AR News

AR News

Share

Latest updates and news for Myanmar in Thailand.
ထိုင်းရောက် မြန်မာတွေအတွက် ထိုင်းပြည်တွင်းသတင်းတွေကို အချိန်နဲ့တပြေးညီတင်ပြပေးနေတဲ့ သတင်းစာမျက်နှာ ဖြစ်ပါတယ်။

ARONE (အာရုဏ်ဦး) is an information hub dedicated to Myanmar migrant workers in Thailand. We provide reliable news, legal updates, and essential insights to empower our community. Stay informed, stay safe.

06/20/2026

ထိုင်းတောင်ပိုင်းမှာ ဗုံးခွဲတိုက်ခိုက်မှု ၂ ကြိမ် သီးခြားစီဖြစ်ပွား၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး ဒဏ်ရာရပြီး ၂ ဦး စိုးရိမ်ရ
ယာလာ၊ ဇွန် ၂၀

ထိုင်းနိုင်ငံတောင်ပိုင်း နယ်စပ်ဒေသ ယာလာ နှင့် ပတ္တာနီခရိုင်တို့တွင် ဗုံးခွဲတိုက်ခိုက်မှု ၂ ကြိမ် သီးခြားစီ ဖြစ်ပွားခဲ့ရာ ကင်းလှည့်နေသည့် ရဲတပ်ဖွဲ့ဝင် ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နံနက်ပိုင်းက ယာလာခရိုင်၊ Thanto ဒေသတွင် ကင်းလှည့်နေသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို ပစ်မှတ်ထား၍ လမ်းဘေးဗုံး ဖြင့် တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၂ ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ရဟတ်ယာဉ်ဖြင့် ဆေးရုံသို့ အရေးပေါ် ပို့ဆောင်လိုက်သည်။

သီးခြားဖြစ်ရပ် နောက်တစ်ခုမှာ နေ့လယ် ၁၁ နာရီခွဲခန့်တွင် ပတ္တာနီခရိုင်၊ Thayan ဒေသရှိ လုံခြုံရေးဂိတ်တစ်ခုအနီးတွင် ရဲတပ်ဖွဲ့ဝင်များ စီးနင်းလာသည့် ကားကို ပစ်မှတ်ထား၍ ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၅ ဦး ထပ်မံဒဏ်ရာရရှိခဲ့ပြီး ဒေသတွင်း ဆေးရုံများသို့ ပို့ဆောင်ထားရသည်။

Source: Chiang Rai Times

#ထိုင်းနိုင်ငံတောင်ပိုင်း #ဗုံးခွဲတိုက်ခိုက်မှု #ယာလာ #ပတ္တာနီ

>

06/20/2026

ယာဆိုသွန်မှာ မီးခိုးသွယ်ပြီး ဘစ်ကွိုင်တူးနေသော အဆောက်အဦးကို ရဲတပ်ဖွဲ့ ဝင်စီး
ယာဆိုသွန်၊ ဇွန် ၂၀

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၊ ယာဆိုသွန် မြို့လယ်ရှိ စီးပွားရေးဇုန်အတွင်း သံသယဖြစ်ဖွယ် အဆောက်အအုံတစ်ခုကို ရဲတပ်ဖွဲ့နှင့် လျှပ်စစ်ဌာန (PEA) တို့ ပူးပေါင်း၍ ဇွန် ၁၉ ရက် က ဝင်ရောက်စီးနင်းခဲ့ရာ တရားမဝင်ဘစ်ကွိုင်တူးနေသည်ကို ရှာဖွေတွေ့ရှိခဲ့သည်။

အဆိုပါ အဆောက်အအုံသည် အပြင်ပန်းအားဖြင့် လူသူမရှိဘဲ ပိတ်ထားသော်လည်း အတွင်း၌ ဘစ်ကွိုင်းတူးစက် ၁၈ လုံးကို ၂၄ နာရီပတ်လုံး လည်ပတ်နေခြင်းဖြစ်သည်။ ထိုအဆောက်အအုံ၏ တစ်လတာ လျှပ်စစ်မီတာခမှာ ၈ ဘတ် သာ ကျသင့်နေသဖြင့် သံသယဝင်ကာ ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။

