Wynn Mandalay Agency

Wynn Mandalay Agency

Oversea Employment Agency

Photos from Wynn Mandalay Agency's post 12/01/2024

နေရာအတိအကျ Demand များတင်လို့ရပါပြီ

Photos from Wynn Mandalay Agency's post 12/01/2024

Demand များတင်လို့ရပါပြီ။

Photos from Wynn Mandalay Agency's post 12/01/2024

ယနေ့မှစ၍ Demand များကိုယ်ချပြပါမည်။

"ဂျပန်နိုင်ငံတွင် ကုမ္မဏီထူထောင်လိုက်သည့်မြန်မာအမျိုးသမီး ဒေါက်တာသင်ဇာ" 09/01/2024

"ဂျပန်နိုင်ငံတွင် ကုမ္မဏီထူထောင်လိုက်သည့်မြန်မာအမျိုးသမီး ဒေါက်တာသင်ဇာ" နိုင်ငံခြားကနေ မြန်မာနိုင်ငံမှာ လာပြီးရင်းနှီးမြုပ်နှံမှ လုပ်ရတော့မယ့် အခြေအနေမဟုတ်တော့ဘူး"လို့ဆိုသူ ဒေါ...

Photos from Wynn Mandalay Agency's post 05/01/2024

ဂျပန်နိုင်ငံကိုယ် အလွယ်သွားမရပါ။။။

Photos from Wynn Mandalay Agency's post 03/01/2024

ဂျပန်ပိုက်ဆံအရွက်ထဲလူတွေကဘယ်သူတွေလဲ❓

ဂျပန်ပိုက်ဆံကိုယန်းအဖြစ်ခေါ်ဆိုကြပါတယ်။နောက်တစ်ခုကတော့အကြွေစေ့အနေနဲ့လည်းအသုံးပြုပါတယ်။ပိုက်ဆံရဲ့စက္ကူသားကောင်းမွန်ပြီး၊အရည်အသွေးကောင်းမွန်လှပါတယ်။ ✨

ဒီနေ့မှာတော့ ယန်း1000/ယန်း5000/ယန်း10000 တန် ငွေစက္ကူပေါ်က လူပုဂ္ဂိုလ်တွေအကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်နောက်ထပ်နောက်ထပ် သော ဗဟုတရစရာတွေ၊ဂျပန်နိုင်ငံအတွင်း အစားအသောက်ကောင်းတွေရှိတဲ့နေရာ နဲ့လည်ပတ်လို့ကောင်းတဲ့နေရာလေးတွေကို လဲ 𝐇𝐭𝐞𝐭 𝐍𝐚𝐮𝐧𝐠 𝐉𝗼𝐛-𝐇𝐮𝐧𝐭𝐢𝐧𝐠 ကနေ အမြဲတမ်း 𝑆ℎ𝑎𝑟𝑖𝑛𝑔 ပေးသွားမှာပါ ဗျ✨

ဂျပန်ပြည်တွင်းသုံး ⛩️
-𝐶𝑎𝑙𝑙 𝑠𝑖𝑚 𝑐𝑎𝑟𝑑/𝐷𝑎𝑡𝑎 𝑠𝑖𝑚 𝑐𝑎𝑟𝑑/𝑃𝑜𝑐𝑘𝑒𝑡 𝑤𝑖𝑓𝑖
တွေကို ကျွန်တော်ဆီမှာဝယ်ယူလို့ရပါပြီရွေးချယ်ဝယ်ယူစရာအများကြီးရှိတာကြောင့် တစ်နေရာထဲမှာအမျိုးအစားစုံဝယ်ယူနိုင်ပြီး ဝန်ဆောင်မှုကောင်းတဲ့ Service 𝑆𝑒𝑟𝑣𝑖𝑐𝑒လဲရှိတာဖြစ်လို့ ဝယ်ယူရာမှာအခက်အခဲမရှိစေရပါဘူးဗျ။✨
-ဆိုင်မှာလာရောက်ဝယ်ယူလို့လဲရသလို မှာယူလို့လဲရပါတယ်၊ဂျပန်ပြည်တွင်းမည်သည့်နေရာမဆိုပို့ဆောင်ပေးနေပြီပဲဖြစ်ပါတယ်။

