ကိုင်ခဲ့သော Live the Dream တွင် တစ်၇က် အလုပ်ကိုပစ်ပြီး ရုတ်တရက်ရုံးကိုမလာဘဲ ပျောက်သွားခဲ့ပြီး လစာပေးချေရန်လုပ်ခဲ့သော်လည်း အဆက်အသွယ်မရခဲ့သောကြောင့် ငွေလွှဲရန်ဘဏ်အချက်အလက်များလည်းမရှိခဲ့သော ဝန်ထမ်းတစ်ဦးရှိခဲ့သည်မှာ မှန်ကန်ပါသည်။ ထိုကဲ့သို့ အဖြစ်အပျက်ရှိခဲ့သောကြောင့် Live the Dream က တမင် လစာမပေးခဲ့ခြင်းမဟုတ်ပါ။ ငွေလွှဲရန် ဘဏ်အချက်အလက်သိရှိခဲ့ပါက ယခုပင်လျှင် လစာငွေလွှဲရန် အဆင်သင့်ရှိပါသည်။
※ပိုမို၍ အသေးစိတ် မေးခွန်းများရှိပါက Direct Message ပို့ပေးမည်ဆိုပါက ကျနော်တို့ ကုမ္ပဏီမှ တိကျသေချာသော သက်သေအထောက်အထားများဖြင့် ရှင်းလင်းပြသွားမည်ဖြစ်ပါသည်။
ASEAN HOUSE ဂျပန်အလုပ်အကိုင်/တိုခုတေးဂိနိုး ဂျပန်နိုင်ငံမှာ မြန်မာလူမျိုးများ အတွက် အလုပ်အကိုင် ရှာဖွေရေး Page ဖြစ်ပါတယ် 🇲🇲

【🎉အလုပ်ခန့်အပ်ခံရခြင်းအတွက် ဂုဏ်ယူပါတယ်👏】
တိုကျိုစားသောက်ဆိုင်လုပ်ငန်းမှာ အလုပ်အင်တာဗျူးအောင်တဲ့အတွက် ဝမ်းသာပါတယ်။
တကယ်တော့ အင်တာဗျူးအောင်တာ ၂လလောက်ရှိပြီး အလုပ်မှာလည်း ကောင်းကောင်းမွန်မွန်လုပ်နိုင်နေတယ်ကြားရတာ ဝမ်းသာပါတယ်။
ဆက်ပြီးလည် ASEAN HOUSE ကနေ Support လုပ်ပေးသွားပါမယ်။
【မြန်မာစားသောက်ဆိုင် Golden Baganမှာ ဒင်နာကျင်းပ🇲🇲】
ပြီးခဲ့တဲ့ရက်က ASEAN HOUSE member တွေနဲ့ မြန်မာစားသောက်ဆိုင်ကို သွားပြီး ဒင်နာကျင်းပခဲ့ပါတယ်။
မြန်မာအစားအစာကို ပထမဆုံးစားဖူးတဲ့ member တွေလည်းရှိပေမယ့် တော်တော်များများကြိုက်ကြတယ်။ အစပ်ကတော့ တို့မြန်မာလူမျိုးတွေလောက် မစားနိုင်ကြရှာဘူး 🤣
ASEAN HOUSE က မြန်မာလူမျိုးတွေကို အဓိကထားပြီး အလုပ်မိတ်ဆက်ပေးနေတဲ့ ကုမ္ပဏီဖြစ်တာကြောင့်မလို့ မြန်မာလူမျိုးတွေရဲ့ ယဥ်ကျေးမှုနဲ့ တွေးခေါ်စဥ်းစားပုံကို သိထားဖို့လိုတယ်။ အဲ့ဒါကို သေချာနားလည်အောင်လုပ်ပြီး မြန်မာလူမျိုးတွေအတွက် အကောင်းဆုံးဝန်ဆောင်မှုကို ပေးသွားနိုင်ဖို့ ကြိုးစားပါမယ်။ 🔥
Golden Bagan မှာစားတာလည်း တော်တော်လေးကို စားလို့ကောင်းခဲ့ပါတယ်။ ဆိုင်ရှင်အန်တီမိုမိုကလည်း အရမ်းကို သဘောကောင်းလို့ အားလုံးလည်း သွားကြည့်ကြပါနော်🤗

