The WTM
WE TELEPHONE MIND.
#ဟုတ်မှန်နေသည့်တိုင်မပြောပြသင့်ပါ
လိုင်းပေါ်မှာ အတန်ရှည် ရှာတာတွေအများကြီးပဲ။
အဲဒီလူတွေက ခေတ်ပညာတတ်ရုံသာမက သေပဲသေခါနီးနေပြီ။
ဒီလိုပဲ သာသနာ့ပညာတတ်တယ်လို့ ပြောကြသူတွေလည်းပါတယ်။
သူတို့ကြောင့် ဘာသာသာသနာကို အကြည်ညိုပျက်စေတာ၊ အထင်သေးစေတာ၊ အစုံပဲ။
ဆရာတယောက်ကို လိုင်းပေါ်မှာမတွေ့လို့ နေကောင်းကျန်းမာရဲ့လား ဖုန်းဆက်မေးလိုက်တော့
ဆရာက ကျနော် ပြီးခဲ့တဲ့လကစပြီး ခဏနားထားတာ၊ စိတ်အနှောင့်အယှက်ဖြစ်စရာတွေကများလို့လေတဲ့။
တစ်တော့မှာ ပျော်နေကြတာပဲ ကောင်းပါတယ်။
#ဟုတ်မှန်နေသည့်တိုင်မပြောပြသင့်ပါ
2026
17 ချက် 21 ရက်
17ချက် 21ရက်
15/02/2025
နံနက်ခင်း ဒိုင်ယာရီ
တစ်လပိုင်းကုန်တော့ ဒီလောက် မီးတွေပျက်ထားတာ မီတာခကတော့ လို့ တွေးမိတယ်။
ထင်တဲ့အတိုင်း ဒီနေ့ မီတာ စာရွက်လာတော့ ခေါက်ချိုးလျော့သွားတယ်။
အွန်လိုင်းနဲ့ ပေးချေတော့လည်း လွယ်ကူပါတယ်လေ။
ညက မအိပ်ပျော်လို့ ရန်ကုန်မြို့လေထု အညွှန်းကိန်းအခြေအနေကြည့်မိတော့ အိပ်ချင်စိတ်ပိုပျောက်ရတယ်။
ဘာကြောင့် ဒီလောက် လေထုညစ်ညမ်းနေရလဲပေါ့။
အမေရိကန်မှာ တောမီးအကြီးအကျယ်လောင်လိုက်တဲ့ အကျိုးဆက်လားမသိ။
ဗောက်သီး က ကျန်းမာရေးအတွက် ကောင်းတယ် ဆိုလို့ (၁၅)ကျပ်သား တစ်ရက်ခြားဝယ်စားတယ်။
(၁၀)သား ကို တစ်ထောင်ကျပ်ဆိုတော့လည်း များတယ်လို့ မဆိုသာဘူးလေ။
ချစ်သူပြောတာကို ကြည့်အုံး-
ဂေါက်သီး က ဗောက်သီး စားတော့မှာလားတဲ့။
11/12/2024
Egg ဋီကာ
ကိုယ်တွေ ငယ်ငယ်ကတော့ ကြက်ဥတလုံး စျေးဟာ ပြားဂဏန်းပဲရှိသေးတယ်။
တက်လာလိုက်တဲ့ စျေးကတော့ လေးရာကျပ်၊ ငါးရာကျပ် များမှများလွန်းလှပါတယ်။
အခုတော့ တလုံး ၃၆ဝကျပ်နဲ့ လမ်းထိပ်တွေမှာ မနက်ပိုင်းလာရောင်းပေးနေတော့ သာဓုပါ။
လက်လီဆိုင်တွေကတော့ ဘူကြည့်ကြည့်နေကြတယ်။😎😎😎wtm
09/11/2024
ရွှေဖိုးခေါင် (အကယ်ဒမီ ဒေစီ ကျော်ဝင်း၏ တပုဒ်ထဲသော ရေဒီယို ဓာတ်ပြားရသီချင်း)