စစ်ဆေးမှုများအရ လျှပ်စစ်မီတာကို ဖြတ်ကျော်ကာ ပင်မဓါတ်အားလိုင်းမှ လျှပ်စစ်ကို တိုက်ရိုက် သွယ်တန်းခိုးယူထားကြောင်း တွေ့ရှိခဲ့သည်။

ဤ မီးခိုးသွယ်ယူမှုကြောင့် လျှပ်စစ်ဌာနအနေဖြင့် တစ်လလျှင် အနည်းဆုံး ဘတ် ၂၀၀,၀၀၀ ကျော် ဆုံးရှုံးနေရကြောင်း တွက်ချက်ထားသည်။

အဆောက်အအုံကို ငှားရမ်းထားသည့် တရားခံများကို ဖမ်းဆီးနိုင်ရန် ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းလျက်ရှိသည်။

Source: Thairath

#ထိုင်းသတင်း #ယာဆိုသွန် #ဘစ်ကွိုင်းတူးခြင်း #မီးခိုးသွယ်မှု

>

06/20/2026

ထိုင်းမှာ ကျုးကျော်ငါးမျိုးစိတ် ပါးမဲတီလာပီးယားကြောင့် ပုစွန်ကန်တစ်ခုတည်းမှာတင် ၅ တန်ကျော် ဖမ်းဆီးရမိ
စမုတ်ဆုန်ခရမ်၊ ဇွန် ၂၀

ထိုင်းနိုင်ငံတွင် ကျူးကျော်ငါးမျိုးစိတ်တစ်ခု ဖြစ်သည့် ပါးမဲတီလာပီးယားငါးများ အလွန်အမင်း တိုးပွားလာခြင်းကြောင့် ပုစွန်နှင့် ငါးမွေးမြူရေး တောင်သူများ ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရသည်။

ထိုင်းနိုင်ငံအလယ်ပိုင်း စမုတ်ဆုန်ခရမ်ရှိ ပုစွန်မွေးမြူရေး လုပ်ငန်းရှင် အမျိုးသမီးတစ်ဦး၏ အဆိုအရ ၎င်းပိုင်ဆိုင်သည့် ၅၀ ရိုင် ကျယ်ဝန်းသော ပုစွန်ကန်များအတွင်း သတ်မှတ်ရက်မပြည့်မီ ပုစွန်များကို အလျင်စလို ဖမ်းဆီးခဲ့ရကြောင်း၊ ကန်တစ်ခုတည်းမှာပင် ပါးမဲတီလာဗီးယားငါး ကီလိုဂရမ် ၅,၀၀၀ ကျော် (၅ တန်ကျော်) အထိ ဖမ်းဆီးရမိခဲ့ပြီး မွေးမြူထားသည့် ပုစွန်များအားလုံး ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

အဆိုပါ ကျူးကျော်ငါးများကို နှိမ်နင်းရန်အတွက် အစိုးရက ဇီဝမြေဩဇာပြုလုပ်ရန် တစ်ကီလိုလျှင် ၅ ဘတ်မှ ၆ ဘတ်ခန့် ဖြင့် ပြန်လည်ဝယ်ယူပေးနေသော်လည်း ငါးဖမ်းဆီးရသည့် လုပ်အားခနှင့် ပိုက်ကွန်ဖျက်ဆီးခံရမှု ကုန်ကျစရိတ်က ပိုမိုများပြားနေသဖြင့် တွက်ခြေမကိုက်ဘဲ အရှုံးပေါ်နေကြသည်။

ဤငါးမျိုးစိတ်ကို ၂၀၁၀ ပြည့်နှစ်က အာဖရိကမှတစ်ဆင့် ထိုင်းနိုင်ငံရှိ CP Foods က သုတေသန ပြုလုပ်ရန် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ချူလာလောင်ကွန်းတက္ကသိုလ်၏ DNA စစ်ဆေးချက်များအရ လက်ရှိ ပျံ့နှံ့နေသည့် ငါးများသည် အဆိုပါ သုတေသန စခန်းမှ တစ်ဆင့် ပျံ့နှံ့သွားခြင်းဖြစ်ကြောင်း ဖော်ပြနေသော်လည်း သက်ဆိုင်ရာ ကုမ္ပဏီဘက်ကမူ ၎င်းတို့တွင် တာဝန်မရှိကြောင်း ငြင်းဆိုထားသည်။

