ABC Channel
စိတ်ဝင်စားစရာ အထွေထွေ အသိပညာ ဗဟုသုတများကိုနေ့စဉ် မျှဝေပေး နေပါတယ်။
09/06/2026
❤️❤️👍📢📢
"ချစ်တယ်" ဆိုတဲ့ စကားကို သတ္တိရှိရှိ ပြောခဲ့ဖူးရင်
"မချစ်တော့ဘူး" ဆိုတဲ့ အမှန်တရားကိုလည်း တာဝန်ယူပြီး ပြောနိုင်သင့်တယ်။
ဆက်ဆံရေးတစ်ခုရဲ့ အဆုံးသတ်ဟာ အမြဲတမ်း လှပနေဖို့ မလိုပါဘူး။
ဒါပေမယ့်... ရှင်းလင်းနေဖို့တော့ လိုတယ်။
တချို့လူတွေက မချစ်တော့တဲ့အခါ
မပြောရဲကြဘူး။
မရှင်းပြရဲကြဘူး။
အဲဒီအစား...
စာပြန်တာ နည်းသွားတယ်။
စကားပြောတာ လျော့သွားတယ်။
အရင်လို ဂရုမစိုက်တော့ဘူး။
ပြီးတော့...
ဘာမှ မပြောဘဲ တဖြည်းဖြည်း ပျောက်သွားကြတယ်။
သူတို့အတွက်တော့
အဆင်မပြေမှုကို ရှောင်ထွက်လိုက်တာ ဖြစ်နိုင်ပေမယ့်
ကျန်ခဲ့တဲ့သူအတွက်တော့
အဲဒီတိတ်ဆိတ်မှုက အဖြေမရတဲ့ မေးခွန်းပေါင်းများစွာ ဖြစ်သွားတတ်တယ်။
"ငါ ဘာမှားခဲ့လို့လဲ"
"သူ အဆင်ပြေရဲ့လား"
"သူ ပြန်လာဦးမလား"
"ငါ့ကို ချစ်သေးရဲ့လား" ဆိုတဲ့ မေးခွန်းတွေကြားမှာ
တစ်ယောက်တည်း ပိတ်မိနေတတ်တယ်။
တကယ်တော့...
နာကျင်မှုအများစုက လမ်းခွဲခြင်းကြောင့် မဟုတ်ဘူး။
မသေချာခြင်းကြောင့် ဖြစ်တာ။
မချစ်တော့ဘူးဆိုတဲ့ အမှန်တရားက နာကျင်နိုင်တယ်။
ဒါပေမယ့် အဆုံးမသတ်ထားတဲ့ မျှော်လင့်ချက်တွေကတော့
ပိုပြီး ပင်ပန်းစေတတ်တယ်။
လူတစ်ယောက်ကို လေးစားတယ်ဆိုရင် ဆက်ချစ်ဖို့ပဲ မဟုတ်ဘူး။
ဆက်မချစ်နိုင်တော့တဲ့အခါမှာလည်း ရိုးသားဖို့ လိုတယ်။
အကြောင်းပြချက်ကို နားလည်ချင်လို့ မဟုတ်ဘူး။
ကိုယ့်နှလုံးသားကို ဘယ်နေရာမှာ ရပ်တန့်ရမလဲ သိချင်လို့ပါ။
တစ်ခါတစ်လေ... လမ်းခွဲခြင်းက မရက်စက်ဘူး။
နှုတ်ဆက်စကား မရှိဘဲ ထွက်ခွာသွားခြင်းကသာ ပိုရက်စက်တတ်တယ်။
ဘာလို့လဲဆိုတော့..