ပုံအောက်မှာအသေးစိတ် ဖော်ပြထားပါတယ်။။🇯🇵🎌

Photos from Wynn Mandalay Agency's post 03/01/2024

တူတူအစည်းအဝေးတက်ရအောင်ဖိတ်ခေါ်ပါတယ်နော်

Photos from Safe Migration's post 01/01/2024
01/01/2024

Happy new year2024

20/12/2023

တစ်ခုလောက်ပဲမေးချင်တယ်။
Agency မဟုတ်တဲ့ ‌သင်တန်းကျောင်းက interview တွေ
အောင်တယ်ဆိုပြီး post ထားတယ်
Agency ကနေအောင်တာလည်းချပြလေ
မိမိချိတ်ဆက်တဲ့ Agency ကိုယ် respect ထားလေချပြရဲရမှာပေါ့။
Postတွေ မဖြတ်ကြေးနော်။ အမှန်မဟုတ်တဲ့ ပုံရိပ်တွေကိုယ် မသိနားလည်တဲ့လူတေ‌ွအင်မတန် ယုံကြည်တယ် ခက်သားနော် အလုပ်သမားဝန်ကြီးဌာနကိုယ် အဲ့သင်‌တန်းကျောင်း ကိုယ်သေသေချာချာ တင်ပြထားတယ်
ဘာစာရွက်မှမပြနိုင် ဂျပန် website မှာလည်းမချပြထား မြန်မာဘက်
ဝန်ကြီးဌာနမှာလည်း interview အောင်တယ်တင်ထားတယ်စစ်မှန်တဲ့
ဘာစာရွက်မှ မရှိ လုပ်ဇတ်ကြီးနော် ။။။ခက်သား

Photos from Wynn Mandalay Agency's post 20/12/2023

TREND ကိုယ်ကျေးဇူးတင်ပါတယ်ရှင့်

16/12/2023

Lock တွေ့ အရင်ဖြုတ်ပြီးဒဲ့လာရှင်းပါလား တိုက်ခိုက်တာကြီးကလည်း တစ်ကယ်ဆိုးရွားချက်တွေ

Photos from Wynn Mandalay Agency's post 13/12/2023

Wynn Mandalay Trading Agency သည် အရမ်းအတိုက်အခိုက်အရမ်းများခံခဲ့ရပါတယ် ဝေဖန်မှုလည်း ဖက်ပေါင်းစုံမှ တိုက်ခိုက်ခံရပါတယ်
သေချာ မသိပဲသေချာမလေ့လာပဲ သေချာ ဂနဏစွာမသိပဲ ပြစ်တင်ရူံချနေမယ်အစား အားလုံးကိုယ်ဖိတ်ခေါ်တယ် ခိုင်မာတဲ့ အထောက်အထားတွေနဲ့
မီဒီယာတွေခေါ်လာပြီးဒဲ့လာရှင်းကြပါလား။ပွင့်လင်းထင်သာမှုရှိအောင်ပါ ဖိတ်ခေါ်ပါတယ် ။သူတစ်ပါး အောင်မြင်မှုတိုင်းက အလကားမရပါ
ပေးစပ်ရပါတယ်။

13/12/2023

7လပိုင်းအတွက်ကျောင်းနဲ့သွားချင်သူများ အင်တာဗျူးဝင်လို့ပါပြီ
16.12.2023နောက်ဆုံးထား အင်တာဗျူးဝင်လို့ရပါပြီ

13/12/2023

Wynn Mandalay Trading Agency ရဲ့
အထူးဝမ်းသာစရာ
သတင်းထူးလေးပါ
လက်တွေ့လုပ်ပြနိုင်ခဲ့ပါပြီ
ဘယ်နှစ်ယောက်လူပို့နိုင်ပြီလည်း
ကြည့်လိုက်....အပြောတွေလားလက်တွေ့လားဆိုတာ
ဂျပန် လူပို့တယ်ဆိုတာ ဘာစာရွက်တွေမှ မပြနိုင်နဲ့ လက်တွေ့မဆန်တဲ့
ကုမ္ပဏီ တွေနဲ့ မချိတ်ဆက်ပါနဲ့ ။။။ ရုံးကိုယ်တိုက်ရိုက်လာဆွေးနွေးပါ
အမြင်အကြားသက်သက်နဲ့မလုပ်ပါနဲ့....

