IMAT Tutor
Achieve Your IMAT Target Scores Together With Us
07/01/2026
📚 IMAT Scholarship တွေအကြောင်း သိထားဖို့လိုပြီလား❓
IMAT ဖြေပြီး Italy ဆေးကျောင်းဝင်ဖို့ စဉ်းစားနေသူတိုင်းရဲ့ မေးနေကျ မေးခွန်းတစ်ခုကတော့ “Scholarship ရနိုင်မလား?” ဆိုတာပါပဲ 🩺
ဒီနေ့ IMAT Tutor Page ကနေပြီးတော့ IMAT Student တွေအတွက် ရနိုင်တဲ့ Scholarship အမျိုးအစား ၂ မျိုးနဲ့ ဘယ်သူတွေက ဘယ်တစ်ခုကို apply လုပ်သင့်လဲ ဆိုတာကို သေချာလေး ရှင်းပြပေးမယ်နော် ✨
IMAT Scholarship လို့ပြောလိုက်တာနဲ့ အရင်ဆုံးသိထားဖို့က University Scholarship ရယ်၊ Regional Scholarship ဆိုပြီး ၂ မျိုးရှိတယ်ဆိုတာပါ။
🎓 University Scholarships ဆိုတာ ဘာလဲ?
University ဆိုတဲ့အတိုင်း တက္ကသိုလ်ကနေ တိုက်ရိုက်ပေးတဲ့ scholarship အမျိုးအစားဖြစ်ပြီး မိမိရဲ့ strong academic background ပေါ်မူတည်ပြီးပေးတဲ့ Merit-based ဒါမှမဟုတ် တချို့မိသားစုဝင်ငွေအခက်အခဲဖြစ်လို့ မတတ်နိုင်တဲ့သူတွေအတွက် Need-based ဆိုပြီး လျှောက်လို့ရနိုင်ပါတယ်။ ဒါ့အပြင် စစ်မက်ဖြစ်ပွါးတဲ့နိုင်ငံကကျောင်းသား၊ကျောင်းသူတွေကိုသီးသန့်ပေးတဲ့ ပညာသင်ဆုတွေလဲရှိပါတယ်
💠 ဒီ Scholarship ကို ဘယ်သူတွေက apply လုပ်သင့်လဲဆိုရင်တော့
✅ Academic Background အရမ်းကောင်းတဲ့သူ
✅ Top Student များနဲ့
✅ Tuition Fee ပဲ လျှော့ချချင်သူ (တစ်နည်းအားဖြင့် Living Cost မလိုတဲ့သူ)တို့အတွက်ပိုသင့်တော်ပါတယ်။
University of Milan နဲ့ Bologna တို့လို စတဲ့ University တွေကတော့ Merit scholarship သီးသန့်ပေးလေ့ရှိပါတယ်နော်။
University of Padova(Padua) မှာလဲ စစ်မက်ဖြစ်ပွါးတဲ့နိုင်ငံကကျောင်းသား၊ကျောင်းသူတွေ သီးသန့်လျောက်ထားနိုင်တဲ့ ပညာသင်ဆုတွေရှိပါတယ်။
🏛️ Regional Scholarships ဆိုတာကရော ဘာလဲ?