နိဂုံးတစ်ခု ရှိတဲ့ ဇာတ်လမ်းက နာကျင်ပေမယ့် ပိတ်သိမ်းလို့ရတယ်။
နိဂုံးမရှိတဲ့ ဇာတ်လမ်းကတော့
လူတစ်ယောက်ရဲ့ ရင်ထဲမှာ
အချိန်အကြာကြီး ဆက်ပြီး အသက်ရှင်နေတတ်လို့ပါ။ 🌿🤍
❤️❤️👍
Crd
နေရာတကာ "ရပါတယ်" ဆိုပြီး မလုပ်ပါနဲ့
ကျွန်တော်တို့တွေဟာ စီးပွားရေး
လူမှုရေး အခြားအရေးအရာကိစ္စတွေကို
လုပ်ဆောင်ကြတဲ့အခါ လူအများနဲ့
ပတ်သ,တ်ဆက်ဆံ ကြရမှာပဲဖြစ်တယ်။
ဒီလို လူအများနဲ့ ပေါင်းသင်း ဆက်ဆံတဲ့အခါ
ကိုယ် လက်သင့်မခံနိုင်တဲ့ အရာတွေကို
ကြိုတင် ပြောပြထားဖို့ လိုပါတယ်။
ကိုယ်က အလျှော့ပေးဆက်ဆံတာ
ကိုယ့်ကိုယ်ကို နှိမ့်ချဆက်ဆံတာကို
တချို့လူတွေက အခွင့်အရေးယူပြီး
ခေါင်းပေါ် တက်နင်းချင်တတ်ကြတယ်။
လူတွေရဲ့သဘောက
"ရလေ လိုလေ.... လုပ်လို့ရလေ ပိုလုပ်လေ"
ဆိုတာမျိုး ရှိတတ်ပါတယ်။
ဒါ လူ့သဘာဝပဲဖြစ်လို့ အပြစ်တင်စရာ မရှိဘူး။
အရေးကြီးတာက တခြားလူတစ်ယောက်က
ကိုယ် လက်သင့်မခံနိုင်တဲ့ ကိစ္စတစ်ခု
လုပ်လာတဲ့အခါ
"ရပါတယ်"နဲ့ ပြီးသွားတာထက်
အဆင်မပြေရင် မပြေကြောင်း
ပြောပြရဲ၊ အမူအရာပြရဲဖို့ လိုပါတယ်။
ဒီလိုမှမဟုတ်ရင် "ဒီလူက ရပါတယ်လေ" ဆိုပြီး
အကြိမ်ကြိမ် စည်းကျော်ခံရတတ်တယ်။
ကိုယ်ကလည်း စည်းမကျော်နဲ့။
သူတပါး စည်းကျော်တာမျိုးကိုလည်း
အားနာ မနေပါနဲ့။
လောကမှာ သူစည်း ကိုယ့်စည်း ဆိုတာ ရှိကြတာပဲ။
အားနာလို့ အလျှော့ပေးမိရင်
လုပ်လို့ရတယ်ဆိုပြီး နောင်လည်း လုပ်နေဦးမှာပဲ။
အစရှိထားရင် မဆုံးတတ်တော့ဘူး။
ဒါကြောင့် ဘယ်သူ့ကိုပဲဖြစ်ဖြစ်
တစ်ကြိမ် တစ်ခါတောင် စည်းကျော်ခွင့်မပေးပါနဲ့။
စည်းထားတယ်ဆိုတာ ကိုယ့်ဂုဏ်သိက္ခာကို
တနည်းအားဖြင့် ထိန်းသိမ်းတာပါ....။
with respect - crd
"သတိရမိတဲ့အခါ..."
တစ်ခါတလေ...
မတော်တဆ သတိရမိသွားတဲ့အခါ ရှိတယ်။
အဲဒီအခါမှာ
လျစ်လျူရှုခံခဲ့ရတဲ့ နေ့ရက်တွေကို
စိတ်က တိတ်တိတ်လေး ပြန်တွေးကြည့်လိုက်တယ်။
လွမ်းသလိုလို ဖြစ်လာတဲ့အခါလည်း"သူ့ကို ပြန်လိုချင်သေးလား" လို့ကိုယ့်ကိုယ်ကို မမေးတော့ဘူး။
"ကိုယ့်တန်ဖိုးကို မမြင်တဲ့ နေရာတစ်ခုဆီပြန်သွားဖို့ ထိုက်တန်သေးရဲ့လား"လို့ပဲ ပြန်မေးကြည့်မိတယ်။
လူတစ်ယောက်ကို ချစ်ခဲ့တာထက်
ကိုယ့်ကိုယ်ကို မေ့ထားပြီး ချစ်ခဲ့မိတာက
ပိုပြီး ပင်ပန်းစေခဲ့တာကိုး။
တကယ်တော့...