【CEO Sasa Diversity Times တွင် မြန်မာနိုင်ငံနှင့် ပတ်သက်တဲ့ အတွေးကို ပြောဆိုခဲ့ပါတယ် 】
CEO Sasa က GTN မှ ဦးစီးတဲ့ Diversity Times သတင်းစာတွင် ဖော်ပြခြင်းခံခဲ့ရပါတယ်။
ဆောင်းပါလင့်ကို ကွန်မန့်တွင်ကြည့်ပါ
မြန်မာလိုဘာသာပြန် ဖော်ပြလိုက်ပါတယ်။
■မိဘတွေကွာရှင်းပြတ်စဲပြီး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေကျရှုံး ဘဝနဲ့ပတ်သတ်ပြီး အဆိုးမြင်နေခဲ့ပေမယ့် ပညာတော်သင်သွားခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံမှာ ကိုယ့်ကိုယ်ကိုယ်မသနားနိုင်လောက်အောင် ဘဝအခြေအနေတွေကို ခက်ခက်ခဲခဲ ကိုင်တွယ်ဖြေရှင်းနေရတဲ့လူတွေကို မြင်လိုက်ရတော့ အံ့သြတုန်လှုပ်ခဲ့ရာမှ အရာအားလုံး အစပြုခဲ့ပါတယ်။
■အစကတော့ ရှက်တတ်တဲ့ မြန်မာလူမျိုးတွေကို မကြိုက်ပေမယ့် နောက်ပိုင်းမှာ မြန်မာနိုင်ငံမှာ ပညာရေး NPO နဲ့ မြန်မာနိုင်ငံက လူငယ်တွေအတွက် အသက်မွေးဝမ်းကြောင်း ပညာပေး ပရောဂျက်တွေကနေတဆင့် သူတို့ပတ်ဝန်းကျင်က လူတွေကို ဂရုတစိုက်ရှိကြတဲ့ မြန်မာလူမျိုးတွေကို သဘောကျလာခဲ့တယ်။
■မြန်မာနိုင်ငံမှာ အသုံးပြုသူ ၁ သန်းကျော်ရှိတဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ မီဒီယာကို ဖန်တီးနိုင်ခဲ့ပြီး ကမ္ဘာကြီးကို ကိုယ်တိုင်ပြောင်းလဲနိုင်ခဲ့တယ်လို့ ခံစားခဲ့ရပါတယ်။ Sasa ရဲ့ ကျေးဇူးကြောင့် ကျွန်တော် ပိုက်ဆံပို့ပြီး ညီမလေးကို ကျောင်းပို့နိုင်ခဲ့ပါတယ်လို့ ကျေးဇူးတင်စကားပြောခံရတဲ့အခါမှာ ပိုပြီးကြီးမားတဲ့ လုပ်ငန်းကို တည်ထောင်နိုင်တဲ့ လုပ်ငန်းရှင်တစ်ဦးဖြစ်လာဖို့ အိပ်မက်ဖြစ်လာခဲ့ပါတယ်။
■ကျွန်တော် မြန်မာကို ကြိုက်ပြီး ဒီအကြောင်းကို အမြဲပြောနေတော့ ဘွဲ့ရအသစ်ဝင်လာတဲ့ ဝန်ထမ်းတစ်ယောက်အနေနဲ့ ကုမ္ပဏီကို စဝင်တုန်းက မြန်မာလို့ နာမည်ပြောင်ခေါ်ခံခဲ့ရပါတယ်။
ဂျပန်ကို လာချင်တဲ့ မြန်မာတွေက ဂျပန်ကို အိပ်မက်မက်ပေမယ့် တာကာဒါနိုဘာဘာမှာ ဂျပန်မှာ အလုပ်လုပ်တဲ့ မြန်မာတွေနဲ့ စကားပြောတဲ့အခါမှာတော့အလုပ်မှာ ခွဲခြားဆက်ဆံခံရပြီး ဂျပန်ကို ဘယ်တော့မှ မလာတော့ဘူးလို့ ပြောတာကို ကြားခဲ့ရပါတယ်။ အဲ့လိုအခြေအနေတွေကို ပြောင်းလဲဖို့အတွက် ASEAN HOUSE ကို တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။
■အာဏာသိမ်းပြီးချိန်မှာတော့ မြန်မာကုမ္ပဏီ Live the Dream ကို စစ်တပ်က စီးပွားရေးကနေ ထုတ်ပယ်ခဲ့တဲ့အတွက် အရမ်းကို မခံချိမခံသာ ခံစားခဲ့ရပါတယ်။
■အာဏာသိမ်းမှုဒဏ်ကို ခံနေရတဲ့ မြန်မာနိုင်ငံအတွက် ဂျပန်မှာ ဘာလုပ်ပေးနိုင်မလဲ ဆိုတာကို တွေးပြီး ASEAN HOUSE မှာ လစ်လပ်နေတဲ့ အခန်းတစ်ခုမှာ မြန်မာနိုင်ငံကို မပြန်နိုင်တဲ့သူတွေကို လက်ခံခဲ့ပါတယ်။ အားပေးစကားများ ပေးပို့ခြင်း၊ မြန်မာပြည်၏ “ယခု” ကို လူအများသိစေရန် အခမ်းအနားများ ကျင်းပခြင်းနဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပြီး ထောက်ခံအားပေးခဲ့ပါတယ်။
■အာဏာသိမ်းမှုဟာ အလွန်ကံဆိုးပြီး စိတ်ပျက်စရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုပါ၊ ဒါပေမယ့် နောက်ပြန်ကြည့်မယ့်အစား Meiji ခေတ်ပြန်လည်ထူထောင်ရေးလိုမျိုး မှတ်ယူစေချင်ပါတယ်။ ဂျပန်နိုင်ငံသည်လည်းပဲ လွန်ခဲ့သောနှစ်ပေါင်း ၁၅၀ က အလားတူအခြေအနေမျိုးတွင်ရှိခဲ့သော်လည်း လူငယ်အချို့သည် ဆာမူရိုင်းကို အနိုင်ယူကာ ဒီမိုကရေစီအစိုးရကို ထူထောင်ခဲ့ပါတယ်။ ယနေ့ ဂျပန်နိုင်ငံရှိ မြန်မာလူမျိုးများသည်လည်း ထိုသို့သော အခြေအနေမျိုးကို ဖန်တီးနိုင်တယ်မဟုတ်ဘူးလား။ သူတို့ကို ထောက်ခံအားပေးခြင်းက Sasa ရဲ့ ထုတ်ဖော်မပြခဲ့တဲ့ ပန်းတိုင်တစ်ခုဖြစ်ပါတယ်။