ဒီပညာသင်ဆုတွေကတော့ တက္ကသိုလ်အနေနဲ့မဟုတ်ဘဲ ဒေသအဆင့်အစိုးရ ဒါမှမဟုတ် ဒေသအဖွဲ့အစည်းတွေကနေပေးတဲ့ ပညာသင်ဆုမျိုးပါ။
အီတလီမှာတော့ ဒေသတိုင်းက သူ့ကိုယ်ပိုင် “Right to Study” စနစ်မျိုးရှိပြီး သူ့ဒေသထဲက တက္ကသိုလ်တွေမှာ တက်ရောက်နေတဲ့ ကျောင်းသားတွေကို ငွေကြေးထောက်ပံ့ပေးဖို့ ရန်ပုံငွေ ပေးတာမျိုးတွေရှိပါတယ်။
ဒေသအဆင့်အစိုးရ (Region) က ပေးတဲ့ Scholarship ဖြစ်တာမို့ အဲ့ထဲမှာ Tuition Fee waiver + Housing + Meals + လစာထောက်ပံ့တာတွေအထိ ပါဝင်လေ့ရှိလို့
✅ Family income နည်းတဲ့သူ
✅ Living Cost အပြည့်အဝ Support လိုတဲ့သူနဲ့
✅ Italy ရောက်ပြီး Long-term ရပ်တည်ဖို့ စီစဉ်ထားတဲ့သူတွေအတွက်ကတော့ မဖြစ်မနေလျှောက်ကိုလျှောက်သင့်ပါတယ်။
Myanmar Student အတွက် Regional Scholarship က ပိုပြီး ငွေကြေးထောက်ပံ့ကောင်း၊ အကျိုးကျေးဇူးများတဲ့အတွက် ပထမဦးဆုံး အာရုံစိုက်သင့်တယ်လို့မြင်ပါတယ်။
ဒီတစ်ခုတည်းလားဆိုရင်တော့ မဟုတ်ပါဘူး ….
ကိုယ်အမှတ်ကောင်းရင်ကောင်းသလို Tuition Fees အပြည့်ရနိုင်တဲ့ University Scholarship ကိုလည်း Backup လုပ်ထားနိုင်ရင် ပိုကောင်းပါတယ်။
ဒါဆိုရင်တော့ IMAT လျှောက်ဖို့စဉ်းစားနေတဲ့သူတွေအတွက် Scholarship ပေါင်းများစွာ ရနိုင်မယ်ဆိုတာ သိသွားပြီလို့ထင်ပါတယ်နော်။
💬 Scholarship အကြောင်းအရာလေးတွေနဲ့ တခြားအသေးစိတ်သိချင်တယ်ဆိုရင်တော့
📩 Page Messenger ကနေ အသေးစိတ်လာရောက်စုံစမ်းမေးမြန်းလို့ရပါတယ်🫶🏼
-S
31/12/2025
🎉 Happy New Year 🎉
နှစ်သစ်တစ်နှစ် စတင်ပါပြီ! ၂၀၂၆ မှာ
👩⚕️👨⚕️ Doctor ဖြစ်မယ်ဆိုတဲ့ အိပ်မက်ကို
စိတ်ကူးကမ္ဘာထဲမှာ တင်မဟုတ်ဘဲ
လက်တွေ့ အဖြစ်ပြောင်းလိုက်ရအောင်ပါ💪✨
IMAT ကို သေချာပြင်ဆင်ပြီး
အီတလီမှာ ဆေးပညာသင်ကြားနိုင်ဖို့
ဒီနှစ်ကို ပန်းတိုင်တစ်ခုနဲ့ စလိုက်ကြစို့ 🇮🇹📚
IMAT Tutor နဲ့အတူတူ အကောင်းဆုံး ပြင်ဆင်ပါ! 🎓✨
CHASE YOUR DREAM TO BE A DOCTOR!
#ဆရာဝန်
လက်လွှတ်မခံသင့်တဲ့ အခွင့်အရေး – IMAT 🇮🇹🩺
နိုင်ငံတကာအဆင့်မီ ဆရာဝန်ဖြစ်ချင်တဲ့ အိပ်မက်ရှိလား?