တန်ဖိုးမသိတဲ့သူတစ်ယောက်ရဲ့ မျက်စိထဲမှာ
စိန်တုံးတောင် ကျောက်ခဲလို မြင်နိုင်တယ်။
လူတစ်ယောက်ကို ဆုံးရှုံးရတာထက်ကိုယ့်ကိုယ်ကို ဆုံးရှုံးသွားရတာကပိုနာကျင်ရတယ်။
တစ်ဖက်လူရဲ့ အာရုံစိုက်မှုရဖို့ကိုယ့်ခံစားချက်တွေကို ဖုံးကွယ်ခဲ့ရတာ။
သူ မထွက်သွားအောင်ကိုယ့်မာနတွေကို ခဏခဏ ချိုးနှိမ်ခဲ့ရတာ။
သူ စိတ်ချမ်းသာဖို့အတွက်ကိုယ်ပဲ အမြဲနားလည်ပေးခဲ့ရတာ။
ဒါဟာ
ကိုယ့်တန်ဖိုး လျော့နည်းသွားလို့ မဟုတ်ဘူး။
ကြည့်တဲ့သူရဲ့ အမြင်ကန့်သတ်ချက်သာ ဖြစ်တယ်။
အရင်တုန်းကတော့
တစ်ခါလောက် ကောင်းပြလိုက်ရင်
တစ်ဘဝလုံး ပုံအပ်ချင်တဲ့စိတ် ရှိခဲ့ဖူးတယ်။
ဘဝက သင်ပေးလိုက်တာတစ်ခု ရှိတယ်။
မေတ္တာဆိုတာ
အကုန်ပေးလိုက်ရုံနဲ့ မလုံလောက်ဘူး။
မှန်ကန်တဲ့ နေရာကို ပေးတတ်ဖို့လည်း လိုတယ်။
မာနကြီးလို့ မဟုတ်ဘူး။
အရှက်တရားကြောင့်လည်း မဟုတ်ဘူး။
ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်လာလို့သာ
မထိုက်တန်တဲ့နေရာမှာ
ဆက်မရပ်တော့တာ ဖြစ်တယ်။
အခုတော့...
သတိရခြင်းတွေ ရှိလာရင်လည်း
အတိတ်ဆီ ပြန်မလှည့်တော့ဘူး။
လွမ်းဆွတ်ခြင်းတွေ ရှိလာရင်လည်း
သင်ခန်းစာတစ်ခုလိုပဲ ပြန်ကြည့်တတ်လာတယ်။
ဘာလို့လဲဆိုတော့...
တကယ်ရင့်ကျက်လာတဲ့ လူတစ်ယောက်ဟာ
ဘယ်သူ့ကို ဆုံးရှုံးလိုက်ရလဲဆိုတာထက်
အဲဒီဆုံးရှုံးမှုထဲကနေ
ကိုယ့်တန်ဖိုးကို ဘယ်လို ပြန်ရှာတွေ့ခဲ့သလဲဆိုတာကို
ပိုအရေးထားလာတတ်လို့ဖြစ်ပါကြောင်း ချစ်မိတ်ဆွေများအား မျှဝေတင်ပြအပ်ပါတယ်။
ပြီးပြည့်စုံချင်စိတ်များလေ ကိုယ့်ကိုယ်ကိုယ်ကန့်သတ်မိလေပဲ
◾
လူတစ်ယောက်ဟာ တိုးတက်မှုနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်၊ အလုပ်လုပ်တာနဲ့ပတ်သက်လို့ ပဲဖြစ်ဖြစ် ပြီးပြည့်စုံချင်တဲ့စိတ်များလေ (Perfect ဖြစ်ချင်လွန်းလေ) အမြင့်ဆုံးရလဒ်ရဖို့အတွက် အကန့်အသတ်များလေပဲ။