【စားသောက်ဆိုင်အလုပ်မှာ အင်တာဗျူးအောင်သွားတဲ့သူတွေကို ကုမ္ပဏီက ကျင်းပပေးတဲ့ ကြိုဆိုပွဲ 🍽】
အလုပ်အင်တာဗျူးအောင်တဲ့သူတွေ အားလုံးအတွက် ဂုဏ်ယူပါတယ်🎉
တကယ်ကောင်းတဲ့ ကုမ္ပဏီကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဝင်ခွင့်ရကြတဲ့အတွက် အရမ်းကို ဝမ်းသာရပါတယ်။ အခုဝင်သွားတဲ့ ကုမ္ပဏီက အမျိုးမျိုးသော စားသောက်ဆိုင် ဆိုင်ခွဲတွေအများကြီးရှိပြီး မကြာခင်မှာ နှစ်ပေါင်း ၁၀၀ ပြည့်တော့မယ့် ကုမ္ပဏီဖြစ်ပါတယ်။ အသစ်ဝင်မယ့် နိုင်ငံခြားသားဝန်ထမ်းတွေအတွက် သီးသန့်ကြိုဆိုပွဲလုပ်ပေးပြီးတော့၊ တကယ့်အလုပ်ရှုပ်တဲ့ ကြားကနေ ကုမ္ပဏီဥက္ကဌကိုယ်တိုင် အချိန်ပေးတက်ရောက်ပေးခဲ့ပါတယ်။ ASEAN HOUSE ဝန်ထမ်းလည်း အတူတက်ရောက်ခဲ့ပြီး ဘာသာပြန်လုပ်ပေးခဲ့ပါတယ်။ နိုင်ငံခြားသားဝန်ထမ်းတွေအတွက် အဆောင်လည်းပြင်ထားပေးတဲ့ တကယ့်ကို ကောင်းတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်🎶
ရှေ့လျှောက်လည်း ပြုံပြုံရွှင်ရွှင်နဲ့ အလုပ်ဆက်လုပ်သွားနိုင်ဖို့ ASEAN HOUSE အနေနဲ့ အတတ်နိုင်ဆုံး Supporting လုပ်သွားပါမယ်။