ပါးမဲငါးများ ပွားများလာမှုသည် ခရိုင်အတော်များများသို့ ကူးစက်နေပြီး ဂေဟစနစ်တစ်ခုလုံးကို ခြိမ်းခြောက်နေကြောင်း သိရသည်။

Source: Bangkok Post

#ထိုင်းသတင်း #ကျူးကျော်ငါးမျိုးစိတ် #ပုစွန်မွေးမြူရေးပျက်စီးမှု #သဘာဝပတ်ဝန်းကျင်

>

06/20/2026

ဘတ် ဘီလီယံချီ လိမ်လည်ခဲ့သော Forex Trading ကွန်ရက် ကို DSI ဖြိုခွဲ၊ လွှတ်တော်အမတ်တစ်ဦး ပါဝင်ပတ်သက်မှု ငြင်းဆို
ဘန်ကောက်၊ ဇွန် ၂၀

ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) သည် ဘတ်ငွေဘီလီယံနှင့်ချီ၍ လိမ်လည်ခဲ့သည့် အွန်လိုင်း Forex Trading အဖွဲ့ကြီး တစ်ခုကို စီးနင်း ဖြိုခွဲလိုက်ကြောင်း ထုတ်ပြန်သည်။

အဆိုပါ လိမ်လည်မှုတွင် အတိုက်အခံပါတီမှ ထင်ရှားသည့် အမျိုးသမီး လွှတ်တော်အမတ်တစ်ဦးနှင့် ၎င်း၏ ခင်ပွန်းဖြစ်သူတို့ ပတ်သက်နေသည်ဟူသော စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့ပြီးနောက် ယခုကဲ့သို့ စီးနင်းမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

အဆိုပါဂိုဏ်းသည် ရင်းနှီးမြှုပ်နှံသူများကို Forex ဈေးကွက်တွင် ကုန်သွယ်မှုပြုလုပ်ပါက ကာလတိုအတွင်း မြင့်မားသည့် အမြတ်အစွန်းများ ပြန်လည်ရရှိမည်ဟု ဆိုကာ ဆွဲဆောင်ခဲ့ခြင်း ဖြစ်သည်။

လိမ်လည်ခံရသူ ပေါင်းများစွာရှိနေပြီး ဆုံးရှုံးမှုပမာဏမှာ ထိုင်းဘတ်ငွေ ဘီလီယံချီ ရှိနိုင်ကြောင်း DSI က ခန့်မှန်းထားသည်။

သံသယဖြစ်ခံရသည့် အမျိုးသမီး လွှတ်တော်အမတ်ကမူ ၎င်းနှင့်၎င်း၏ မိသားစုသည် ယခု Forex လိမ်လည်မှု ကွန်ရက်နှင့် လုံးဝ ပတ်သက်မှုမရှိကြောင်း၊ မိမိတို့၏ ဂုဏ်သတင်းကို ဖျက်ဆီးရန် နိုင်ငံရေးအရ တိုက်ခိုက်ခြင်းသာဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲပြုလုပ်၍ ငြင်းဆိုသွားခဲ့သည်။

DSI ရဲတပ်ဖွဲ့သည် လိမ်လည်မှုနှင့် ဆက်စပ်နေသည့် ရုံးခန်းများနှင့် ကွန်ပျူတာ၊ ဘဏ္ဍာရေးဆိုင်ရာ အထောက်အထားများစွာကို သိမ်းဆည်းရမိခဲ့ပြီး၊ ဆုံးရှုံးသွားသည့် ငွေကြေးများကို ပြန်လည်ရရှိရန်နှင့် ကွန်ရက်တွင် ပါဝင်သူအားလုံးကို ထိရောက်စွာ အရေးယူနိုင်ရန် စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

Source: Thai Examiner

#ထိုင်းနိုင်ငံသတင်း ိမ်လည်မှု ီးနင်းမှု #မှုခင်းနှင့်စီးပွားရေး

>

06/20/2026

ဘန်ကောက်မှာ ခရီးသွားဗီဇာနဲ့ ဆေးလိမ်လည် ရောင်းနေတဲ့ ပါကစ္စတန် ၆ ဦး ဖမ်းမိ
ဘန်ကောက်၊ ဇွန် ၂၀