09/12/2023

(Japanese version is below)
⚠️【ဗီဇာလျှောက်ထားခြင်းနှင့် ပတ်သက်၍ မေတ္တာရပ်ခံချက်】⚠️
⚠️【査証申請に関するお願い】⚠️
ယခုတလောတွင် မိမိ၏ ကိုယ်‌‌ရေးအချက်အလက် (အမည်၊ မွေးနေ့သက္ကရာဇ် စသည်) တို့ကို အခြားသူတစ်ဦးအဖြစ် ပြုပြင်ပြောင်းလဲကာ မသမာသောနည်းလမ်းဖြင့် ရယူထားသော ကာလရှည်နေထိုင်ခွင့်ကတ်ပြား (Certificate of Eligibility)ကို ကိုင်ဆောင်၍ သံရုံးတွင် ဗီဇာလျှောက်ထားသည့် ဖြစ်ရပ်များကို မြင်တွေ့နေရပါသည်။ ပြုပြင်ပြောင်းလဲထားသည့် မှန်ကန်မှုမရှိသောကိုယ်ရေးအချက်အလက်အတုများဖြင့် လျှောက်ထားလာပါက ဗီဇာထုတ်ပေး၍ မရနိုင်ပါ။

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးအနေဖြင့် ကျောင်းတက်ရန်၊ အလုပ်လုပ်ရန်အတွက် ဂျပန်နိုင်ငံသို့ သွားရောက်ရန် ဆန္ဒရှိသူများနှင့် ပတ်သက်သော ဗီဇာဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် အလေးအနက်ထားဆောင်ရွက်လျက်ရှိပါ သော်လည်း ဝမ်းနည်းဖွယ်ရာကောင်းသည်မှာ မသမာသောနည်းလမ်းများကို အသုံးပြုနေသည့် ကျင့်ဝတ်သိက္ခာမဲ့၍ ရိုးဖြောင့်မှုမရှိသော ဘာသာစကားသင်တန်းကျောင်းများနှင့် ပွဲစားများရှိနေသည်မှာလည်း အမှန်တကယ်ပင်ဖြစ်သည့်အတွက် အချက်အလက်အစစ်အမှန်ပါရှိသော စာရွက်စာတမ်းများကို ပြင်ဆင်၍ လျှောက်ထားနိုင်ခြင်းမရှိသူများအား ဗီဇာထုတ်ပေး နိုင်မည်မဟုတ်ပါ။

ထို့ကြောင့် ဂျပန်နိုင်ငံသို့ သွားရောက်ရန်ဆန္ဒရှိသူများအနေဖြင့် ရိုးဖြောင့်မှုမရှိသော သင်တန်းကျောင်းများနှင့် ပွဲစားများကြောင့် နစ်နာဆုံးရှုံးမှုများ မကြုံတွေ့ရစေရန် အထူးသတိပြုကြပါရန် မေတ္တာရပ်ခံတိုက်တွန်းလိုပါသည်။ အထူးသဖြင့် အောက်ပါအချက်များကို သတိပြုကြစေလိုပါသည်။

☑️ အမှန်တကယ်ယုံကြည်ရနိုင်သော ဂျပန်စာသင်တန်းကျောင်း၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများဟုတ်မဟုတ်ကို စေ့စပ်သေချာစွာ စုံစမ်းလေ့လာပြီးမှသာ ကျောင်းအပ်ခြင်းဆိုင်ရာ ကိစ္စများကို ဆောင်ရွက်ကြပါရန်။

☑️ COE စသည်တို့၏ လျှောက်လွှာစာရွက်စာတမ်းများအား ကိုယ်စားလှယ်နှင့် ပွဲစားများကိုသာ အလုံးစုံ ယုံကြည်အပ်နှံမှု မပြုကြဘဲ မိမိတို့ကိုယ်တိုင်ပြင်ဆင်ပြီး မိမိတို့ကိုယ်တိုင် စစ်ဆေးအတည်ပြုကြပါရန်။

☑️ ထုတ်ယူရရှိထားသော COE သည် မိမိကိုယ်ပိုင်နာမည်ဖြင့် ဟုတ် မဟုတ်၊ အချက်အလက်မှန်ကန်မှု ရှိ မရှိကို COE မူရင်း (သို့မဟုတ်) မိတ္တူဖြင့် မပျက်မကွက် စစ်ဆေးအတည်ပြုကြပါရန်။

☑️ အကယ်၍ COE ငြင်းဆိုခံရခြင်း (COE reject ဖြစ်ခြင်း) ဖြစ်လျှင်လည်း နောက်တစ်ကြိမ် ပြန်လည်လျှောက်ထားသည့် အခါတွင် မိမိ၏ကိုယ်ရေးအချက်အလက်များကို ပြောင်းလဲပြင်ဆင်၍ လျှောက်ထားခြင်းမျိုး လုံးဝ မပြုလုပ်ကြပါရန်။

