SAI AUNG TIP KHAM
Let's do all the things together
(Mathematics, Education & Lifestyle)
ဝက်သားတုတ်ထိုးလုပ်ရင်း သူများအသည်းနှလုံးခွဲမှုဖြစ်ပွား😁😁
Disclaimer: NO COPYRIGHT infringement intended. For entertainment purpose only. I do not own the Music. All rights and credits go to rightful owner.
Proud of being Shan and missing home🎤 (excuse my face & voice)
Shan+Myanmar version
(မွၵ်ႇႁွမ်လိုၵ်း+ရှမ်းစကားတွေနဲ့ နှုတ်ဆက်ကြမယ်)
Disclaimer: NO COPYRIGHT infringement intended. For entertainment purpose only. I do not own the Music. All rights and credits go to rightful owner.
#ရှမ်း
Happy New Year
Be happy, healthy and wealthy
2025 is one of the memorable years for me as lot of good things happened, and bad things as well.
My very first vacation in Canada
Quebec (day 2, part 1)
Disclaimer: NO COPYRIGHT infringement intended. For entertainment purpose only. I do not own the Music. All rights and credits go to rightful owner.
ဒီနှစ် first snow ကတော့ fall မကုန်ခင်မှာပဲ ကျလို့ ရွှေဝါရောင်အရွက်တွေပေါ်မှာ snow တွေနဲ့ ပိုလှပါတယ်
Notre-Dame Basilica of Montreal
Disclaimer:NO COPYRIGHT infringement intended.For entertainment purpose only.I do not own the Music.All rights and credits go to rightful owner.
My very first vacation in Canada
Montreal (day 1)
02/23/2025
ကျနော် Canada မှာ ဘယ်လိုအလုပ်ရှာပြီး အလုပ်ရခဲ့သလဲ?? 🇨🇦 🇨🇦
Canada မှာ အလုပ်များတယ်ဆိုပေမဲ့ အလုပ်ရဖို့ကတော့ သိပ်ပြီး မလွယ်ပါဘူးဗျ။ ဘာလို့လဲဆိုတော့ ကျနော်တို့လို ကျောင်းသားတစ်ယောက်က မြန်မာမှာ အလုပ်အတွေ့အကြုံမရှိတာ အများစုပါပဲ။ ပြီးတော့ ကျောင်းတစ်ဖက်နဲ့ Part Time ပဲ လုပ်လို့ရတာဆိုတော့ Full Time သမားနဲ့ ယှဥ်ရင် အခွင့်အရေးပိုနည်းပါတယ်။ ဒါပေမဲ့ ဇွဲမလျှော့ပဲ ရှာမယ်၊ Resume ကို ပုံစံကျကျရေးတတ်မယ်၊ Referral လည်း ရှိမယ်ဆိုရင်တော့ ရမှာသေချာပါတယ်။
ကျနော် ဘယ်လိုရှာခဲ့လဲဆိုတော့ အစပိုင်းမှာ Resume ကို Print ထုတ်ပြီး တစ်ဆိုင်ဝင်၊တစ်ဆိုင်ထွက် လိုက်ပေးပါတယ်၊ ဘာ Position ရရဆိုပြီးတော့လည်း ပြောခဲ့သေးတယ်။ ဒါပေမဲ့ အလုပ်မဖြစ်ခဲ့ပါဘူး။
နောက်ပိုင်းမှာတော့ Myanmar Community က ကျောင်းသားတွေ့ဆုံပွဲလုပ်ပေးပြီး Canada ရဲ့ Resume Format အကြောင်းတွေ၊ အလုပ်အကြောင်းတွေ ပြောပြပြီးတော့ Connection တွေလည်း ရလာတယ်။ အဲ့တော့မှ အသိအကိုတစ်ယောက်က Referral ပေးပြီး Sushi ဆိုင်မှာ အလုပ်ရခဲ့တယ်။ သိပ်မကြာပါဘူး ကျနော်အိမ်ပြောင်းတော့ အလုပ်နဲ့ အရမ်းဝေးတော့ Canada Experience ပါတဲ့ Resume အသစ်နဲ့ ထပ်လျှောက်တယ်။ အလုပ် 3 ခုက Interview ခေါ်ပါတယ်။ 2 ခုက Sushi ဆိုင်၊ နောက်တစ်ခုက Fine Dining Restaurant & Bar မှာပါ။ Sushi 2 ဆိုင်လုံးမှာ အလုပ်မရခဲ့ပါဘူး။ ကျနော်ထင်တာကတော့ Interview မှာ Confident မရှိတာရယ်၊ သူတို့မေးတာကို မလုပ်တတ်ဘူးလို့ ဖြေတာရယ်၊ ကိုယ်ပိုင်ဓါးရှိလား မေးတာကို မရှိဘူးလို့ ဖြေတာရယ်ကြောင့် ဖြစ်နိုင်ပါတယ်ဗျ။ (*kitchen တွေမှာ သူများဓားယူသုံးတာကို မကြိုက်ကြပါဘူး*) Restaurant မှာက Interview ကို Confident ရှိရှိဖြေတယ်၊ ဘာပဲမေးမေး လုပ်တတ်ပါတယ် လုပ်နိုင်ပါတယ်ပဲ ဖြေတယ်။ ပြီးတော့ အသိတစ်ယောက်ရဲ့ Referral လည်း ပါနေတယ်ဆိုတော့ အလုပ်ရခဲ့ပါတယ်။ ဆိုင်အသစ်ဆိုတော့ Training အကုန်ပေးပါတယ်။ အစပိုင်းမှာတော့ အခက်အခဲတွေရှိပေမဲ့ အခုတော့ အဆင်ပြေသွားပါပြီဗျ။ ကျနော်အခု အဲ့ဆိုင်မှာပဲ Sections 3 ခုရဲ့ Junior Cook အနေနဲ့ လုပ်နေပါတယ်ဗျ။
ပြီးတော့ နောက်တစ်ခုက ကျောင်းမှာ GPA ကောင်းရင်လည်း ဆရာတွေက ခေါ်ပြီး Assistant Tutor လျှောက်ခိုင်းပါတယ်။ များသောအားဖြင့် 1st year ပြီးရင် လျှောက်လို့ရပါတယ်။ ကိုယ်ကျွမ်းကျင်တဲ့ Subject ကို ရွေးပြီး သင်နိုင်ပါတယ်ဗျ။
အဆုံးထိ ဖတ်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်ဗျ။ သိချင်တာရှိရင်လည်း အချိန်မရွေးလာမေးလို့ရပါတယ်ဗျ။
(**ကျနော်တစ်ဦးထဲရဲ့ Personal Experience ဖြစ်တာမို့ သူများတွေနဲ့ တူချင်မှ တူမှာဗျ**)
Click here to claim your Sponsored Listing.