ဘန်ကောက်မြို့လယ် ကမ္ဘာလှည့်ခရီးသွားများပြားရာ ဆူခွန်ဗစ် (Sukhumvit) နာနာ ဧရိယာရှိ တိုင်းရင်းဆေးနှင့် တည်းခိုခန်း တွဲလျက် ဆိုင်တစ်ဆိုင်ကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး ကမ္ဘာလှည့်ခရီးသွားဗီဇာ ဖြင့် တရားမဝင် အလုပ်လုပ်ကိုင်နေသည့် ပါကစ္စတန်နိုင်ငံသား ၆ ဦးကို ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

အဆိုပါဆိုင်သည် လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွားများကို ပစ်မှတ်ထားကာ ဆေးပင်၊ ဆေးမြစ်များ ထည့်ထားသည့် ဆေးအိုး (Herbal Jars) များကို အဓမ္မဖိအားပေး၍ လိမ်လည်ရောင်းချခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ဆိုင်တွင် ထိုင်းဘတ် ၃ သိန်းကျော်ဖိုးအထိ ရောင်းချထားရသည့် အရောင်းမှတ်တမ်းများ ကို သိမ်းဆည်းရမိခဲ့သည်။

ထိပ်ပြောင်နေသည့် အမျိုးသားများကို ဆံပင်ပေါက်ဆေးဟု လည်းကောင်း၊ ဝိတ်ကျဆေးဟု လည်းကောင်း၊ ဆေးအတုများကို လိမ်လည်ရောင်းချခဲ့ပြီး တစ်ဦးလျှင် ဘတ် ၆ သောင်းကျော် အထိ မတန်တဆ ပေးခဲ့ရကြောင်း သိရသည်။

ဖမ်းဆီးရမိသူ ပါကစ္စတန်အမျိုးသား ၆ ဦးလုံးတွင် ဝါ့ခ်ပါမစ် လုံးဝမရှိဘဲ ခရီးသွားဗီဇာဖြင့်သာ တရားမဝင် ဆိုင်ဖွင့်ပြီး စီးပွားရှာနေခြင်းဖြစ်ကြောင်း သိရသည်။

၎င်းအပြင် ကမ္ဘာလှည့်ခရီးသွားများအား ဈေးနှုန်းအဆမတန် မြင့်မားစွာဖြင့် ဈေးရောင်းထားသည့် အရောင်းမှတ်တမ်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆီးရမိသူများအား တရားမဝင် အလုပ်လုပ်ကိုင်မှု၊ ခရီးသွားဗီဇာ စည်းကမ်းချက်များ ချိုးဖောက်မှုတို့ဖြင့် တရားစွဲဆိုထားပြီး ၎င်းတို့အား ပြည်နှင်ဒဏ်ပေးကာ နာမည်ပျက်စာရင်း သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

Source: Thai Examiner

#ထိုင်းသတင်း #ဘန်ကောက် #ပါကစ္စတန် #မှုခင်းသတင်း

>

06/20/2026

ထိုင်းထက် ဗီယက်နမ်ကို ကမ္ဘာလှည့်ခရီးသွားတွေ ပိုမိုရွေးချယ်လာရသည့် အဓိကအကြောင်းရင်းများ
ချင်းရိုင်၊ ဇွန် ၂၀

၂၀၂၆ ခုနှစ်အတွင်း အရှေ့တောင်အာရှသို့ လာရောက်ကြသည့် ကမ္ဘာလှည့်ခရီးသွားများသည် ကာလရှည်ကြာ ရေပန်းစားခဲ့သော ထိုင်းနိုင်ငံအစား ဗီယက်နမ်နိုင်ငံဘက်သို့ ပိုမိုပြောင်းလဲ ခြေဦးလှည့်လာကြကြောင်း လေ့လာမှုများအရ သိရသည်။

ခရီးသွားများ ဗီယက်နမ်နိုင်ငံကို ပိုမိုရွေးချယ်လာရသည့် အဓိကအချက် ၄ ချက်မှာ အောက်ပါအတိုင်း ဖြစ်သည် -

၁။ ကုန်ကျစရိတ် သက်သာခြင်း - ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်း ကုန်ကျစရိတ်များ၊ ဟိုတယ်ခများနှင့် စားစရိတ်များ မြင့်တက်လာချိန်တွင် ဗီယက်နမ်နိုင်ငံသည် ဘတ်ဂျက်ချွေတာလိုသည့် ခရီးသွားများအတွက် စရိတ်သက်သာပြီး အရည်အသွေးကောင်းမွန်သည့် ဝန်ဆောင်မှုများကို ပေးစွမ်းနေသည်။