IMAT က ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြု ဘွဲ့ကို ရရှိစေတဲ့အပြင် ကုန်ကျစရိတ်သက်သာပြီး
Scholarship အခွင့်အရေးတွေပါဝင်တဲ့ ရွှေအခွင့်အရေး တစ်ခုပါပဲ။
ဥရောပအဆင့်မီ ပညာရေးနဲ့
Global Doctor Career ကို စတင်ချင်ရင်
IMAT ကို လက်လွှတ်မခံပါနဲ့။
အသေးစိတ် စုံစမ်းလိုပါက IMAT Tutor မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
24/12/2025
🎄 အားလုံး ပျော်ရွှင်စရာ Merry Christmas ပါ။❤️ Santa Claus ဆီမှ လိုချင်တဲ့ လက်ဆောင်တွေ ရကြပါစေ။ ဒီနှစ်ထက် ပိုမိုကောင်းမွန်သော နှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ IMAT Tutor မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
15/12/2025
Italy မှာ ဆေးကျောင်းတက်ရတဲ့ Lifestyle က ဘယ်လိုမျိုးဖြစ်မလဲ❓
IMAT Exam အတွက် စိတ်လှုပ်ရှား ရင်ခုန်နေကြတာဆိုတော့ တက္ကသိုလ်ဝင်းထဲ တကယ်ရောက်သွားသလို တစ်ရက်လောက် တူတူ စိတ်ကူးယဉ်ကြည့်ကြမယ်လေ … 🤔
အီတလီ တက္ကသိုလ် အများကြီးထဲက
💠 ကိုယ်က ဘယ်တက္ကသိုလ် ဝင်ခွင့်ရမလဲ
💠 ကိုယ့်ကျောင်းဝန်း Campus လေးက ဘယ်လိုပုံစံလေးဖြစ်မလဲ
💠 Italy ရဲ့ Culture ကို သင်ယူသွားရင်းနဲ့ Student Life ဘယ်လို ဖြတ်သန်းကြမလဲ အရင်တွေးကြမယ် !!!
ပြီးရင်တော့ ကိုယ့် University ရဲ့ Canteen ကိုသွားမယ် … တကယ်လို့ Scholarship သာရခဲ့ရင် Free Meal အနေနဲ့ Pasta/ Rice တစ်ခုခု ၊ အသားဟင်းတွေ၊ Salad တို့လို စားကောင်းတဲ့ အစားအသောက်တွေကိုလည်း စားရဦးမယ်လေ 🥳
Coffee ကလည်း ကြိုက်ပြန်တော့ ကျောင်းရဲ့ Coffee Bar လေးတွေမှာ အီတလီသူငယ်ချင်းတွေနဲ့ အတူတူထိုင်ပြီး သူတို့ရဲ့ culture အကြောင်း စကားစမြည်ပြောကြ မယ် … ဆေးတက္ကသိုလ်တွေရဲ့ Coffee bar တွေဟာ ဆေးကျောင်းသူ/သားတွေအတွက် Daily Dose လေးပါပဲ… 🤍
Medical University လည်းဖြစ်တော့ ဘယ်လိုနေနေ အစားအသောက် သန့်ရှင်းသပ်ရပ်ပြီး ကျန်းမာရေးကလည်း ညီညွတ်နေရော … 🥰
ကိုယ်ပိုင် Space လိုချင်လာတဲ့အခါကျရင်တော့ ရှေးဆန်တဲ့ အီတလီ architectural design တွေနဲ့ ခမ်းနားထည်ဝါစွာ ဆောက်လုပ်ထားတဲ့ University Library သွားမယ် … ပိတ်ရက်တွေကျ သူငယ်ချင်းတွေနဲ့ လျှောက်လည်ဖြစ်မယ်ပေါ့ 😌
ကဲ စိတ်ကူးနဲ့တင် အတော်ပျော်နေပြီဟုတ်? ဒါဆိုရင်တော့ IMAT ရဲ့ Batch-3 မှာ အမြန်ဆုံး Register လုပ်ရင်း စိတ်ကူးအိပ်မက်တွေနောက်ကို အမီလိုက်လိုက်တော့နော် 💨
