Nway Oo Festival - နွေဦးပွဲတော် Nagoya
イベント企画サービス付近
西条市神拝甲511-22, Saijo-shi
Kyoto-shi 〒604-8225
Kamakura-shi 2480012
Yokohama 231-0023
Kochi-shi 682002
群馬県前橋市岩神町二丁目11番12号, Takasaki-shi
Hiroshima 732-0053
飲食サービス付近
Onomichi-shi 722-0036
2nd floor Ballantines Bldg, Takamatsu-shi
岐阜県加茂郡東白川村五加3323-1, 加茂郡
Date-shi 0520317
Wakayama-shi 6400112
東京都新宿区四谷三丁目6, 新宿区四谷三丁目
ရန်ပုံငွေပွဲတော် 460-0008 愛知具名古屋市中区栄3丁目65
❤️❤️❤️အမေစု လက်မှတ်လေးကို မဲဖောက်ပေးနေပါပြီ
အားလုံး good luck ပါ❤️❤️❤️
အမေစု လက်မှတ်လေးကို မဲဖောက်ပေးနေပါပြီ
အားလုံး good luck ပါခင်ဗျ

Hello … နာဂိုယာမှ အမျိုးတို့ 📣
Spring Festival မှ စတင် လှုံဆော်ရောင်းချပေးနေတဲ့ ကံစမ်းမဲ လက်မှတ်များကို “နွေဦးပွဲတော်-နာဂိုယာ” page မှာအားပေးလို့ရပါပြီနော်။🙋♀️
ရောင်းရငွေတွေကိုတော့ မြန်မာနိုင်ငံမြန်မာနိုင်ငံအလယ်ပိုင်းရှိ မီးရှို့ဖျက်ဆီးခံရသော ကျေးရွာများအားကူညီပေးမှာမို့ တတ်နိုင်သလောက်လေး ဝင်အားဖြည့်ပေးကြပါဦးရှင်။
အစား ဆင်းရဲ၊ အနေ ဆင်းရဲ ဖြစ်နေတဲ့ မိသားစုတွေကို တစ်ဖက်တစ်လမ်းကနေ ထောက်ပံ့ပေးကြရအောင်။
လက်မှတ်တစ်စောင် ¥2000 ပါတဲ့။ ✨
ဒီလကုန် အထိပဲ ရောင်းချပေးမှာပါ။
ပြတ်တုန်းလတ်တုန်း ၂၃ ဖြစ်နေတဲ့သူရင်လည်း ၃၀ရက်နေ့ လစာထုတ်တဲ့ အချိန် လာဝယ်ပြီး ကံစမ်းလို့ရပါတယ်။🌝
ကံစမ်းမဲတွေကတော့ အားလုံးသိကြမှာပါ။
ဒီလထဲမှာ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၇၇ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ချည်ထည်ဝတ်စုံ၊ ပန်းချီကားတွေ၊ လက်ဝတ်ရတနာ ပစ္စည်းတွေ အများကြီး ထည့်သွင်းထားပါတယ်။
တကယ်လို့ ကံထူးရှင်က ကိုယ် ဖြစ်မယ်ဆိုရင် အမြတ်တနိုးသိမ်းထားလို့လည်း ရသလို၊ ပြန်လှူလို့လဲရတယ်နော်။💁♀️
ပြန်လှူဆို ကိုယ်ရင်းနှီးလိုက်တဲ့ ယန်း ၂၀၀၀ ဟာ အဆပေါင်းများစွာ ထပ်ရနိုင်တာမို့ တစ်မဲ လောက် ပါဝင်အားဖြည့်ပေးဖို့ အကြံပေး နှိုးဆော် လိုက်ပါတယ်။🤗
အသေးစိတ်ကို အောက်ပါ link မှ တစ်ဆင့် လေ့လာနိုင်ပါကြောင်း….
https://www.facebook.com/100075866507795/posts/159196413285908/?d=n