【ASEAN HOUSE CEO Sasa ဂျပန်နိုင်ငံမှာ အကြီးဆုံး အဆာဟိသတင်းစာတွင် ဖော်ပြခံရခြင်း ☀️】
ASEAN HOUSE CEO Sasa က မြန်မာနိုင်ငံမှာ လုပ်ဆောင်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံမှာ အကြီးဆုံး အဆာဟိသတင်းစာမှာ ဖော်ပြခြင်းခံခဲ့ရပါတယ်။
ဆောင်းပါး:https://www.asahi.com/articles/ASN853FXPN84UHBI029.html
ဗီဒီယို:https://youtu.be/uU8zMLdDUpI
မြန်မာလိုဘာသာပြန် ဖော်ပြလိုက်ပါတယ်။
■CEO Sasa ကကျောင်းသားဘဝတုန်းက ဂျပန်အစိုးရဆီကနေ ရရှိတဲ့ စကောလားရှစ်နဲ့ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး မြန်မာအထက်တန်းကျောင်းသားနဲ့ တက္ကသိုလ်ကျောင်းသားတွေအတွက် Career Education နဲ့ဆိုင်တဲ့ ဗီဒီယိုတွေကိုတင်ဆက်တဲ့ ဗီဒီယိုတွေကို ထုတ်လုပ်တဲ့ လုပ်ငန်းကို တည်ထောင်ခဲ့ပါတယ်။
■ပထမ၆လမှာ ဦးနေဦး စတဲ့ ရန်ကုန်ကနာမည်ကြီးဆရာကြီးများရဲ့သင်ခန်းစာတွေကို ဗီဒီယိုရိုက်ကူးပြီး ၂၅ နာရီကြာ အချိန်ယူပြီး ချင်းပြည်နယ် ဟားခါးမြို့သို့ ပို့ဆောင်ကာ ဆရာအလုံအလောက်မရှိသော မြို့ပြနှင့် ကျေးလက်ဒေသများကြား ပညာရေးကွာဟမှုကို ပေါင်းကူးပေးရန်အတွက် နိုင်ငံတကာ NPO မှ လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။
■အဲဒီနောက် ကျောင်းသားတွေအတွက် ပညာရေးဆိုင်ရာ အချက်အလက် ကန့်သတ်မှုတွေရှိတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် မြန်မာလူမျိုး ဦးနေအောင်နှင့် အခြားသော စံပြပုဂ္ဂိုလ်များရဲ့ဘဝဇာတ်ကြောင်း ဗီဒီယိုများကို page (Live the Dream) တွင် တင်ဆက်တဲ့ လုပ်ငန်းကို တည်ထောင်ပြီး Follower ၁သန်းကျော်ရှိတဲ့ မြန်မာနိုင်ငံတွင် နံပါတ်၁ မီဒီယာဖြစ်လာခဲ့ပါတယ်။
■ထို့နောက် မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှပြည်သူများအတွက် ပိုတန်ဖိုးရှိတဲ့အရာကို ပေးဆပ်နိုင်ဖို့အတွက် Indeed စတဲ့ ဝန်ဆောင်မှုတွေကို ပေးနေတဲ့ ကမ္ဘာ့နံပါတ်၁ HR ကုမ္ပဏီ Recruit တွင် ဝင်ရောက်ပြီး အသင့်တော်ဆုံး အလုပ်မိတ်ဆက်ခြင်းနဲ့ဆိုင်တဲ့ အခြေခံကို သင်ယူခဲ့ပါတယ်။
■မြန်မာနိုင်ငံမှာ ဂျပန်လူမျိုးတွေ အလုပ်လုပ်သင့်တဲ့အချက်က 「ဂျပန်မှာမေ့နေကြတဲ့ ချစ်ခြင်းမေတ္တာကို ခံစားပြီး အမှန်တကယ် ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်ကို နားလည်နိုင်ခြင်း」နဲ့ 「ဂျပန်နိုင်ငံကို သဘောကျကြတဲ့သူတွေကြားမှာ နေ့စဥ်ပျော်ရွှင်မှုကို ခံစားပြီး လူ့ဘောင်လောကအတွက် အကျိုးပြုနိုင်ခြင်းကို ခံစားရခြင်း」ပဲဖြစ်ပါတယ်လို့ CEO Sasa က ပြောဆိုခဲ့ပါတယ်။