တချို့ အလုပ်တစ်ခုစဖို့အရေး ဘာမရှိသေးလို့ ဘာမပြည့်စုံသေးလို့နဲ့ မစဖြစ်တာ၊ တချို့ အမှားမယွင်းမရှိအောင် ဂရုစိုက်လွန်းရင်း အလုပ်မဖြစ်တာတွေ တွေ့ဖူးလိမ့်မယ်။ ဒီလို ပြီးပြည့်စုံချင်လွန်းသူ (Perfectionist) တွေဟာ ပြီးပြည့်စုံချင်လွန်းတဲ့စိတ်ကြောင့်ပဲ သူတို့ကိုယ်သူတို့ ဖြစ်ထွန်းသင့်သလောက်မဖြစ်ထွန်းအောင် ကန့်သတ်ထားလိုက်ပါတယ်။
Adam Grant ကတော့ သူ့ရဲ့ Hidden Potential စာအုပ်မှာ Perfectionist တွေကြုံရနိုင်တဲ့ အခြေအနေ ၃ ခုကို ဒီလိုပြောထားတယ်။
၁။ ပြီးပြည့်စုံလွန်းသူတွေဟာ မဖြစ်နိုင်တဲ့ အသေးစိတ်တွေကို ဂရုစိုက်လွန်းကြတယ်။ အသေးအဖွဲပြဿနာတွေကို လိုက်ဖြေရှင်းဖို့အတွက် အလုပ်ရှုပ်နေတတ်ကြတယ်။ ဒါနဲ့ပဲ တကယ့်ပြဿနာတွေဖြေရှင်းဖို့ လွတ်သွားတယ်လို့ဆိုတယ်။
၂။ ဒုတိယအချက်အနေနဲ့ သူတို့ဟာ ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့ ခက်ခဲတဲ့အလုပ်တွေဆိုရင် ရှောင်ရှားကြတယ်။ ဒါက အသစ်သစ်တွေကို ဖော်ဆောင်ဖို့ထက် နဂိုရှိပြီးသား ကျွမ်းကျင်မှု၊ နဂိုရှိပြီးသားအခြေအနေနဲ့ပဲ တဝဲလည်လည်ဖြစ်နေစေဖို့ တွန်းပို့လိုက်သလိုဖြစ်စေပါတယ်။
၃။ Perfectionist တွေဟာ အမှားတွေလုပ်မိတဲ့အခါ သူတို့ကိုယ်သူတို့ပြစ်တင်ဝေဖန်လွန်းကြတယ်။ ဒါက အမှားတွေကနေ သင်ယူဖို့ခက်ခဲစေသလို အမှားတွေကို ပြန်လည်သုံးသပ်တာက ရှက်စရာမဟုတ်ဘူးဆိုတာကို နားမလည်အောင်လုပ်တာလည်းဖြစ်ပါတယ်။
(**"ကမ္ဘာကြီးက မင်းကို အောင်မြင်ဖို့ပဲ တိုက်တွန်းနေလိမ့်မယ်၊ ဒါပေမဲ့ ငါကတော့ မင်း ပျော်ရွှင်ဖို့ပဲ ဆုတောင်းပေးချင်တယ်"**)
ကျွန်တော်တို့အားလုံးဟာ
ပိုပြီးကောင်းမွန်တဲ့ ဘဝတစ်ခု၊
ပိုပြီးမြင့်မားတဲ့ ရာထူး၊
ပိုပြီးများပြားတဲ့ ငွေကြေးတွေနောက်ကို
နေ့စဉ်ရက်ဆက် ပြေးလွှားနေကြတယ်။
အဲဒီပြေးလွှားမှုတွေကြားထဲမှာ
**"မနေ့ကထက် ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်ဖို့"** ဆိုတာထက် **"မနေ့ကထက် ပိုပြီး အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်ဖို့"** ကိုပဲ အာရုံစိုက်မိနေကြတယ်။
ဒါပေမဲ့ တကယ်တော့...