最近、個人情報(氏名、生年月日等)を改変し、別人になりすまして不正に取得した在留資格認定証明書(COE)をもって、大使館に査証申請する事例が見受けられます。改変された真正でない個人情報を元に申請が行われた場合、査証を発給することはできません。

当館としては、就学・就労のために日本への渡航を希望される方の手続きに引き続き丁寧に対応していく考えですが、残念ながら、不正な手段を用いる悪徳な語学学校やブローカー等の業者が存在するのも事実で、真正な書類をご用意いただけない方に査証を発給することはできません。

ついては、日本への渡航を希望される皆様におかれては、悪徳な業者による被害に遭わないように十分に注意願います。特に、以下の点をご確認下さい。

☑️ 信頼できる日本語学校・送出機関かを十分に下調べをした上で入学手続きをする。

☑️ COEなどの申請書類は代理人やブローカー任せにせず、自分で用意する、または自分で確認する。

☑️ 交付を受けたCOEが自分名義であるか、COE原本、または写しにて必ず確認する。

☑️ 仮にCOEが不交付になった場合でも、次回申請に際して個人情報の改変は絶対に行わない。

09/12/2023

မိမိစီးပွားရေးမိမိအောင်မြင်အောင်လုပ်ပါ ။

"ဂျပန်နိုင်ငံတွင် ကုမ္မဏီထူထောင်လိုက်သည့်မြန်မာအမျိုးသမီး ဒေါက်တာသင်ဇာ" 08/12/2023

အဲ့လိုတွေချပြရဲရပါတယ်။။။

"ဂျပန်နိုင်ငံတွင် ကုမ္မဏီထူထောင်လိုက်သည့်မြန်မာအမျိုးသမီး ဒေါက်တာသင်ဇာ" နိုင်ငံခြားကနေ မြန်မာနိုင်ငံမှာ လာပြီးရင်းနှီးမြုပ်နှံမှ လုပ်ရတော့မယ့် အခြေအနေမဟုတ်တော့ဘူး"လို့ဆိုသူ ဒေါ...

08/12/2023

သိပ်သေချာနေပါပြီ

Photos from Wynn Mandalay Agency's post 08/12/2023

ကုသိုလ်လေးတစ်ခုပါ.....

05/12/2023
04/12/2023

⛩️ဂျပန်မှာ PR ဘယ်လိုလျှောက်ကြမလဲ⛩️

ဂျပန်နိုင်ငံမှာ နိုင်ငံခြားသားတွေ တရားဝင်နေထိုင်ဖို့ ဗီဇာအမျိုးအစား အမျိုးမျိုရှိပါတယ်။
ဗီဇာတိုင်း၊ ဗီဇာတိုင်းဟာ သက်တမ်းမကုန်ခင် ဂျပန်နိုင်ငံမှာဆက်လက်နေထိုင်နိုင်ဖို့ သက်တမ်းထပ်တိုးကြရပါတယ်။

永住権(eijyūken)လို့ခေါ်တဲ့ အမြဲတမ်းနေထိုင်ခွင့် ရရှိထားတဲ့လူတွေကတော့ ဗီဇာသက်တမ်းထပ်တိုးဖို့မလိုအပ်ဘဲ ဂျပန်နိုင်ငံမှာ တောက်လျှောက်နေထိုင်ခွင့်ရှိကြပါတယ်။

ဂျပန်နိုင်ငံမှာအမြဲတမ်းနေထိုင်ခွင့်ရထားတဲ့လူကို ဂျပန်လို 永住者(eijyūsha) လို့ခေါ်ပါတယ်။ အင်္ဂလိပ်လိုကတော့ permanent resident လိုခေါ်ပြီး မြန်မာတွေကတော့ အတိုကောက် PR လို့ခေါ်ကြပါတယ်။

ဒီတစ်ခါတော့ ဂျပန်နိုင်ငံမှာ အလုပ်ဗီဇာနဲ့ နေထိုင်နေတဲ့လူတွေ PR ဘယ်လိုလျှောက်ရမလဲဆိုတာကို အဓိကထား ရေးသားသွားပါ့မယ်။

လက်ရှိဂျပန်ဥပဒေအရဆိုလျှင်၊ အလုပ်ဗီဇာနဲ့နေထိုင်နေတဲ့လူတွေ PR လျှောက်မယ်ဆိုလျှင် အောက်ပါအချက်အလက်တွေနဲ့ပြည့်စုံဖို့လိုအပ်ပါတယ်။