#ဆရာဝန်
IMAT ဖြေမယ်ဆို ဘာလို့ IMAT Tutor ကိုပဲ ရွေးချယ်သင့်တာလဲ❓
Review ကောင်းတွေနဲ့ပဲ ရပ်တည်နေပြီး အီတလီနိုင်ငံမှာ ဆေးပညာသင်ကြားချင်တဲ့ မြန်မာကျောင်းသားတိုင်းရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ပေးနေတဲ့ IMAT Tutor မှာ ခုပဲ လာရောက်စာရင်းပေးသွင်းလိုက်ပါ ✍🏻
12/12/2025
IMAT Tutor အကြောင်း အတန်းသားတွေ ပြောကြတဲ့ တစေ့တစောင်း 🤩
IMAT Tutor ဆိုတာ
👩🏻🏫 သင်ကြားရေးပိုင်းမှာ စာတွေ့ + လက်တွေ့ ထပ်တူကျစေပြီး
🏫 ကိုယ်တိုင်တက်ရတဲ့ Experience တွေကိုပါ အများကြီး Sharing လုပ်ပေးတာမို့
အတန်းသားတွေကို မိုတီပေးရင်း ခွန်အားဖြစ်စေသွားမှာ အသေအချာပဲနော် 💙
အတန်းတစ်တန်းပြီးဆုံးတိုင်း အခုလို Review ကောင်းလေးတွေနဲ့အတူ နိဂုံးချုပ်ရတာဆိုတော့ တကယ့်ကို ပီတိဖြစ်ရပါတယ်။
အိပ်မက်တွေကို အကောင်အထည်ဖော်ရင်း အီတလီနိုင်ငံမှာ ဆေးပညာ ဆက်လက်သင်ကြားဖို့ IMAT Tutor ကိုသာ ဆက်သွယ်လိုက်တော့နော် 🥳
📚✨ IMAT Prep Class Moments ✨📚 IMAT ရဲ့ ဘာသာရပ်တိုင်းကို ရိုးရှင်းလွယ်ကူစွာ သင်ယူပြီး မရှင်းလင်းတာတွေ တိုက်ရိုက်မေးမြန်းနိုင်တဲ့အပြင် 👩🏫 အပြန်အလှန် Interactive Learning နဲ့ IMAT ရဲ့ အခက်အခဲတိုင်းကို တစ်ဆင့်ချင်း အတူတူ ဖယ်ရှားကြရအောင်ပါ။🤝
IMAT ကို ထိထိရောက်ရောက် Support ပြုလုပ်ပေးပြီး သင်ကြားပေးမဲ့ တန်းခွဲအသစ်ကိုတော့ 👉 လာမဲ့ ဒီဇင်ဘာလ (၆) ရက်နေ့မှာ စတင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ အသေးစိတ်ကို Chat Box ကနေ တဆင့် မေးမြန်းနိုင်ပါတယ်။ 🩵
28/11/2025
IMAT တော့ တက်ချင်ပါရဲ့ … ဘယ်ကနေစရမလဲ မသိတဲ့သူတွေအတွက် IMAT ခရီးစဉ်အကြောင်း သိကောင်းစရာများ ✍🏻
▪️Background Education ▪️
Italy မှာ ဆေးကျောင်းတက်ရဖို့အတွက် ပထမဆုံးလိုအပ်တာက Grade 12 Education ပါ။
စနစ်သစ်နဲ့ အောင်ခဲ့တဲ့ ကျောင်းသားတွေအတွက် IMAT တန်း Join လို့ရပေမဲ့ ကိုယ်ကတကယ်လို့ စနစ်ဟောင်း ဒါမှမဟုတ် Total Education Year (11)years ပဲ ရှိတယ်ဆိုရင်တော့
📝 1st Year University ရဲ့ Transcript ယူတာ၊ A Level or OSSD ဖြေတာတွေ လုပ်လို့ရပြီး
ကိုယ်က IMAT မစခင်တည်းက အီတလီထိ ကိုယ်တိုင်ကျောင်းသွားတက်ရတာ အဆင်ပြေတယ်ဆိုရင် Foundation Program စ Join တာပဲဖြစ်ဖြစ် လမ်းစရှာလို့ရပါတယ်နော် …