* **မင်းရဲ့ အောင်မြင်မှုဆိုတာ**
မင်းရဲ့ ဘဏ်အကောင့်ထဲက ဂဏန်းတွေပေါ်မှာ
မူတည်တာမဟုတ်ဘူး။
* **မင်းရဲ့ တန်ဖိုးဆိုတာ**
သူများတွေ မင်းကို ဘယ်လိုပြောသလဲဆိုတာပေါ်မှာ မူတည်တာမဟုတ်ဘူး။
**တကယ့်အမှန်တရားက -**
မင်းဟာ ဘဝရဲ့ မုန်တိုင်းတွေကို
တစ်ယောက်တည်း ရင်ဆိုင်ပြီး
ဒီနေ့အထိ မတ်တပ်ရပ်နေနိုင်တာဟာ အောင်မြင်မှုပါပဲ။
မင်းဟာ အခက်အခဲတွေကို ရင်ဆိုင်ရင်း
နှလုံးသား မမာကျောသွားဘဲ၊
သူတစ်ပါးအပေါ်မှာ ကရုဏာထားနိုင်သေးတာဟာ
တကယ့်ကို ကြီးမားတဲ့ အောင်မြင်မှုပါ။
**ဒါကြောင့် ဒီနေ့ကစပြီး
ဒါတွေကို ကိုယ့်ကိုယ်ကိုယ် ပြန်ပြောပေးပါ -**
"ငါ အများကြီး ကြိုးစားခဲ့ပါတယ်။
ငါ့ရဲ့ အမှားတွေအတွက်
ငါ့ကိုယ်ငါ ခွင့်လွှတ်ပါတယ်။
ပြီးပြည့်စုံဖို့ မလိုပါဘူး၊
ငါ့ရဲ့ လက်ရှိ အခြေအနေအတိုင်းပဲ ငါ လှပနေပါတယ်။"
ဒီစာလေးကို ဖတ်မိတဲ့သူတိုင်း...
မင်းတို့ တကယ်ကို တော်ပါတယ်။
မင်းတို့ရဲ့ အားထုတ်မှုတွေကို ငါ အသိအမှတ်ပြုပါတယ်။
ဒီနေ့တော့ အရာအားလုံးကို ခဏရပ်ပြီး
ကိုယ့်ကိုယ်ကိုယ် နွေးနွေးထွေးထွေး ပွေ့ဖက်လိုက်ပါ။
**မင်းဟာ မင်းရဲ့ ဘဝဇာတ်လမ်းမှာ အရေးအကြီးဆုံး သူရဲကောင်းပါ။ မင်းကို မင်းပဲ အရင်ဆုံး ချစ်တတ်ပါစေ။**
**[မျှဝေခြင်းသည်လည်း မေတ္တာပင်]**
ဒီနေ့မှာ အားငယ်နေတဲ့၊ ပင်ပန်းနေတဲ့ ကိုယ့်ရဲ့ သူငယ်ချင်းတစ်ယောက်ယောက်ဆီကို ဒီစာလေး ပို့ပေးလိုက်ပါ။ သူတို့အတွက် မင်းရဲ့ ဒီလက်ဆောင်လေးက သူတို့ရဲ့ တစ်နေ့တာကို ပြောင်းလဲပေးနိုင်ပါလိမ့်မယ်။
Crd
09/06/2026
ချမ်းသာဖို့ထက်
လက်ရှိနေထိုင်ရှင်သန် နေကြရတဲ့ အခြေအနေကနေ
ကျ ‘ မသွားအောင် ထိမ်းထား တောင့်ခံ ထားနိုင်ဖို့
ကြိုးစားကြရမယ်။
-
ချမ်းသာဖို့ မမျှော်လင့်နဲ့
အရမ်းခက်ခဲ သွားပြီ။
-
လက်ရှိအခြေအနေကို
တောင့်ခံ ထားနိုင်အောင် ဘယ်လိုကြိုးစားကြမလဲတွေး။
-
ဘယ်နှစ် နှစ်တောင့်ခံနိုင်မလဲ ကြိုးစား။
-
ဖြစ်ပျက်နေ တဲ့ ကုန်ဈေးနှုန်းဟာ တက်ပြီး ပြန်မကျဘူး ထပ်တက်ဖို့ပဲ ရှိတယ် ။
-
ငွေ ဝင်တဲ့လမ်း က အပေါက် ကျဉ်းသလောက်
အထွက်ပေါက် အရမ်းကျယ်တဲ့ ခုလိုကာလ မှာ
အားလုံး ဟာ ပို ပိုပြီး ခက်ခဲလာကြတာ တွေ့ရတယ်။
-
ကိုယ် ချမ်းသာဖို့ ကြိုးစားရင်းနဲ့
စိတ်ဆင်းရဲ လူဆင်း ရဲ နေကြရတဲ့ ဘဝတွေဟာ
နောက်ဆုံးတော့ ရောဂါ ရပြီး လုံးပါး ပါးကုန်ကြရတယ်။
-
အကြွေးထူ လူ ပမ်းပြီး စရိတ်စက များလွန်းတဲ့