၁။ ဂျပန်နိုင်ငံမှာ အနည်းဆုံး ၁၀နှစ်နဲ့အထက် နေထိုင်နေတဲ့လူဖြစ်ရပါမယ်။
၂။ အဲ့ဒီ၁၀နှစ်ထဲမှာ အနည်းဆုံး၅နှစ်နဲ့အထက်က အလုပ်ဗီဇာနဲ့ နေထိုင်နေတဲ့လူဖြစ်ရပါမယ်။
၃။ လက်ရှိအချိန်မှာ ဗီဇာသက်တမ်းဟာ ၃နှစ်(သို့)၅နှစ်ရှိရပါမယ်။
၄။ ကုမ္ပဏီမှာအလုပ်လုပ်နေပြီး၊ တနှစ်ဝင်ငွေ အနည်းဆုံး ယန်းသောင်း၃၀၀နဲ့အထက် ဝင်တဲ့လူဖြစ်ရပါမယ်။
၅။ ဝင်ငွေခွန်၊ ကျန်းမာရေးခွန်၊ ပင်ဆင်ခွန် အခွန်အကြွေးကျန် မရှိတဲ့လူဖြစ်ရပါမယ်။
၆။ ဂျပန်နိုင်ငံမှာ ရာဇဝတ်မှုကျူးလွန်ထားခြင်း၊ ဥပဒေချိုးဖေါက်ထားခြင်း မရှိရပါဘူး။
ရ။ ဂျပန်ဥပဒေအရ ထောင်ဒဏ်၊ ငွေဒဏ် ပြစ်ဒဏ်ပေးခံရခြင်း မရှိဖူးတဲ့လူဖြစ်ရပါမယ်။

အထက်ပါအချက်အလက်တွေ တစ်ခုမကျန် အားလုံးပြည့်စုံနေတဲ့လူဆိုလျှင်......
အောက်ပါစာရွက်စာတမ်းတွေပြင်ဆင်ပြီး ဂျပန်လဝကမှာ အမြဲတမ်းနေထိုင်ခွင့်(PR) လျှောက်ထားခွင့်ရှိပါတယ်။

⚫️ကုမ္ပဏီကယူရမယ့် စာရွက်စာတမ်း
၁။ အလုပ်လုပ်နေကြောင်း ထောက်ခံစာ 在職証明書(zaishokushōmeisho)

⚫️မိမိကပြင်ဆင်ရမယ့် စာရွက်စာတမ်း
၁။ ဓါတ်ပုံတစ်ပုံ(4cm×3cm)
၂။ ရပ်ကွက်နေထိုင်ကြောင်းထောက်ခံစာ 住民票(jūminhyō)
၃။ အခွန်သွင်းထားကြောင်းထောက်ခံစာ ၃နှစ်စာ 課税納税証明書 (kazeinōzeishōmeisho)
(၂၀၁၉ခုနှစ် ၇လပိုင်းမှစ၍၊ အခွန် ၅ နှစ်စာ ဖြစ်သွားပါတယ်လို့ ပြောကြပါတယ်။)
၄။ နိုင်ငံခြားသားကဒ်ပြား မူရင်း၊ မိတ္တူ 在留カード(zairyūka-do)
၅။ pass-port မူရင်း၊ မိတ္တူ
၆။ ကျန်းမာရေးကဒ်ပြား မိတ္တူ 健康保険証(kenkōhokensho)
ရ။ ပင်စင်စာအုပ် မိတ္တူ 年金手帳 (nenkintechō)
၈။ ဘဏ်ငွေလက်ကျန်စာရင်း ယန်းသောင်း၁၀၀လောက် 残高証明書 (zentakashōmeisho)
၉။ PRဖြစ်ချင်တဲ့အကြောင်းပြချက် 理由書 (riyūsho)

PRလျောက်ဖို့ ဂျပန်လူမျိုး(သို့)ဂျပန်မှာPRရထားတဲ့လူရဲ့ထောက်ခံချက်လည်းလိုအပ်ပါတယ်။
⚫️မိမိကိုထောက်ခံ့ပေးမယ့်လူ (身元保証人)mimotohoshōnin ဆီက ယူရမယ့် စာရွက်စာတမ်း
၁။ ထောက်ခံစာ 身元保証書 (mimotohoshōsho)

