All About SM NBG Myanmar
Dedicated to SMNBG, NGG & Rookie
05/16/2026
ဖန်ဂဲလ်တွေအစကောင်းတော့ မောင်လေးမျက်လုံးပြူးသွားရတဲ့အဖြစ် 😭
04/25/2026
ဒီမေးခွန်းကလည်း မျိုးဆက်သုံးဆက်ပြဿနာနော်
အခုထိမေးလို့ မပြီးနိုင်ကြသေးဘူး 😭✋
04/22/2026
သီချင်းခေါင်းစဉ်ကို မူပိုင်ခွင့်ယူလို့ရသလား ?
အဖြေကတော့ မရပါဘူး။ ဥပဒေအရ သီချင်းတစ်ပုဒ်ရဲ့ စာသားနဲ့ တေးသွားကိုသာ မူပိုင်ခွင့် အပြည့်အဝပေးလေ့ရှိပါပြီး သီချင်းခေါင်းစဉ်ဆိုတာကတော့ စကားလုံးအနည်းငယ်သာဖြစ်လို့ ဒါကို မူပိုင်ခွင့်ပေးလိုက်ရင် တခြားသူတွေအတွက် စကားလုံးအသုံးပြုရတာ အရမ်းကန့်သတ်ချက်များသွားနိုင်တဲ့အတွက် ခေါင်းစဉ်တစ်ခုတည်းကို copyright ပေးလေ့မရှိပါဘူး
သီချင်းခေါင်းစဉ်တူတာမျိုးကလည်း ဂီတလောကမှာ တကယ်ကို အဖြစ်များတဲ့ကိစ္စ ဖြစ်ပါတယ် ဒါဟာ K-pop မှာတင် မဟုတ်ဘဲ တစ်ကမ္ဘာလုံးက အနုပညာရှင်တွေကြားမှာလည်း အမြဲတမ်းလိုလို ဖြစ်လေ့ရှိတဲ့ ဖြစ်စဉ်တစ်ခုပါ ဒါဟာ ဘာလို့လည်းဆိုရင် ကမ္ဘာပေါ်က သန်းချီတဲ့သီချင်းတွေအကြားမှာ သီချင်းရေးသူတိုင်းအသုံးပြုချင်ကြတဲ့ လူကြိုက်များတဲ့ စကားလုံးတွေက ကန့်သတ်ချက်ရှိနေတာမို့ တူညီတဲ့စကားလုံးတွေကို ရွေးချယ်မိဖို့ အခွင့်အလမ်းအင်မတန်များတာကြောင့်ပါ
Kpop တင်မက Worldwide မှာပါ နာမည်ကျော် သီချင်းခေါင်းစဉ်တူတွေအများကြီးရှိတဲ့အထဲက တစ်ချို့ကိုပြောပြချင်ပါတယ်။ "Stay" ဆိုတဲ့ ခေါင်းစဉ်ကို Blackpink, Rihanna နဲ့ Justin Bieber & The Kid LAROI တို့က တူညီစွာအသုံးပြုခဲ့ကြသလို "Hello" ဆိုတဲ့ ခေါင်းစဉ်ကိုလည်း Adele, Lionel Richie, SHINee, Joy (Red Velvet) တို့က အသုံးပြုခဲ့ကြတာပါပဲ
Rihanna ရဲ့ ဖန်တွေကတော့ "Stay" သီချင်းဟာ 2012 ကတည်းက ထွက်ခဲ့တာမို့ 2020 ကမှ ထွက်ခဲ့တဲ့ Justin Bieber နဲ့ The Kid LAROI ကို ကူးချမှုနဲ့မစွပ်စွဲခဲ့သလို စွပ်စွဲလို့လည်းမရပါဘူး။ တကယ်တော့ ဂီတလောကမှာ Interpolation ဒါမှမဟုတ် Sampling လို့ခေါ်တဲ့ သံစဉ်ကို တရားဝင် ခွင့်ပြုချက်ယူပြီး ပြန်သုံးတာမျိုးကသာ မူပိုင်ခွင့်နဲ့ ဆိုင်တာပါ ခေါင်းစဉ်တူတာကတော့ စာအုပ်နှစ်အုပ် နာမည်တူနေသလိုမျိုးပါပဲ