အားလုံးပဲ မင်္ဂလာပါရှင်
၂၀၂၂ ခုနှစ်၊ ၅လပိုင်း၊ ၂၂ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည့်
“နွေဦးပွဲတော် - နာဂိုယာ” မှ ရရှိခဲ့သော လှူဒါန်းငွေနှင့် အမြတ်ငွေ အားလုံးကို အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဌာနမှ တစ်ဆင့် ကြေငြာထားသည့် အရပ်ဒေသ အသီးသီးသို့ ထောက်ပံ့ လှူဒါန်းပြီးပြီ ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
ပါဝင် အားဖြည့်ပေးသည့် အယောက်စီတိုင်းကို ပွဲတာဝန်ခံများက ကျေးဇူး အထူးတင်ရှိပါကြောင်း ထပ်မံပြောကြားရင်း ပထမအကြိမ်မြောက် နွေဦးပွဲတော်-နာဂိုယာ မှ နှုတ်ခွန်းဆက်သလိုက်ပါတယ်။
နောက် plan များနဲ့ အတူ ပြန်လာနိုင်အောင် ကြိုးစားပါဦးမည်။ 🤗

လက်မှတ်ဝယ်ယူလိုသူများ ဝယ်ယူအားပေးလို့ရပါတယ်ခင်ဗျာ။
မြတ်နိုးတန်ဖိုးထားတဲ့အရာတွေ စွန့်လွှတ်ပြီး အမိမြေရဲ့ လိုအပ်တာတွေဖြည့်ဆည်းဖို့ အတွက်ဆို လက်မနှေးကြတဲ့ အမေစုကိုတန်ဖိုးထားလေးစားကြသူများက အမေ့မွေးလမှာ အလယ်ပိုင်းတိုင်း စစ်ဘေးရှောင်ဒေသတွေကို MOHADM(NUG)နဲ့ချိတ်ဆက်ပြီး ကူညီအားဖြည့်ဖို့ ၁စောင် ¥2000($15) နဲ့ လက်မှတ်များရောင်းချပေးနေပါတယ် ။
လက်မှတ်ဝယ် ထောက်ပို့ကူညီရင်းပိုင်ဆိုင်နိုင်မယ့် ပစ္စည်းများထဲမှာ
အမေအမြတ်တနိုးဝတ်လေ့ရှိတဲ့ ချည်ထည်ဝမ်းဆက်လေး ကတော့ အမေစုအနားမှာ အနီးကပ်ကိုယ်ရံတော်လုပ်ခဲ့တဲ့ အကိုတစ်ယောက်ရဲ့မွေးနေ့မှာ အမေစုက ပေးခဲ့တဲ့ သူ့အတွက်မွေးနေ့လက်ဆောင်လေးပါ။
အမေစု ဝတ်စုံလေးကို ကိုယ်သင်းနံ့မပျောက်အောင် မလျော်မဖွတ်ပဲ တယုတယ တမြတ်တနိုးတောက်လျောက် ထိန်းသိမ်းလာခဲ့တာ အမေစုမွေးနေ့နဲ့ တိုင်ဆိုင်နေတာကြောင့် အခုလို အလယ်ပိုင်းဒေသစစ်ဘေးရှောင် ရန်ပုံငွေအတွက် အခုလို လာရောက် အားဖြည့် လှူဒါန်းလာတာပါ။
အဲဒါကြောင့် အမေစုမွေးနေ့မှာ စစ်ဘေးရှောင်အတွက် လှူဒါန်းရင်း အမေစုဝတ်စုံလေးကိုပိုင်ဆိုင်ကြရအောင်။
တခြားသောအမေစုကိုယ်တိုင်လက်မှတ်ရေးထိုးပေးထားသောစာအုပ်
ဆရာမနုယဉ် ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတဦး အပါအဝင် အမေစုကိုမြတ်နိုးတန်ဖိုးထားတဲ့ လူငယ်လူလတ် ပန်းချီပညာရှင်တို့က မေတ္တာဖြင့်ရေးဆွဲထားသော ပန်းချီကားများ အပြင် ပုလဲဆွဲကြိုး ပုလဲလက်ကောက် စိန်စီပုလဲလော့ကတ် စိန်နားကပ်စတဲ့ လက်ဝတ်ရတနာများစွာပါဝင်ပါတယ် ။
¥2000လက်မှတ်၂စောင်ဝယ်ယူအားဖြည့်ခြင်းဟာ မီးဘေးသင့် စစ်ဘေးရှောင်တို့အတွက် လုံခြုံမှုပေးနိုင်မယ့် တဲအိမ်တလုံးခန့်ရနိုင်ပါတယ် ။
အားလုံးရဲ့ ပူးပေါင်းပါဝင်မှုကအိမ်ခြေများစွာ ပြန်လည်တည်ဆောက်ပြီး လွတ်မြောက်နယ်မြေများဖေါ်ဆောင်ပေးနိုင်သည်အထိ အကျိုးဖြစ်ထွန်းစေနိုင်ပါတယ်။
လက်မှတ်ရောင်းမည့်ကာလ June လကုန်အထိ
တဆင့်ဝယ်ယူရရှိနိုင်မည့် နေရာများ⤵️
https://www.facebook.com/100075866507795/posts/157862093419340/?d=n
Digital tickets အပြင် နီးစပ်ရာမြန်မာဆိုင်များတွင် Paper Tickets များကိုလည်း ဝယ်ယူအားဖြည့်နိုင်ပါတယ်။
လာမည့် တနင်္ဂနွေ …. နာဂိုယာမှာ အမေဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ ရှိပါတယ်နော် 💁♀️