၂။ အလုပ်လုပ်နေကြောင်း ထောက်ခံစာ 在職証明書 (zaishokushōmeisho)
၃။ ရပ်ကွက်နေထိုင်ကြောင်းထောက်ခံစာ (住民票) jūminhyō
၄။ အခွန်သွင်းထားကြောင်းထောက်ခံစာ ၁နှစ်စာ (課税納税証明書) kazeinōzeishōmeisho

စာရွက်စာတမ်းမှန်ကန်တယ်ဆိုလျှင် ၃လကနေ၆လဆိုရင် PRကျပါပြီ။PRသွားယူလျှင် ယန်း၈၀၀၀ပေးရပါလိမ့်မယ်။

PR ရရှိပြီးလျှင် ဂျပန်နိုင်ငံမှာ ဗီဇာသက်တမ်းထပ်တိုးစရာမလိုပဲ တောက်လျှောက်နေထိုင်ခွင့်ရှိသွားပါပြီး။
ဒါပေမယ့် ဂျပန်နိုင်ငံရဲ့ 在留カード(zairyū card)လို့ခေါ်တဲ့ နိုင်ငံခြားသားကတ်ကိုတော့ ၇နှစ်မှာတစ်ခါ အသစ်လဲလှယ်ဖို့တော့လိုအပ်ပါလိမ့်မယ်။

ဂျပန်နိုင်ငံဟာ တစ်နေ့တခြား သက်ကြီးရွယ်အိုတွေများပြားလာနေတဲ့အတွက်၊ နိုင်ငံတကာက အတတ်ပညာရှင်တွေကို ဂျပန်နိုင်ငံမှာ လာရောက်နေထိုင်နိုင်အောင် point စနစ်ဖြင့် တွက်ချက်ပြီး PR လျှောက်ထားနိုင်ဖို့ လုပ်ဆောင်နေပါတယ်။ဒီ point စနစ်ကြောင့် PR ရဖို့ လွယ်ကူလာမယ်လို့ မဆိုလိုနိုင်ပေမယ့်၊ ပညာတတ်တွေအတွက်တော့ PR မြန်မြန်ရရှိဖို့ အခွင့်အလမ်းတွေ ရှိလာမယ်လို့ မျှော်လင့်မိပါတယ်။

point စနစ်အကြောင်းကိုတော့ 2017 July လထုတ်တဲ့ TIME STUDY MAGAZINE Vol1 No.5 မှာ ရေးသားထားပါတယ်။ လေ့လာကြည့်ကြပါ။

လျှောက်လွှာပုံစံတွေကို ဒီအောက်က link မှာဒေါင်းနိုင်ပါတယ်။
http://www.moj.go.jp/ONLINE/IMMIGRATION/16-4.html

အမေးအဖြေ။ ။
မေး။ ။ PR ရသွားတော့ ဘာထူးခြားသွားသလဲ
ဖြေ။ ။ PR ရသွားလျှင် ဗီဇာထပ်တိုးဖို့မလိုပဲ ဂျပန်မှာတောက်လျှောက် နေထိုင်ခွင့်ရှိပါတယ်။
အလုပ်အမျိုးအစားလည်း ကိုယ်ကြိုက်သလို ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။(အလုပ်ဗီဇာနဲ့လူဟာ အချိန်ပိုင်းအလုပ် လုပ်ခွင့်မရှိပါဘူူး။ PR ရသွားလျှင် အချိန်ပိုင်းအလုပ်လဲ ပြန်လုပ်လို့လဲရပါတယ်။)
အိမ်ဝယ်တာတို့ ငွေချေးတာတို့ လုပ်ဆောင်ခွင့် ရပါမယ်။

မေး။ ။ ဂျပန်ကို အလုပ်နဲ့တိုက်ရိုက်လာပြီး ကုမ္ပဏီမှာ အလုပ်လုပ်နေတာ ၅နှစ်ရှိပါပြီး။ PR လျှောက်လို့ ရပါသလား။

ဖြေ။ ။ ဂျပန်ကို အလုပ်နဲ့တိုက်ရိုက်လာတဲ့လူတွေဆိုရင် ဂျပန်မှာ လုပ်သက်၁၀နှစ်(ဂျပန်မှာနေထိုင်တာ၁၀နှစ်)ရှိမှ လျှောက်လို့ရပါတယ်။