ရှင်းအောင်ထပ်ပြောရရင် YG Ent ရဲ့ Babymonster နဲ့ NCT Dream မှာ ခေါင်းစဉ်တူတဲ့သီချင်းတွေ ရှိခဲ့ပါတယ်။ We Go Up နဲ့ Hot Sauce ဆိုတာပါ။ နှစ်ပုဒ်လုံး စီနီယာဖြစ်တဲ့ NCT Dream ကပဲ အရင်ထွက်ရှိခဲ့တာပါ။ ဒါပေမယ့် NCTzen တွေဘက်ကနေ 5gen က ကလေးတွေကို ကူးချမှုနဲ့မစွပ်စွဲခဲ့ပါဘူး။ ဘာလို့ဆို ခေါင်းစဉ်ကလွဲလို့ genre, content တွေကတစ်ခုမှမတူနေလို့ပါပဲ။ ခေါင်းစဉ်တူတာကတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စသက်သက်ပါပဲ
အနုပညာရှင်ကို အားပေးတဲ့ Fan ရယ်လို့မှဖြစ်လာရင် confirmation bias ဖြစ်တာကိုတော့ နားလည်ပေမယ့် အကြောင်းအရာတစ်ခုခုနဲ့ စွပ်စွဲပြောဆိုတော့မယ်ဆိုရင် အဲဒီအကြောင်းအရာကို သေချာနားလည်သင့်တယ်လို့ ယူဆပါတယ်။ တကယ်တော့ ဒီပြဿနာတွေရဲ့ အရင်းအမြစ်ဟာ Plagiarism ရဲ့ အဓိပ္ပာယ်ကို သေချာနားမလည်ခြင်းနဲ့ aggressive fandom culture တွေကြောင့် ဖြစ်ရတာပါပဲ။ တစ်ခါတစ်လေဆိုရင်လည်း နားလည်ပေးလို့ရပေမယ့် အခုဟာက defence mechanism ဖြစ်နေကြပုံရပြီး narcissistic personality disorder ကိုမှ တော်တော်အခြေအနေဆိုးနေကြပုံရတာမို့ counselor ကောင်းတာလေးတွေရှာပြီး ဆန်းစစ်ကြည့်ကြစေလိုပါတယ်ရှင်
[ စကားချပ်/ ဤ content တွင် Baemon ၏ နာမည်အား တမင်ဆွဲထည့်ပြောဆိုခြင်းမဟုတ်ပဲ ဆိုလိုချင်သည့်အကြောင်းအရာကို ရှင်းလင်းအောင်သာ ဥပမာပေးခြင်းဖြစ်သည် ]
03/30/2026
"Monster Rookie" အဆင့်ရှိနေတဲ့ SMTR25
debut date, debut line up ဘာဆိုဘာမှ မသိရသေးတဲ့အခြေအနေ၊ reality show တစ်ခုကလွဲလို့ ဘာသီချင်းမှမထွက်ထားတဲ့အပြင် social media မှာတောင် ပုရိသတ်တွေနဲ့ interaction သိပ်မရှိတဲ့ Trainees လေးတွေ
အဲဒီ Trainees လေးတွေရဲ့ Fanmeeting က မြို့လေးမြို့မှာ ကျင်းပဖို့စီစဉ်နိုင်ခဲ့ပြီး လက်မှတ်နှစ်သောင်းကျော် ရောင်းထွက်သွားခဲ့ပါပြီ
SMTR25 အတွက် debut မလုပ်ခင် Graduation Trip ဆိုတဲ့ Fanmeeting က Seoul, Macau, Yokohama, Bangkok စတဲ့ မြို့ကြီးလေးမြို့မှာကျင်းပသွားမှာပါ May လမှာကျင်းပမယ့် အဲဒီ Fanmeeting အတွက် ကြိုတင်လက်မှတ်နှစ်သောင်းကျော် ရောင်းချခဲ့ပြီးပါပြီ
debut မလုပ်ရသေးတာတောင် တစ်ချို့ rookie group တွေထက်တောင် ကြီးမားလွန်းတဲ့ ဒီလို fandom power နဲ့ဆို လာမယ့် SM ရဲ့ Boy Group အသစ်က ပွဲဦးထွက်မှာတင် Million Seller Title ကို သိမ်းပိုက်သွားနိုင်ဖို့ဆိုတာ သေချာသလောက်ကို ရှိနေပါပြီ 🙂↕️
03/30/2026