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၇ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံအလယ်ပိုင်းရှိ မီးရှို့ဖျက်ဆီးခံရသော ကျေးရွာများအားကူညီပေးနိုင်ရန်အတွက် ကံစမ်းမဲလက်မှတ်များရောင်းချကာ ရန်ပုံငွေရှာဖွေသွားမှာ ဖြစ်ပါတယ်။ ရရှိလာမည့်ရန်ပုံငွေကို MOHADM(NUG)နဲ့ ချိတ်ဆက်လှူဒါန်းသွားမှာ ဖြစ်ပါတယ်။
နိုင်ငံတကာသို့ရောက်ရှိနေကြသော ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်မြတ်နိုးတန်ဖိုးထားလေးစားသူ မည်သူမဆို ဝယ်ယူကံစမ်းအားဖြည့်ရင်း မွေးနေ့ရှင်အတွက် မွေးနေ့အလှူမှာပါဝင်အားဖြည့်နိုင်ပါတယ်။
ကံစမ်းမဲတွင်ပါဝင်သည့် ဆုမဲများကတော့ ....
1. အမေစုဝတ်ဆင်ခဲ့သော ချည်ထည်ဝမ်းဆက်မြန်မာဝတ်စုံ
2. အမေစုကိုယ်တိုင် လက်မှတ်ရေးထိုးထားသော နိုင်ငံရေးသမိုင်း ဖြတ်သန်းမှု ဓာတ်ပုံမှတ်တမ်းစာအုပ်
3. အမေစုရဲ့ (၇၇) နှစ်ပြည့်မွေးနေ့အမှတ်တရအဖြစ် ပန်းချီဆရာမနုယဉ်မှ သီးသန့် ရေးဆွဲပေးထားသော "အမေ့အပြုံး"ပန်းချီကား
4. အမည်မဖော်လိုသူ နိုင်ငံရေးအကျဉ်သားဟောင်းတစ်ဦးမှ ရေးဆွဲလှူဒါန်းထားသော ပန်းချီကား (၂) ချပ်
5. ယနေ့ခေတ်လူငယ်ပန်းချီဆရာများမှရေးဆွဲလှူဒါန်းလာသော အမေစုအမှတ်တရ ပန်းချီကား (၅) ကား
6. ရွှေရေးပန်းချီ (၁) ကား
7. ကျပ်ငွေသိန်း ၂၀တန်ဖိုးရှိ ဂျပန်ပုလဲပုတီးနဲ့ လက်ပတ်အပါအဝင် အခြားလက်ဝတ်ရတနာများစွာလည်း ဆုမဲအတွင်းပါဝင်လျက်ရှိနေပါတယ် ။
ပြည်သူမှ ပြည်သူသို့ ကူညီပံ့ပိုးရင်း အမေစု အမှတ်တရပစ္စည်းများ ပိုင်ဆိုင်နိုင်မယ့်အခွင့်အရေးဖြစ်သလို မတရားအကျဉ်းချခံထားရတဲ့ ခေါင်းဆောင်ကိုယ်စား မွေးနေ့အထိမ်းအမှတ်အလှူလည်းဖြစ်ပါတယ်။
ကံစမ်း လှူဒါန်းလိုသူများ အနေဖြင့် လက်မှတ်တစောင်ကို ယန်း ၂၀၀၀ (၁၅ ဒေါ််လာ) ဖြင့် အစောင်ရေအကန့်အသတ်မရှိ ဝယ်ယူလှူဒါန်းနိုင်ပါတယ်။ နိုင်ငံအလိုက် နှုန်းထားများကိုလည်း ဖော်ပြပေးထားပါတယ်။
လက်မှတ်များကို စတင်လှုံ့ဆော်သည့် နွေဦးပွဲတော် စာမျက်နှာ အပြင် CRPH-OFP official fundraiser များထံမှလည်း အွန်လိုင်းမှတဆင့်ဝယ်ယူရရှိနိုင်ရန်စီစဉ်ထားပါတယ် ။ဂျပန်ပြည်တွင်းအနေဖြင့် နီးစပ်ရာမြန်မာစတိုးဆိုင်များ၊လက်မှတ်အရောင်းတာဝန်ခံများထံမှတဆင့် ဝယ်ယူအားပေးနိုင်ရန်ကြေငြာပေးသွားမှာဖြစ်ပါတယ်။
🎁အထူးအစီအစဉ်🎁
လာမယ့် ဇွန်လ (၁၉) ရက် တနင်္ဂနွေနေ့မှာ ဂျပန်နိုင်ငံ နကဟာရ ငြိမ်းချမ်းရေးပန်းခြံမှာ ပြုလုပ်ကျင်းပမယ့် အမေစု (၇၇) နှစ်ပြည့်မွေးနေ့ဆုတောင်းပွဲသို့ လာရောက်အားဖြည့်ရင်း ကံစမ်းမဲလက်မှတ်လေးများပြကာ အထူးစီစဉ်ထားသည့် အထိမ်းအမှတ် ရင်ထိုးတံဆိပ်လေးများကိုအမှတ်တရလက်ဆောင်အဖြစ် ရယူနိုင်မှာဖြစ်ပါတယ် ။