မေး။ ။ ဂျပန်မှာကျောင်း၆နှစ်တက်ပါတယ်။ ကျောင်းပြီးလို့ အလုပ်ဝင်တာ ၄နှစ်ရှိပါပြီ။ ဂျပန်ရောက်တာ အားလုံးပေါင်း ၁၀နှစ်ပါ။ PR လျှောက်လို့ရပါသလား။

ဖြေ။ ။ ကျောင်း၆နှစ်၊ အလုပ်၄နှစ်နဲ့ ဂျပန်ရောက်တာ ၁၀နှစ်ပြည့်ပေမယ့်၊ ဂျပန်ကုမ္ပဏီမှာ အနည်းဆုံး ၅နှစ်လုပ်မှ(ဂျပန်နိုင်ငံမှာအနည်းဆုံး၁၀နှစ်နဲ့အထက် နေထိုင်နေတဲ့လူ၊ အလုပ်ဗီဇာအနည်းဆုံး၅နှစ်ရှိတဲ့လူ) လျှောက်ခွင့်ရှိပါတယ်။ နောက်တစ်နှစ် အလုပ်ဆက်လုပ်ပြီးမှ လျှောက်ခွင့်ရှိပါလိမ့်မယ်။

မေး။ ။ ထရိန်နီဗီဇာသမားတွေ၊ တိုခုတဲဂိနိုးသမားတွေ PR လျှောက်ခွင့်ရှိသလား။
ဖြေ။ ။ ထရိန်နီသမားတွေ၊ တိုခုတဲသမားတွေ လက်ရှိမှာ လျှောက်ခွင့်မရှိပါ။

မေး။ ။ ကျန်တဲ့အချက်တွေ အားလုံးပြည့်စုံပါတယ်၊ ဒါပေမယ့် တစ်နှစ်ဝင်ငွေစုစုပေါင်းက ယန်းသောင်း၃၀၀အောက်ဖြစ်နေပါတယ်။ PR လျှောက်လို့ရပါသလား။

ဖြေ။ ။ လျှောက်လို့ရပါတယ်။ လဝကက အခြားအချက်အလက်တွေလည်းကြည့်တဲ့အတွက် လဝကက ပေးရင်ရပါလိမ့်မယ်။ ၃၀၀ကျော်ရင်တော့ ပိုသေချာပါတယ်။

မေး။ ။ ကိုယ့်ကိုထောက်ခံပေးမယ့်ဂျပန်မရှိလို့ မြန်မာလူမျိုးဆိုရင် ရလား။
ဖြေ။ ။ PRရထားတဲ့ မြန်မာလူမျိုးဆိုရင်ရပါတယ်။

မေး။ ။ အလုပ်ဗီဇာမဟုတ်ဘဲ အခြားဘယ်သူတွေ PR လျှောက်လို့ ရသလဲ။

ဖြေ။ ။ PR လျှောက်လို့ ရတဲ့လူတွေကတော့
အလုပ်ဗီဇာ၊ PR သမားရဲမှီခို(ခင်ပွန်း၊ ဇနီး၊ သားသမီး)၊ ဂျပန်လူမျိုးရဲ့မှီခို၊ နေထိုင်ခွင့်ဗီဇာ(တဲဂျူးဗီဇာ)၊ ဂျပန်နိုင်ငံအတွက်အကျိုးအမြတ်ရှိမယ်လို့ ယူဆရတဲ့လူ။ အချိန်ရှိရင် ဘယ်ဗီဇာအတွက် ဘာတွေလိုအပ်လဲဆိုတာ အသေးစိတ်ထပ်ရေးပေးပါ့မယ်။

မေး။ ။ point စနစ်သစ်(高度人材外国人)မှာ ဂျပန်ရောက်ပြီး တနှစ်တည်းနဲ့ PR ရနိုင်တယ်လို့ပြောပါတယ်။ ရနိုင်ပါသလား။

ဖြေ။ ။ ရနိုင်ပါတယ်။ သူ့ရဲ့ ပညာရေး၊ ဝင်ငွေစတဲ့ သက်မှတ်ချက်point တွေပြည့်ဖို့လိုအပ်ပါတယ်။ Vol1 No.5 မှာ ဖတ်ကြည့်ပါ။