SM Entertainment ရဲ့ သမိုင်းမှာ ယောကျာ်းလေးအဖွဲ့ဖြစ်ဖြစ် မိန်းကလေးအဖွဲ့ဖြစ်ဖြစ် disband ရိုး ထုံးစံမရှိခဲ့ပါဘူး။ ရှိလာမှာလည်း မဟုတ်ပါဘူး။ အဖွဲ့ဝင်တွေ စာချုပ်ပြည့်လို့ ထွက်သွားရင်တောင် အဖွဲ့အမည်ကို ဆက်ထိန်းထားပြီး Active ဖြစ်မနေတဲ့ အခြေအနေ (Hiatus) မှာပဲ ထားလေ့ရှိပါတယ်။ ကုန်ကုန်ပြောရရင် အဖွဲ့ဝင်အားလုံး SM ကနေ ထွက်သွားကြပြီဖြစ်တဲ့ f(x) ကိုတောင် Disband ဖြစ်ပြီလို့ တစ်ခါမှ မကြေညာခဲ့ပါဘူး။ ဘာလို့ဆို Brand Value အတွက် လမ်းဖွင့်ထားသေးတဲ့သဘောပါ
နောက်တစ်ချက်အနေနဲ့ လက်ရှိအချိန်မှာ SM Entertainment ရဲ့ ရောင်းအားအကောင်းဆုံး SM ကိုပိုက်ဆံရှာပေးနိုင်ဆုံးအဖွဲ့ဟာ NCT Dream ပါ။ လက်ရှိမှာ SM Entertainment ရဲ့ "အဓိက ဝင်ငွေအများဆုံး ထောက်တိုင် (Core Revenue Pillar) ဟာလည်း NCT Dream ပဲဖြစ်နေပြီး SM ရဲ့ နှစ်စဉ်စုစုပေါင်းဝင်ငွေရဲ့ ၂၅% မှ ၃၀% ဝန်းကျင် အထိ ရှာဖွေပေးနေတာ ဖြစ်ပါတယ်။ ဒါကြောင့် NCT Dream ဟာ SM ရဲ့ ဝင်ငွေ ၄ ပုံ ၁ ပုံ ကျော်ကို တစ်ဖွဲ့တည်းနဲ့ ရှာပေးနေတာဖြစ်လို့ ကုမ္ပဏီအတွက် Most Valuable Asset ဖြစ်တဲ့အဖွဲ့လို့တောင် ပြောလို့ရပါတယ်
နောက်ပြီး NCT Dream မှာ နိုင်ငံခြားသားအဖွဲ့ဝင်သုံးယောက်ရှိပြီး ကျန်တဲ့ကိုရီးယားလူမျိုးအဖွဲ့ဝင်လေးယောက်မှာ ဥပဒေအရဆို နောက်နှစ်နှစ်မှသည် လေးနှစ်အထိကျန်ရှိနေပါသေးတယ်
စီးပွားရေးသမားတစ်ယောက်ရဲ့အမြင်ကနေ သုံးသပ်ကြည့်ရအောင်ပါ။ NCT Dream က SM ရဲ့ "Main Money Maker" ဖြစ်နေတဲ့အချိန်မှာ စာချုပ်ကုန်မှာပါ။ ဒါကြောင့် ကုမ္ပဏီဘက်က အလျှော့ပေးပြီး ဆွဲထားရမယ့် အနေအထားမျိုးအထိကို ရှိပါတယ်။ ဒါအပြင် SM ဟာ slave contract ပြဿနာတွေကြောင့် နာမည်ပျက်ဖူးတာမျိုးရှိသလို လက်ရှိအပြိုင်အဆိုင်များတဲ့ Kpop Industry မှာ တစ်ခြားကုမ္မဏီတွေက အဆင့်သင့်စောင့်နေကြတာကိုလည်း သူတို့မသိပဲ မနေပါဘူး။ SM Entertainment ဟာ business first ဆိုတဲ့ မူဝါဒကို ကျင့်သုံးနေတာမို့ လက်ရှိသူတို့ကိုရွှေဥ ဥပေးနေတဲ့ငန်းကို ရိုက်သတ်ဖို့ရာခိုင်နှုန်းအလွန်အင်မတန်နည်းပါတယ်
နိုင်ငံတော်သီချင်းနဲ့ SMTR25
03/25/2026
( forcibly boarded taxis with the members )