【အလုပ်ဝင်၊ အိမ်ပြောင်း Support】
မြန်မာလူမျိုး K さん 🇲🇲
တိုကျိုမှာရှိတဲ့ စားသောက်ဆိုင်လုပ်ငန်းမှာ အလုပ်ဝင်သွားမှာဖြစ်ပါတယ်။
ASEAN HOUSE ဝန်ထမ်းမှ အလုပ်ဝင်တာနဲ့ အိမ်ပြောင်းတာကို Supporting လုပ်ပေးခဲ့ပါတယ်။🎶
ဒီကရှေ့လည်း လုပ်ငန်းခွင်မှာ ပျော်ပျော်ရွှင်ရွှင်အလုပ်လုပ်နိုင်ဖို့ အတတ်နိုင်ဆုံး Support လုပ်ပေးသွားပါမယ်။

ယခုအပတ်အတွက် အမြန်ခေါ်ယူနေသော စားသောက်ဆိုင် အလုပ်ခေါ်စာများ ....
စာမေးပွဲ အောင်စာ၇င်းစောင့်နေသူတွေလည်း လျှောက်ထားနိုင်ပါပြီ...

T183
■အလုပ်နေရာ
Hokkaido
■အလုပ်အကြောင်းအရာ
နွားမွေးမြူရေးနှင့် ထိမ်းသိမ်းစောင့်ရှောက်ခြင်း
■ထူးခြားချက်
・အဆောင်အခမဲ့!
・အိမ်သုံးပရိဘောဂ၊ လျှပ်စစ်ပစ္စည်းပါပြီး၊ စက်ဘီးထောက်ပံ့
・အခြားအမျိုးမျိုးသော အထောက်အပံ့များရှိ

T179
■အလုပ်နေ၇ာ
Tokyo(Toshima)
■အလုပ်အမျိုးအစား
စားသောက်ဆိုင်ဟောလု စားဖို
■ထူးခြားချက်
・လတိုင်းလစာတိုးနိုင်မယ့်အခွင့်အ၇ေး၇ှိ!
・နိုင်ငံခြားသားစီနီယာများ၇ှိ!