မေး။ ။ PR ရပြီးသွားလျှင် ဘာတွေသတိထားရမလဲ။

ဖြေ။ ။ ရနှစ်မှာတစ်ခါ 在留カード အသစ်လဲဖို့လိုပါတယ်။ ၁နှစ်ထက်ကျော်ပြီး မြန်မာနိုင်ငံမှာပြန်နေမယ်ဆိုရင် လဝကမှာ ဂျပန်ပြည်ဝင်ခွင့်(再入国)ယူသွားဖို့လိုပါတယ်(လေယာဉ်ကွင်းမှာ ယူတဲ့ဟာက တစ်နှစ်ပဲ ရပါတယ်)။ ဂျပန်မှာ ပြစ်မှုမကျူးလွန်ဖို့လိုပါတယ်။

ဆရာအကီ pageမှ ကူးယူဖော်ပြပါသည်။

02/12/2023

Wynn Mandalay Trading Agency သည်
မည်သူအကြောင်းကိုယ်မျှစိတ်မဝင်စားပါ
နောက်နောင် comment များတွင်မိမိpostတွေ lockလုပ်ထားသော
စော်ကားမှုများအပေါ် ထိရောက်စွာ တုန်ပြန့်ပါမည်။
တစ်ကယ် သူတစ်ပါးဂုဏ်သိက္ခာအတွက် ဘာမှာpost ထက်မတင်ချင်တော့ပါ။။

Photos from Wynn Mandalay Agency's post 26/11/2023

Wynn Mandalay Agency ရဲ့ယနေ့ ဘုရားနေကဇာတင်
အလှုပွဲလေးပါ။။

22/11/2023

မြန်မာပြည်ရောက်တုန်းအစည်းဝေးတက်ဖြစ်ပါသည်။။။

Photos from Wynn Mandalay Agency's post 20/11/2023

Wynn Mandalay Agency.Offfice ရဲ့ ကျောင်းသားလေးတွေပါ။

あなたの事業を募集会社のトップリストShinjuku-kuにしたいですか?
ここをクリックしてあなたのスポンサー付きリスティングを獲得。

ビデオ (すべて表示)

interview ဝင်နေပါပြီ

カテゴリー

電話番号

ウェブサイト

住所


Shinjuku-ku, Tokyo

営業時間

月曜日 09:00 - 17:00
火曜日 09:00 - 17:00
水曜日 09:00 - 17:00
木曜日 09:00 - 17:00
金曜日 09:00 - 17:00
土曜日 09:00 - 17:00
日曜日 09:00 - 17:00

人材雇用のその他Shinjuku-ku (すべて表示)
PROUD Partners Philippines Team PROUD Partners Philippines Team
Shinjuku
Shinjuku-ku

HR at https://www.proudcorp.com/

グローバル医・職・住ラボ グローバル医・職・住ラボ
Shinjuku-ku, <>

ISインターンは、名称を『グローバル医・職・住ラボ』に改めることにな?

Try Network Inc. Try Network Inc.
Aparutoman Yotsuya #103, 17 Aizumi-Cho, Shinjuku. Tokyo, Japan 160-0005
Shinjuku-ku, 160-0005

株式会社テクノウェイブ 株式会社テクノウェイブ
本塩町21
Shinjuku-ku, 160-0003

ITエンジニアを中心とした人材派遣・紹介を事業とした東京/大阪/名古屋で

オフィスおかん オフィスおかん
東京都豊島区西池袋二丁目41番8号IOBビル6階
Shinjuku-ku, 171-0021

OKANは、働く人におせっかいを焼くために生まれました。 働きたい人が働きつづけられる社会をひとつひとつ実現していきます。

株式会社アールフェロー(Rfellow 外国人就職支援センター/Employment center for foreigners 株式会社アールフェロー(Rfellow 外国人就職支援センター/Employment center for foreigners
東京都新宿区高田馬場1丁目21−10 豊電ビル 403
Shinjuku-ku, 169-0075

外国人皆様へ 日本での就職・転職サポートはお任せください! プロのアドバイザーがすぐに就職を決まるようにサポートします!

株式会社jioworks(ジオワークス) 株式会社jioworks(ジオワークス)
片町2-3 菱和ビル7階
Shinjuku-ku, 160-0001

Give change opportunity 押せば広がる無限の可能性 私たちは、人と仕事を?

Avance Corporation Philippines Avance Corporation Philippines
東京都新宿区西新宿3-2-11 新宿三井ビルディング二号館
Shinjuku-ku, 160-0023

ハロムニア - Halomnia ハロムニア - Halomnia
神楽坂6丁目67 神楽坂FNビル9F
Shinjuku-ku, 162-0825

神楽坂にある人材派遣の会社です!引っ越し、イベントなど幅広い仕事を?