SM ထုတ်ပြန်ချက်ထဲမှာပါတဲ့ ဒီအချက်က Trainees တွေ စီးနေတဲ့ အငှားယာဉ် (Taxi) ထဲကို သူတို့ဆန္ဒမပါဘဲနဲ့ ဆားစိမ်မတွေက အတင်းအဓမ္မ လိုက်ပါစီးနင်းတာကို ပြောချင်တာပါ။ တကယ်တော့ ဒါမျိုးအပြုအမူတွေရှိတဲ့ဆားစိမ်တွေက 4gen ကစပြီး မတွေ့ရတော့ပါဘူး။ 3gen တုန်းက EXO members တွေကတော့ ဆင်တူကားနဲ့ ပြန်ပေးဆွဲခံရမလိုပါ ဖြစ်ခဲ့ဘူးပါတယ်
ဒီအချက်ကလည်း အဲဒါနဲ့ခပ်ဆင်ဆင်ပါပဲ အနုပညာရှင်က ကားတံခါးဖွင့်ပြီး တက်လိုက်တဲ့အချိန်မှာ နောက်ကနေ အတင်းတိုးဝင်စီးတာမျိုး၊ ဒါမှမဟုတ် ကားမထွက်ခင် တံခါးကို အတင်းဆွဲဖွင့်ပြီး ဝင်ထိုင်တာမျိုးကို ဆိုလိုပါတယ် ဒါကရိုးရိုးအပြုအမူမဟုတ်ပါဘူးရှင် လုံခြုံရေးချိုးဖောက်မှုပါ ကိုယ်ရေးကိုယ်တာချိုးဖောက်မှုပါ ပြန်ပေးဆွဲခံရဖို့လက်တစ်ကမ်းအလိုမှာပါ
ကြည့်ရတာတော့ SMTR25 ထဲက တစ်ယောက်ယောက် အဲလိုကြုံလိုက်ရပြီထင်ပါတယ်။ ဒါကြောင့် စာထုတ်တဲ့အထဲ အချက်အလက်အနေနဲ့ ပြူးနေအောင်ထည့်ထားတာပေါ့။ ပြောစရာတွေလည်းမရှိတော့ပါဘူးရှင် မန်ဘာအများစုကဆယ်ကျော်သက်ကလေးတွေပဲ ရှိသေးတာပါ debut တောင်မလုပ်ရသေးတဲ့အပြင် 2006,08 လေးတွေလည်းရှိပါတယ် ဒါကြီးကတော့ တော်တော်ကိုလွန်လွန်းတာပါ
03/25/2026
- မင်္ဂလာပါ SM Entertainment ဖြစ်ပါတယ် -
debut တောင် မလုပ်ရသေးပေမယ့် ဆားစိမ်တွေသောင်းကျန်းလွန်းလို့ Ent က စာထုတ်ရပါပြီရှင် Admin အရင်က ခဏခဏပြောခဲ့ဖူးသလိုပါပဲ Seoul Forest မှာ စားတည်းချပြီး ကလေးတွေကို stalker တွေလို သူတို့ရဲ့ကိုယ်ပိုင်လွတ်လပ်ချိန်မှာတောင် အနောက်ကနေတစ်ကောက်ကောက်လိုက်နေတာမျိုးပါ အကုန်လုံးက လူရွယ်မိန်းကလေးတွေချည်းပဲဆိုပေမယ့် Trainee တစ်ယောက်လောက်ပေါ်လာပြီဆိုတာနဲ့ အနောက်ကနေ သရဲစီးသလို ဇွန်ဘီးလိုက်သလိုကိုလိုက်တာကြီးကျ ကလေးတွေမပြောနဲ့ ဘေးကကြည့်ရတဲ့သူတွေကပါ ကြောက်မိသွားတဲ့အထိပဲ။ နောက်ပြီး လမ်းကူးတဲ့အချိန်မှာတောင် ဘေးကနေ ကင်မရာတကားကားနဲ့လိုက်နှောင့်ယှက်တာမျိုးပါ။ တစ်ချို့တွေ Social Media တွေမှာ တွေ့ပါလိမ့်မယ် ဘယ်လောက်တောင်ဆိုးရွားသလဲဆိုတာ။ ဒီလိုသာဆက်ဖြစ်နေမယ်ဆိုရင် နောက်ပိုင်းကလေးတွေရဲ့ စိတ်ကျန်းမာရေးထိခိုက်မှုတွေအတွက် စိုးရိမ်စရာတောင် ဖြစ်လာနိုင်တဲ့ အခြေအနေပါ
အခုဆို ကလေးတွေရဲ့ Taxi တွေကိုလိုက်နှောင့်ယှက်ရုံသာမက အဆောက်အဦးထဲမှာ ကလေးတွေရဲ့နာမည်ကိုအကျယ်ကြီးအော်ခေါ်တာမျိုး ကန့်သတ်နေရာတွေကိုအတင်းတိုးဝင်ကြတာမျိုးတွေက SMTR25 ကလေးတွေတင်မကပဲ အဲနေရာကလူတွေကိုပါ အနှောင့်အယှက်ဖြစ်စေပါတယ်။ နောက်ပြီး အခုလိုမျိုး ကလေးတွေရဲ့ ကိုယ်ပိုင်ဘဝတွေကိုပါ ဝင်နှောက့်ယှက်ပြီး ကလေးတွေရဲ့ပတ်ဝန်းကျင်ကိုအနှောင့်အယှက်ပေးတဲ့ လုပ်ရပ်တွေ ရပ်တန်းကမရပ်တန့်ဘူးဆိုရင် ဥပဒေအရအရေးယူတော့ပါမယ်တဲ့