၂။ ဗီဇာလွယ်ကူချောမွေ့ခြင်း - ဗီယက်နမ်နိုင်ငံ၏ ရက်ပေါင်း ၉၀ အထိ နေထိုင်ခွင့်ပြုသည့် E-Visa စနစ်သည် ကမ္ဘာလှည့် ခရီးသွားများအတွက် ဝင်ထွက်သွားလာရ ပိုမိုလွယ်ကူစေသည်။

၃။ မပျက်စီးသေးသည့် သဘာဝအလှအပများ - ထိုင်းနိုင်ငံ၏ နာမည်ကြီး ကမ်းခြေများနှင့် နေရာအများစုမှာ ကမ္ဘာလှည့် ခရီးသွားများလွန်းသဖြင့် သဘာဝအလှအပများ ပျက်စီးလာချိန်တွင် ဗီယက်နမ်ရှိ ဖူးကွတ်ကျွန်း (Phu Quoc)၊ ဆာပါ (Sapa) နှင့် နင်ဘင်း (Ninh Binh) စသည့် နေရာများသည် သဘာဝအတိုင်း ရှိနေဆဲ ဖြစ်သည်။

၄။ ယဉ်ကျေးမှုနှင့် စားသောက်ဖွယ်ရာများ - ဗီယက်နမ်၏ ထူးခြားသော ကော်ဖီယဉ်ကျေးမှု၊ လမ်းဘေးစာများနှင့် ရိုးရာဓလေ့များသည် ခရီးသွားများကို ဆွဲဆောင်မှုအသစ် ပေးစွမ်းလျက်ရှိသည်။

သုံးသပ်ချက် - သို့သော်လည်း ထိုင်းနိုင်ငံသည် ညဘက်အပန်းဖြေမှု (Nightlife) ဇိမ်ခံခရီးသွားကဏ္ဍနှင့် ဝန်ဆောင်မှုပိုင်းတွင် ကမ္ဘာ့အဆင့်မီ ဆက်လက်ဦးဆောင်နေဆဲ ဖြစ်သည်။ ဗီယက်နမ်နိုင်ငံအနေဖြင့် လက်ရှိရရှိထားသည့် ခရီးသွားအရှိန်အဟုန်ကို ဆက်ထိန်းရန်အတွက် အင်္ဂလိပ်ဘာသာစကား နှင့် အခြေခံအဆောက်အအုံ လိုအပ်ချက်များကို ဆက်လက်မြှင့်တင်ရန် လိုအပ်ကြောင်း ပညာရှင်များက သုံးသပ်ထားသည်။

Source: Chiang Rai Times

#ကမ္ဘာ့ခရီးသွားသတင်း #ထိုင်းနှင့်ဗီယက်နမ် #ခရီးသွားကဏ္ဍ #ဗီယက်နမ်ခရီးသွား

>

06/20/2026

ဆင်ရိုင်းတစ်ကောင် ရဲစခန်းထဲ လမ်းလျှောက်ဝင်ရောက်လာ
နခွန်ရက်ချာစီမာ၊ ဇွန် ၂၀

နခွန်ရတ်ချာစီမာခရိုင်၊ ပါ့ခ်ချောင်မြို့ရှိ Mu Si ရဲစခန်းသို့ ဆင်ရိုင်းတစ်ကောင် ဝင်လာခဲ့ရာ ရဲတပ်ဖွဲ့ဝင်များ အလျင်အမြန် ရှောင်တိမ်းခဲ့ရသည်။ ဆင်သည် ရဲစခန်းပတ်ဝန်းကျင်ကို တည်ငြိမ်စွာ လှည့်လည်ကြည့်ရှုပြီးနောက် တောထဲသို့ ပြန်ဝင်ရောက်သွားခဲ့သည်။ ရဲတပ်ဖွဲ့က “အမှုလာဖွင့်တာ ဖြစ်မယ်” ဟု ဟာသနှောခဲ့ပြီး “အချုပ်ခန်းက သေးလွန်းလို့ မဖမ်းလိုက်ရဘူး” ဟုလည်း နောက်ပြောင်ခဲ့သည်။