KONNECT တစ်နှစ်ပြည့် အထိမ်းအမှတ်ကံစမ်းမဲအစီအစဉ်လေးပါ။ နွေဦးပွဲတော်မှာ အားပေးခဲ့တဲ့ အမျိုးတွေ Lucky Draw 🍀 လေး ကံစမ်းဖို့ မမေ့နဲ့နော်။ 🌝

なぜミャンマーの人たちの応援に"ウクライナの募金箱"? クーデター後の現状「ミャンマーに帰れない」
中京テレビ မှာ ထုတ်လွှင့်ခဲ့သည့် နွေဦးပွဲတော်နှင့် မြန်မာ အကြောင်း
なぜミャンマーの人たちの応援に"ウクライナの募金箱"? クーデター後の現状「ミャンマーに帰れない」 先週、ウクライナ国旗をつけた募金箱をあるイベントで見つけました。でも、ウクライナらしい雰囲気はないのですが…実は、ミャンマーのイベントだったんです。去年2月、軍によるクーデターが起き、自由が奪われたミ...

ကျွန်တော်တွေ အားလုံး ပွဲကုန်ကျစရိတ်များလို့ စိုးရိမ်မှုတွေနဲ့ ဒီပွဲကို လုပ်ခဲ့ရပင်မဲ့ အားလုံးရဲ့ နှလုံးသားတွေရဲ့ ပေါင်းစုခဲ့ကြလို့ ထင်ထားတာထက် ပိုပြီး အမိမြေကိုလှူနိုင်ခဲ့ပြီး 😍အားလုံးနဲ့ ထက်တူ ကျွန်တော်လည်း မျက်ရည်ကျမတတ် ဝမ်းသာပီတိဖြစ်ရပါတယ် 😃အရေးတော်ပုံ အောင်ရမည်💪
“နွေဦးပွဲတော်-နာဂိုယာ” စာရင်းရှင်းတမ်း ❗️❗️❗️
✨✨လှူဒါန်းနိုင်မည့် ငွေပမာဏ - ¥ 1,619,459 (ခန့်မှန်းငွေ - ကျပ်သိန်း၂၃၀ )✨✨
နာဂိုယာမြို့၌ ပထမဆုံးအကြိမ် ကျင်းပခဲ့သည့် ”နွေဦးပွဲတော်-နာဂိုယာ” မှ အထက်ပါ ဖော်ပြခဲ့သည့် ပမာဏကို
ပဲခူး၊ ရန်ကုန်၊ ဆော၊ ရွှေဘို ၊ထီးလင်း၊ မုံရွာ စတဲ့ ဒေသများနှင့် နာဂိုယာမြို့မှ ကလေးများ အတွက် ထောက်ပံ့ပေးနိုင်ဖို့ စီစဉ်နေကြပါတယ်။
လှူဒါန်းငွေနှင့် ပက်သတ်သည့် အသေးစိတ် အချက်အလက်များကို ထပ်မံကြေငြာသွားပါမည်။
အားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။
စာရင်းများကို မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် တွက်ချက်ပေးကြပါသော စာရင်းကိုင်နှင့်ဘဏ်ထိန်းများ၊ လက်မှတ် Volunteer များကိုလည်း ကျေးဇူးတင်ပါရှိပါသည်။

ရှာကြ ဖွေကြ နွေဦးပွဲတော်-နာဂိုယာ အမှတ်တရ
ကဲ ဘယ်လိုနေရာမှာ ဘယ်လိုပုံမျိုးနဲ့ ပါလာကြမှာလဲ 🤔
ဒီတစ်ခါတော့ လာရောက်ပူးပေါင်းကြတဲ့ အမျိုးတွေကို မှတ်တမ်းတင်ထားတာပါ။
နောက်ဆုံး ဆိုင်ခန်းပုံတွေပဲ ကျန်ပါတော့တယ်။
မှတ်တမ်းတင်ပေးပါသော Color Boat Creation အဖွဲ့သားများကို ကျေးဇူးတင်ရှိပါသည်။
ဘာလိုလိုနဲ့ နွေဦးပွဲတော်လည်း အဆုံးသတ်ပါတော့မည်။
အခွင့်ရမယ်ဆိုရင် မြန်မာနိုင်ငံအတွက်ရော မိမိအတွက်ပါ အကျိုးရှိစေမည့် အစီအစဉ်ကောင်းများနှင့် ပြန်ဆုံပါဦးမည်။ ✨

Candid Photo 2 ✨

ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချနိုင်စေရန် ကူညီပေးပါသော
ဘုရင်မ/Queen (Myanmar Food & Karaoke Nagoya) အား ပွဲတာဝန်ခံများက ကျေးဇူးအထူးတင်ရှိပါကြောင်း ဤဂုဏ်ပြုလွှာဖြင့် မှတ်တမ်းတင်အပ်ပါသည်။
Delivery Service လဲ ရှိတာမို့ အလှူပွဲ၊ မင်္ဂလာပွဲ အော်ဒါများ လက်ခံသလို၊ ဆိုင်တွင်လည်း မင်္ဂလာပွဲ၊ မွေးနေ့ပွဲများ ကျင်းပနိုင်အောင် ဆောင်ရွက်ပေးလျှက် ရှိပါသည်။