(တေးရေး ဆရာရွှေပြည်အေး) အကယ်ဒမီ ဒေစီကျော်ဝင်း သီဆိုတဲ့ ရွှေဖိုးခေါင် သီချင်းဟာ မြန်မာ့အသံ က မကြာခဏ ထုတ်လွှင့်တဲ့အခါ နားထောင်ခွင့်ရတာ နှစ်ပေါင်းအတော့်ကို ကြာခဲ့ပါပြီ၊
ပဟေဠိ တခုကလည်း ရှိနေခဲ့တာ ကြာလှပါပြီ။
ပထမတော့ ရွှေပိုးကောင် ရွှေပိုးကောင် လို့ နားမှာ ကြားနေတာပါ၊ လူအတော်များများလည်း အဲဒီလို ကြားနေရတာ ကို နောက်မှ သိရပါတယ်။
အခုတော့ အဖြေသိသွားရပြီ။
ရွှေဖိုးခေါင် ဆိုတာ ဖိုးခေါင်ငှက်ပါ။ wtm
စာကိုး
You Tube, Smule.com (Dr. Hla Bu), Wikipedia
05/11/2024
ဝါကျ မည်မျှပင် ရှည်လျားနေစေကာမူ အဓိကကျသည့် ကြိယာကိုတွေ့လျှင် ဘာသာပြန်ဆိုနိုင်ပြီဖြစ်သည်။
တရက်နဲ့တရက်
နှစ်ရက်ဖြစ်တယ်
29/10/2024
(ချစ်သူကမုန်း ဖဲကရှုံး
ဂျူတီကကျ အိပ်ရေးမဝ
နှုတ်ချို လက်တို)
အဓိပ္ပာယ်ရှင်းလင်းချက်
စော်နဲ့လည်း ကတောက်ကဆဖြစ်
တညလုံး ဖဲရိုက်တာက ရှုံး
မနက်စောစော အလုပ်ဝင်ရသေးတယ်
ကောင်းကောင်း မအိပ်လိုက်ရတော့ လူလည်း ဂါနေပြီ
ဒီလိုပါပဲ လူတချို့ဟာ နှုတ်ကလေးက ချိုနေတာ
ပေးကမ်းလှူဒါန်းဖို့တော့ တွန့်တိုနေတတ်တယ် (မသာလက်ဖက်နဲ့တော့ အလှူလုပ်တတ်)
တချို့ကျတော့လည်း နှုတ်ကြမ်း စိတ်ကြမ်းပြီး သူတော်စဉ်ကြီးတွေ ဖြစ်နေလေရဲ့
WTM
photo credit
26/10/2024
မန်နေဂျာကောင်းတယောက်ဆိုသည်မှာ
(၁) တကမ္ဘာ့လုံးမှာ မန်နေဂျာ ၈ဝ%ဟာ တလွဲတွေလုပ်တတ်တယ်။ အဲ့ဒီအထဲ ကိုယ်လည်း ပါဝင်ရမယ်။ (ဆာဗေးတခုအရ)
(၂) ကိုယ့်ထက် စီနီယာကျတဲ့ တွဲဖက် ကို အလုပ်ဝင်ခါစမှာ ဆရာ ဆရာ လို့ခေါ်မယ်။ အချိန်တခုရောက်လာတော့ လူပါးဝတတ်ရမယ်။
(၃) တာဝန်ယူမှု၊ တာဝန်ခံမှု မရှိစေရဘူး။ (သူများလုပ်တာ ကိုယ်လုပ်ထားသလို ဝင်ပြီး ပနာယူရမယ်)
(၄) မနာလို စိတ်ပြင်းပြရမယ်။
(၅) မဟုတ်မမှန် လုပ်ကြံပြောဆိုတတ်ရမယ်။ (သူများမကောင်း၊ ကိုယ်ကောင်း)
(၆) အလွန့်အလွန် ဂုံးချောပေးရမယ်။
(၇) အလုပ်ရှင် ကို အလွန်အကျွံ မ မ ပေးရမယ်။
26th October 2024 (8:53)WTM
PHOTO CREDIT
Click here to claim your Sponsored Listing.
Category
Contact the organization
Telephone
Website
Address
Dubai