အခြေအနေကို အားလုံး လက်ပစ်ကူး နေကြရတယ်။
-
ဒါကြောင့်
အနေ အထိုင် အစားအသောက်
ဆင်ခြင် ကြပါ ။
မလိုအပ်တာ မဝယ်မိစေနဲ့။
-
ချမ်းသာ ဖို့ထက် ကျန်းမာဖို့ အရေးကြီးတယ်
ကျန်းမာအောင် နေကြ။ ချမ်းသာအောင်လုပ်ကြရတဲ့
သူအချို့မှာ ကျန်းမာအောင်နေဖို့ မေ့နေကြတယ်။
-
သေ ဘေး ကြုံခဲ့ကြပြီးပြီ။
ပထမ ၁ ခါ ကိုဗစ် ၊
ဒုတိယ ၁ ခါ ငလျင်- နှစ်ခု စလုံး ကံကောင်းလွန်းလို့
မသေခဲ့ကြဘဲ လွတ်လာကြတယ်။
-
တတ်နိုင်သလောက် ကောင်းမှု ကုသိုလ်လုပ်ကြ
စိတ်ကောင်းထား။ လောဘ မကြီးနဲ့။
အကြွေးကင်းအောင် နေ။
-
ကျန်းမာပြီး အကြွေး ကင်းနေသေးတယ် ဆိုရင်
သင် ချမ်းသာ ပါတယ်
လောကမှာ လူတွေက ဘာမှချည်နှောင်ခြင်း မခံရဘဲ ကြိုက်တာလုပ်ရတဲ့ဘဝကို အိပ်မက်မက်ကြမှာပါ။
လူအများစုထင်တာက ချည်နှောင်ခံရရင် မလွတ်လပ်တော့ဘူး၊လုပ်ချင်တာတွေ လုပ်လို့မရတော့ဘူး၊ အဲ့အတွက် ချည်နှောင်မှုတွေကို မလိုချင်ကြဘူးပေါ့။
သို့သော် အမှန်က ချည်နှောင်မှုတိုင်းဟာ မကောင်းတဲ့သဘောချည်း သက်ရောက်နေတာမျိုး မဟုတ်ပါဘူး။
တချို့ ချည်နှောင်ထားတဲ့ကြိုးတွေက ကိုယ့်ကို လမ်းမှန်ပေါ်ရောက်အောင် ထိန်းပေးထားတာပါ။ ကိုယ့်ဘဝ အဓိပ္ပါယ်ရှိအောင်၊ ပြည့်စုံအောင် လုပ်ပေးထားတာပါ။
ဥပမာ၊ မိဘနဲ့သားသမီးကြားက ချစ်ခြင်းကြိုး၊ အိမ်ထောင်ဖက်ကြားက သစ္စာကြိုး၊ အလုပ်အကိုင်အပေါ်ထားတဲ့ တာဝန်ကျေပွန်မှုကြိုး...
ဒါတွေဟာ လူတစ်ယောက်ရဲ့ဘဝကို အဓိပ္ပာယ်ရှိစေပါတယ်။
ဒီကြိုးတွေသာမရှိရင် ဘဝဟာ ဦးတည်ရာမဲ့မျောနေတဲ့ လှေတစ်စင်းလို ဖြစ်သွားပါလိမ့်မယ်။
လူသားတွေမို့ တစ်ခါတလေ ကိုယ့်အတ္တကို ရှေ့တန်းတင်မိကာ ငါ့အတွက် ဘာမှ လွတ်လပ်မှု မရှိတော့ဘူး ဆိုပြီး အရေးကြီးတဲ့အရာတွေကို စွန့်ပစ်မိတတ်ကြပါတယ်။
"ငါ့ဘဝငါ့အပိုင်" "ငါကြိုက်တာလုပ်မယ်" ဆိုတဲ့အတွေးနဲ့ပေါ့။
ဒါက သင့်ကို တဒင်္ဂပျော်ရွှင်မှုဆီကို ခေါ်သွားနိုင်ပေမယ့် ရေရှည်မှာ အထီးကျန်စေပြီး မတော်ရင် ဒုက္ခပါ ရောက်သွားနိုင်တာပါ။
ဒီအတွက် ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။
ကိုယ့်ဘဝမှာ ဘယ်လိုချည်နှောင်မှုတွေက ကိုယ့်ကို အဓိပ္ပာယ်ရှိစေသလဲ။ ဘယ်ကြိုးတွေက ကိုယ့်အတွက် ခွန်အားဖြစ်စေသလဲ...ဆိုတာကိုပါ။
ကိုယ့်ကို ကောင်းတဲ့ဘက်ကို ဆွဲခေါ်သွားမယ့်ကြိုးတွေဆို အမြဲ ချည်နှောင်ရစ်ပတ်ထားဖို့ လိုပါမယ်။
ဒီအတွက် ...