▪️DOV လျှောက်ထားခြင်း ▪️
အပေါ်ကလိုအပ်ချက်တွေနဲ့ ပြည့်စုံပြီဆိုရင်တော့ လိုအပ်တဲ့ သက်ဆိုင်ရာ Transcript တွေကို MOFAဝင်ပြီး မြန်မာပြည်က အီတလီသံရုံးဆီမှာ အရင်ဆုံး “DOV” သွားလုပ်ရပါမယ်။
▪️ IELTS ▪️
နောက်တစ်ချက်အနေနဲ့ English Level အနည်းဆုံး B2 Level (IELTS -at least 6)ဖြေထားဖို့ လိုပါမယ်။ Level ကန့်သတ်ချက်ဆိုတာထက် Competitive ဖြစ်တဲ့ Exam မို့ IELTS နဲ့ဆုံးဖြတ်တဲ့ Criteria တချို့ရှိနေတဲ့အတွက် ပြင်ဆင်ထားသင့်တဲ့ အရာတစ်ခုပါပဲ။
▪️Booking ▪️
ဒါတွေအားလုံး ပြီးရင်တော့ IMAT Exam အတွက် ကြိုတင် Book လုပ်ပြီး ဖြေဆိုဖို့ ပြင်ဆင်နိုင်ပါပြီ။
▪️University Application ▪️
Non-EU အနေနဲ့ဖြေမယ့်ကျောင်းသားများက မိမိလျောက်မယ့်ကျောင်းရဲ့ Application Deadline တွေမတူတတ်တာမို့ ကျောင်း website ထဲအမြဲ check ကြည့်ဖို့အကြံပြုပါတယ် ကျောင်းလျောက်ပြီးရင်လဲ Pre- enrollment တင်ဖို့မမေ့ပါနဲ့နော် ဒါမှ visa ဆက်လျောက်လို့ရမှာပါ
EU အနေနဲ့ ဖြေမယ့် ကျောင်းသားများကတော့ IMAT exam booking လုပ်ရင်း တခါတည်းကျောင်းအားလုံးကိုလျောက်ရမှာပါ
IMAT Exam ဖြေဆိုပြီးလို့ Result ထွက်တဲ့အခါ ကိုယ်ရတဲ့ အမှတ်ပေါ်မူတည်ပြီး EU အနေနဲ့ဖြေတဲ့ကျောင်းသားတွေဟာ မိမိအမှတ်အလိုက် University ကို ဝင်ခွင့်ရမှာပါ။ နာမည်ကြီး တက္ကသိုလ်တွေရဲ့ ဝင်ခွင့်အမှတ်ဖြတ်နှုန်းက မြင့်တတ်တာမို့ သေချာကြိုးစားဖို့ လိုပါတယ်။
ကိုယ်တက်ချင်တဲ့ University ကိုတက်ခွင့်ရပြီဆိုရင်တော့ နောက်ဆက်တွဲလိုအပ်တဲ့ Enrollment Supporting Documents တွေ ပြင်ဆင်ပြီး Visa ရတာနဲ့ Italy မှာ ကျောင်းသွားတက်နိုင်ပါပြီ။
အိပ်မက်တွေဟာ တကယ်အကောင်အထည်ဖော်ချင်ရင် နီးနီးလေးပဲမို့ ကိုယ့်လက်တစ်ကမ်းမှာ အခွင့်အရေးပေးလာခဲ့ရင် လက်မလွှတ်တမ်း ဖမ်းဆုပ်ရင်း ပညာသင်ကြားကြဖို့ တိုက်တွန်းလိုက်တယ်နော် 🩵
21/11/2025
အိပ်မက်နိုင်ငံမှာ အိပ်မက်သစ်တွေ အခြေချဖို့ Ready ပဲလား ဒေါက်တာလောင်းတို့ရေ 🎓
Europe တစ်ခွင် ဆေးကုသခွင့်ရစေဖို့ ကိုယ်တိုင်လည်း ကြိုးစား၊ တပည့်တွေကိုလည်း နှစ်စဉ်မပြတ် မွေးထုတ်ပေးနေတဲ့ Tr. Noe Noe က မကြာခင်မှာ Batch 3 စတော့မဲ့ အကြောင်း သတင်းကောင်း ပါးလိုက်ပါပြီ 🥰
Feedback ကောင်းပေါင်း များစွာနဲ့ Batch 2 ခုလုံးကို အောင်အောင်မြင်မြင် ဖွင့်နိုင်ခဲ့တဲ့ IMAT Tutor မှာ