T174
■အလုပ်နေရာ
Osaka, Nara, Hyogo
■အလုပ်အမျိုးအစား
Tonkatsu ဆိုင် ဟောလုနှင့် စားဖို
■ထူးခြားချက်များ
・ကောင်းမွန်စွာ သင်ကြားပေးပြီး Career-Up အလားအလာကောင်းခြင်း
・နိုင်ငံခြားသားဝန်ထမ်းများရှိပြီး နိုင်ငံခြားသားများအတွက် လိုအပ်သည်များကို တာဝန်ယူဆောင်ရွက်ပေးခြင်း
・အဆောင်ရှိခြင်း (တစ်ယောက်ခန်း)

【🎉အလုပ်ခန့်အပ်ခံရခြင်းအတွက် ဂုဏ်ယူပါတယ်👏】
ပြီးခဲ့တဲ့အပတ်က အခုအလုပ်ရသွားတဲ့ အမရဲ့ကြိုဆိုပွဲကို သွားခဲ့ပါတယ်။ အလုပ်ဝင်နေတာလည်း ၂လလောက်ရှိပြီ။ ကြိုဆိုပွဲမှာတွေ့ပြီး အခြေအနေမေးကြည့်တဲ့အခါ တကယ့်ကို အခက်အခဲမရှိ ပျော်ပျော်ရွှင်ရွှင်လေးဖြစ်နေတာကို မြင်ရတာ တကယ်ကို ဝမ်းသာပါတယ်။ ရှေ့လျှောက်လည်းအရာအားလုံး အဆင်ပြေချောမွေ့ပါစေ.....
内定おめでとうございます。🥳
တိုခုတေးဂိနိုးအမှတ်(၂)ကို အတည်ပြုလိုက်ပါပြီ...🎉
လိုအပ်ချက်တွေက ဘာတွေလဲ...
ပဟေဠိပေါင်းများစွာနဲ့....

【ASEAN HOUSE မန်ဘာများနဲ့အတူ ဘုန်းကြီးကျောင်းတက်🙏】
ပြီးခဲ့တဲ့အပတ်က ဆိုင်းတမမှာရှိတဲ့ မြန်မာဘုန်းကြီးကျောင်းကို ASEAN HOUSE မန်ဘာတွေနဲ့ အတူသွားခဲ့တယ်။
မြန်မာလူမျိုးတွေရဲ့ ဓလေ့စရိုက်၊ဘာသာတရား၊ ကိုးကွယ်ယုံကြည်မှုစတာတွေကို ဘုန်းဘုန်းဆီကနေ အများကြီးလေ့လာခွင့် ရခဲ့ပါတယ်။
ASEAN HOUSE မန်ဘာတွေအနေနဲ့လည်း မြန်မာလူမျိုးတွေအကြောင်းကို ပိုပြီးသိလာ၊ နားလည်လာလိမ်မယ်လို့ မျှော်လင့်ပါတယ်။
ဒီက ရှေ့လျှောက်လည်း မြန်မာလူမျိုးတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီးဖန်တီးနိုင်ဖို့ ဆက်ပြီးကြိုးစားသွားပါမယ်။
မြန်မာနိုင်ငံလည်း အခက်အခဲအကျပ်အတည်းကြားကနေ အမြန်ဆုံးရုန်းထွက်နိုင်ဖို့ ဆုတောင်းပါတယ် 🙏
အလုပ်များတဲ့ကြားကနေ တကူတကအချိန်ပေးတဲ့ ဘုန်းဘုန်းကိုလည်း ကျေးဇူးအများကြီးတင်ပါတယ် 🙇♂️

အလုပ်မှာ အောင်မြင်ဖို့အတွက် စကားများ ကြိုးစားနေတဲ့ သင့်အတွက်
ဂျပန်နိုင်ငံက လုပ်ငန်းခွင်အတွင်းဆက်ဆံရေး