“နွေဦးပွဲတော် နာဂိုယာ” ✨

အလှခင်းကျင်းပြသခဲ့သည့် သနပ်ခါး ကောင်တာမှ မထင်မှတ်ဘဲ အလှူငွေ အများကြီး လက်ခံရရှိခဲ့ပါသည်။ ✨
သနပ်ခါးနှင့်ကျောက်ပြင်၊ အထောက်အကူပစ္စည်းများ ကိုတစ်ရက်တာ လှူဒါန်းပေးကြသော အလှူရှင်များ နှင့် Volunteer များ၊ အလှူငွေ လှူဒါန်းခဲ့သူများကို ကျွန်ုပ်တို့ ပွဲတာဝန်ခံများက ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

✨ “နွေဦးပွဲတော်-နာဂိုယာ” မှ ကျေးဇူးတင်လွှာ ✨
ဂျပန်ရောက် မြန်မာနိုင်ငံသားများမှ နာဂိုယာ၌ ပထမဦးဆုံးအကြိမ် စီစဉ်ကျင်းပသည့် “နွေဦးပွဲတော် နာဂိုယာ”မြန်မာ့ယဥ်ကျေးမှုပွဲတော်အား ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ မေ (၂၂) ရက်နေ့က Nagoya Sakae Edion Hisaya Plaza တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ပွဲတော်အား ထုတ်ပြန်ထားသော Covid-19 နှင့်ပတ်သက်သည့် လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျဆောင်ရွက်ခဲ့ပါသည်။
အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ပြီး အဖွင့်အမှာစကားပြောကြားပေးခဲ့ပါသော ဦးစောဘလှသိန်း(အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်)၊ အားပေးစကားပြောကြားပေးခဲ့ပါသော Tetsuro Fujita(Osaka) ၊ Yasuhiro Katou (Nishio) ၊ မခင်ဇေယျာမြင့်၊ ကိုမျိုးမင်းဆွေ၊ ကိုသန့်ဇော်ထက်၊ Main Sponsor - KYODAI Remittance၊ Co-Sponsor များဖြစ်ကြသော SBI Remittance နှင့် G.A Consultants Co.,Ltd တို့မှ တာဝန်ရှိသူများ၊ ပွဲတော်၏ဖျော်ဖြေရေးကဏ္ဍ၌ ပါဝင်အားဖြည့်ပေးခဲ့ပါသော “ဒေါင်းတို့အားမာန်” အငြိမ့်အဖွဲ့၊ Suwa Junko ၊ “ジャンマー Relationship”မှငြိမ်းနှင့်Taku ၊ နွေဦး Band မှအဖွဲ့သားများနှင့် အဆိုရှင်များ၊ ဝါးညှပ် အက၊ မန်းတောင်ရိပ်ခို အက၊ ကရင်ဒုံး အက၊ ဒေါင်းပျိုမာတာ ပိတောက်ဋီကာ အက၊ ရှာပုံတော်မင်းသားကြီး၊ ဗေဒါလမ်း တို့မှ တင်ဆက်သူများ၊ အစီအစဥ်တင်ဆက်သူများ ဖြစ်ကြသော Wataru Ishikawa ၊ မမြင့်မြင့်အေး၊ မနေဟန်သာ၊ ပွဲတော်၌ ဆိုင်ခန်းများဖွင့်လှစ်၍ ပူးပေါင်းပါဝင်ပေးပါသော