✨ အရည်အချင်းပြည့်ဝပြီး သင်ကြားရေးအတွေ့အကြုံကြွယ်ဝတဲ့ Tr. Noe Noe နဲ့ အနီးကပ်သင်ကြားခွင့်အပြင်
✨ သင်ရိုးညွှန်းတမ်းစနစ်တကျရှိပြီး မေးခွန်းပုံစံအတိုင်း ဖြေဆိုတတ်ဖို့ လေ့ကျင့်ပေးတဲ့ Training Lessons တွေပါ ပါတာမလို့ ယုံယုံကြည်ကြည် အပ်နှံထားလိုက်တော့နော်။
အိပ်မက်တွေအတွက် IMAT 🩺
▪️ Batch 3 ▪️
📆 Start Date - December 6, 2025 (Saturday)
⏰ Time - 4:00 PM to 6:00 PM (Myanmar Time)
⏱️ Time - 10:30 am to 12:30 am (Italian Time)
17/11/2025
ဆရာဝန်ဖြစ်ဖို့ အိပ်မက်တွေကို လက်မလျှော့ပါနဲ့ ‼️
ဆရာဝန်ဖြစ်ဖို့အတွက် ငယ်ငယ်ကတည်းက စိတ်ကူးတွေလည်း ရှိတယ်၊ ပြီးတော့ သေချာတဲ့ ပညာရေးလမ်းကြောင်းပေါ်မှာလည်း လျှောက်လှမ်းချင်တယ် ….
ဒါပေမဲ့ ဘယ်က စရမလဲ၊ ဘယ်လိုအကောင်အထည် ဖော်ရမလဲဆိုတာ သေချာမသိသေးလို့ စိုးရိမ်နေပြီလား ❓
ဒါဆိုရင်တော့ ဒီစာလေးက အကျိုးရှိမယ်ထင်ပါတယ် ✨
ဘာလို့လဲဆိုရင် အဲ့ဒီအိပ်မက်တွေကို အမှန်တကယ် အကောင်အထည်ဖော်ပေးနိုင်ဖို့ IMAT(International Medical Admission Test) လို့ခေါ်တဲ့ Italy နိုင်ငံမှာ ဆေးပညာသင်ယူခွင့်ရမဲ့ အခွင့်အလမ်းရှိနေပြီမို့ပါ။
IMAT ကို ဖြေဆိုပြီး အောင်မြင်တဲ့သူတိုင်းဟာ
🇮🇹 Sapienza, Padova, Turin, Pavia, Milan, Bologna စတဲ့ နာမည်ကြီး ဆေးတက္ကသိုလ်တွေမှာ Doctor of Medicine (MD) သင်တန်းတက်ရောက်နိုင်မှာပဲဖြစ်ပါတယ်။
ကိုယ်က ၁၂ တန်းပညာရေး မဟုတ်ဘဲ
💢 GED, IGCSE, သို့မဟုတ် စနစ်ဟောင်း ၁၀ တန်းဖြေထားတဲ့သူဆိုရင် အရင်ဆုံး Foundation Year Program တက်ဖို့ လိုအပ်ပြီးတော့
Foundation Year Program တက်ရောက်မယ်ဆိုရင်
🔹 အီတလီနိုင်ငံရဲ့ ဆေးကျောင်းတွေကို ရွေးချယ် လျှောက်ထားတဲ့အခါ ကျောင်းအရေအတွက် ပိုမို လျှောက်နိုင်မှာမို့ အခွင့်အလမ်းများစေမှာပါ။
💭 အိပ်မက်တွေတိုင်းက မလွယ်ကူပေမဲ့ လုံးဝ မဖြစ်နိုင်တာတော့ မဟုတ်တာကြောင့် IMAT Tutor နဲ့အတူ ကိုယ့်ရဲ့ အနာဂတ်အိပ်မက်ကို စတင်ဖော်ဆောင်လိုက်ရအောင်နော်
IMAT သင်တန်းအကြောင်း အသေးစိတ်သိချင်တယ်ဆိုရင် 👉 IMAT Tutor Page Messenger ကို အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Clicca qui per richiedere la tua inserzione sponsorizzata.
Digitare
Contatta la scuola/università
Telefono
Sito Web
Indirizzo
00173