နောက်ဆုံးတော့ တစ်နှစ်ကျော်ကြာပြီးနောက်မ SM Entertainment နိုးထလာခဲ့ပါပြီ။ တစ်လက်စတည်းပြောရရင် SM Entertainment ကအခုနောက်ပိုင်း Zero Leniency Policy (လုံးဝခွင့်မလွှတ်သည့် မူဝါဒ) ကို ကျင့်သုံးပါတယ်။ အဲတာကြောင့် တစ်စုံတစ်ရာကြောင့်ဖြစ်စေ တရားစွဲဆိုရာမှာ ကျေအေးပေးလေ့မရှိတော့ပါဘူး။ နိုင်ငံခြားသားဖြစ်ရင်တောင် ပြည်နှင်ဒဏ်ပေးတာမျိုး သို့မဟုတ် နောက်နောင် ကိုရီးယားနိုင်ငံထဲ ပြန်လည်ဝင်ရောက်ခွင့် ပိတ်တာမျိုး (Visa Denial) စတာမျိုးအထိ လုပ်ပိုင်ခွင့်ရှိပါတယ်။ Zero Leniency ဆိုတဲ့အတိုင်း SM ရဲ့ ရှေ့နေတွေက တရားရုံးမှာ Settlement (ကျေအေးပေးတာမျိုး) လုံးဝ မလုပ်ဖို့ ညွှန်ကြားချက် ရထားပါတယ်။ ဒါကြောင့် ကျူးလွန်သူဟာ အသက်မပြည့်သေးတဲ့သူ (Minors) တွေဖြစ်နေရင်တောင် မိဘတွေဆီ သတိပေးစာပို့တာမျိုးထက် တရားဝင်ပြစ်ဒဏ် (Fine or Criminal Record) ရအောင်အထိ လုပ်ဆောင်လာပါတယ်။ အရင်ကတော့ ပရိသတ်တွေနဲ့ ဆက်ဆံရေး ပျက်ပြားမှာစိုးလို့ တရားစွဲဆိုမှုတွေကို သိပ်မလုပ်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ KWANGYA 119 ဆိုတဲ့ Platform တစ်ခုကို သီးသန့်တည်ဆောက်ပြီး အဲဒီမူဝါဒကို အရှိန်အဟုန်မြှင့် ကျင့်သုံးလာတာဖြစ်ပါတယ်။ နောက်ပြီး အခုလို Trainee တွေကို နှောင့်ယှက်တဲ့ ကိစ္စမျိုးဆိုရင် SM နဲ့ အဓိကလက်တွဲတဲ့ Shin & Kim Law Firm ကနေ ကိုင်တွယ်ပါတယ်။ Shin & Kim က တောင်ကိုရီးယားရဲ့ Top3 စာရင်းဝင် Law Firm ဖြစ်ပြီး Entertainment Law မှာ အထူးကျွမ်းကျင်သူရှေ့နေ အယောက်ငါးရာကျော်နဲ့ ဖွဲ့စည်းထားတာပါ
03/24/2026
အရှုပ်တွေရှင်းပါစေဆိုပြီး wooden ball ကို ခေါက်လိုက်တာ ကျွန်တော်ကိုယ်တိုင်ပျောက်သွားတယ်တို့ဘာတို့
btw, အဲတာ staff noona က ပြောတာပါရှင် SM က ဒီကလေးတွေကို ထိန်းဖို့ savage staffs တွေချည်းလွှတ်ထားတာထင်တယ် စကားတစ်ခွန်းနဲ့တင် Hyunjun ကို clock ချတာ 😭🙏
They share the same brain cell 🙂↕️
Click here to claim your Sponsored Listing.
Category
Website
Address
Montreal, QC
H3A1A1