ကြိုးတွေအကုန်ဖြတ်ပစ်ဖို့ အလျင်စလို မလုပ်လိုက်ပါနဲ့။ အရင်ဆုံး ကိုယ်ချည်နှောင်ထားတဲ့ ကြိုးတစ်ချောင်းချင်းစီရဲ့အဓိပ္ပာယ်ကို ပြန်သုံးသပ်ကြည့်ပါ။
တချို့ကြိုးတွေက ဖြတ်ပစ်ရမယ့်ကြိုးတွေ ဖြစ်နေတတ်သလို တချို့ကြိုးတွေက တစ်သက်လုံးတွယ်ကပ်ပြီး နေထိုက်တဲ့ကြိုးတွေလည်း ရှိနေတတ်ပါတယ်နော်။
ဒါကြောင့် ခဏတာ စိတ်ပျော်ရွှင်မှုနောက်ကို လိုက်ပြီး မိုက်ရူးရဲဆန်ဆန် ဆုံးဖြတ်ချက် မစောလိုက်ပါနဲ့ဦး။
👩🎓Dr.Khin Aye Soe
တချို့အကြွေးတွေက လူဆီမှာ မတင်ဘူး။
အချိန်ဆီမှာ တင်ထားတာ။
လူတချို့ကို ကြည့်ရင် အံ့ဩစရာကောင်းတယ်။
သူများအပေါ် မတရားလုပ်တယ်။
လိမ်တယ်။ သစ္စာဖောက်တယ်။ အခွင့်အရေးယူတယ်။
ဒါပေမယ့်...
သူတို့ဘဝက အဆင်ပြေနေတုန်းပဲ။
ရယ်မောနေတုန်းပဲ။ အောင်မြင်နေတုန်းပဲ။
ဒါကိုမြင်တော့ တချို့က
"တရားမျှတမှုဆိုတာ တကယ်ရှိရဲ့လား" လို့ မေးလာကြတယ်။
ဒါပေမယ့် သဘာဝတရားရဲ့ အလုပ်လုပ်ပုံက
လူတွေလို ချက်ချင်း အဖြေမပေးတတ်ဘူး။
မျိုးစေ့တစ်စေ့ စိုက်လိုက်တာနဲ့ နောက်နေ့ အသီးမသီးသလိုပဲ။
လုပ်ရပ်တစ်ခုရဲ့ အကျိုးဟာလည်း အချိန်တစ်ခု လိုအပ်တတ်တယ်။
တချို့လူတွေက သူတို့လုပ်ခဲ့တာတွေကို မေ့သွားနိုင်တယ်။
ဒါပေမယ့် သူတို့လုပ်ခဲ့တဲ့ လုပ်ရပ်တွေကတော့ မေ့မသွားဘူး။
စကားတစ်ခွန်းပြောခဲ့ရင်
နားထောင်ခဲ့ရတဲ့သူရဲ့ ရင်ထဲမှာ အမှတ်အသားကျန်တယ်။
လုပ်ရပ်တစ်ခု ကျူးလွန်ခဲ့ရင်
ဘဝတစ်နေရာရာမှာ အကျိုးသက်ရောက်မှု ကျန်တယ်။
လူတွေ မမြင်လို့သာ မရှိဘူးလို့ ထင်နေကြတာ။
တကယ်တော့...
အရာအားလုံးဟာ သူ့လမ်းကြောင်းနဲ့သူ ရွေ့လျားနေပြီးသား။
မြစ်ထဲ ပစ်ချလိုက်တဲ့ ကျောက်တုံးတစ်တုံးဟာ
ရေမျက်နှာပြင်ပေါ်မှာ လှိုင်းကွင်းတွေ ဖန်တီးသွားသလိုပဲ။
ကိုယ်ပြုလိုက်တဲ့ အပြုအမူတိုင်းကလည်း
ကိုယ်မမြင်ရတဲ့ နေရာတွေထိ သက်ရောက်သွားတတ်တယ်။
ဒါကြောင့်...