Source: Thai Enquirer

#ဆင်ရိုင်း #နခွန်ရတ်ချာစီမာ #ထိုင်းသတင်း

>

06/20/2026

အွန်လိုင်းမက်ဆေ့ချ်များကြောင့် စိတ်အနှောက်အယှက်ဖြစ်ကာ အိမ်နီးချင်း အမျိုးသားကို ရိုက်သတ်မှု ဖြစ်ပွား
အန်ထောင်း၊ ဇွန် ၂၀

ထိုင်းနိုင်ငံ အန်ထောင်း (Ang Thong) ခရိုင် တွင် အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦး အသတ်ခံရမှု ဖြစ်ပွားခဲ့သည်။

စုံစမ်းမှုအရ အသက် ၆၅ နှစ်ရှိ အိမ်နီးချင်းအမျိုးသားက မိမိထံသို့ အွန်လိုင်းမှ ထူးဆန်းသော မက်ဆေ့ချ်များ ပို့နေသူမှာ သေဆုံးသူ ဖြစ်သည်ဟု သံသယဝင်ခဲ့ပြီး အငြိုးထားကာ တုတ်ဖြင့် ရိုက်နှက်ခဲ့သဖြင့် သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ယူဆထားသည်။

CCTV မှတ်တမ်းများနှင့် မျက်မြင်သက်သေများ၏ ထွက်ဆိုချက်များအရ သံသယရှိသူသည် ညပိုင်းတွင် သေဆုံးသူ၏ နေအိမ်သို့ သွားရောက်ခဲ့ပြီး အခင်းဖြစ်ပွားပြီးနောက် ထွက်ခွာသွားခဲ့ကြောင်း တွေ့ရှိရသည်။

စုံစမ်းစစ်ဆေးမှုများအရ အွန်လိုင်းမက်ဆေ့ချ်များ၊ အပြန်အလှန် စွပ်စွဲမှုများနှင့် အိမ်နီးချင်းများကြား အငြင်းပွားမှုများသည် အချိန်ကြာမြင့်စွာ ဖြစ်ပွားနေခဲ့ပြီး ယင်းအငြိုးအတေးများက လူသတ်မှုအထိ ဦးတည်သွားခဲ့သည်ဟု ရဲတပ်ဖွဲ့က ယူဆထားသည်။

Source: Thai Examiner

#ထိုင်းသတင်း #အန်ထောင်းလူသတ်မှု #အွန်လိုင်းသံသယ

>

06/20/2026

ဖန်ငကမ်းခြေမှာ ၆ ကြိမ်မြောက် စံချိန်တင် ဥ ထပ်လာဥတဲ့ ရှားပါးလိပ်ကြီး မယ့်နမော
ဖန်င၊ ဇွန် ၂၀

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်ရှိ ခေါင်လမ်ပီအမျိုးသားဥယျာဉ် ကမ်းခြေသို့ နမော ဟု အမည်ပေးထားသည့် ရှားပါး လိပ်ကြီးတစ်ကောင်သည် ယခုရာသီအတွင်း ၆ ကြိမ်မြောက်အဖြစ် လာရောက်ဥချခဲ့ကြောင်း အမျိုးသားဥယျာဉ် တာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည်။

အဆိုပါ လိပ်မကြီးသည် ဇွန်လ ၁၈ ရက် ညဥ့်နက်ပိုင်းတွင် ကမ်းခြေသို့ တက်လာခဲ့ခြင်းဖြစ်ပြီး ဒရုန်းကင်မရာများ သုံး၍ စောင့်ကြည့်နေစဉ် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဏ္ဏဝါပညာရှင်များ၏ စစ်ဆေးချက်အရ ၎င်းလိပ်မကြီးသည် ယခုအကြိမ်တွင် လိပ်ဥ ၁၂၇ ဥ ဥချခဲ့ကြောင်း သိရသည်။ လိပ်ဥများ၏ ပျမ်းမျှအချင်းမှာ ၅.၃၆ စင်တီမီတာ ရှိသည်။