တိုယိုတာမှပျိုကညာများ၊ Sugawara Group Myanmar၊ Mel Mady၊ အညာစမူဆာ၊ 3A၊ နွေဦးတိမ်ပိုး၊ The Lady (Tokyo)၊ ဂျပန်ကြီးအကင်ဆိုင်၊ ကိုမွန်ကြီးနှင့် ညီအစ်ကိုများ၊ မိသားစု (FAMILY) ၊ နွေဦးလက်ဖက်ရည်၊ အောင်လေး၊ အကြီးကောင်အငယ်ကောင်၊ ကိုကိုကြီးတို့စျေးဆိုင်၊ Shway Myanmar၊ ချိုသဲ အိမ်လက်ရာ၊ ခိုင်(မြန်မာစတိုး)၊ OOAK STORE၊ Naing Naing Myanmar Product၊ KONNECT၊ Cocktail & Drinks Space တို့မှ တာဝန်ရှိသူများ၊ မတည်ငွေ အလှူရှင်များ၊ အရုပ်ယေးပုတု နှင့် တခြားသော အလှူရှင်များ၊ လာရောက်အားပေးကြသော ပရိတ်သတ်များ၊ Online မှတစ်ဆင့် အားပေးကြသော ပရိတ်သတ်များ၊ အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးပေးပါသော Color Boat Creation(သက်တံ့လှေ) အဖွဲ့သားများ, Tokyo Camera Man ၊ မှတ်တမ်းတင် ဗီဒီယို ရိုက်ကူးပေးသော Color Boat Creation(သက်တံ့လှေ) အဖွဲ့သားများ
၊ အခမ်းအနားဖြစ်မြောက်အောင် စည်းကမ်းထိန်းသိမ်းရေးနှင့်လုံခြုံရေးကို တာဝန်ယူဆောင်ရွက်ပေးသော Volunteer များ၊ ပတ်ဝန်းကျင် သန့်ရှင်းရေး Volunteer များ၊ လက်မှတ်နှင့်ကျန်းမာရေးစစ်ဆေးပေးသော Volunteer များ၊ သနပ်ခါးကောင်တာတွင် တာဝန်ယူပေးသော Volunteer များ၊ Hyogo မှ မေတ္တာဖြင့် လာရောက်ဝိုင်းဝန်းကူညီပံ့ပိုးသော Volunteer များအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။"
ထို့အပြင် ပွဲကိုလာရောက်အားဖြည့်ပေးဖို့ဖိတ်ခေါ်ပေးသော ဒေါက်တာဖြိုးသီဟ၊ ပွဲတော် မတိုင်မီ ပြင်ဆင်မှုများ၌ အကြံပေးအဖြစ် ပံ့ပိုးပေးပါသော Usugi kouichi, Ishikawa Shun, Yamazaki Kosuke, Nagaoka Susumu, Naing Naing၊ Design ရေးဆွဲပေးပါသော Aung Ye Htut, Sai Loung Hsai ၊ ဈေးဆိုင်များဖွင့်လှစ်ရောင်းချနိုင်ရန် ကူညီထောက်ပံ့ပေးပါသော スタイル、QUEEN, ကိုစိုးမြင့်အောင်၊ အားဖြည့်ကူညီပေးခဲ့ပါသော ကဏ္ဍအသီးသီးမှ တာဝန်ခံများနှင့် Volunteer များအားလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် အပ်ပါသည်။
ပွဲဖြစ်မြောက်ရေး တာဝန်ခံများ
(နွေဦးပွဲတော်-နာဂိုယာ)