ကိုယ့်အပေါ် မကောင်းခဲ့တဲ့သူတစ်ယောက်ကို မြင်တိုင်း
"ဘယ်တော့ ပြန်ခံရမလဲ" ဆိုပြီး စောင့်မကြည့်ပါနဲ့။
"ဘယ်လို လက်စားချေရမလဲ" ဆိုပြီးလည်း မတွေးပါနဲ့။
ဘာလို့လဲဆိုတော့...
လက်စားချေခြင်းဆိုတာ
တစ်ဖက်လူကို နာကျင်စေဖို့ ကြိုးစားရင်း
ကိုယ့်စိတ်ထဲမှာ အမုန်းတွေ ဆက်မွေးထားရတာ ဖြစ်တယ်။
သူ့ကို အပြစ်ပေးချင်လို့ ကိုယ့်စိတ်ကို အကျဉ်းချထားသလို ဖြစ်သွားတတ်တယ်။
တချို့တိုက်ပွဲတွေမှာ နိုင်ခြင်းဆိုတာ ပြန်တိုက်ခိုက်နိုင်တာ မဟုတ်ဘူး။
ဆက်ပြီး မမုန်းနိုင်တော့တာ ဖြစ်တယ်။
ဆက်ပြီး မသယ်ဆောင်တော့တာ ဖြစ်တယ်။
ဆက်ပြီး မပူလောင်တော့တာ ဖြစ်တယ်။
ဘဝမှာ လူတစ်ယောက်ကို တရားစီရင်ပေးဖို့ ကိုယ့်တာဝန် မဟုတ်ဘူး။
ကိုယ့်တာဝန်က ကိုယ်လည်း အဲ့ဒီလို မဖြစ်အောင် နေဖို့၊
ကိုယ်စိုက်မယ့် မျိုးစေ့ကို ဂရုစိုက်ဖို့ပဲ။
တကယ်တော့...
လူတိုင်းဟာ ကိုယ်ရွေးခဲ့တဲ့ စကားတွေ၊
ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်တွေ၊ ကိုယ်ဖန်တီးခဲ့တဲ့ အကြောင်းတရားတွေရဲ့ အကျိုးဆက်နဲ့ တစ်နေ့နေ့မှာ တွေ့ဆုံရတယ်။
အချိန်က နှေးချင်နှေးမယ်။
ဒါပေမယ့်...
အကြောင်းတရားတွေက
သူတို့ရဲ့ အကျိုးတရားကို ဘယ်တော့မှ လမ်းမပျောက်စေဘူး။
ဒါကြောင့် မကောင်းမှုကို မနာလိုမဖြစ်နဲ့။
ကောင်းမှုကို စိတ်မပျက်နဲ့။
ဒီနေ့ ဘာမျိုးစေ့စိုက်နေသလဲဆိုတာကပဲ
မနက်ဖြန် ကိုယ်ရိတ်သိမ်းရမယ့် အရာကို ဆုံးဖြတ်ပေးမှာပါ။ 🌿
ဘဝမှာ တစ်ယောက်တည်း
အေးအေးချမ်းချမ်းနေချင်တိုင်း
အေးအေးချမ်းချမ်းဖြစ်တာမဟုတ်ဘူး။
ကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်နဲ့
အများကြီးဆိုင်တယ်။
ဘေးနားကလူတွေရဲ့ ဓာတ်က
ကိုယ့်အပေါ်လွမ်းမိုးမှုကြီးတယ်။
တချို့နေရာတွေက မင်္ဂလာဓာတ်ရှိတယ်။
တချို့နေရာတွေက အမင်္ဂလာဓာတ်ရှိတယ်။
ဒါကို နေရာတစ်ခုကိုသွားရုံနဲ့
လူတွေခံစားရတတ်ကြတယ်။
ဒီဓာတ်ကို အတွေးတွေ၊
လူတွေ၊ နေရာတွေကလွမ်းမိုးနေတယ်။
Phyo Paing
Click here to claim your Sponsored Listing.