အလုပ်အကိုင်နဲ့ ပတ်သက်သော စကားလုံးများ

ဒီအပတ်မှာ အမြန်ခေါ်နေတဲ့ အလုပ်ခေါ်စာတွေဖြစ်ပါတယ်။
စိတ်ဝင်စားရင်Messenger က တဆင့် ဆက်သွယ်ပေးပါခင်ဗျာ။
【ASEAN HOUSE မိတ်ဆက်ဗီဒီယိုလေး ပြီးသွားပါပြီ!】
နိုင်ငံနဲ့ လူမျိုး ဆိုတာ အသာထား
နေချင်တဲ့နေချင်တဲ့ နေရာမှာ နေနိုင်ရမယ်
အဲ့လို ကုမ္ပဏီမျိုးကို တည်ထောင်ဖို့ အတူ အလုပ်လုပ်ကြရအောင် 。。。
အတူလုပ်ကိုင်နိုင်တဲ့သူကို အစွမ်းကုန် ရှာဖွေနေလို့
စိတ်ဝင်စားရင် ဆက်သွယ်နိုင်ပါတယ်🔥
🧑💻 မြန်မာလူမျိုးများအတွက် အလုပ်မိတ်ဆက်ခြင်း၊ အင်တာဗျူး လေ့ကျင့်ခြင်း၊
ဂျပန်စာသင်ကြားခြင်း၊ အလုပ်ရှာဖွေသူများကို စုဆောင်းဖို့အတွက် Marketing ဘာသာပြန်နှင့် စကားပြန် စသည်ဖြင့်
💰 လစာ ၂၅ သောင်းမှ သောင်း ၄၀ +ဘောနပ်စ်နှင့် လစာတိုးရှိ
🚇 Toei Oedo Line Nishi Shinjuku 5 Chome ဘူတာမှ လမ်းလျှောက် ၃ မိနစ်
JR Yamanote LIne Shinjuku ဘူတာမှ လမ်းလျှောက် မိနစ် ၂၀
🤲 Macbook ထောက်ပံ့ခြင်း၊
နိုင်ငံခြားသားဝန်ထမ်း ၄၀ ရာခိုင်နှုန်း၊
ကုမ္ပဏီတွင်း ဝန်ထမ်းလေ့ကျင့်ရေးခရီးစဥ်ရှိ၊
အမျိုးသား အမျိုးသမီး ဝန်ထမ်း အချိုး ၅၀:၅၀
ဝန်ထမ်းများ၏ ပျမ်းမျှအသက် ၂၈ နှစ်
▼အလုပ်ခေါ်စာ အသေးစိတ်ကို ဒီမှာကြည့်ပါ
https://en-gage.net/aseanhousejapan_career/
▼ဝန်ထမ်းများ၏အသံ
https://www.wantedly.com/companies/aseanhouse/stories

T181
■အလုပ်နေရာ
Aichi
■အလုပ်အမျိုးအစား
စားသောက်ကုန်လုပ်ငန်း ( မုန့်လုပ်ခြင်း )
■ထူးခြားချက်များ
・နိုင်ငံခြားသားစီနီယာများရှိခြင်း
・အဆောင်ရှိခြင်း၊ ပရိဘောဂနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းရှိခြင်း၊ စက်ဘီးထောက်ပံ့ပေးခြင်း

ပျော်ပျော်ရွှင်ရွှင် လေ့လာရန် အလုပ်အကိုင် စကားလုံးများ
〜Shareလုပ်ပြီးသိမ်းထားနော်〜

T176
■နေရာ
Chiba Ken
■အလုပ်အမျိုးအစား(လုပ်ရမည့်အလုပ်)
ဘိုးဘွားရိပ်သာရှိ ပြုစုစောင့်ရှောက်ရေးလုပ်ငန်း
■ထူးခြားချက်
・အဆောင်ရှိ(ပရိဘောဂ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းပါပြီး!)
・လစာတိုး၊ ဘောနပ်စ်ရှိ
・နိုင်ငံခြားသားစီနီယာရှိ!