လိပ်မကြီး ဥချခဲ့သည့်နေရာသည် ဒီရေတက်လျှင် ရေနစ်မြုပ်နိုင်သည့် အန္တရာယ်ရှိသောကြောင့် တာဝန်ရှိသူများက ဥများအားလုံးကို ဘေးလွတ်ရာ သဲသောင်ပြင်သို့ ရွှေ့ပြောင်းပေးခဲ့ပြီး ဥများ ပေါက်ပွားလာမည့် ရက်ပေါင်း ၅၅ ရက်မှ ၆၅ ရက်အတွင်း ၂၄ နာရီပတ်လုံး CCTV ကင်မရာများဖြင့် စောင့်ကြည့်သွားမည်ဖြစ်သည်။

ယခုကဲ့သို့ လိပ်မကြီး တစ်ကောင်တည်းက ကမ်းခြေတစ်ခုတည်း၌ ၆ ကြိမ်တိုင်တိုင် စံချိန်တင် လာရောက်ဥချခြင်းသည် အဆိုပါဒေသ၏ ဂေဟစနစ် ကောင်းမွန်မှုနှင့် ကာကွယ်ရေးလုပ်ငန်းစဉ်များ အောင်မြင်နေခြင်းကို ပြသနေကြောင်း ပညာရှင်များက သုံးသပ်ထားကြသည်။

Source: Khaosod English

#ထိုင်းနိုင်ငံသတင်း #ဖန်ငါးသတင်း #သမုဒ္ဒရာလိပ် #သဘာဝပတ်ဝန်းကျင် #မဲနမော

>

06/20/2026

လောင်းကစားဝဘ်ဆိုက်ကြော်ငြာပေးသည့် OnlyFans Influencer များကို ချင်းမိုင်တွင်ဖမ်းဆီး
ချင်းမိုင်၊ ဇွန် ၂၀

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်အတွင်း နာမည်ကျော်ကြားသည့် OnlyFans အားပေးသူအများအပြားရှိသော Influencer အချို့ ပါဝင်သည့် လောင်းကစားဝက်ဘ်ဆိုက်များ ကြော်ငြာပေးနေသည့် ကွန်ရက်တစ်ခုကို ထိုင်းဆိုက်ဘာရဲတပ်ဖွဲ့ (CCIB) က ဝင်ရောက် ဖမ်းဆီးခဲ့သည်။ (OnlyFans မှာ ယူကေအခြေစိုက် အခပေးအွန်လိုင်းပလက်ဖောင်းတစ်ခု Subscription-based Content Platform ဖြစ်ပြီး လူကြီးကြိုက် content များကြည့်ရှုနိုင်သည့်နေရာ ဖြစ်သည်။)

ချင်းမိုင်အတွင်းရှိ မူအန်း (Mueang) နှင့် ဆန်ဆိုင်း ဒေသများရှိ ပစ်မှတ်နေရာများအား တစ်ပြိုင်နက် ဝင်ရောက်စီးနင်းခဲ့ပြီး အသက် ၂၀ ကျော်အရွယ်ရှိ အမျိုးသမီးများနှင့် အမျိုးသားများကို ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများထဲမှ နာမည်ကြီး OnlyFans အကောင့်ပိုင်ရှင် အမျိုးသမီးတစ်ဦးသည် ၎င်း၏ X (Twitter)၊ Instagram နှင့် Facebook စာမျက်နှာများတွင် Adult Content များနှင့်အတူ တရားမဝင် လောင်းကစားလင့်ခ်များ ပူးတွဲတင်ကာ လစဉ် ဘတ်သောင်းချီ ကြော်ငြာခရယူခဲ့ကြောင်း ဝန်ခံခဲ့သည်။

ထို့အပြင် သီးသန့် အခပေး VIP Line Group များဖွဲ့ကာ ညစ်ညမ်းဗီဒီယိုများ မျှဝေခြင်း၊ လောင်းကစားဂိုဏ်းများအတွက် ငွေကြေးရှာဖွေပေးခြင်းနှင့် ဖော်လိုဝါအမြောက်အမြားရှိသော အကောင့်တုများဖြင့် အွန်လိုင်းငွေလိမ်မှုများကို ကူညီပေးခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်။

Source: Chiang Rai Times

#ထိုင်းနိုင်ငံသတင်း #ဆိုက်ဘာရဲတပ်ဖွဲ့ #အွန်လိုင်းလောင်းကစား

>

Want your business to be the top-listed Business in Toronto?
Click here to claim your Sponsored Listing.

Address


San Phranet San Sai
Toronto, ON
50210