“နွေဦးပွဲတော်-နာဂိုယာ” အောင်မြင်စွာပြီးဆုံးနိုင်ရန်အတွက် အစ၊ အလယ်၊ အဆုံး ကဏ္ဍ အသီးသီး၌ ပူးပေါင်းပါဝင်ပေးကြပါသော နာဂိုယာ၏ အောက်ပါ အဖွဲ့အစည်း ၃ခုကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပွဲတာဝန်ခံများက ဤဂုဏ်ပြုလွှာများဖြင့် မှတ်တမ်းတင်အပ်ပါသည် ခင်ဗျား။
၁။ Nagoya Youth Association For Myanmar -Japan
၂။ Myanmar Youth Community
၃။ Nagoya ဗြဟ္မာစိုရ်နှလုံးသားပရဟိတအသင်း
ビデオ (すべて表示)
カテゴリー
ウェブサイト
住所
Nagoya-shi, Aichi
460-0008
中区栄3-10-14
Nagoya-shi, 460-0008
『the emporium』。Meetup、国際交流、DJ、ライブ、ダンスなどの音楽イベントをお届けしてます。
Nagoya-shi, 460-0011
名古屋栄ど真ん中の超多目的イベントホール、DJライブ・バンド・アイドルなどのイベントなど…安い、広い、本格音響照明、機材豊富で様々なイベントやパーティーに対応。