【 မြန်မာလူမျိုး တိုခုတေးဂိနိုး ဗီဇာဖြင့် အလုပ်လုပ်နေသူများအတွက် အလုပ်ခေါ်စာ 🙋♀️🇲🇲】
စိတ်ဝင်စားပါက ရင်းရင်းနှီးနှီး လာရောက်ဆက်သွယ်၊ ဆွေးနွေးနိုင်ပါသည်။ 👌
★ ဤ page ကတော့ မြန်မာလူမျိုးများ ဂျပန်နိုင်ငံရှိ အလုပ်အကိုင်များ ရှာဖွေနိုင်သော Page ပဲဖြစ်ပါတယ် 🇲🇲
(တိုခုတေးဂိနိုး၊ အထူးကျွမ်းကျင်လုပ်သား၊ အချိန်ပိုင်းအလုပ်၊ အလုပ်ဗီဇာနှင့် လုပ်ကိုင်နိုင်သောအလုပ် စသည်ဖြင့်) အလုပ်ခွင်မှာအသုံးပြုနိုင်မဲ့ ဆောင်းပါးများကိုလည်း တင်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့် Follow လေးလုပ်ထားပေးကြပါ 😊
★★စိတ်ဝင်စားသူများ မက်ဆင်ဂျာမှ ဆက်သွယ်ပေးပါရန်★★
ခေါ်ယူနေဆဲ အလုပ်ခေါ်စာများ
ဒီအလုပ်ကို စိတ်ဝင်စားတဲ့သူများ စာပို့ပြီး စုံစမ်းမေးမြန်းနိုင်ပါတယ်။
https://linktr.ee/aseanhousemyanmar
#ဂျပန်
#ဂျပန်အလုပ်ကိုင်
#အလုပ်ခေါ်စာ
#အလုပ်အမြန်ခေါ်ပါသည်
#တိုခုတေးဂိနိုး
#တိုခုတေးဂိနိုးအလုပ်အကိုင်များ
#ဂိနိုးဂျိရှူးဆေး
ここをクリックしてあなたのスポンサー付きリスティングを獲得。
ビデオ (すべて表示)
カテゴリー
事業に問い合わせをする
ウェブサイト
住所
Shinjuku-ku, Tokyo
8-1 View Tower 4F, Yokamachi, Hachioji
Shinjuku-ku, 192-0071
We introduce volunteers to clinical trials at P-One Clinic in Tokyo.
Shinjuku-ku
Tuyển dụng, giới thiệu việc làm cho người nước ngoài, tuyển dụng kĩ sư, Toku
〒160-0022 東京都新宿区新宿4-2-23 新四curumuビル10階
Shinjuku-ku, 160-0022
En Medicalは、医療法人社団が運営する就職・復職、転職のための求人サイト
新宿区高田馬場1-29-7 スカイパレスビル 802
Shinjuku-ku, 169-0075
外国人向けの就職・転職支援センター The foreigner who wants to work in Japan. We are supporting to get all types of job. join us today. Hỗ trợ việc làm toàn thời gian cho người nước ngoài tại Nhật ...
西新宿1-25-1 新宿センタービル36階
Shinjuku-ku, 163-0636
Konnichiwa! Support GRATIS! TSK dengan nomor 22登-007450. Yang di Indonesia OK, yang di Jepang OK!
新宿3-5-6キュープラザ新宿三丁目4階ビジネスエアポートR 402
Shinjuku-ku, 160-0022
Hello everyone! Ureshii Recruitment.style VNはベトナム人の方のお仕事情報サイトです。ぜひ、応募をお待ちしています📄
新宿区高田馬場4-9-14, ふみビル4階
Shinjuku-ku, 1690075
Công ty chúng tôi là công ty của Nhật hỗ trợ việc làm cho người Việt Nam tại Nhật Bản.
西新宿7-5-11 エンタープライズワン5階
Shinjuku-ku, 160-0023
KANPAIするだけでキャリアが描けるカンパイヒュッテのキャリア支援サービ?